koyoAugust 23, 20121min38123
မဲ့လော့ဘာသာ၊  ဘာသာ မဲ့လော့ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား ဘာသာတရား၊ များလည်းများ၏ များပါလေလည်း၊ တဆဲဆဲနဲ့ လူမျိုးစွဲကာ၊ သတ်ဖြတ်နေတယ် ကမ္ဘာမြေဝယ်။ မဲ့လော့ဘာသ၊ ဘာသာ မဲ့လော့ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား နိုင်ငံရေးသမား၊ များလည်းများ၏ များပါလေလည်း၊ တကွဲကွဲနဲ့ ဂုဏ်မောက်ခါသာ၊ မာန်တက်နေတယ် ကမ္ဘာမြေဝယ်။ မဲ့လော့ဘာသာ၊ ဘာသာ မဲ့လော့ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား စာပေသဘောတရား၊ များလည်းမျာ၏ များပါလေလည်း၊ တအ အ နဲ့ ပညာရှိလုပ်ခါ၊ ညွှန်ပြနေတယ် ကမ္ဘာမြေဝယ်။ မဲ့လော့ဘာသာ၊ ဘာသာမဲ့လော့ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား တန်းတူညီရေး၊ စိတ်ထားမွေးမှ တွဲလက်ခိုင်မာ၊ ညီညာပါမှ တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား ငြိမ်းချမ်းရာမှန်၊ လှမ်းလျှောက်နိုင်အံ့။


koyoAugust 21, 20121min1144
ကိုယ့်ဝါဒမှ ကိုယ့်ဝါဒ ဆိုပြီး လူတွေကို စိုးမိုးချယ်လှယ်ချင်တဲ့ ဝါဒရှင် တွေကြား မှာ ထူးထူးခြားခြား ဗုဒ္ဓကတော့ “ ငါ ဘာအယူမှ မယူဘူးတဲ့”။ ဒါ့ ကြောင့်လည်း ဒီစကားကြားရတဲ့သူတွေက ဗုဒ္ဓကို ဘာသာမဲ့လို့ စွပ်စွဲကြဆိုပဲ ကျွန်တော်တို့တစ်တွေ ဆိုလျှင်ကော ဘယ်လို ပြောမိကြမလဲ။ “ဗုဒ္ဓပယ်ချ အ ယူဝါဒ” မှာ ဘုရားသုံးဆူရဲ့ အယူ အမြင်တွေကို ဖော်ပြခဲ့ပြီးပါပြီ။ ကျန်နေသေးတဲ့ ဘုရားသုံးဆူရဲ့ အယူဝါဒတွေကို ဆက်လက်ပြီး ကျွန်တော်သိသမျှ မျှဝေလိုက်ပါတယ်။ ပကုဓကစ္စာယနရဲ့ အယူက ခုနှစ်မျိုးသော ဤကာယတို့ကို မည်သူမျှ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် မပြုအပ်၊ မပြုနှိုင်ကုန်။ ကာယခုနှစ်းပါးတို့ဟူသည် ပထဝီကာယ (ပထဝီဓာတ်ပေါင်း),အာပေါကာယ(အာပေါဓာတ်ပေါင်း),တေဇောကာယ,ဝါယောကာယ, သုခ,ဒုက္ခ,ဇီဝ(အသက်)တို့တည်း။ ဤခုနှစ်ပါး သည် သူ့သဘောအတိုင်း […]


koyoAugust 18, 20121min1348
ဥဝဲကာလ၊ မွေးဖွားစမှာ၊ အသိဗလာ၊ မွေးဖွားလာလည်း၊ ဘာသာဓလေ့၊ ထုံ၍ရိုက်သွင်း၊ မောင်လူမင်းကို၊ လူနဲ့လူချင်း၊ အကြောက်သွင်းလျှက်………။ ပညာရှိတွေက……… ပညာပြ…… အာဏာရှိတွေက…… အာဏာပြ………။ အပြပညာ…… ပြိုင်ထောင်ကြ………။ အပြိုင်ထောင် ဝါဒ…… အပူထ……… ပြ…ထ…ပြ…ထ…ပြ…ထ……။


