Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဝိမုတ္တိ

သက္ကရာဇ် 2011 ခုနှစ်အတွင်းရှိ တစ်ခုသော တစ်နေ ့၏ ညနေ ငါးနာရီခန် ့တွင်
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် မိမိကိုယ်ခန္ဓာကို အနည်းငယ်မျှ ဆင်ခြင်သုံးသပ်မိခိုက်ဝယ်
ဤ … တလံကျော်ကျော်မျှသာရှိသော ကိုယ်ကောင်သည်
လွန်စွာမှပင် ရွှံရှာစက်စုပ်ဖွယ် အတိဖြစ်လေတော့သည် ဟု သံဝေဂဉာဏ်တို ့သက်ဝင်လာသည့်တွင်
ခန္ဓာကိုယ်ကို ဉာဏ်ဦးလာပြီဟု ပညာရှိတို ့၏ဉာဏ်ဖြင့် ချက်ချင်းသိလိုက်ပြီဖြစ်သည့်အလျှောက်
အဘိဓမ္မာယောင်ယောင် ဒဿနယောင်ယောင်
ယောင်ခြောက်ဆယ် သတ္တဝါတစ်ကောင်၏ လွန်စွာ အချိုးမပြေသော လုပ်နည်းလုပ်ထုံးဖြစ်သော
အိပ်ယာထဲတွင် သက်တောင့်သက်သာ လဲလျှောင်း၍ တရားအားထုပ်လတ္တံ ့ဟု ဖြစ်ပေါ်လာသော
အကြံအစည်နှင့်အတူ
အိပ်ယာထက်တွင် အိပ်စက်ရင်း လွန်စွာ စမတ်ကျကျ တရားအားထုပ်လေတော့သတည်း။
လိုအင်ဆန္ဒတို ့မည်သည် အဘယ်နည်း။
ထိုသော ဆန္ဒတို ့၏ ဖြစ်တည်ရာသည်အဘယ်နည်း။
ထိုဆန္ဒတို ့၏ ပြည့်စုံခြင်းသည် အဘယ်နည်း။
လိုအင်ဆန္ဒပြည့်စုံခြင်း မပြည့်စုံခြင်းနှင့် ရုပ်ခန္ဓာ မည်သို ့ ဆက်စပ်၍ ရနိုင်ပါမည်နည်း။
စင်စစ်မူကား ဆန္ဒတို ့၏ ပြည့်စုံခြင်းသည် လိုခြင်နေသ၍ မပြည့်စုံနိုင်စကောင်းဟု ထင်မိပြန်ပါသည်။
အဘယ့်ကြောင့်ဆိုသော်
သင်ကိုယ်တိုင် အနည်းငယ်မျှ တွေးတောကြည့်လိုက်ပါလျှင် သိနိုင်မည်ထင်ပါသည်။
ဆိုကြပါစို ့ သင်သည် အလွန် စာလောင်မွတ်သိပ်နေသည့်အချိန်တွင်
အစာသည် သင်၏ တစ်ခုတည်းသော လိုအင်ဆန္ဒပင်ဖြစ်၏ ( စာလောင်မှု အတိမ်အနက်ပေါ်တွင်မူတည်၍ အမျိုးအစားကွဲပါမည်)
အစာကို စားသောက်ပြီးသွားသောအခါ သင်၏ လိုအင်ဆန္ဒသည် အခြားအကြောင်းတစ်ခုကို ပြောင်းလဲသွားလေတော့၏
အခြားသော လိုအင်ဆန္ဒ များသည်လည်း မရရှိ၍သာ အလွန် တက်မက်နေကြခြင်းဖြစ်လေသည်
လိုခြင်တာကို ရရှိပြီးပါက ထိုသော လိုခြင်တက်မက်မှုဆန္ဒသည် လျှော့နည်း၍သွားမည်ကို သတိထားကြည့်လျှင်သိနိုင်ကောင်းပေမည်။
ဤတွင် မြင်တတ်ရန်မှာ
ထိုသော လိုအင်ဆန္ဒတို ့သည် အဆုံးမရှိခြင်းနှင့် ရရှိမှုမှန်သမျှတို ့သည် အဆုံးတွင် ဆန္ဒနှင့် အံဝင်ဂွင်ကျပြည့်စုံခြင်းမရှိသည့်သဘောပင်
