ပြ

koyoAugust 18, 20121min1258

ဥဝဲကာလ၊ မွေးဖွားစမှာ၊

အသိဗလာ၊ မွေးဖွားလာလည်း၊

ဘာသာဓလေ့၊ ထုံ၍ရိုက်သွင်း၊

မောင်လူမင်းကို၊ လူနဲ့လူချင်း၊

အကြောက်သွင်းလျှက်………။

ပညာရှိတွေက………

ပညာပြ……

အာဏာရှိတွေက……

အာဏာပြ………။

အပြပညာ……

ပြိုင်ထောင်ကြ………။

အပြိုင်ထောင် ဝါဒ……

အပူထ………

ပြ…ထ…ပြ…ထ…ပြ…ထ……။

8 comments

  • TTNU

    August 18, 2012 at 9:18 pm

    koyo ရေ…
    အာဏာပြ
    ပါဝါပြ
    ပညာပြ တွေထဲမှာကျင်လည်ရင်းနဲ့။
    မေတ္တာပြ
    စေတနာပြ
    မုဒိတာပြကြရမယ်နော်။

  • ပင်လယ် ပျော်

    August 18, 2012 at 9:49 pm

    ပြသင့် တာတော့ပြရမှာပေါ့နော်…

  • MaMa

    August 18, 2012 at 10:27 pm

    ပြ ဆိုတဲ့ စကားလုံးလေး တစ်လုံးတည်းဆိုတော့ ခေါင်းစဉ်ကြည့်ပြီး ဘာများပါလိမ့်လို့ ထင်မိတယ်။
    မကောင်းတာတွေ (ပညာပြ၊ ပါဝါပြ၊ အာဏာပြ) တွေအစား…
    တီချာကြီး ပြောသလို မေတ္တာ၊ စေတနာ၊ မုဒိတာတွေ ပြနိုင်ကြရင် ကောင်းမယ်။

    (လူနဲ့လူချင်း၊
    အကြောက်သွင်းလျှက်………။)
    ဆိုတဲ့ အပိုဒ်ကို အကြိုက်ဆုံးပဲ။

  • kai

    August 19, 2012 at 2:21 am

    ကဗျာကို.. အသံထွက်ဖတ်လိုက်ရင်.. . ထောက်သွားလို့…
    ကျုပ်သာဆိုရင်..
    ပြ…ထ…ပြ…ထ…ပြပြ…ထ……။
    ဆိုပြီး..” ပြ “တလုံးပိုထည့်တယ်..။ 🙂

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 1:15 pm

      တွေ့လား ..
      သဂျီးတို့ စာဘယ်လောက် ကြေခဲ့လဲဆိုတာ တွေ့ရဲ့မဟုတ်လား ..
      မ မ ဝ ဝ ထထ က ကို အသေကြေခဲ့တာ ..
      ပြ ထ ပြ ထ ပြပြ ထ … ဆိုပဲ .. 😀

      • မောင်ပေ

        August 19, 2012 at 1:56 pm

        ပြ ထ ပြ ထ ပြပြ ထ
        ထထပြ ပါ ပြ
        ထပါ ပြပါ ထပြပါ
        သားသားကြည့်ချင်တာ

      • etone

        August 19, 2012 at 4:17 pm

        တော်လိုက်တဲ့ ခြောက်မျက်နှာ
        သူ့ကော့မန့် အသံထွက်ဖတ်ရင်း ခွက်ထိုးခွက်လန်ရယ်မိသွားပါတယ်

      • YE YINT HLAING

        August 19, 2012 at 4:23 pm

        ” မမ ဝဝ ထထ က အက ပထမ ” က ဆရာကြီး ဦးတင်မိုး ရေးခဲ့တာဆိုတာဟုတ်လားဗျ !

Leave a Reply