တိဗက်မှာ လူသေသဂြိုဟ်နည်း

panpanJuly 27, 20112min48925

တိဗက်မှာ လူသေတွေကို မြေမြှပ်မသဂြိုဟ်ဘူးတဲ့
သူတို့နည်းကြီးက ကြောက်ဖို့ကောင်းတယ်
ကောင်းတဲ့ဘက်ကကြည့်ရင်တော့ သင်္ချိုင်းမြေမလိုတော့ဘူးပေ့ါ
မီးနဲ့လည်း မသဂြိုဟ်ရတော့ အကုန်လည်းသက်သာတယ်
ငွေကုန်လူပန်း သက်သာတာပေ့ါ
ကုသိုလ်လည်းရတယ်၊ သတ္တဝါတွေအစာကျွေးရလို့လေ
ဒါပေမယ့် ဘယ်လိုပဲဖြည့်တွေးတွေး ကြက်သီးထစရာကြီး..။


အဲဒီမှာ လူသေအလောင်း၊ သူတို့ဘယ်လိုလုပ်မလဲ ကြည့်ရအောင်..


ဓါးတွေနဲ့ မွှမ်းနေပြီ


ဟော..ငှက်တွေလာစားနေပြီ၊ ဓါးနဲ့မွှမ်းတာက ငှက်တွေအလွယ်တကူစားလို့ရအောင်လုပ်တာပဲ


ထိုင်ကြည့်နေတဲ့လူလည်း သေရင် အဲလိုသဂြိုဟ်ခံရမှာပဲ၊ အဲ…သေတဲ့လူကလည်း အရင်က အဲလိုပဲ ထိုင်ကြည့်ခဲ့ဖူးမှာ..


စားလိုက်တာ ပြောင်လို့၊ အရိုးပဲကျန်တယ်၊ တော်တော်အစားပုပ်တဲ့ကောင်တွေ


ငှက်တွေစားလို့ပြီးတော့ အရိုးလိုက်ကောက်ရတာပေ့ါ


ခုတ်ထစ်ပြီး ဘာလုပ်မယ်မသိပါဘူး၊ မြေမြှပ်မယ်ဆိုလည်း ဝန်ပေ့ါသွားပြီပေ့ါ….။

———————————————————————-

အင်း….ကြောက်စရာကောင်းတယ်ပဲပြောရမလား
ဒီတိုင်းမြေမြှပ်တာနဲ့စာရင် သန့်သွားတယ်၊ ဝန်ပေ့ါတယ်ပဲပြောရမလား
ဘာမှန်းကိုမသိတော့ဘူး 🙁

25 comments

  • ogre

    July 27, 2011 at 3:36 pm

    ဘယ်လိုကြီးလဲဟ
    တစ်ခါမှမကြားဖူတာတွေပဲ
    ကျေးဇူးတင်တယ် ..ဒီလိုသဂြိုလ်တာမျိုးခုမှတွေ့ဘူးလို့။။

  • Han Lin

    July 27, 2011 at 3:37 pm

    အွန်…အလောင်းမလှတော့ဘူးပေ့ါ….ငါတော့ကြောက်တယ်…

    • pan pan

      July 27, 2011 at 3:43 pm

      မြန်မာတွေကတော့ “အရပ်ကောင်းရင် အလောင်းလှတယ်” လို့ပြောကြတယ်
      ခုလိုအလောင်းမလှတော့ မြန်မာတွေအနေနဲ့ အရပ်မကောင်းဘူးလို့ ပြောရမလိုပဲ
      ဒါပေမယ့် ဒါက သူ့အရပ်နဲ့ သူ့ဇာတ်ပဲလေ….