ရံခါ ဆန္ဒတစ်ခု၏ တက်မက်ခြင်းကို စိတ်ကူး၍သာ ပုံဖော်ကြည့်ပါလော
လိုခြင်တာတွေ အားလုံးရပါပြီဟု သဘောပိုက်ကြည့်လိုက်ပါ
စိန်၊ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြား၊ ဖို၊ မ သဘာဝ စသည်တို ့ကို သင်သည် ရရှိပိုင်ဆိုင်ပြီလို ့မှတ်လိုက်ပါ
ထပ်ခါတစ်လဲ ပိုင်ဆိုင်ပြီ သဘောပိုက်လိုက်ပါ
သင်သည် မည်မျှပင် ပိုင်ဆိုင်မှုတို ့ရှိနေပါစေ သင်၏ စိတ်ဆန္ဒသည်
အခြားတစ်ခုသော အကြောင်းကို လိုခြင်နေသေးသည်ပါလားဟု သင်မြင်ရပါလိမ့်မည်
ထိုသော လိုခြင်မှုသည် အဘယ်နည်း။
ယနေ ့လူသားပေါင်းမြောက်များစွားတွင် ဘာကိုလိုခြင်နေမှန်းမသိသော
အူကြောင်ကြောင် လိုခြင်တက်မက်မှု ( ဆန္ဒမပြည့်ဝမှု ) တို ့သည် ရှိနေကြလေကုန်၏ဟု
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှ ပြောခဲ့ပါလျှင် သင်တို ့လက်ခံနိုင်ကြပါမည်လား။
လွန်စွာ ကြီးကျယ်သော စကားလုံးကြီးများကို ပြောသည်ဟု မယူစ ကြစေလိုပါ။
ဤတွင် ကျွန်ုပ် လွန်စွာ စိတ်ဝင်တစားရှိလှသော အကြောင်းတစ်ခုရှိလေသည် ထိုမှာ ဝိမုတ္တိ ပင်ဖြစ်၏။
လွတ်မြောက်ခြင်းဟု ဆိုလေမလားမသိ
မိမိကိုယ်ကို ကြေနပ်ခြင်း ( သို ့ ) မိမိစိတ်ကို မိမိကောင်းစွာ စောင့်တည်နိုင်ခြင်း အကြောင်းသည်သည်လျှင်ဖြစ်ပေတော့သည်။
သို ့ပါ၍
ငါ၏စိတ်ဆန္ဒသည် တစ်ခုခုကို လိုခြင်တက်မက်အံ့။ ထိုလိုခြင်မှုတွက် ငါသည်ဆင်းရဲအံ့။
ထို လိုအင် ဆန္ဒတွက် ဆင်းရဲခံ၍သော်လည်းကောင်း ချမ်းသာစွာဖြင့်သော်လည်းကောင်း ရရှိသော ဆန္ဒ၏ အကြောင်းသည် အကယ်စင်စစ်
ပြည့်စုံခြင်းအစစ်မဟုတ်။
တစ်ဖန် ပြန်၍ပင် အခြားအကြောင်းကို တဖန် လိုခြင်ပြန်ပေ၏။
လိုခြင်တက်မက်မှုကို သတ်ဖြတ်အံ့။ လိုခြင်တက်မက်မှုကို သတ်ဖြတ်ပြီးသောအခါ ငါ့၌ လိုခြင်မှုကင်းလတ္တံ ့။
လိုခြင်မှုကင်းသော ငါ၏ စိတ်ဆန္ဒတို ့သည် တည်ငြိမ်၏တကား။ အခြားဘာကိုမှ မကြံစည်တဲ့အတွက် ဘာကိုမှတက်မက်မှုမဖြစ်နေ။
ငြိမ်သက်နေ၏တကား။( ကျောက်သင်္ဘောသဘောမဟုတ်ပါ )
………………………………………………………………………….
………………………………………………………………………….
အဲ့ဒါ ဘီလူးမ…ဗျာ