koyoAugust 10, 20121min20212
“ စင်…စင် ”   သူတော်စင်ဝတ်ရုံအောက်…ဂျောက်… ဟ..ဟ..ဘာတွေလဲ…ဟ…။ သူတော်စင်လို့..ထင်တဲ့သူတွေကို… သူတော်စင်တွေက….အားကျ…. ဟ..ဟ…ဇောက်ထိုးကြီး ဟ…။ သူတော်စင်တွေလို့…ထင်သူတွေကြားမှာ… သူတော်စင်တွေက…စင်..။ သူတော်စင်လို့ ထင်တဲ့သူက… သူတော်စင်ကို…အားမကျ… ဟ..ဟ..ဇောက်ထိုးကြီး ဟ။ စင်……………………………… သူတော်စင်……………………။


koyoAugust 7, 20121min894
လူဟာ လူပဲ၊ လူဟာ အပြစ်သား မဟုတ်။ ခေါင်းမူးတာနဲ့ ဦးခေါင်း… ဗိုက်နာတာနဲ့ ဝမ်းဗိုက်… မူးတာက မူးတာတွေပဲ ဟုတ်တယ်။ နာတာက နာတာတွေပဲ ဟုတ်တယ်။ ဦးခေါင်းက၊ မူးတာမှ မဟုတ်တာ။ ဝမ်းဗိုက်က၊ နာတာမှ မဟုတ်တာ။ မူးတာက မူးတာပဲ… နာတာက နာတာပဲ… ဆရာ…ရှာပါ… ကုပါ…ပျောက်မှာ…။ လူဟာ လူပဲ၊ လူဟာ အပြစ်သားမဟုတ်။ အပြစ်က၊ အပြစ်တွေပဲ ဟုတ်တယ်။ ဆရာ…ရှာပါ… ကုပါ…ပျောက်မှာ…။  


koyoAugust 6, 20121min16115
ကပေါက်တီး ကပေါက်ချာ… ရောက်တတ်ရာရာ… အသိကမခိုင်မာ… ကံကြမ္မာဆိုတာ မယုံကြည်ရဘူး…တဲ့။ ကပေါက်တီး ကပေါက်ချာ… ရပ်တည်ချက်က မခိုင်မာ.. မယုံကြည်ရဘူးဆိုတဲ့ ကံကြမ္မာကိုပဲ ယုံကြည်.. မယုံတာကို ယုံတယ်… ယုံတာကို မယုံဘူး… သတိ…အသိ..အဲလိုရှိ။ မယုံ..ယုံ… ယုံ..မယုံ.. မယုံ..ယုံ,   ယုံ..မယုံ…


koyoAugust 4, 20121min33220
လွန်ခဲ့သော နှစ်(၂၅၀၀)ကျော်ကတည်းက ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်ဟဟာ အယူဝါဒတွေကို  တိုက်ဖျက်ပေးခဲ့ဘူးပါတယ်။ အယူတွေက လူတွေကို ဇာတ်နိမ့် ဇာတ်မြင့်၊ သူ့အမျိုး ကိုယ့်အမျိုး၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ ယောက်ျား မိန်းမ…အစစတွေကို ဖြစ်စေပါတယ်။ ဒီလိုပြဿနာတွေကို လုံးဝ ဖြေရှင်းပေးနိုင်ပါမှ လူသားထုကြီးတစ်ခုလုံး စည်းလုံး ညီညွှတ်ကြပါလိမ့်မယ်။ လူသားထုကြီးတစ်ခုလုံးကို စည်းလုံးညီညွှတ်စေလိုသော မွန်မြတ်တဲ့စိတ် ထားဖြင့် မြတ်ဗုဒ္ဓဟာ အယူဝါဒတွေကို တိုက်ဖျက်ပေးခဲ့ဘူးပါတယ်။ တကယ် တော့ ဗုဒ္ဓဆိုတာ အယူဝါဒတွေကို ပယ်စွန့်ပြီးသူဖြစ်ပါတယ်။ သို့သော် ဗုဒ္ဓ လွန်တော်မူပြီး နှစ်(၂၀၀)ကျော်ပါမှ ဗုဒ္ဓကို အယူဝါဒရှင်ဖြစ်အောင် ဖေါ်ဆောင် ခံခဲ့ရတာပါ။ ဗုဒ္ဓလက်ထက်က ထင်ရှားတဲ့ အယူဝါဒရှင်(၆)ဦးရဲ့ အယူဝါဒတွေကို လေ့လာ ကြည့်မယ်ဆိုလျှင် ဗုဒ္ဓဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာပေါ်လွင်ပါ လိမ့်မယ်။ ဗုဒ္ဓဟာ […]


