မဲ့လော့ဘာသာ၊ ဘာသာ မဲ့လော့ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား ဘာသာတရား၊ များလည်းများ၏ များပါလေလည်း၊ တဆဲဆဲနဲ့ လူမျိုးစွဲကာ၊ သတ်ဖြတ်နေတယ် ကမ္ဘာမြေဝယ်။ မဲ့လော့ဘာသ၊ ဘာသာ မဲ့လော့ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား နိုင်ငံရေးသမား၊ များလည်းများ၏ များပါလေလည်း၊ တကွဲကွဲနဲ့ ဂုဏ်မောက်ခါသာ၊ မာန်တက်နေတယ် ကမ္ဘာမြေဝယ်။ မဲ့လော့ဘာသာ၊ ဘာသာ မဲ့လော့ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား စာပေသဘောတရား၊ များလည်းမျာ၏ များပါလေလည်း၊ တအ အ နဲ့ ပညာရှိလုပ်ခါ၊ ညွှန်ပြနေတယ် ကမ္ဘာမြေဝယ်။ မဲ့လော့ဘာသာ၊ ဘာသာမဲ့လော့ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား တန်းတူညီရေး၊ စိတ်ထားမွေးမှ တွဲလက်ခိုင်မာ၊ ညီညာပါမှ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား ငြိမ်းချမ်းရာမှန်၊ လှမ်းလျှောက်နိုင်အံ့။