ဟေ့ကောင်တွေ.ဘီလူးတဲ့ဟ…ဟေ့.ပြေးပြေးပြေးပြေးပြေး
ဟေ့ဘီလူးမ…ဟေးးး
သေ…ပေ…တော့…..သေ..ပေတော………………………..
ကျွန်ုပ်၏ မိုလ်ဘိုင်မှ မြည်လာသော အသံဖြစ်လေသည်။
အကယ်စင်စစ် ကျွန်ုပ်သည် တရားရှုမှတ်ရင်း ဝိမုတ္တိ လားဘာလားမသိ အိပ်ပျော်သွားစဉ်တွင် ရုပ်တရက်ဖုန်းမြည်လာခြင်းဖြစ်ကာ
အိပ်နေရင်း အနှိုးခံရသူတို ့၏ ဘာသာဘာဝ မကျေမနပ်ဖြင့် ဟလိုရလေတော့၏။ ဟလို ( အိပ်ချင်မူးတူးသံဖြင့် )
ခု တို ့တစ်တွေ တစ်ခုခုသွားစားမလို ့မင်းကိုစောင့်နေကြတယ် ခုနက တံခါးသွားခေါက်တာ မဖွင့်ဘူး။( ဘယ်သိမတုန်း ဒီမှာဝိမုတ္တိနေတဲ့ဥစ္စာ)
အိုကေ..ငါဆင်းလာမယ်ပေါ့
ဒီလိုနဲ ့ဘဲဆိုကြပါဆို ့ပရိတ်သတ်..ကဲ..ရောက်ပါပြီစားသောက်ဆိုင်ကို။ အကောင်မတွေက လေးငါးယောက် ကိုယ်တွေက လေးငါးယောက်။
စားပွဲခုံမှာဝင်ထိုင်လိုက်ပြီးမှ..ဘာလုပ်တဲ့ပွဲလဲလို ့မေးတော့
အားယားနေကြလို ့လာစားကြတာ ..ကိုယ့်ကို အင်မတန်ချစ်လို ့ခေါ်တယ်ပေါ့။ ဒါဆိုလဲပြီးရောပေါ့ ဝါးရသေးတာပ။
မီနျူးတွေ ဘာတွေကိုင်ပြီး မှာနေကြတယ် ကိုယ့်ကိုမေးတော့ ယူတို ့သဘောပေါ့။
ဒီနေရာလေးမှာ တစ်ခုခုကို စဉ်းစားမိလာပြန်ပါရော..
ဒီလိုဆိုင်မျိုးတွေဆိုတာ အဆင့်မြင့်မြင့်လုပ်ထားတဲ့အတွက် အကုန်လုံးကတော့ဈေးကြီးမှာသေချာတယ်။
ကြွေးတာက သူဌေး မအေပေးက သဘောကောင်းနေတယ် ကောင်မတွေနဲ ့ပြုံးလို ့..
( မဟုတ်သေးပါဘူး သူ ့စေတနာရှိလို ့သူကြွေးတာ ငါ့ကိုလည်းကြွေးတာဘဲ ငါက ဝိမုတ္တိ မဖြစ်သေးပါလား )
စားစရာများမရောက်ခင် ကျွန်ုပ်၏အကြိုက်ကိုလွန်စွာသိသော ကျွန်ုပ်၏သူဌေး မှာယူထားသော
ဘီယာများရောက်ရှိလာသောအခါ ကျွန်ုပ်မှာ ချက်ချင်းပင် ဖေါက်၍သောက်လေတော့၏
သောက်နေစဉ်တွင် စဉ်းစားမိပြန်လေ၏
ဒီဘီယာတွေက ကြိုက်ရာဆိုင်မှာ ဝယ်သောက်လို ့ရတယ် ဒီမှာသောက်ရင် ဈေးကနှစ်စပေးရတယ်
ကိုယ့်ဘာသာ အပြင်မှာဝယ်သောက်ရင် အကုန်ကျသက်သာဦးမယ်
( မဟုတ်သေးပါဘူး ငါ့ငွေကုန်တာလည်းမဟုတ်ဘူး ဒီမှာဆို သက်တောင့်သက်သာ သောက်စားလို ့ရနေတဲ့ဥစ္စာ ငါက ဝိမုတ္တိ မဖြစ်သေးပါလား )
ထိုစဉ်တွင်ပင် စားစရာများ ရောက်ရှိလာကြလေသည်
ဆယ်မျိုးခန် ့ရှိမည်ဟု ထင်မိသော်လည်း သေချာမရေတွက်ကြည့်မိပါ
