ဗုဒ္ဓပယ်ချ အယူဝါဒ
လွန်ခဲ့သော နှစ်(၂၅၀၀)ကျော်ကတည်းက ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်ဟဟာ အယူဝါဒတွေကို တိုက်ဖျက်ပေးခဲ့ဘူးပါတယ်။ အယူတွေက လူတွေကို ဇာတ်နိမ့် ဇာတ်မြင့်၊ သူ့အမျိုး ကိုယ့်အမျိုး၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ ယောက်ျား မိန်းမ…အစစတွေကို ဖြစ်စေပါတယ်။ ဒီလိုပြဿနာတွေကို လုံးဝ ဖြေရှင်းပေးနိုင်ပါမှ လူသားထုကြီးတစ်ခုလုံး စည်းလုံး ညီညွှတ်ကြပါလိမ့်မယ်။ လူသားထုကြီးတစ်ခုလုံးကို စည်းလုံးညီညွှတ်စေလိုသော မွန်မြတ်တဲ့စိတ် ထားဖြင့် မြတ်ဗုဒ္ဓဟာ အယူဝါဒတွေကို တိုက်ဖျက်ပေးခဲ့ဘူးပါတယ်။ တကယ် တော့ ဗုဒ္ဓဆိုတာ အယူဝါဒတွေကို ပယ်စွန့်ပြီးသူဖြစ်ပါတယ်။ သို့သော် ဗုဒ္ဓ လွန်တော်မူပြီး နှစ်(၂၀၀)ကျော်ပါမှ ဗုဒ္ဓကို အယူဝါဒရှင်ဖြစ်အောင် ဖေါ်ဆောင် ခံခဲ့ရတာပါ။
ဗုဒ္ဓလက်ထက်က ထင်ရှားတဲ့ အယူဝါဒရှင်(၆)ဦးရဲ့ အယူဝါဒတွေကို လေ့လာ ကြည့်မယ်ဆိုလျှင် ဗုဒ္ဓဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာပေါ်လွင်ပါ လိမ့်မယ်။ ဗုဒ္ဓဟာ ဒီဝါဒရှင်တွေနဲ့လည်း ပဋိပက္ခဖြစ်နေတဲ့ပုံ မရှိပါဘူး။ အခါအားလျှော်စွာ သွားလာဆက်ဆံနေတာကို ထောက်ရူခြင်းအားဖြင့် ထင် ရှားစေတယ် မဟုတ်ပါလား။ လောကမှာ အယူဝါဒရှင်တွေဟာ ကိုယ်သန်ရာ သန်ရာကိုသာ ဇောင်းပေးပြီး ပြောဆိုညွှန်ပြကြတာများပါတယ်း။ အားလုံးကို ခြုံလိုက်လျှင် ပညာ(ခွဲခြမ်းစိတ်ဖြာမှု)ကိုဇောင်းပေးသူ၊ သီလ(အကျင့်)ကို ဇောင်းပေးသူ၊ သမာဓိ(စိတ်တည်ကြည်မှု)ကိုဇောင်းပေးသူရယ်လို့ သုံးမျိုးပဲ တွေ့ရမှာပါ။ ပြောခဲ့ပြီးတာတွေကို ပေါ်လွင်ထင်ရှားစေဖို့ ဗုဒ္ဓလက်ထက်က ဘုရားကြီး (၆)ဆူရဲ့ အယူဝါဒတွေကို လေ့လာကြည့်ကြပါစို့။
ဗုဒ္ဓလက်ထက်က ဘုရားကြီး(၆)ဆူမှာ အပါအဝင်ဖြစ်တဲ့ ပုရာဏကဿပက ကောင်းမူလုပ်ရင် ကောင်းကျိုးပေးတယ်၊ မကောင်းမူလုပ်ရင် မကောင်းကျိုး ပေးတယ်ဆိုတာ မမှန်ကြောင်း အတွေးအခေါ်ရှိသူပဲ။ လူတွေကို သူလမ်း ညွှန်တာက ကိုယ်ရည်ရွှယ်ထားတဲ့ပန်းတိုင်ကို ရောက်အောင်သွားဖို့ပဲ။ အဲဒီ ပန်းတိုင်ကိုရောက်ရင် သူ့ရဲ့ လုပ်ဆောင်ချက်နဲ့(လမ်းစဉ်)ဟာမှန်တယ်။ ဒါဟာ သူ့ရဲ့လမ်းညွှန်ချက်ပဲ။ အဖေကိုသတ်ပြီးတော့ပဲ ဘုရင်ဖြစ်ဖြစ်၊ ရွေးကောက် ခံပြီးတော့ပဲ ဘုရင်ဖြစ်ဖြစ်။ ဘယ်လိုနည်းနဲ့ပဲ ဘုရင်ဖြစ်ဖြစ်။ ဘုရင်ဖြစ်ဖို့ပဓာန။ ဒါဆို သူ့လမ်းစဉ်မှန်တယ်။
