သုဇန…အပိုင်း(၂)
(၈)ဘာဏုရာဇာနောက်မျက်နှာ၊တက်ရာမြဲဧကန်
မြင်းမိုရ်တောင်ကြီးပဲတင်ဟီး၊ညွတ်ပြီးပြိုမည်မှန်
ငရဲမီးငွေ့နည်းတူပေ့၊ချမ်းမြေ့သီတလံ
တောင်ထိပ်အမြင့်ကြာမျိုးတင့်၊ဖူးပွင့်ပေါက်သော်မှန်
သူတော်စကားတစ်ဆစ်ဖျား၊တိမ်းပါမဖေါက်ပြန်။
(၉)သစ်ပင်ရိပ်တွင်လောကတွင်၊မှန်ပင်လွန်ချမ်းသာ
ထို့ထက်မိဘမျိုးဆွေစ၊ရိပ်ကလွန်ပိုမှာ
ဆရာသမားအရိပ်ကားဆပွားထို့ထက်သာ
ဗုဒ္ဓရိပ်ခေါ်တရားတော်၊များကျော်ချမ်းသုခါ၊
(၁၀)ပျားပိတုန်းမျိုးပန်းဝတ်လျှိုး၊မြတ်နိုးအလိုရှိ
သူတော်စင်ဦးဂုဏ်ကျေးဇူး၊အထူးအလိုရှိ
ယင်မမဲရိုင်းအပုပ်လိုင်း၊မြဲတိုင်းအလိုရှိ
သူယုတ်ဗာလမျက်ဒေါသ၊နိစ္စအလိုရှိ။
(၁၁)အမိယုတ်သူစကားဟူ၊ဆိုမူမကောင်းတတ်
အဖယုတ်လင့်မူအကျင့်၊မသင်နည်းတူမှတ်
မိဘနှစ်ပါးယုတ်တုံငြား၊စကားအကျင်စပ်။
(၁၂)အမိမြတ်သားဆိုစကား၊ရေးခြားကောင်းစရိုး
အဖမြတ်လျှင်မူကျင့်တွင်၊ကောင်းအင်သူပိုင်စိုး
နှစ်ပါးမိဘမြတ်ပြန်က၊နှစ်ဝကောာင်းသူမျိုး။
(၁၃) စစ်မြေတွင်မူရဲရင့်သူ၊ဗိုလ်လူလိုစမြဲ
ခိုက်ရန်ဖြစ်ခါစကားရာ၊လိမ္မာသူကိုခဲ
ထမင်းအဖျော်စားကောင်းသော်၊တမျှော်ချစ်သူပဲ
သဒ္ဒါအနက်မှန်ခဲခက်၊လိုချက်ကဝိဘဲ။
(၁၄)ခွေးအချင်းချင်းမြင်တုံလျဉ်း၊ခံပြင်ချုပ်ချယ်လျှက်
ညှဉ်းဆဲစိမ့်ငှာသွားဖြီးကာ၊ပြလာပမာမြွက်
သူယုတ်အပေါင်းသူတော်ကောင်း၊အကြောင်းမြင်သော်ခက်
ချုပ်ချယ်ဖန်ဖန်ညှဉ်းဆဲရန်၊မြဲမှန်အလိုထက်။
(၁၅)ပြုဖွယ်ကိစ္စဟူသမျှ၊မှန်ပဆောတလျှင်
သူကိုမစေကိုယ်လည်ဖြေ၊ရှောင်လေပြုဘို့ပင်
ပညာနည်းပါးပြုမိမှား၊နောက်များပူပန်မြင်။
(၁၆)အမျက်ဒေါသဖျောက်နိုင်က၊သောကကင်းမြဲမူ
သူ့ကျေးဇူးနော်ဆိုတတ်သော်၊သူတော်ချီးမွမ်းပြု
သူ့စကားကြမ်းခန္တီလွမ်း၊မှတ်တမ်းအမြတ်ဟု
ဘုရားစပေါင်းသူတော်ကောင်း၊နှစ်ထောင်းမြွက်ဆိုပြု။
(၁ရ)မစင်ပြည့်ကာကျဉ်းမြောင်းရာ၊နေတာဆင်းရဲဖြစ်
ထို့ထက်တမူမချစ်သူ၊ရန်သူနေရာစစ်
သူ့ကျေးဇူးမှန်ချေသူထံ၊နေပြန်ထို့ထက်နစ်။
(၁ဂ)ဆုံမသင့်ရာဆုံးမခါ၊မကွာကန်မြစ်လေ
လွန်ယုတ်မာလှအကျင့်မှ၊မြင်ကမြစ်ထိုက်ပေ
ဆုံးမပေတတ်ထိုသူမြတ်၊ချစ်အပ်သူတော်တွေ
သူတော်မဟုတ်ကယ်သူယုတ်၊စက်ဆုပ်မချစ်ပေ။
(၁၉)ကိုယ်ထက်မြတ်ပိုထိုသူကို၊အောင်လိုကိုယ့်ကိုနှိမ့်
ရဲရင့်သူမှန်သင်းခွဲပြန်၊အောင်ရန်မဝေးချိမ့်
ကိုယ့်အောက်နိမ့်သူတံစိုးဟူ၊ပေးမူအောင်မြင်လိမ့်
ကိုယ်နှင့်တူကအားလုံ့လ၊ပြုုကအောင်လိုစိမ့် ။
ဆက်လက်ဖေါ်ပြပါမည်။။
One comment
nature
May 6, 2011 at 11:35 pm
အင်မတန်အဓိပါယ်ရှိပြီးကောင်းပါတယ်၊ လေးစားပါတယ် ogre ၊ သုဇနကိုအမြဲဝင်ဖတ်ပါတယ်၊ မန့်စရာအချက်တွေများတော့ဘာကစ မန့်ရမှန်းမသိဖြစ်နေတယ်။
(ငရဲမီးငွေ့နည်းတူပေ့၊ချမ်းမြေ့သီတလံ)
ဆိုတာကတော့လူတွေက အကုသိုလ်အလုပ်ကို ကုသိုလ်လို့ထင်ပြီး လုပ်နေကြတာပါ၊
(ဘာဏုရာဇာနောက်မျက်နှာ၊တက်ရာမြဲဧကန်
မြင်းမိုရ်တောင်ကြီးပဲတင်ဟီး၊ ညွတ်ပြီးပြိုမည်မှန်)
ဆိုတာတော့ဘာလဲမသိဘူး။