ထိုအထဲတွင် ဆူကီလားဘာလားမသိ ရေနွေးထဲသို ့အသားငါး ဟင်းသီးဟင်းရွက်များ ထည့်၍ အနည်းငယ်ဆူလာသောအခါ
ဆယ်ယူပြီး အချဉ်ရည်ဖြင့်တို ့၍ စားရသော အစားအစာများကို အမှတ်မထင် ဈေးနှုန်းချက်ကင်လုပ်ကြည့်သောအခါ
အသားတွေက ကီလိုဝက်တောင်မရှိတတ် ဟင်းရွက်ဆိုတာ တစ်ဆယ်လောက်ပေးလိုက်ရင် စားပါလေ့
ဒါကိုများ အထူးအဆန်းလုပ်ပြီးဈေးကြီးပေးစားရန်ကာပကော
( မဟုတ်သေးပါဘူး ဒီမှာက ဘာမှဝယ်ချမ်းခုတ်ထစ်နေစရာမလိုဘူး စားပြီးအေးတာဘဲ ငါက ဝိမုတ္တိ မဖြစ်သေးပါလား )
ထိုတွင် ကျွန်ုပ်သည် အနည်းငယ် အရှိန်ရ ဒီဂရီတက်လာပြီဖြစ်၏။ ရီဝေဝေလည်းဖြစ်လာလေပြီတကား။
ထို ့နောက် အကောင်မများသည် ကျွန်ုပ်တို ့နှင့် ခွက်ချင်းတိုက်ကြလေသည်။
ကောင်မတွေ အချိုးကိုမပြေဘူး ထမင်းတစ်အိုးတောင်ဖြောင့်အောင်ချက်တတ်တာမဟုတ်ဘူး တော်တော်ဟေးလေးဝါးလားကြိုက်တယ်။
( မဟုတ်သေးပါဘူး ဒါ သူတို ့အရပ်မှာ သူတို ့ဇာတ်ကိုသူတို ့ကနေကြတာ သူတို ့ကောင်းမှု ့နဲ ့ငါတောင် ကောင်းနေပြီ
ငါက ဝိမုတ္တိ မဖြစ်သေးပါလား)
သို ့ဖြင်ပင်
အိမ်တွင်ဘယ်လိုနေ၍ဘယ်လိုစားသည်မသိ သူများကြွေးတာကို ဟန်တွေပန်တွေနှင့် စားပွဲထိုးများကို ရှိုးထုပ်ကြခြင်း။
လျှာနှင့်တွေ ့သည် ့အစားအစာများကို အိမ်ကြီးရှင်မတို ့၏ စတိုင်ဖြင့် လက်မထောင်ပြခြင်း။
မပြောပလောက်သော အပူအစပ်များတွင် ရှာကို တစ်တောင်လောက်ထုပ်ကာ ဟန်လုပ်ကြခြင်း။
ဟင်းရည်ဖတ်များ အနည်းငယ်ဖိတ်စဉ် ပေကြံသွားရား ဆွေးဆွေးခုန်ပြခြင်း။
ဟန်လုပ်၍ ပြုံနေ ရယ်နေကြခြင်း။
အော်ဒါမှာပြီး ကုန်အောင်မစားကြခြင်း။
စသည် စသည် များစွာကုန်သော အကြောင်းအရာတို ့တွင် ကျွန်ုပ်မှာ ဝိမုတ္တိ မဖြစ်နိုင်ဘဲ ရှိနေလေတော့စဉ်တွင်ပင်
ကျသင့်ငွေကို ရှင်းလေ၏။
မှတ်ချက်။ ။ လူဆယ်ယောက် ဟန်ရေးပြ၍ စားသော စားသောက်ဝိုင်းအတွက် မြန်မာငွေဖြင့်တွက်လျှင် နှစ်သိန်းကျော်မျှ ကုန်ကျခြင်းတွင်လည်း
ကျွန်ုပ်မှ ဝိမုတ္တိ မဖြစ်ဘဲ ရှိရလေတော့သည်ဆိုခြင်းကို အားလုံးသိကြမည်ပင်။