koyoOctober 11, 20111min511
ငြင်းခုံခြင်း “ဟေ့ ဘာသာမဲ့ကြီး နေကောင်းရဲ့လား” “ကောင်းပါတယ် လာ ထိုင်” “ဖြစ်ပျက်နဲ့ပတ်သက်ပြီး မင့်ကို တော်တော်မကျေနပ်ကြဘူးနဲ့တူတယ်” “ကျေနပ်စရာမှ မဟုတ်တာကိုး” “ကျေနပ်စရာမဟုတ်မှန်း သိပါလျှက်နဲ့ ဘာလို့ရေးလိုက်တာလဲ” “အမြင်သစ်ဆိုတာ မြင်ပြသူရှိမှ မြင်နိုင်ခွင့်ရှိတာကြောင့်ပါ” “အန္တရယ်ကြီးတယ်နော” “လူစီလီရိုဗာနီနီ (၁၅၈၅-၁၆၁၉) က လူကို ဘုရားသခင်က ဖန်ဆင်းသည် မဟုတ် သဘာဝ၏ ဖြစ်ပေါ်တိုးတက်မှု အစဉ်တရပ်သာဖြစ်သည် လို့ပြောတော့ ဘာဖြစ်သွားတယ်မှတ်သလဲ” “ဘာဖြစ်သွားလို့လဲ” “မိစာ္ဆဒိဋ္ဌိဆိုပြီး မီးလောင်တိုက် သွင်းလိုက်ကြတယ်တဲ့” “ရက်စက်လိုက်ကြတာပါလား” “ပြောတော့သာ မေတ္တာထားရမယ် မေတ္တာထားရမယ်နဲ့” “အေးကွာ” “သူပြောခဲ့တဲ့စကား ဘယ်လောက်မှားတယ် မှန်တယ်ဆိုတာကို အခုခေတ်မှာ (DNA) က သက်သေခံနေပြီ မဟုတ်လား” “အင်း…” “ခေတ်တိုင်းမှာ အသစ်တွေ့ရှိချက်တွေကို တင်ပြခဲ့ကြပေမယ့် ခေတ်တို်င်းမှာ လူတွေကတော့ လွယ်လွယ်ကူကူ […]


koyoOctober 3, 20111min570
နေရာလိုက်တန်ဖိုး        လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားကြဖို့ တောင်းဆိုသူတွေက တောင်းဆိုနေကြတယ်။ ဒီလိုတောင်းဆိုတာကို ဖိနှိပ်သူတွေကလည်း ဖိနှိပ် နေကြတယ်။ တလောကလုံးကို ခြုံငုံကြည့်လိုက်မည်ဆိုလျှင် ဖိနှိပ်သူနှင့် အဖိနှိပ်ခံဆိုပြီး လူတန်းစား နှစ်ရပ်ပဲရှိတာကိုတွေ့ရမှာပါ။ လူအမျိုးမျိုးအစား စားတွေ ဘယ်လောက်ပဲများများ ဖိနှိပ်သူအဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ အဖိနှိပ်ခံ အဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ ဒီနှစ်မျိုးထဲက တမျိုးမျိုးနဲ့ပဲ လူတွေဟာ ရှင်သန်ရပ်တည်နေကြတာပါ။ လူ့အခွင်အရေးကို တန်ဖိုးထားရမယ်၊ လေးစားရမယ်၊ လိုက်နာရမယ်လို့ ဘယ်လောက်ပဲပြောပြော တန်ဖိုးထား လေးစားလိုက်နာတတ်ဖို့ဆိုလျှင် လူကို နားလည်ရပါလိမ့်မယ်။ လူကို နားမလည်လျှင် လူ့အခွင့်အရေးဆိုတာကိုလည်း နားလည်မှာမဟုတ်ပါဘူး။ လူတွေဟာ လူတွေကို နားလည်ကြမှာဖြစ်ပေမယ့် လူတွေက လူတွေကို နားမလည်ကြပါဘူး။ ဒါ့ကြောင့်လည်း လူတွေကပဲ လူ့အခွင့်အရေးတွေကို ချိုးဖျက်နေကြတာပေါ့။ လူတွေကပဲ လူ့အခွင့်အရေးတွေက်ို ချိုးဖျက်နေကြ တာဆိုတော့ […]


