ကြောင်ကြီးခမျာမှာ…အွတ် Deep throat
နိဒါန်း နန်းဒိ
လှမ်းကြည့်စဉ်က
ဟုတ်သလိုလို
ဘုတ်ဆိုအသံကြားမှ
ဂုတ်ပေါ်တုတ်ရောက်မှန်း
သိရတယ်.. 🙄
စာကိုယ် စိုကာ
ဆိုစရာ အပိုမပါ
လိုနေတာ သိပေမဲ့
ထိုင်နေအကောင်း
ထသွားမှကျိုးမှာမို့
ငိုနေတာ ဘယ်သူမှမသိ.. 😥
နိဂုံး နုန်းဂိ
ဖုံးဖိဖိနဲ့
အပြုံးရှိမယ်
ထင်ခဲ့တာ
တဆုံးထိအောင်
ဝင်သွားတယ်
နောက်ထပ် ရှုံးရန်မရှိ.. 🙁
အရှုံးသမားကြောင်ကြီး
17 comments
etone
August 8, 2011 at 9:06 am
ရွာထဲမှာ အရှုံးသမား တစ်ယောက်ပဲ ရှိတာမှတ်တယ် … အခုတော့ နောက်တယောက် တိုးလာပါပကောလား .. ။ 😀 😀 😀
pan pan
August 8, 2011 at 9:34 am
အရှုံးသမားချင်း အဖော်ရသွားပြီထင်ပါတယ်
ဦးကြောင်ကြီးတစ်ယောက် ရှုံး…လူရဲ့စက်ရုံကဘီယာတွေသောက်ပြီး မှောက်သွားရှာပေ့ါ
အွတ်!!
😀
manawphyulay
August 8, 2011 at 10:18 am
ရှုံးပြီးမှတော့ ထပ်ရှုံးစရာတော့ မရှိတော့ပါဘူး ဦးကြောင်ကြီးရယ်နော်…
ရွှေဘိုသား
August 8, 2011 at 10:18 am
ကိုကြောင်
အရှုံးသမားမဟုတ်
အမူးသမား
ဟားဟား
MaMa
August 8, 2011 at 10:27 am
ကြောင်ကြီးခမျာ အချောင်တီးတာ ခံလိုက်ရရှာပေ့ါ.
ရှူံးနိမ့်မှုများနဲ့.. လူ
August 8, 2011 at 10:28 am
သူများနာမည်ကို လာ Copy လုပ်နေတယ်
တရားစွဲမယ် 😛 🙂
pay sote sote
August 8, 2011 at 10:36 am
ကိုကြောင်ကြီး ပုလင်းမှန်ပြီး အွတ်ဆို.. ကြွသွားတယ်အောက်မေ့တာ လက်စသတ်တော့ .. မူးပြီးမှောက်နေတာကိုး… “ကြောင်ကြီးခဗျာ….အေ့” ဖြစ်သင့်တာ… 😛
မိုက်ကယ်ဂျော်နီအောင်ပု
August 8, 2011 at 10:43 am
ကိုကြောင်ကြီး ကောင်းရာသုဂတိလားပါစေဗျာ
အောင်ပုတို့ အဖွဲ့တော့ဟုတ်ဘူးနော်
ကြားသား၊ မြင်သား၊ မသင်္ကာ သားဆိုတဲ့အထည်းမှာ
မြို့ကကြောင်တွေကို ကျမ္မာရေးသံသယနဲ့ ရှောင်ထားပါကြောင်း
ဆူး
August 8, 2011 at 11:46 am
သို့
မစ္စတာ ကြောင်ကြီး
လှောင်ပြီးတော့ ရောင်ပြီး မကြည့်နဲ့.. အမှောင်ကြီးမှာ ငေါင်ပြီး လဲနေတာ ဘယ်သူတုန်း..
ဖြစ်မှ ဖြစ်ရလေ.. တွေ့ပြီ ကြောင်သရဲ..
အမျှ အမျှ အမျှ…
ကြောင်ကြီးကို ဘယ်သူ စော်သွားတာလဲ.. :Ideal:
windtalker
August 8, 2011 at 12:25 pm
ဖတ်လို ့လန်းတယ် ဗျာ
နားမလည်လေး တစ်ခု ပဲ ရှိတယ်
အဓိပ္ပါယ် ပြန်ပေးစေချင်တာလေး က
“ အပြုံးရှိမယ်
ထင်ခဲ့တာ
တဆုံးထိအောင်
ဝင်သွားတယ် ”
အဲဒါ က ဘာလဲဟင် ကောင်ကြို ။
etone
August 8, 2011 at 2:06 pm
ကြွက်တွင်း ထဲဝင်တာ ဖြစ်ရမယ် .. အဟဲ 😛
hmee
August 8, 2011 at 5:24 pm
ကိုကြောင်ကြီးရေ နာကျင်တာတွေ မေ့အောင် နှစ်ပုလင်းနဲ့ ဆေးလိပ်တဗူးလုံး ကုန်အောင် သောက်ရလား။
nature
August 8, 2011 at 5:41 pm
ဒါ ၂ပုလင်းလောက်နဲ့ မူးပြီးမှောက်တယ်ဆိုတော့ ကျွန်တော်တို့သိတဲ့ ကိုကြောင်ကြီး မဟုတ်လောက်ဘူးဗျ။
naywoonni
August 8, 2011 at 6:49 pm
အင်းးး မှားကုန်ပြီ….။ အဲဒါ ကိုကြောင်ကြီး မူးပြီး မှောက်တာမဟုတ်ပါဘူး …။ ဟိုတစ်ရက်က အိုမန်နဲ့ မြန်မာ ဘောလုံးပွဲ သွားကြည့် တာက ပရိဿတ်ထဲက လှမ်းပစ်တဲ့ ပုလင်းတွေ မှန်ပြီး မှောက်သွားတာပါ…။ ဟုတ်တယ်နော် ကိုကြောင်ကြီး…။
natthamee
August 8, 2011 at 9:31 pm
Ha ha. Good tal kwar 😛
ရာဇဝင်လူဆိုး
August 9, 2011 at 4:00 pm
ကိုကြောင်ရေ… ပေါက်ပြားဆိုတာ ပေါက်မှ ထက်တာ ။ ယောက်ကျားဆိုတာလဲ သောက်မှ သွက်တာ …ဂျ။
forever
August 9, 2011 at 5:10 pm
တဆုံးထိဝင်တာတောင်
အပြုံးလေးနဲ.
မဖုံးဖိချင်နဲ.ကိုကိုကြောင်
ချော်လဲရောထိုင်
မှောက်ပြီးရင်ထ
တစ်ကပြန်စရအောင်