ယနေ့ လူ့ပတ်ဝန်းကျင်မှာ ဒီလိုအယူအမြင်သဘောထားတွေနဲ့ ကျင့်ကြံ၊ ပြုမူနေကြတာတွေကို ဘယ်အယူနဲ့နေသူမဆိုရဲ့ အဝန်းအဝိုင်း ထဲမှာပဲဖြစ်ဖြစ် တွေမြင်နေကြရတာပါပဲ။ ငါ့ကြတော့ ကောင်းမူတွေ လုပ်ပါလျှက် ကောင်းကျိုးမပေးဘူး၊ ဟိုလူကြီးကြတော့ မကောင်းမူတွေလုပ်ပြီး ကြီးပွားချမ်းသာနေလိုက်တာ။ နောင်ခါလာ နောင်ခါဈေးပဲ။ အခုလတ်တလော အဆင်ပြေဖို့က ပဓာနဆိုပြီး ပြုမူနေကြသူတွေကလည်း ထုနဲ့ဒေး။ ဒီလိုနေ သူတွေဟာ ပုရာဏကဿပရဲ့ ဝါဒစက်ကွင်းထဲမှာ ကျရောက်နေသူတွေလို့ ပြောရမှာပါ။ ကိုကိုယ်တိုင်ကရော ဒီလိုအယူအမြင်တွေ ကိုယ့်ဆီမှာ မရှိတော့ ဘူးလား။ ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
မက္ခလိဂေါသာလ ကတော့ အဖကို သတ်မိတာဟာ အဖကို သတ် ဖို့ရန်အတွက် သတ်မှတ်ချက်ပါလာပြီးသားဖြစ်လို့ သတ်ရခြင်းဖြစ်တယ်။ သည်အတွက် ရှောင်လွှဲလို့မရနိုင်ဘူး။ အရှိ်န်အဟုန်အတိုင်း မလွဲမသွေ အကျိုးပေးမှာဖြစ်တယ်။ လူတွေကို ဒီလိုမျိုး အယူအမြင်တွေ ဟောပြော သူဖြစ်တယ်။ ဒီစက်ကွင်းကရော လူတွေ လွတ်ကြပြီလား။ ဒီလိုအယူအမြင် တွေများ ကင်းစင်နေကြပြီလား။
တကယ်တော့ လူတွေဟာ အယူဝါဒ တစ်ခုခုရဲ့အောက်မှာ ပြားပြား မှောက်နေကြရတာပါ။ ဒါကြောင့် မက္ခလိဂေါသာလရဲ့ အယူအမြင်မျိုးကိုလည်း လူတွေလက်မလွှတ်နိုင် ဖြစ်နေကြရပြန်တယ်။ ချမ်းသာဖို့ ကံ ပါလာရင် ချမ်းသာမှာပဲ။ ဆင်းရဲဖို့ ကံ ပါလာရင် ဆင်းရဲမှာပဲ။ ရေနစ်သေဖို့ အကြောင်းပါလာရင် ရေနစ်ပြီးတော့ကိုသေရမှာ။ ကားမှောက်ပြီးတော့ သေရမှာဆိုရင် ကားမှောက်ပြီးတော့ကို သေရမှာ။ ခံရဖို့ အကြောင်းပါလာရင် ခံ ကို ခံရမှာ…စံရဖို့ အကြောင်းပါလာရင် စံ ကို စံရမှာ…ဒီလိုမျိုးတွေ ခံယူနေကြတာကို မကြားချင်၊ မမြင်ချင်၊ မတွေ့ချင်အဆုံး မြင်တွေ့ ကြားသိနေကြရတာပဲ။ ဒီလို အယူအမြင်မျိုးတွေဟာ မက္ခလိ ဂေါသာလရဲ့ အယူအမြင်တွေပါလားလို့ နဲနဲလေးမှ သတိမူမိကြဟန်မတူပါဘူး။
