လူမူဒုက္ခအဖြေရှာကြ
ူူလူသားတိုင်းရဲ့ ဘုံရန်သူကို ကိုရိုး နားလည်မျှ တင်ပြပါရစေ။ လူသားတွေဟာ အပူသောကတွေကိုအခါအားလျှော်စွာခံစားနေကြရတယ်။ အဲသည်လိုခံစား နေရတဲ့ပင်မတရားခံဟာ မိမိမဟုတ်ဘဲ၊ မိမိကိုယ်ပေါ်ကို မှားယွင်းစွာရောက်ရှိလာတဲ့ အပတစ်မျိုးပဲဖြစ်ပါတယ်။ ဥပမာ လူမှာဖြစ်ပွားတဲ့ ပွေး ဝဲလိုမျိုးပေါ့။ ပွေး ဝဲ ရောဂါတွေဟာ လူမှာအဖြစ်ခံရတဲ့ လူမဟုတ်တဲ့ အပပစ္စည်းတွေပ ဲဖြစ်သလိုပေါ့။လူတွေဆီမှာဖြစ်ပွားနေတဲ့ အပူသောကတွေဟာလည်း သည်လိုပါဘဲ။ ပွေး ဝဲဖြစ်တဲ့ရောဂါတွေဟာ အစားမှားအနေမှားတာ ကြောင့်ဖြစ်ရတာ မဟုတ်လား။ အပူသောကတွေဆိုတာဟာလည်း အမြင်မှား အတွေးမှားတွေကြောင့်ဖြစ်ရတာပါ။အမြင်မှန် အတွေးမှန်မယ်ဆိုရင် အပူအပင်ကင်းစင်တဲ့ဘဝကိုပိုင်ဆိုင်ရပြီပေါ့။လူကိုဒုက္ခပေးတာဟာ လူမဟုတ်ပါဘူး ဒါကိုသတိကြီးကြီးထားမှိဖို့လိုပါတယ်။
2 comments
kosicca
April 19, 2011 at 10:17 am
ဒီအပရောဂါကို ဘယ်လို ပျောက်အောင်ကုရမလဲ။
koyo
April 19, 2011 at 11:13 am
အမြင်အတွေးမှန်အောင်လုပ်ပြီးကုလျှင်ပြောက်ပါလိမ့်မယ်။