သံတွဲမြို့က ဆိုးဝွါးလှတဲ့မှောင်ခိုဂိုဏ်းကြီး
အက်ပီဒရင်း(စိတ်ကြွဆေးပြား)များကို သံတွဲမြို့မှနေပြီးဖြန့်ဖြူးလျှက်ရှိနေပါတယ် တောင်ကုတ်
စစ်တွေနှငေေ့်တခြားမြို့များသို့လည်းကောင်း၊ ငါးနီတူခြောက်အိတ်များအထဲထည့်ကာ ဘင်္ဂလားဒေ့ရ်
နှင်.တစ်ခြားနိုင်ငံများသို့ ပိုင်ပိုင်နိုင်နိုင်ဖြန့်ဖြူးနေတာပါ မန်းလေးကနေ ကယ်ရီပို့သမားနှင့်လာပို့
ပြီး ကယ်ရီသမားကတည်းခိုခန်းများတွင်တည်းခိုပြီးလုပ်စားနေတာပါ
သံတွဲကတစ်ဆင့်ဖြန့်ပေးသူတွေကတော့ ဦးထွန်းဝင်း၊ လူရိုင်း၊ အေးသိန်း၊ ဦးချောင်းနာရီ တို့
ဖြစ်ပါတယ် ဒီလိုလူညွန့်တုံးမည့်ကိစများကို ထိထိရောက်ရောက် အရေးယူပေးကြပါလို့
ကြာရင်ကျွန်တော်တို့မြို့လေး နာမည်ဆိုးနဲ့ကျော်ကြားလာပါလိမ့်မယ်
ဂျိတ်တောသားငထွား
24 comments
koyinmaung
September 18, 2011 at 9:11 am
ဒီသတင်းက တယ်ခိုင်လုံပါလား
bbc တို့voa ပို့သင့်ပါတယ် …
ဒါမှအာဏာပိုင်တွေနားကိုရောက်မှာ….
Thantwethar
September 19, 2011 at 11:15 pm
ဒီင်္သတင်းကတော့ တော်တော်ဆိုးတဲ့သတင်းပါပဲ။ ရဲတပ်ဖွဲ့က ဘာလုပ်နေလဲ။ အရင်က တောင်ကုတ်မှာပဲ ဒါတွေရှိတယ်ဆိုပြီးသတင်းကြားမိတာ။ အခုတော့ သံတွဲရောက်နေပြီဆိုတော့ မိဘတွေအတွက်ရင်လေးစရာပဲ။ အခုတင်ထားတဲ့လူတွေက သံတွဲက မဟုတ်တော့ စဉ်းစားစရာပါပဲ။ ရဲတပ်ဖွဲ့က သေချာတယ်ဆိုရင်တော့ မိအောင်ဖမ်းဖို့တော့ တာဝန်ရှိတယ်လို့ယူဆပါတယ်။ မမိဘူးဆိုရင်တော့ ကျွန်တော်တို့ သံတွဲမြို့သူ မြို့သားတွေကတော့ ရဲတပ်ဖွဲ့အပေါ် အယုံအကြည်လုံးဝမရှိတော့ဘူးဆိုတာ သဘောပေါက်ဖို့တော့ လိုအပ်လိမ့်မယ်။ရဲတွေဘာလုပ်နေတယ်ဆိုတာလည်း အားလုံးသိအောင် တင်ပြပေးသွားမှာပါ။
eyes
September 18, 2011 at 10:19 am
ဒီမြို့မှာသတင်းကြားနေတာတော့ကြာနေပြီ ၊ သက်ဆိုင်ရာကမသိလို့လား ၊ မသိချင်ရောင်ဆောင်နေတာလား ၊ ခုလိုတိကျတဲ့သတင်းလေးဆိုတော့ ဒီပွဲကကြည့်ကောင်းပြီပေါ့
yetazar
September 18, 2011 at 12:09 pm
သာမာန်ပြည်သူတစ်ယောက်သိတဲ့သတင်းကို သက်ဆိုင်ရာကမသိဘူးဆိုတာကတော့ နည်းနည်းတော့ စဉ်းစားစရာပဲ ။ ဘာပဲဖြစ်ဖြစ်လေ ခုသိသွားရင်တော့ အဲဒီအမှုကို ဖေါ်ထုတ်ပြီးအရေးယူတယ်ဆိုတဲ့သတင်းကိုပဲ ကြားချင်ပါတယ် ။
ဂျဲသု
September 18, 2011 at 12:16 pm
တစ်ခုခုအရေးယူပြီးသွားရင်လည်း ပြောကြပါဦး။ ဝမ်းသာရအောင်လို.။
“ဘီလူးကြီး”ogre
September 18, 2011 at 1:36 pm
လိပ်စာလေးပါထည့်ပေးလိုက်ရင်
ပိုကောင်းပေါ့ ဒါမှမြန်မြန်မိမှာ
minthar
September 18, 2011 at 8:12 pm
လူညွန့်တုံး မဲ့ ကိစ္စဖြစ်နေတာမို့ တား အသိစိတ်နဲ့ ဝိုင်းဝန်းတားဆီးသင့်ပါတယ်၊
တာဝန်ရှိသူတွေ သေချာသိရှိအောင် နေရပ်လိပ်စာ လေးနဲ့ တွဲပီး ဖေါ်ပြသင့်တယ်၊