အဇိတကေသကမ္ဗလရဲ့ လောကအမြင်နဲ့ ကိုယ့်အမြင် ကရော ဘယ်လောက်ထိခြားနားမူရှိသလဲ တိုက်စစ်ကြည့်ကြအုံးစို့။ ယောက်ျား၊ မိန်းမဟူသော ဤကိုယ်ကောင် အစုအဝေးသည်(ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇော)ဟူသော မဟာဘုတ်လေးပါး အစုအဝေးသာဖြစ်၏။ ဤလောက (ဤဘဝ)ဟု ဆိုစရာလည်းမရှိ၊ အခြားလောက(အခြားဘဝ)ဟု ဆိုစရာလည်း မရှိ၊ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးဆိုတာလည်း မရှိ။ ဆင်းရဲ ချမ်းသာဆိုတာ လောကဓံခေါ် သဘာဝတရားကြောင့်ဖြစ်တာ (ပထဝီ၊အာပေါ၊ တေဇော၊ ဝါယော)ကို မြင်အောင်ရှုနိုင်ရင် လောကဓံတရားကနေ လွတ်မြောက်မယ်။
မိတ်ဆွေ…ဤသို့သော အယူ အမြင်များကို သင်ကြားပို့ချပေးနေသူ တွေ၊ လိုက်နာကျင့်သုံးသူတွေ မိမိပတ်ဝန်းကျင်မှာ ရှိ မရှိ၊ မိမိကိုင်တိုင်ကရော ဒီလို အယူအမြင်မျိုးထဲမှာ ကျရောက်နေသလား။ မိမိကိုယ်ကို ဆန်းစစ်လေ့ လာ ကြည့်လိုသူများအတွက် တိုးတိုးလေး လက်တို့လိုက်ပါရစေ။ ကိုယ်ကျ ရောက်နေတဲ့ အခြေအနေကို ဆန်းစစ်ရကောင်းမှန်းမသိပဲ ပျော်ဝင်နေသူတွေ အတွက်တော့ ခက်ခဲကောင်း ခက်ခဲနေပါလိမ့်မယ်။ ကိုယ်လုပ်ပေမယ့် လုပ်သ လောက် အကျိုးမခံစားရလို့ အားမလို အားမရ ဖြစ်နေသူတွေအတွက်တော့ တစ်စုံတစ်ရာ အသိလေး တိုးသွားနိုး မျှော်လင့်ပြီး အတွေးမျှလိုက်တာပါ။
ပညာရှင်ဆိုသူတွေက ပညာ(ခွဲခြမ်းစိတ်ဖြာမှု)၊ သီလ(အကျင့်)နဲ့ သမာ ဓိ(စိတ်တည်ကြည်မှု) တစ်ခုခုထဲမှာ ကျရောက်နေသူတွေက များပါတယ်။ “ပညာ… ကွ..ပညာ” နဲ့ ပြောသူကလည်း ပြောနေကြသလို။ “သီလ…ကွ သီလ…” နဲ့ ပြောသူကလည်း ပြောနေကြတာပါပဲ၊ “သမာဓိ…ကွ..သမာဓိ” နဲ့ ကိုယ့်အကြိုက်နဲ့ညှိပြီး လမ်းညွှန်သူက ညွှန်တာပဲ။ ကိုယ်ကြားဖူးတာ၊ ကိုယ်သိ ဖူးတာ၊ ကိုယ်ယုံကြည်တာ၊ ကိုယ်တွေ့ဆိုတာတွေလောက်နဲ့ပဲ ကိုယ့်ဝါဒမှ ကိုယ့်ဝါဒလုပ်နေကြတဲ့ ဝါဒရှင်တွေကြားထဲမှာ ထူးထူးခြားခြား ဗုဒ္ဓကတော့ “ငါ ဘာအယူမှ မယူဘူးတဲ့”။
20 comments
ဇောက် ထိုး
August 4, 2012 at 6:46 pm
ဘုရားက ဘာအယူမှ မယူတာတော့ မဟုတ်ဘူးထင်တယ်ဗျ… မိစ္ဆာဒိဋ္ဌိ 62=ပါးထဲမှာ ဘာအယူမှ မယူတာလဲ ပါတယ်ထင်တယ်ဗျ။
ဒါပေမယ့် ဘုရားက အယူကိုတော့ စွဲမထားဘူး။
ကျန်တဲ့တင်ပြပုံတွေ… ရေးသားပုံတွေတော့ ကြိုက်မိတယ်ဗျာ…..