( အသားကို တစ်ကီလိုပင်ရှိစေဦး အသီးအရွက်က ကီလိုဝက်ခန် ့ဘီယာမှာ မှတ်မှတ်ရရ ရှစ်ပုလင်းမှာလေရာ အားလုံးမှာ တစ်ယောက်တစ်ခွက်စီ ဟန်ရေးပြသောက်ကြပြီး ကျွန်ုပ်တစ်ဦးတည်းသား လေးပုလင်းကျော်ကျော်ကို အာသာပြေအောင်သောက်ခဲ့ခြင်းဖြစ်လေ၏ ကုန်လွန်းလှ သုံးသောင်း )
လူုစုခွဲကြသောအခါ ကျွန်ုပ်မှာပြဿနာတက်လေသည်
ငါ..နေရာမရောက်သေးဘူး
ကျွန်ုပ်၏သဌေးမှာ ကျွန်ုပ်ကို စပ်ဖြဲဖြဲဖြင့်ကြည့်ရင်း
အိမ်အနီးဆိုင်မှ နောက်လေးလုံးထပ်၍ဝယ်ပေးလေသည်
ကျွန်ုပ်မှာ အားလုံးကို ဘိုင်းဘိုင်လုပ်၍ အိမ်ကိုပြန်ခဲ့လေတော့၏။
တစ်ယောက်တည်း တစ်ပုလင်းပြီးတစ်ပုလင်းသောက်ရင်း
မြင်သမျှ ကြားသမျှ ထိတွေ ့သမျှတို ့တွင် ကျွန်ုပ်၏ မှားယွင်းသော စိတ်အကြံဖြစ်မှုတို ့အတွက် ကြီးစွာတုန်လှုပ်မိလာလေတော့သည်။
ဤ ရုပ်ခန္ဓာကို မှီသောစိတ်၏ ဖောက်ပြန်ခြင်းကြောင့် ဤခန္ဓာသည်ပင် ဧကန်စင်စစ် ဒုက္ခရောက်ရပေတော့သည်
ဤ ရွှံရှာစက်စုပ်ဖွယ် ကိုယ်ကောင်နှင့်ဒွန်တွဲသော စိတ်ဆန္ဒတို ့၏ အလိုကို မလိုက်တန်ရာဟု ကြီးစွာဆင်ခြင်းမိစဉ်တွင်
နောက်ဆုံးကျန်သော ပုလင်းမှာ လက်လေးလုံးမျှသာရှိတော့လေရာ
အဆုံးစီရင်လိုက်ပြီးစဉ်တွင်
လိုအင်ဆန္ဒတို ့မည်သည် အဘယ်နည်း။
ထိုသော ဆန္ဒတို ့၏ ဖြစ်တည်ရာသည်အဘယ်နည်း။
ထိုဆန္ဒတို ့၏ ပြည့်စုံခြင်းသည် အဘယ်နည်း။
ငါ၏စိတ်ဆန္ဒသည် တစ်ခုခုကို လိုခြင်တက်မက်အံ့။ ထိုလိုခြင်မှုတွက် ငါသည်ဆင်းရဲအံ့။
ထို လိုအင် ဆန္ဒတွက် ဆင်းရဲခံ၍သော်လည်းကောင်း ချမ်းသာစွာဖြင့်သော်လည်းကောင်း ရရှိသော ဆန္ဒ၏ အကြောင်းသည် အကယ်စင်စစ်
ပြည့်စုံခြင်းအစစ်မဟုတ်။
တစ်ဖန် ပြန်၍ပင် အခြားအကြောင်းကို တဖန် လိုခြင်ပြန်ပေ၏။
လိုခြင်တက်မက်မှုကို သတ်ဖြတ်အံ့။ လိုခြင်တက်မက်မှုကို သတ်ဖြတ်ပြီးသောအခါ ငါ့၌ လိုခြင်မှုကင်းလတ္တံ ့။
လိုခြင်မှုကင်းသော ငါ၏ စိတ်ဆန္ဒတို ့သည် တည်ငြိမ်၏တကား။ အခြားဘာကိုမှ မကြံစည်တဲ့အတွက် ဘာကိုမှတက်မက်မှုမဖြစ်နေ။
ငြိမ်သက်နေ၏တကား။
အကယ်၍ ထိုအချိန်တွင် သိကြားမင်းသည် လူ ့ပြည်သို ့နတ်တို ့၏ မျက်စိဖြင့်ကြည့်ခဲ့ပါမူ
တခူးခူးးဖြင့် ဝိမုတ္တိ ပြည့်စုံခြင်းဖြင့် မွှန်းထုံကာ ကြမ်းပြင်တွင် မှောက်နေသော
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ကို တွေ ့ရမည်မှာ မလွဲဧကန်ပင်တည်း။

