သေသောသူကြာလျှင်မေ့ တဲ့လား
သေသောသူကြာလျှင်မေ့
တစ်ကယ်လား
ရင်နှင့်ရင်းရတဲ့နှလုံးသားများ
အစားထိုးမရ
နှစ်တစ်ရာမှာ တစ်ယောက်ဖွား
သူ့လိုလူရှိမလား ?
သည် အချိန် သည် ရက်
နှစ်စဉ် ခံစားရ
ဥဩဆွဲသံမကြားရတာကြာခဲ့ပြီ။
မေ့ပစ်ခဲ့ကြပြီလား
သူရဲကောင်းတစ်ယောက်ရဲ့
အရိုးသားဆုံးအိပ်မက်
“ကြည်ရယ်…. ပဲပြုတ်နဲ့နံပြားစားချင်တယ်” တဲ့ . . .။
ဦးညွှတ်ကြပါစို့
ကျွန်တော်တို့ ဘယ်အထိစောင့်ရမလဲ
အို ဖခင် . . .
သင်လိုချင်ခဲ့တာ အမှန်တရား
စစ်မှန်စွာဖြောင့်မတ်မှု
တစ်ဖန်ပြန်နိုးထခဲ့ပါတော့။
မျျှော်နေမယ်. . .
“အောင်ဆန်း . . .”
ကျွန်တော်သားလေးမွေးတဲ့အခါ
ပေးမယ် အဖေ့နံမည်
အဖေ့လိုလူမျိုး
မြန်မာပြည်မှာ ထွန်းကားဖို့
ကျွန်တော်တို့ ဘယ်လောက်အထိစောင့်ရမလဲ ?
ဒါဟာကဗျာမဟုတ်
မီးလောင်တိုက်အသွင်းခံခဲ့ရတဲ့
ကျွန်တော်တို့နှလုံးသားများ
အဖေ ကြားသိစေသား. . .
မြန်မာနိုင်ငံအတွက်
အဖေနဲ့ သူရဲကောင်းများ
စတေးခဲ့တာ နှစ်ပေါင်း ၆၀
ကျော်ခဲ့ပြီကော . . .
နည်ရဲဇော်
5 comments
mnoe
July 14, 2011 at 1:55 pm
သေသောသူ သို့သော် မမေ့နိုင်သေးသောသူ။ ဒါမဲ့ ဗိုလ်ချုပ်ရဲ့ ကျေးဇူးကိုမဆပ်နိုင်သေးလို့ အားနာမိပါတယ်။
maung hninkharr
July 14, 2011 at 6:38 pm
နှလုံးသားတစ်ခုရဲ့ တောင့်တမှုကြားက
နားကျည်းမှုကို ဖြေဖျောက်မရနိုင်တဲ့
ခံစားမှုများ . . .
နှစ် ၆ဝ ကျော်ပေမယ့်
အတင်း မေ့ဖျောက်ခိုင်းတဲ့ သူများကြား
သူတို့မသိသေးတဲ့ ငါ့တို့ စိတ်
တာဝန်မကျေတဲ့ ငါတို့လုပ်ရပ်
ဗိုလ်ချုပ် . . .
ခွင့်လွှတ်ပါစေသား . . . ။
ရွှေဘိုသား
July 14, 2011 at 7:08 pm
ဘယ်တော.မှ မမေ.ပါဘူးဗျာ
ကျေးဇူး တောင်ဘယ်လိုတင်ရမလဲမသိဘူး ဗိုလ်ချုပ်ကို
ဆရာအောင်သင်း ဟောပြောပွဲတွေမှာ ပြောလာလေး ဖောက်သည်ချလိုက်အုံးမယ်
ငါတို.ဗိုလ်ချုပ်အောင်ဆန်းက မစားပဲစွန်.သွာတာကို
နောက်လူတွေက မစွန်.ပဲ စားနေကြတယ် တဲ.
တယ်မှန်တဲ.စကားလေးပါပဲ
bigbird
July 14, 2011 at 9:32 pm
ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘ ူး ။ ကျနော့်သားတွေ သမီးတွေရှိလို့ အရွယ်ရောက်တဲ့အခါ
ဗိုလ်ချုပ်ကျေးဇူးတွေ သိတက်နာလည်အောင် မြန်မာ့သမိုင်းကြောင်းအမှန်တွေကို သေသေချာချာရှင်းလင်းသင်ပြပေးခြင်းအားဖြင့်ဗိုလ်ချုပ်ကျေးဇူးကို တက်နိုင်သလောက်ဆပ်ပါ့မယ်။
၁၉ဇူလိုင်
မျက်ရည်ဖြိုင်သွန်း
ဇူလိုင်မိုးဖွဲ ဒို့အသည်းခွဲခဲ့ပေါ့။
သူတို့တွေမို့ မရှက်
ကျေးဇူးတရားမသိတက်စွာနဲ့
၁၉ ကိုဖျက်လို့ သမိုင်းကို တက်နင်းဖို့ ကြိုးစားခဲ့ကြပေါ့။
ဗိုလ်ချုပ်ပုံတွေ
ရုံးပေါ်ကဆွဲထုတ်
အမှိုက်လုပ်မယ်လို့ ဒင်းတို့ကြိုးစားခဲ့ကြပေါ့။
ငွေသားပေါ်တံဆိပ်နှိပ်
ဗိုလ်ချုပ်ရဲ့ဝင့်ကြွားပုံရိပ်ကို
တိရစာ္ဆန်နဲ့ အစားထိုး ဒင်းတို့ရှေ့တိုးခဲ့ကြပေါ့။
ဗိုလ်ချုပ်ပြတိုက်
အမှိုက်ဗလပွနဲ့
ခြ တွေကိုက်လောက်အောင်
သံတံခါးခတ်ထား ဒင်းတို့ရမ်းကားခဲ့ကြပေါ့။
မှန်လှတဲ့မိန့်ခွန်း
နောင်ရေးကို မီးမောင်းထိုးတဲ့
ဗိုလ်ချုပ်ရဲ့စကား ဒင်းတို့ နားခါးခဲ့ကြပေါ့။
နှစ်လကြာရှည်
မေ့မရပါလေ…
အာဇာနည်သီးချင်းသံ
ရေဒီယိုမှာပါ မကျန်ရလေအောင် ဒင်းတို့ကြံဆောင်ခဲ့ကြပေါ့။
ဒါပေမယ့် ဒို့တွေအသည်း
ဆေးမှင်ကြောင်စွဲလောက်အောင်
ထင်းထင်းကျန်နေစဲမို့
ဘာဆေးနဲ့ဖျက်မလဲ
မြဲခိုင်ကာ မယိုင်လဲ
ဒို့တွေရဲ့ အသည်းကို
ဆွဲထုတ်ကာယူသွား
စုပုံလို့ထားလဲ
ညီညာကာစုစီး
ထီးထီးကြီး မြင်စေသား ဒို့ဗိုလ်ချုပ်ရဲ့ပုံရိပ်များ။
natthamee
July 15, 2011 at 4:30 pm
ဘယ်တော့မှ မမေ့နိုင်ပါဘူး။ မေ့ချင်နေတဲ့သူတွေအတွက်တော့ မေ့မှာပါ။