koyo
August 4, 2012 at 7:55 pm
ကိုဇောက်ထိုးရယ်
ခင်ဗျားက လူတွေကို ဇောက်ထိုးကြီးကြည့်တာကိုး။
အဲတော့လည်း ခင်ဗျားစကားနဲ့ခင်ဗျားတောင် ထပ်တူကျအောင် မကြည့်နိုင်ဘူးဖြစ်နေတာပေါ့။
” ဘုရားက အယူကိုတော့ စွဲမထားဘူး ” လို့လည်း ပြောပြီး
” ဘာအယူမှ မယူတာတော့ မဟုတ်ဘူးထင်တယ်ဗျ ” ဆိုပြီးပြောပြန်တာဆိုတော့ကာ
” ကျန်တဲ့တင်ပြပုံတွေ… ရေးသားပုံတွေတော့ ကြိုက်မိတယ်ဗျာ” လို့ ဆိုပြန်တော့လည်း
ကျေးဇူးတင်ပါတယ်။
aye.kk
August 4, 2012 at 8:28 pm
ပရိယတ် ပဋိပတ် ကျွမ်းကျင်ကြသောသံဃာတော်များသာနားလည်နိုင်မည်ဖြစ်ပါသည်။။
koyo
August 5, 2012 at 7:13 am
ထိုကဲ့သော သံဃာတော်များ မြန်မြန်ပေါ်ထွက်လာပါစေ
ဇောက် ထိုး
August 4, 2012 at 10:07 pm
ဘုရားက မိစ္ဆာဒိဋ္ဌိ 62-ပါးမှာ… ဘာအယူမှမယူတာလဲ မိစ္ဆာဒိဋ္ဌိဆိုပြီး ညွှန်ပြတာတွေ့ဖူးတယ်ဗျ.။။
ဘာမှ မယူတာကို ဘယ်လိုမိစ္ဆာဒိဋ္ဌိဖြစ်တာလဲဆိုတော့….. ဘာမှမယူတာကိုက အယူတစ်ခုပဲဆိုပြီး ဖွင့်ဆိုထားတာ တွေ့ရတယ်ဗျ…..
အဲဒီလိုပါ….