  • TRUTH

    July 27, 2011 at 3:46 pm

    စိတ်တော့ပျက်စရာပဲ။ မိသားစုဝင်တွေက အဲဒီနည်းနဲ ့သဂြိုင်္လ်တာ ဘာမှ မခံစားရဘူးလား။သေတဲ့ သူကသေသွားတာ မှန်ပေမယ့် သေချာစဉ်းစားကြည် ့ရင် ရက်စက်ရာကျမနေဘူးလား။မြန်မာနိုင်ငံ သာမက နိုင်ငံတော်တော် များများမှာ သေတဲ့ သူကို မိသားစုဝင်တွေနဲ ့မိတ်ဆွေတွေကလှလှပပ ဖြစ်အောင် မွမ်းမံ ကြတာပဲလေ။ ဘယ်သူက ရုပ်ပျက်ဆင်းပျက် ကြည် ့နေနိုင်ပါ့မလဲ။စဉ်းစားစရာနော်။

    • pan pan

      July 27, 2011 at 3:56 pm

      အင်းလေ
      တော်တော်အသည်းမာကြတယ်နော်
      မိသားစုဝင်တွေတော့ အဲဒီနေရာလိုက်မလာလောက်ဘူးထင်တယ်
      အထူးသဖြင့် သေဆုံးသူနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းထဲက မိန်းမသားတွေနဲ့ ကလေးတွေမမြင်သင့်ဘူး

  • နွယ်ပင်

    July 27, 2011 at 3:48 pm

    ဘယ်လိုကြီးလဲဟ တစ်ခါမှမတွေ့ဖူးဘူးပဲ …..
    တိဗက်က လူတွေအားလုံးအဲလိုမျိုးပဲ သဂြိုဟ်ခံကြရမှာလား …

  • aungnng87

    July 27, 2011 at 3:49 pm

    ယဉ်ကျေးမှုတော်တော်နဲပါးတဲ့အရပ်ဘဲ။ ဒါကြောင့်လဲသူများကအုပ်ချုပ်တာခံရတာ။

  • MOEPWINTPHYU

    July 27, 2011 at 3:52 pm

    ကုသိုလ်ရတာပေါ ဘုရားဟောနဲဆိုရင်တော ဒီအတိုင်းပုတ်သွားတာထက်စာရင် လင်တတွေအစာလဲဝတယ်
    မြေလဲသန့်သွားတယ် ဘယ်လောက်ကောင်းလဲ ဒီအစီအစဉ်ကိုစတီထွင်ခဲသူကို သွားမေးခြင်တယ်ဘယ်လို
    စိတ်ကူးနဲ ဒီလိုလုပ်ခဲတာလဲလို

  • mzm

    July 27, 2011 at 4:03 pm

    တော်ပြီတိဗက်မှာတော့မမွေးချင်တော့ဘူး

  • pan pan

    July 27, 2011 at 4:04 pm

    အဲဒါကြောင့်ပြောတာပေါ့
    ကောင်းတယ်ပြောရမလား (သေပြီးပြီပဲ၊ ပုပ်မယ့်တူတူ၊ ဘာမှလုပ်မရတော့တဲ့ အပုပ်ကောင်ဆိုတော့)
    ဆိုးတယ်ပြောရမလား (ပစ်စလက်ခတ်ကြီး၊ အဲဒီကလူတွေ ကိုယ့်အလှည့်ကျ ဒီလိုဖြစ်မှာပဲ၊ သေတာတောင် ကောင်းကောင်းမသဂြိုဟ်ရဘူးဆိုတော့)
    ဘာကြီးမှန်းကိုမသိတော့ဘူး

  • nozomi

    July 27, 2011 at 4:14 pm

    “ထိုင်ကြည့်နေတဲ့လူလည်း သေရင် အဲလိုသဂြိုဟ်ခံရမှာပဲ၊ အဲ…သေတဲ့လူကလည်း အရင်က အဲလိုပဲ ထိုင်ကြည့်ခဲ့ဖူးမှာ..”
    စဉ်းစားစရာလေးတွေ ရသွားပါတယ်