ပို့မဲ့ပို့ ကူတို့ရောက်အောင် ပို့ပေးကြပါဗျို့ ။
ုhtoosan
September 18, 2011 at 1:55 pm
လွှတ်တော် အမတ်ကြီး ဦးမြင့်လိူင်ကို မြန်မြန်ပြောလိုက်ဗျိူ့ ။ ဒါမှ သူလွှတ်တော်မှာ ပြောမလား သိရတာပေါ့။
မောင်တုတ် ကြီး
September 18, 2011 at 8:17 pm
ဦးမြင့်လှိုင်က နဝမတန်းအောင်ဆို။သူ ့ပညာအရည်အချင်းနဲ ့အားကိုးရပေါ့မလား။
အာရက္ခ မြေသား
September 18, 2011 at 2:13 pm
ကျနော် သိရသလောက်ဒီလူတွေ အေးအေးဆေးဆေး ရေထွက်ပစ္စည်းရောင်းဝယ်နေကြတာလေ။ဘယ်လိုကြောင့်ခုလိုဖြစ်ရတာလဲသိချင်တယ်။
တိတိကျကျပြောနိုင် ရင်ကောင်းမယ်ထင်တယ်။
ကြမ်းကျွံ ့ရင် နှုတ်ရတယ်၊စကားကျွံ ့ရင်တော့ ကိုယ့်လူ တော့တာဘဲ။သေချာအောင်လုပ်ပါ။
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
September 18, 2011 at 5:31 pm
ဒီကိစ္စမျိုးရှိ ရင်အရေးယူပေးကြဖို ့ကောင်းတယ်။ဘာလို ့ခုမှထွက်လာရတာလဲ။အာဏာပိုင်အဖွဲ့အစည်းတွေ အိပ်ပျော်နေလို့လား။
ရဲအောင်
September 18, 2011 at 8:07 pm
အားပါး… သေချာလှချည်လား… သတင်းမွှေးနေတာတော့ အတိအကျပါပဲ…
ကုန်ခဲ့တဲ့ နှစ်လ ဝန်းကျင်လောက်က သံတွဲမြို့ အမှတ်(၁) အ.ထ.က ကျောင်းမှာ ကျောင်းသား
တွေရဲ့ လွယ်အိတ်တွေကို မွှေနှောက်စစ်ဆေးတယ် လို့တော့ကြားမိပါတယ်… ဒီသတင်း က
ဖြစ်နိုင်လောက်တယ်… လူနာမည် သိရပေမဲ့ သံတွဲမြို့သားဖြစ်တဲ့ ကျနော် တောင်မှ ဘယ်သူမှန်း
သေချာမသိ ဖြစ်နေတာ.. သိနေတဲ့သူများ လိပ်စာလေးနဲ့ တွဲပေးနိုင်ရင်ပိုကောင်းမှာ.. ။
ကိုကိုလူဆိုး
September 18, 2011 at 8:18 pm
ဒီသတင်းသေချာတယ်ဆိုရင် ဒီမှာပြောတာထက် သက်ဆိုင်ရာကို သတင်းပေးလိုက်ပါလား။
အဲလောက်ကြီးအတိအကျသိနေရင် 199 ကိုသာ သတင်းပေးလိုက်ပေါ့ဗျာ. အဲဒီသတင်းမှန်ပီး အဲဒီအမှုလည်းဖြစ်မှ တင်ပေးပါလား အဲဒါဆိုပိုကောင်းမယ်ထင်တယ် … သတင်းမှားကြီးဆိုရင်
အဲဒီနာမည်နဲ့လူတွေ နာမည်ဆိုးကြီးဖြစ်သွားလိမ့်မယ်. တင်တဲ့လူက မိမိတင်လိုက်တဲ့သတင်းကို တာဝန်ယူဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ ခုပဲ ၁၉၉ ကိုဆက်လိုက်. ပြီးရင် တစ်ခါတည်းသာ ဖမ်းလိုက်တော့ အနည်းဆုံး မသင်္ကာမှုနဲ့ အရေးယူလို့ရတယ်လေ . သတင်းမှားဆိုရင်တော့ တင်တဲ့လူ ခံပေါ့ း))
မီးမီး သော်
September 18, 2011 at 10:55 pm
တနေ ့တနေ ့စိတ်မချမ်းသာစရာတွေချည်းပါလားနော်။
ုhtoosan
September 18, 2011 at 11:56 pm
ဦးမြင့်လှိုင်က နဝမတန်းအောင်မအောင်တော့မသိဘူး လွှတ်တော်မှာ ခေါင်းပေါင်းဆောင်းပြီး ညာချတော့လုပ်နေပြီ။
yel ag lun
September 19, 2011 at 12:19 am
ညာချပုံလေး ပြောပြ ဝေမျှ ပေးပါ . ဖွ လို့ရအောင် .