ဘုရားက နိကာယ်ထဲမှာ… ဘယ်အရာတွေကိုမှ စွဲယူသိမ်းပိုက်မထားဖို့တော့ မှာခဲ့တယ်ဗျ…
ဥပမာ… ဒီဘက်ကမ်းမှာ အန္တရာယ်တွေများလွန်းလို့… ဟိုဘက်ကမ်းကို လှေနဲ့ကူးပြေးလို့ လွတ်မြောက်သွား သူဟာ…. ဟိုဘက်ကမ်းရောက်တဲ့အခါ.. ဒီလှေကြီးဟာ ငါ့ကိုလွတ်မြောက်အောင်ပို့တဲ့ ကျေးဇူးရှင်ကြီးဆိုပြီး လှေကြီးကိုထမ်းရွက်မထားဖို့….ထမ်းရွက်ထားရင် မမှန်ဘူး…. လှေကိုကမ်းမှာတင်ထားခဲ့ပြီး လိုရာခရီးကိုဆက်သွားဖို့……. အဲဒီလိုညွန်ပြထားတယ်ဗျ…
အသေဝနာစ ဗာလာနံ…. လူမိုက်ကို မပေါင်းနဲ့လို့ညွန်ပြတာဟာ သိအောင်တော့လုပ်ရမယ်ဗျ…
လူမိုက်ကိုမပေါင်းနဲ့ဆိုတဲ့အတိုင်း… လူမိုက်ကို မပေါင်းဖို့ပဲခင်ဗျ…
အသေဝနာစ ဗာလာနံ…အသေဝနာစ ဗာလာနံ…အသေဝနာစ ဗာလာနံ…အသေဝနာစ ဗာလာနံ…
လို့ ဒါကြီးကို စွဲပိုက်ထားမယ်… ရွတ်ဖတ်နေမယ်ဆိုရင်တော့…
ဟိုဘက်ကမ်းရောက်ပေမယ့် လှေကြီးကိုထမ်းရွက်ထားသူလို ဖြစ်မယ်ဗျ…
အယူတစ်ခုကိုစွဲပိုက်ထားတယ်ဆိုတာလဲ…… အဲဒီလိုမြင်လို့ပါဗျ….
တင်ပြတာကတော့…. တကယ်ကြိုက်တယ်ဗျ…. လိုရင်းမိတယ်ဗျ… ဒါထက်ရှေရှေလေး ဖတ်ရရင်ပိုကောင်းမယ်တောင် ထင်မိတယ်ဗျ…
koyo
August 5, 2012 at 7:42 am
“ဘာမှ မယူတာကိုက အယူတစ်ခု” အခက်တကာ့ အခက်ဆုံးထဲမှာ အဲဒါဟာ အခက်ဆုံးပါပဲ။
လှေနဲ့ ကမ်းနဲ့ ဥပမာမှာ နာကြားဖတ်မှတ်ရသူက လှေကိုလည်းသိတယ်၊ လှေစီးပြီးသွားရတာ
ကိုလည်းသိတယ်၊ ကမ်းကိုရောက်တော့ လှေကိုထားခဲ့ရမှာဆိုတာလည်းသိတယ်။ ခက်တာက
“အသေဝနာစ ဗာလာနံ”ကို မသိတာဗျ။ ဗာလ က ဘယ်လိုသူလဲ၊ အသေဝနာစ ကိုရော ဘယ်
အတိုင်းအတာထိ အသေဝနာစ ရမှာလဲ။ ဒါ့ကြောင့် aye.kk တောင့်တတဲ့ သံဃာတော်တွေ
ပေါ်ထွက်လာစေချင်တာပေါ့ဗျာ။ ဘာမှ မယူဘူးဆိုတာနဲ့ ဘာမှ မကျင့်ဘူးလို့ နားလည်မူ မမှား
ကြဖို့တော့ လိုတာပေါ့။ ကျင့်စရာကို မသိသေးရင်တော့ အယူဝါဒတွေရဲ့ လွှမ်းမိုးတာကို မခံချင်
ပေမယ့် ခံနေကြရအုံးမှာပါ။
နွေဦး
August 4, 2012 at 11:00 pm
အစွန်းနှစ်ဖက်က လွတ်အောင်…..။
အယူဝါဒ အစွန်းငြိ နေရင်…..။
အဆင်ပြေပါ့မလား…။
mggwa
August 4, 2012 at 11:14 pm
အယူ တစ်ခုခု ယူကြရမလား ?
အယူ နှစ်ခုခု ယူကြရမလား ?
အယူ . . . . ယူကြရမလား ?
အယူ . . . . ယူကြရမလား ?
အယူ ဘာတစ်ခုမှ မယူပဲ နေကြရမလား ?