koyoSeptember 27, 20111min52618
  “ဟူး… မောလိုက်တာကွာ ”  “ဘယ်လိုဖြစ်လာတာလည်း သူငယ်ချင်း” “ပြော မပြောချင်တော့ပါဘူး၊ ဘယ်သားသမီးမှကို ပြောလို့ဆိုလို့ မကောင်းဘူး” “အော်” “ဘာသာမဲ့တောင်ဖြစ်ချင်လာပြီ” “ဘာသာမဲ့က ဖြစ်ချင်တိုင်း ဖြစ်လို့ရမယ်ထင်လို့လား” “ဘာသာမဲ့ဖြစ်ဖို့များ ဘာခက်စရာရှိနေသေးလို့လဲ” “မင်းတို့ကိုးကွယ်တဲ့ ဗုဒ္ဓက မင်းတို့ကို အရူးတွေလိုပဲလို့ ပြောခဲ့တယ် နော်။ ပုထုဇ္ဇနော….ဘာဆိုလား…ဆိုပြီးတော့လေ” “ဥမ္မတကော ဝိယ တဲ့ကွ” “အေး ..အဲလိုလူတွေ ဘာသာမဲ့ဖြစ်လို့မရဘူး” “ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ” “မင်းတို့က ဗုဒ္ဓပြောတဲ့အတိုင်း မင်းကိုယ်မင်း ငါဟာ အရူး လိုပါ ပဲလား လို့တော့ တကယ်ခံယူရဲ့လား” “ဒါကတော့” “မင်းတို့ဟာ ကိုယ်အလေးအမြတ်အထားရဆုံးပါဆိုတဲ့ ပုဂ္ဂိုလ်ရဲ့စကား ကိုတောင် တကယ်လက်ခံယုံကြည်ခြင်းမရှိကြဖူးပဲ” “ဒါတွေက ဘုရားစကားတွေလေကွာ” “ဘုရားက မင်းတို့ကို အရူးအဖြစ်ရှိနေစေချင်တာလား အရူးအဖြစ်က လွတ်စေချင်တာလား” “လွတ်စေချင်တာပေါ့” […]


koyoSeptember 17, 20111min1365
”ဟေ့ ဘာသာမဲ့ကြီး“ ”အော်…  လာ. ထိုင် သူငယ်ချင်း“ ”အေးပါ အေးပါ ထိုင်မှာပါ။ ဘာမတူတာတွေများ ကြံလုံးထုတ်နေလဲ“ ”အင်း ကြံလုံး ကြံလုံး…ကြံလုံးဆိုတာ ဘယ်လိုဟာမျိုး ဘယ်လိုပုံစံမျိုး လို့ သိထားလို့လဲ“ ”လုပ်ပြီ“ “ကိုယ်တကယ်သိပါတယ်လို့ ထင်တဲ့စကားတွေကို ကိုယ်တကယ်သိရဲ့ လားဆိုတာလောက်တော့ ဆင်ခြင်မိကြဖို့ကောင်းတယ်” “ငါ့ကို ခေါင်းခြောက်အောင်လုပ်တော့မယ်ပေါ့” “မစဉ်းစား မဆင်ခြင်လျှင်တော့ ကိုယ့်ရှေ့က လမ်းညွှန်ချက်တွေကို ဟုတ်သလားလည်း မသိ မဟုတ်ဘူးလားလည်း မသိ ယောင်ဝါးဝါး ဖြစ်ကြဖို့ ရှိတယ်” “မစဉ်းစား မဆင်ခြင်ကြပဲ လူတွေက နေနေကြလို့လား” “ဒါကိုပေါ်လွင်ဖို့ ကိုယ့်ဘဝကို လမ်းညွှန်တဲ့ အသိပေးချက်တွေဟာ တကယ်ပဲ ကိုယ့်အတွက် လမ်းညွှန်ချက်ဖြစ်ရဲ့လား။ ဖြစ်တယ်ဆိုရင် ကိုယ် ဘယ်လောက် အတိုင်းအတာအထိ ကျင့်သုံးသလဲ ဆိုတာနဲ့ တိုင်းတာကြည့် […]