15 comments

  • eros

    April 19, 2011 at 12:53 pm

    တောက်!!! ဆိုဂျူးတွေနဲ့တူတယ်။

  • ဆူး

    April 19, 2011 at 1:25 pm

    မှိုမျိုး ၄ဝ ဟော့ပေါ့လား..
    အဲဒါဆို သောက်လို့ သိပ်ကောင်းတယ်။
    တကယ် ၄ဝ ပြည့်မပြည့်တော့ မသိဘူး.. အကြီးတွေ ကော အသေးတွေ ကော ဆိုက်စုံ.. ချိုနေတာဘဲ။

  • nigimi77

    April 19, 2011 at 4:01 pm

    အဲဒါ ဟစ်တလာ တို ့ တိုင်းပြည်မှာလား

  • တညင်သား

    April 19, 2011 at 5:16 pm

    ဘီယာ ပုလင်းတွေ့ပြီး ဆိုးဂျူး လုပ်နေသေးတယ်..

    • eros

      April 20, 2011 at 2:00 am

      ဆောရီး၊ ဆောရီး မနေ့တုန်းက ကွန်မကောင်းလို့ ပုလင်း အောက်ခြေပဲမြင်ရလို့။ ဟုတ်တယ်ဗျ ဟန်နီကယ်တွေ!!!