ဟူး . . . . ဘာဘာ ဘာမှ မယူဘူး၊
ဒါ့ကြောင့် ဘာဘာ အားလုံကိုယူတယ်လို့
မင်းသိင်္ခရဲ့ မောင်ဘာဘာစိန် လေသံနဲ့
အဲလိုပဲ အူကြောင်ကြောင် ပြောရမလား ?
ဟိုလို ယူရမလား ?
ဒီလို မယူရဘူးလား ? 8) 😮
ကိုရင်မောင်
August 4, 2012 at 11:29 pm
ဟိုဘာသာယူရင် မကောင်းဘူးလား…..
မိန်းမ၆ယောက် ယူလို့ရတဲ့ဘာသာလေ
ငွေရှိယင်ပြောပါတယ်…..
သူကိုယ်တိုင်တောင်ယူထားတော့ သူထူထောင်ထားတဲ့ဘာသာကို
ကိုးကွယ်တဲ့သူတွေလဲ ယူခွင့်ပေးရတော့တာပေါ့……
ဇောက် ထိုး
August 5, 2012 at 9:01 am
စာပေနှံ့စပ်ကျွမ်းကျင်တဲ့ သံဃာတွေပေါ်ပေါက်လာပါစေဆိုတော့… အခုမပေါ်ပေါက်သေးသလိုပဲဗျာ…
ကျွန်တော်တို့နိုင်ငံမှာ…. တိပိဋက ဆရာတော်တွေ နည်းတာမှမဟုတ်ပဲ….
နောက် အဘိဝံသတွေ… ဒေါက်တာတွေဆိုများမှများပါဗျာ….. ဘာသာရေးကျမ်းစာအုပ်တွေလဲ နည်းပါဘူး… နောက် တိပိဋကဆိုရင် ပါဠိရော မြန်မာပြန်တွေရော ကွန်ပြူတာတွေထဲမှာတင် ထည့်ပြီးလိုချင်တာကို ကြည့်လို့ရနေပြီ….
သိချင်တာလေးကို ရိုက်ထည့်လိုက်တာနဲ့ အားလုံးချက်ချင်းပေါ်လာနေပါပြီ…..
““သဗညု””ဆိုတာလေး ရိုက်ထည့်လိုက်တာနဲ့ ပိဋကသုံးပုံမှာ “သဗညု”ဆိုတာတွေရှိသမျှဖော်ပြတယ်မှတ်ပါ တယ်။…..
မဟာရာဇာ အံစာတုံး
August 5, 2012 at 8:13 pm
ဗုဒ္ဓက ဘာအယူဝါဒမှ မယူဘူးလို့ ပြောခဲ့တယ် ထားပါတော့ ..
ဒီလိုဆိုရင် ..
ဟို .. ဝါဒတစ်ထောင် တတ်တဲ့ လူကြီးရဲ့ ဇာတ်ထဲမှာတော့
“အနတ္တဝါဒ” ဆိုတာကို တွေ့ဖူးသဗျ ..
ဒီတော့ ဗုဒ္ဓဟာ အနတ္တဝါဒီ ပဲ ..
အများစု ကြိုက်ကြတဲ့ အတ္တဝါဒီ တော့ မဟုတ်ဘူး …
ဒါကြောင့် ကျုပ်တို့ ကိုးကွယ်တော်မူတဲ့ ဗုဒ္ဓမြတ်စွာဟာ အနတ္တဝါဒ ကိုတော့ ယူပါတယ်လို့ ပြောရင်
ဖြစ်နိုင်မလား မသိဘူး …….
ဘာအယူမှ မယူရင် ..