  • True Answer

    July 27, 2011 at 4:24 pm

    အရင်ကတော့ ကြားဖူးတယ် ခုမှ ဓါတ်ပုံတွေနဲ့ မြင်ဖူးတယ်။ ကျေးဇူးပါ။ တိဘက်ပြည်ဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး (တိဘက်ဗုဒ္ဓဘာသာဆိုပြီး)ဒလိုင်းလားမားကြောင့် နိုင်ငံတကာ မှာ နာမည်ကြီးတယ်။ အနောက်နိုင်ငံမှ တချို့တော်တော်များများဟာ ဒလိုင်းလားမားကြောင့် ဗုဒ္ဓဘာသာကိုလေ့လာပြီးစိတ်ဝင်စားကာ ဗုဒ္ဓဘာသာတွေဖြစ်ကုန်တယ်။ နာမည်ကြီးမင်းသား စတင်ဗင်ဆေးဂေးလ်လည်း တစ်ဦးအပါအဝင်ပေါ့

  • yaungchikha

    July 27, 2011 at 5:38 pm

    ထိုင်ကြည့်နေတဲ့လူကသာတရားသဘောနဲ့ဖြစ်ပျက်ရူ့မယ်ဆိုရင်………………

  • koyinmaung

    July 27, 2011 at 5:53 pm

    သေမှတော့ဘာလုပ်လုပ်မထူးပါဘူးလေ…လင်းတတွေကိုအစာကြွေးတော့လဲသေတဲ့လူကုသိုလ်ရတာပေါ့….ခုမှမြင်ဘူးတယ်တင်ပေးတာကျေးဇူးပါဘဲ…..

  • thit min

    July 27, 2011 at 6:37 pm

    If possible, let me know original source. Cultural transmitting is an important matter for human development. I never say that it is good or bad.

  • windtalker

    July 27, 2011 at 7:51 pm

    ကျွန်တော် တို ့ယဉ်ကျေးမှု နဲ ့ကြည့်ရင်တော့
    ဘယ်လို မှ မဖြစ်သင့် ၊ လက်ခံ နိုင်စရာ မရှိဘူး ပေါ့

  • ဆူး

    July 27, 2011 at 8:49 pm

    ဒီလို ပိုစ်မျိုး အရင်က ရွာထဲမှာ ရှိဖူးတယ်။ အခု တင်တဲ့ ပုံကတော့ ပိုပြီး စုံတယ် ပိုလည်း ပီပြင်တယ်။
    ဓါးနဲ့ မွန်းတာ လဒ တွေက သိမ်းငှက်များလို အရေခွံတွေ ဆွဲဆုတ် နိုင်လောက်တဲ့ နှုတ်သီး မရှိတဲ့ အတွက် စားစေချင်လို့ ကျွှေးတာ မစားရမှာ စိုးလို့ ဓါးနဲ့ မွှန်းပေးတာပါ။ နယ်မြေက ကျောက်တုံး ကျောက်ခဲတွေ များတော့ တူးစွပြီး မြေမြုပ်ဖို့ မလွယ်လို့ ငှက်စာ ကျွေးလိုက်တာ ဖြစ်မယ် ထင်တာပဲ။ ငှက်တွေကလည်း လူသားစားတဲ့ ငှက်ဆိုတော့ ကောင်တွေက ထွားကြတယ်။

  • bigbird

    July 27, 2011 at 9:15 pm

    ကောင်းပါတယ်….ဒီလိုပုံစံမျိုးကိုကြိုက်တယ်…
    ဆေးကျောင်းသားတွေ ခွဲစိတ်ဖို့လှူသလိုပဲပေါ့။ ကျနော်တော့ သဘောကျတယ်။

  • koyinmaung

    July 28, 2011 at 4:18 am

    သေတဲ့သူရဲ့ဆန္ဒ ဒါမှမဟုတ် ကျန်ရစ်တဲ့ မိသားစုရဲ့ ဆန္ဒ အရဖြစ်မယ်ထင်တယ် တခြားနည်းလဲရှိမှပါ …ဘုရားရှင်ရှိစဉ်ကလဲသေတဲ့သူတွေကိုသုသာန်မှာပြစ်ထားလေ့ရှိပါတယ်….