ငရဲသား
September 19, 2011 at 12:25 am
မြို့လေးက ငယ်လေတော့ ပုပ်သမျှ အားလုံးပေါ်တာပဲဗျို့၊
မဟုတ်တန်းတရား လုပ်တဲ့သူ တွေ ကြိုတင် အိပ်ယာလိပ် ထား တော့လို့ ဒီနေရာက ပြော
လိုက်ပါရစေ။
mgmglusoe
September 19, 2011 at 1:02 am
သိနေတဲ့ သူတွေ ဆက်လုပ်ပါတော့လား … ကုသိုလ်ရတဲ့ အလုပ်ပါ…
ပြောရမှာ တွန့်နေကြတယ် ထင်တယ်.. သိချင်လို့..။
တာနော
September 19, 2011 at 1:33 am
ငတာနော သဘော ပြောရရင် ဂိတ်ဆုံး ထိ ရောက်အောင်သွားကြစေချင်ပါတယ်။
kokyaw
September 19, 2011 at 2:46 am
မြို့လေး ငယ်သလောက် အမှုထုပ် တွေရှုပ်ပွ လှချည်လား၊ ဒုစရိုက်မြို့လေး တစ်မြို့လို့ထင်ရတယ်။
pan pan
September 19, 2011 at 9:04 am
မြို့ငယ်ပေမယ့် လူတွေမငယ်လို့နေမှာပေါ့ရှင်
သံတွဲမြို့နဲ့ပတ်သက်တဲ့ သတင်းတွေ ရွာထဲမှာ တော်တော်ဖတ်နေရတယ်
သတင်းတွေကမကောင်းဘူး
စိတ်ဆင်းရဲစရာပဲ 🙁
etone
September 19, 2011 at 9:08 am
မြန်မာတွေ…. မြန်မာတွေ … မဟုတ်တဲ့ မှောင်ခို လုပ်ငန်းဆိုလျှင်တော့ … ဉာဏ်နီ ၊ ဉာဏ်နက် အတော်ထွက်တယ် … ကောင်းရောင်း ကောင်းဝယ် လုပ်စားဖို့တော့ မစဉ်းစားဘူး …. 🙄
pan pan
September 19, 2011 at 9:23 am
ိကောင်းရောင်းကောင်းဝယ်က ရတဲ့ငွေနဲ့တန်အောင် ပင်ပန်းတယ်လေအစ်မရယ်
အဲဒီတော့ လွယ်လွယ်နဲ့ မြက်မြက်လေးရတဲ့ မှောင်ခိုကို လိုင်ကြေးပေးပြီး ဗျောင်ခိုလုပ်တော့တာပေ့ါ
သူလည်းစား ကိုယ်လည်းစား
လုပ်တဲ့လူလည်းစား လိုင်းကြေးကောက်သူလည်းစား
သူ့တို့ဟာနဲ့သူတို့တော့ ဟုတ်နေတာပဲ
(ကျန်တဲ့လူတွေက ကြားကဒုက္ခရောက်လို့)
အာရက္ခ မြေသား
September 19, 2011 at 11:12 am
ဒီနေရာမှာ လူပုဂ္ဂိုလ်ရေး မုန်းတီးမှုကို ဦးစားပေး ပြောနေတယ်ထင်ရတယ်။
တိကျသေချာအောင် ဘာမှတင်ပြမထား ဘူး။စောင့်နေတာ။ဘာလို ့ခိုင်လုံအောင် မပြောနိုင်
တဲ့ သတင်းက အင်တာနက်ပေါ်ရောက်ရသလဲ စဉ်းစားလို ့မရဘူး။
ကျွန်တော် တို ့မြို ့လေးက အင်မတန် ငြိမ်းချမ်းပါတယ်ဗျာ။
Comments are closed.