ယနေ့ခေတ် ဘာသာလပ် ဆိုသူ စာရင်းထဲ ပါသွားမလားလို့ပါ …
realman
August 5, 2012 at 8:37 pm
ဗုဒ္ဓဟာ အနတ္တဝါဒီပါလို့ဆိုတာ အသောကလက်ထက်မှာ အသောကဘုရင်အကြိုက် အဲဒီခေတ်ဘုန်းကြီးတွေက လုပ်လိုက်တာလို့ ရေးသားကြတာတွေလည်း ရှိပါတယ်။
ဒီအတိုင်းသာ ဗုဒ္ဓဟာ အရာရာ အနတ္တအယူကို လက်ကိုင်ထားရင် သူ့ကိုယ်သူ အယူဝါဒတွေက လွတ်မြောက်နေတယ်လို့ ပြောဆိုစရာအကြောင်းမရှိရပါဘူး။
အနတ္တသဘောမျိုးဆောင်တဲ့ ကိစ္စကို အနတ္တသဘောလို့ ပြောသင့်သလို
အတ္တသဘောဆောင်တဲ့ ကိစ္စကိုလည်း အတ္တလို့ပြောဖို့လိုမယ်ထင်ပါတယ်။
ဘာပဲလာလာ တစ်ခုခုကို အသေဆုတ်ကိုင်ထားရင်တော့
အဲဒီအယူဝါဒ ဘောင်ထဲမှာ ပိတ်မိနေကြမှာဖြစ်ပါတယ်။
မဟာရာဇာ အံစာတုံး
August 5, 2012 at 8:59 pm
ကျုပ်အနေနဲ့ တစ်ခုလောက် မေးကြည့်ချင်ပါသေးတယ် ..
ဘုရားဟာ “ငါဘုရားက ဘယ်အယူဝါဒမှ မယူဘူး” လို့
ဘယ်အချိန်မှာ ကြွေးကျော်ခဲ့သလဲ ဆိုတာလေးပါပဲ …
ဒါလေးကို သိရရင်တော့ သိပ်အဆင်ပြေမှာဗျာ ..
ကျုပ် လေ့လာခဲ့ဖူးသလောက်တော့ အဲ့ဒီလို ဘုရားက တစ်ထစ်ချ ဘယ်အယူဝါဒမှ မယူဘူးရယ်လို့ ဟောကြား ပြောကြားတော် မူခဲ့တာ မတွေ့ခဲ့မိပါဘူး …
mggwa
August 5, 2012 at 10:48 pm
မဟာယာစာကြီးကလည်း စာသေသေချာချာဖတ်မှပေါ့လို့ . .
သူရေးတာက (ဗုဒ္ဓဟာ အယူဝါဒတွေက လွတ်မြောက်နေတယ်လို့ ) ရေးထားတာပဲ၊
(ငါဘုရားက ဘယ်အယူဝါဒမှ မယူဘူး)လို့ များ ဘယ်လိုများ ဖတ်လိုက်ပါ့။
ဘယ်အယူမှ မယူဘူးဆိုတာနဲ့
အယူဝါဒတွေက လွတ်မြောက်နေတယ်ဆိုတာ
တခြားစီပဲဥစ္စာ နင်သေသေချာချာစဉ်းစားနော့၊ နာတောင်သိတယ်။ တိလား။ 😛
မဟာရာဇာ အံစာတုံး
August 6, 2012 at 10:10 pm
အဟီးးးးး
ဟုတ်လား ..
နာဂ ဖွတ်ကျားကိုး …
ဘိုလုပ်သိမှာလဲ ..
ချင်းချားလိုက်ဘာအုံးမယ် …
အင်း .. ဒါက ဒီလို .. ဟိုက ဟိုလို ..