  • zoe

    July 28, 2011 at 9:26 am

    တိဗက် ရဲ့ ပထဝီ မြေအနေ အထား အရ ဒီလို သဂြိုဟ် ရတာ ပါ ။ Sky Burial လို့ခေါ်ပါတယ် ။ အဓိက က မြေကြီး မာလွန်းလို့ တူးရခက်လို့၊ လောင်စာရှားပါး မှုတွေ ကြောင့်ပါ ။ အကျယ် ကို လင့်ခ မှာ ကြည့် ပါ ။

    http://en.wikipedia.org/wiki/Sky_burial

    Sky burial or ritual dissection was once a common funerary practice in Tibet wherein a human corpse is cut in specific locations and placed on a mountaintop, exposing it to the elements or the mahabhuta and animals – especially to birds of prey. The location of the sky burial preparation and place of execution are understood in the Vajrayana traditions as charnel grounds. In Tibet the practice is known as jhator (Tibetan: བྱ་གཏོར་; Wylie: bya gtor), which literally means, “giving alms to the birds.”

    The majority of Tibetans adhere to Buddhism, which teaches rebirth. There is no need to preserve the body, as it is now an empty vessel. Birds may eat it, or nature may let it decompose. So the function of the sky burial is simply the disposal of the remains. In much of Tibet the ground is too hard and rocky to dig a grave, and with fuel and timber scarce, a sky burial is often more practical than cremation…….

    The Tibetan sky-burial practices appear to have evolved out of practical considerations[1][2][3] but can also be related to ancient places of sky burial such as Göbekli Tepe (11,500 years bp) and Stonehenge (4,500 years bp).[citation needed] Most of Tibet is above the tree line, and the scarcity of timber makes cremation economically unfeasible. Additionally, subsurface interment is difficult since the active layer is not more than a few centimeters deep, with solid rock or permafrost beneath them.

    The customs are first recorded in an indigenous 12th century Buddhist treatise known colloquially as the Book of the Dead (Bardo Thodol).[4] Tibetan tantricism appears to have influenced the procedure.[5] Dissection occurs according to instructions given by a lama or tantric adept.[6]….

    “Sky burial and open cremation may initially appear grotesque for Westerners, especially if they have not reflected on their own burial practice. For Tibetan Buddhists, sky burial and cremation are templates of instructional teaching on the impermanence of life.”[6]

    Jhator is considered an act of generosity on the part of the deceased, since the deceased and his/her surviving relatives are providing food to sustain living beings. Generosity and compassion for all beings are important virtues or paramita in Buddhism. Although some observers have suggested that jhator is also meant to unite the deceased person with the sky or sacred realm, this does not seem consistent with most of the knowledgeable commentary and eyewitness reports, which indicate that Tibetans believe that at this point life has completely left the body and the body contains nothing more than simple flesh.

    The government of the People’s Republic of China, which has controlled Tibet since 1950, prohibited the practice (which it considered barbaric) in the 1960s but started to allow it again in the 1980s.[7] People who do not know the deceased usually do not observe it, and direct photography is considered unethical, offensive and is generally forbidden.[citation needed]

    A jhator was filmed, with permission from the family, for Frederique Darragon’s documentary Secret Towers of the Himalayas, which aired on the Science Channel in Fall 2008. The camera work was deliberately careful to never show the body itself, while documenting the procedure, birds, and tools…..

  • chitpyae

    July 28, 2011 at 11:56 am

    ဒီပုံတွေက မြင်ဖူးတာက လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ထဲကပါ ။ သူငယ်ချင်းတယောက်က လင်းတ စာကျွေးတာ မြင်ဖူးချင်လား ဆိုပြီး မေးပို့ပေးတာပါ။ အခု မှ သေသေချာချာ သိလိုက်ရတာက တိဗက်မှာ ဆိုတာရယ် Sky Burial ဆိုတာ ဒီလို မျိုးကိုပြောတာဆို တာပါ ။ အခုလို သေချာ သိခွင့်ရတဲ့အတွက်ကျေးဇူး တင်ပါတယ် …

  • kgmalay.girl

    July 28, 2011 at 12:25 pm

    ကြောက်စရာကြီး ကျေးဇူးပဲနော် ဗဟုသုတ ရစေလို့

Leave a Reply