ကိုယ်က ဖြစ်အောင်လုပ်ထားပြီးပြီဆိုရင် မခံချင်လည်းခံ၊ ခံချင်လည်းခံ၊ ခံရမှာပါပဲ။ ကိုယ်ဖြစ် ကိုယ်ခံလို့ ပြောနေကြသူတွေကိုယ်တိုင် ခံနေကြရတာ ပဲ မဟုတ်လား။ လူသားရဲ့ အရင်းအမြစ်ကို လူသားအတွက် အသုံးပြုဖို့မစဉ်း စားပဲ လူသားမျက်ကွယ်ရာမှာ အသုံးပြုစေဖို့ ညွှန်းနေကြတာတွေဟာ ဘာ သာရေးတွေပဲ မဟုတ်လား။ အခုရှုပ်မှ နောင်ရှင်းဆိုတဲ့ စကားပုံက ဘာသာ ရေးရဲ့ အားကိုးရာပဲ။ အခုမှ မရှင်းနိူင်ပဲကိုး။ ဘာသာတရားဆိုတာ စားဖို့နဲ့လည်းမစပ်၊ ဝတ်ဖို့နဲ့လည်းမဆိုင်၊ နေဖို့နဲ့ လည်း မပတ်သက်ဘူးဆိုရင် အဲဒီဘာသာတရားက ဘာအတွက် အသုံးကျ ရမှာတဲ့လဲ။ လူတွေပြောကြ၊ဆိုကြ၊လုပ်ကြ၊ကိုင်ကြ၊တွေးကြ၊ခေါ်ကြတာတွေ မှာ စားမှု၊ဝတ်မှု၊နေမှုအတွက်ကလွဲပြီး တစ်ခြားကို တွေးခေါ်၊ပြောဆို၊ လုပ် ကိုင်ကြပြီဆိုရင်တော့ သည်သူတွေဟာ ရူးနေတဲ့သူတွေပဲ ဖြစ်ရဖို့ရှိတယ်။ လူ့ ပြဿနာကို ဘာသာရေးကရှင်းလို့ လင်းခဲ့ရင် သိပ်ကိုပျော်ဖို့ကောင်းမှာပါ။ […]