အို .. ရှုပ်တယ် .. ရှင်းတယ် …
နာ့ဟာနာ တိမ်လိုနေဒါဘဲ တောင်းပါဒယ် … 😀
မိုးတိမ်
August 5, 2012 at 10:23 pm
ကျုပ်ကတော့ စာတတ်ပေတတ်ဘုန်းကြီးလဲမဟုုတ်ဘူး။
ကုလားကနေ ဗမာယောင်ဆောင်ပြီး ဟိုလိုလိုဒီလိုလိုရေးတဲ့ကောင်လဲမဟုတ်ဘူး။
မိုးပြာလိုပူးသတ်တဲ့ အဝီဇိဇောက်ထိုး ဆင်းမဲ့ကောင်လဲမဟုတ်ဘူး။
ဘယ်ဆရာတော်မှ(ဝိနည်းလေးစားသော) online မှာမသုံးပါ။
ဒီတော့ငါက လူစင်စစ်ပဲ။လူကလူစကားပဲပြောချင်တယ်။မင်းတို့အကြောင်းမင်းတို့သိပါ။
မင်းတို့သွားမဲ့လမ်းမင်းတို့ရွေးချယ်တာပဲ။သိပ်သိချင်ရင်လဲ စာအုပ်တွေအများကြီးရှိပါတယ်။
အချိန်မရရင် အဲဒီအကြောင်းရေးထားတာတွေ online မှာအများကြီးပါ။
ရှာမဖတ်နှိုင်လောက်အောင်သောက်သုံးမကျရင်လဲ ဆရာလိုလို သမ္ဘာလိုလို သောက်ရှက်မရှိမလုပ်ပါနဲ့။
ဒီဆိုဒ်မှာလာပြီး ဂေါက်ကြောင်ကြောင်တွေ မရေးနဲ့။ရှင်းတယ်နော်၊မင်းတို့ကောင်တွေ သိပ်သိချင်ရင်
ကိုယ်တိုင်သွားမေး မရရင်ကိုယ်တိုင်ရှာ မရှာတတ်ရင် ဘာမှဝင်တတ်ယောင်ကားမလုပ်နဲ့။
ငါတော့လာမရှာခိုင်းပါနဲ့၊ ငါ့အချိန်တွေကို မင်းတို့လိုကောင်တွေအတွက်အပို မဖြုန်းတီးနှိုင်ဘူး။
အခုတောင်တော်တော်အချိန်ကုန်နေပြီ။မင်းတို့သောက်ရှက်မရှိပေါက်ကရ ရေးတာတွေ အဟုတ်ထင်မှာ
စိုးရိမ်လို့(တန်တယ်တော့ထင်တာပဲ)ဟေ့။တင်တဲ့ကောင်ရော ကော်မန်ပေးတဲ့ကောင် တော်တော်များများ
က ဘယ်ဘာသာကိုးကွယ်လဲ ကိုယ့်ဘာသာသိကြမှာပါ။နောက်ဆုံးပြောလိုက်မယ် အခြားသူတွေယုံကြည်
ကိုးကွယ်တာကို ပူးသတ်တာလောက်အောက်တန်းကျတဲ့စိတ်မရှိဘူး။
koyo
August 6, 2012 at 8:58 pm
ရွှေအိုးကြီးပေးလာသူကဲ့သို့ မှတ်ယူပါတယ်ဗျာ။
မိုးတိမ်
August 5, 2012 at 11:25 pm
ကိုအံဇာရေ…
အဲကောင်တွေက အဲလိုပဲတန်တယ်ဗျ။
ခင်ဗျားကိုတော့ မရည်ရွယ်ပါဘူး။အာရုံနောက်ပါတယ်ဗျာ။ဆက်ရှင်းမနေပါနဲ့။
ဒီတော့ ခင်ဗျားဇာတ်လမ်းထဲမှာ အဲကောင်တွေကို အကုန်သတ်ချင်တယ်ဗျာ။
အင်းအဲလိုကောင်တွေလုပ်ပုံနဲ့ဆို အပြင်မှာပါတွေ့ဦးမှာပါ။
koyo
August 6, 2012 at 9:05 pm
ဗုဒ္ဓဝါဒနဲ့ လူသတ်ဝါဒ အတူတူလို့ မှတ်ကုန်ကြတော့မှာပါပဲ။
mggwa
August 6, 2012 at 11:44 pm
စိတ်လျှော့ မိုးတိမ် စိတ်ကလေးကို နည်းနည်းချင်းလျှော့ . . .
စကားထဲက ဇာတိတွေ ပြနေတယ်နော့။
နာကလည်း ဒါမျိုးဆို အကဲခတ်တတ်ပ။
အင်း တပည့်မကောင်း ဆရာကောင်းဆိုတော့ . . .
ဘယ်ဆရာ ၊ ဘယ်တရားတွေကများ သွန်သင်ပေးလိုက်လည်း မသိ . . . ။
အင်း ဒုက္ခ၊ ဒုက္ခ၊ အနိစ္စ နိတ်ဟ 😀 😀