koyoSeptember 7, 20111min994
”  ဘာကိုမှမယူတဲ့ ဘာသာမဲ့ကြီး ဘာတွေလုပ်နေတာလဲ “ ”အော်…သူငယ်ချင်း လာကွာ“ ”မင့်ရဲ့သတင်းတွေကြားလို့လာတာ“ ”ဘယ်လိုတွေကြားလို့လဲ“ ”မင်းက ဘယ်ဘာသာမှ မကိုးကွယ်တော့ဘူးဆို“ ”အေး“ ”ဘယ်လိုဖြစ်ရတာလဲကွာ“ ”တော်တော်ကြီးကို အံ့ဩနေတယ်ပေါ့“ ”အယူမှားရင်တော့ ကြောက်စရာကောင်းတယ်နော်“ ”ဟုတ်မှာပါ“ ”မင်းမကြောက်ဘူးလား“ ”ငါလည်း အရင်ကတော့ ရိုးရာထေရဝါဒ ဗုဒ္ဓဘာသာပါပဲ“ ”အေးလေ“ ”ငါ လူတွေကိုအကျိုးပြုတဲ့သူတစ်ယောက် ဖြစ်ချင်တယ်ကွာ“ ”ဒါနဲ့ပဲ ဘာသာမဲ့လုပ်ရသလား“ ”ငါ့အသက် နှစ်ဆယ်လောက်ကနေစပြီး အခုလို ဘာသာမဲ့မလုပ်ခင်ထိ ရေသောက်တိုင်း၊ ထမင်းစားတိုင်း ဗုဒ္ဓံသရဏံ ဂစာ္ဆမိ၊ ဓမ္မံသရဏံ ဂစာ္ဆမိ၊ သံ ဃံသရဏံ ဂစာ္ဆမိ       ဆိုပြီး သုံးခေါက် အမြဲမပြတ်ရွတ်ခဲ့တယ်“ ”ကောင်းတာပေါ့“ ”ဒါတွေက ငါ့ကို ကောင်းအောင်မတတ်နိုင်ခဲ့ပါဘူး။ ဘဝမှာ ငါဟာ မဝံ့မရဲ နဲ့ရှင်သန်ခဲ့ရတယ်။ဘာသာတရားက မလုပ်ရဘူးဆိုတဲ့သတ်မှတ်ချက်တွေ […]


koyoSeptember 6, 20111min440
” ဘာကိုမှမယူတဲ့ ဘာသာမဲ့ကြီး ဘာတွေလုပ်နေတာလဲ “ ”အော်…သူငယ်ချင်း လာကွာ“ ”မင့်ရဲ့သတင်းတွေကြားလို့လာတာ“ ”ဘယ်လိုတွေကြားလို့လဲ“ ”မင်းက ဘယ်ဘာသာမှ မကိုးကွယ်တော့ဘူးဆို“ ”အေး“ ”ဘယ်လိုဖြစ်ရတာလဲကွာ“ ”တော်တော်ကြီးကို အံ့ဩနေတယ်ပေါ့“ ”အယူမှားရင်တော့ ကြောက်စရာကောင်းတယ်နော်“ ”ဟုတ်မှာပါ“ ”မင်းမကြောက်ဘူးလား“ ”ငါလည်း အရင်ကတော့ ရိုးရာထေရဝါဒ ဗုဒ္ဓဘာသာပါပဲ“ ”အေးလေ“ ”ငါ လူတွေကိုအကျိုးပြုတဲ့သူတစ်ယောက် ဖြစ်ချင်တယ်ကွာ“ ”ဒါနဲ့ပဲ ဘာသာမဲ့လုပ်ရသလား“ ”ငါ့အသက် နှစ်ဆယ်လောက်ကနေစပြီး အခုလို ဘာသာမဲ့မလုပ်ခင်ထိ ရေသောက်တိုင်း၊ ထမင်းစားတိုင်း ဗုဒ္ဓံသရဏံ ဂစာ္ဆမိ၊ ဓမ္မံသရဏံ ဂစာ္ဆမိ၊ သံ ဃံသရဏံ ဂစာ္ဆမိ ဆိုပြီး သုံးခေါက် အမြဲမပြတ်ရွတ်ခဲ့တယ်“ ”ကောင်းတာပေါ့“ ”ဒါတွေက ငါ့ကို ကောင်းအောင်မတတ်နိုင်ခဲ့ပါဘူး။ ဘဝမှာ ငါဟာ မဝံ့မရဲ နဲ့ရှင်သန်ခဲ့ရတယ်။ဘာသာတရားက မလုပ်ရဘူးဆိုတဲ့သတ်မှတ်ချက်တွေ […]