  • bigcat

    April 20, 2011 at 2:43 am

    အဲဒါ ဝိမုတ္တိခေါ်ဘူး၊ ဝိမောဟိခေါ်တယ်။

  • eros

    April 20, 2011 at 2:49 am

    ဘာလဲဗျ ဝိမောဟိ

  • char too lan

    April 20, 2011 at 1:06 pm

    ဝိမုတ္တိ လားဘာလားတော့တိဘူး
    ညာတုတ်ကြီး ပါလားလို့ တွေးတောမိပါတယ် …….. 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 20, 2011 at 7:50 pm

    ညာတုတ်တာတော့ဟုတ်ပါဘူးကွယ်
    အတိတ်ဘဝက ဒါနရှိခဲ့လေတော့
    ပြန်ရတာပါ

  • windtalker

    December 30, 2011 at 7:45 pm

    စားကောင်းသောက်ကောင်းခဲ့ထှာဘဲ
    အားကျလိုက်ထှာ
    ဒါနဲ ့အတိတ်ဘဝက ဘယ်လို ဒါနတွေ များ လုပ်ခဲ့ပါလဲ ဟင် !!!!!

    • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

      December 30, 2011 at 8:47 pm

      ညောင်ဇေ့ဂိုလှူရင် ညှောင်ဘင်ဂို ရဒယ်
      ဟိုဘဝဒုန်းဂ
      ခပ်မူးမူးနဲ့ ညောင်ဘင်အောက် သေးသွားဘောက်ဒါ
      ညှောင်ဘင်ဝဲထိုးသလို ဖစ်တွားလို့
      အိုက်ဒလို အိုက်ဒလို
      ညှင်းညှင်း
      ပွေးပွေး
      ဝဲဝဲ
      ဒက်ဒက်
      ဒိုင်းညှောင့် တခီးညှောင့်

  • ချစ်စ/ဆရာ

    December 30, 2011 at 8:27 pm

    အို
    လူသားတို ့
    သောက်လိုက် စားလိုက်
    ဖွာလိုက် ရှို ့လိုက်
    ရှူလိုက် ယက်လိုက်
    မျိုလိုက် စို ့လိုက်
    ချလိုက် ခံလိုက် နဲ ့
    ဤကမ္ဘာမြေဂျီးရှိ အလုံးစုံသော သုခ၊
    ဘာတာ၊သံလမ်း၊
    လှည်းတန်းသမိုင်း အင်းစိန် တို ့သည်ကား အနီးငယ်မှ မတည်မြဲပေတကား

    ဒါကြောင့်

    ခဏတာ ဘီယာ
    စမူဆာတို ့ မှီဝဲနိုင်နေယုံနဲ ့ သင်တို ့ဘဝကို ရောင့်ရဲ တင်းတိမ် မနေကြပါနဲ ့ ငမိုက်သားတို ့
    ဆင်းရဲချုပ်ရာ နိဗ္ဗာန်သာ မှီခိုအားထားရာမို ့ သတိတရားနဲ ့ ခရီးသွားကြပေလော့..

    သဂျီးမင်းခဗျ
    ဘီယာလေးပုလင်းသောက် လေးပုလင်းပါဆယ်ထုတ်ပြီး မှောက်နေတဲ့
    မိုက်ကယ်ဂျော်ဂီအောင်ဘုဆိုတဲ့လူကို အရေးယူပေးပါခင်ဗျ

    ပုံ၊
    ဝိမုတ္တိ ချစ်စဆရာ ပလာတာ

    • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

      December 30, 2011 at 8:48 pm

      ပလာတာစားလျှင် ခေါင်းစွတ်
      စွတ်ရန် မပေ့ပါလင့်
      ပုံ
      ………..

      • windtalker

        December 30, 2011 at 9:46 pm

        အာပုံ စားရင်ကော
        ဘာလိုသေးလဲ ခင်ဗျ
        ပုံ
        ချစ်စဆရာလေး ဦးဘဇင်းပေဂျီး

        • ငပေါက်ဖော်

          December 30, 2011 at 10:03 pm

          အာပုံစားရင်
          အဝှာပဲ လိုပါလယ်ချင့်
          အဝှာမချိရင်တော့
          ယိုးဒယားသွားပြီး
          သများလို ဖြတ် ဖောက် ချုပ် သာ လုပ်လိုက်ပါတော့ချင့်

Leave a Reply