7 DAY NEWS ဂျာနယ်သို့ မေတ္တာရပ်ခြင်း
7 DAY NEWS ဂျာနယ်သည် ပုဂ္ဂလိက ဆိုင်ရာ အတင်းအဖျင်းများ၊ တိုင်ကြားချက်များ ကို လက်ခံ၍ သတင်းအဖြစ် တင်ပြ
နေပါသော ဂျာနယ် ဟုတ်နေပါသလားခင်ဗျာ ။ အများရဲ့ကိုယ်စား တစ်ခုတော့ပြောပြချင်မိလို့ပါ ။
OCTOBER 27 , 2011 နေ့ထုတ်ဝေသော သတင်းလေးတစ်ပုဒ်ကိုဖေါ်ပြပေးပါမည် ။
သံတွဲခရိုင်ရှိ ဝက်ထီးတောင် ကျေးရွာအုပ်စုမှ လှေကြီးချိုင်ကျေးရွာအုပ်ချုပ်ရေးမှုးအကြောင်း တိုင်ကြားချက်များကို ရေးသား
ဖေါ်ပြထားခြင်းသည် သင့်တော်၏ ၊ မသင့်တော်၏ စဉ်းစားစရာ ရှိနေပါသည်။ ဂျာနယ်တွင်ရေးထားသည့်ခေါင်းစဉ်မှာ
အုပ်ချုပ်ရေးမှုးအား သံတွဲခရိုင်သားများက တိုင်ကြားခြင်းဟု ပါရှိပါသည်။
အမှန်သော် ၎င်းကျေးရွာမှ အုပ်ချုပ်ရေးမှုးအားမလိုလားသူ လူ ဆယ်ဦးခန့် တိုင်ကြားချက်သာလျှင်ဖြစ်နေပါသည်။
လှေကြီးချိုင်ကျေးရွာမှာ အိမ်ခြေ ၄၀ဝ ခန့် ရှိနေပါသော ရွာတစ်ရွာဖြစ်ပါသည်။ လူဆယ်ဦးခန့်တိုင်ကြားထားခြင်းအပေါ်
အရေးကြီးခွင်ကျယ်ပြု၍ ဂျာနယ်မှ တင်ပြရေးသားလာပါသဖြင့် မြို့နယ် ဦးစီးမှုးမှ အစစ်အဆေးမရှိပဲ အရေးယူလိုက်ပါသဖြင့်
ဂျာနယ်သတင်း၏ထိရောက်မှုကို အားပေး လိုစိတ်ကတစ်ဖက် ၊ သတင်းမှားကိုတင်ပြမိ၍ ဂုဏ်သိက္ခာ ညှိုးနွမ်း ထိခိုက်သွားပါသော
ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦး၏ အဖြစ်မှာ ကြေကွဲဖွယ်ရာဖြစ်ခဲ့ရပါသည်။
အမှန်တစ်ကယ်ဖြစ်သင့်သည်မှာ သတင်းဦး တစ်ခုကို ရေးသားတင်ပြသည်ထက် ၎င်းသတင်းသည် တိကျမှန်ကန်မှုဖြစ်ရန် အထူး
လိုအပ်နေပါကြောင်း သိထားသင့်ပါသည်။ အနည်းဆုံးတော့ ကျေးရွာလေးသို့ ကွင်းဆင်း လေ့လာ ဆန်းစစ်ရန် လိုအပ်လှပါသည်။
အချိန်မရ၍ မဆင်းဖြစ် မစုံစမ်းဖြစ်လျှင်လည်း ယ္ခုကဲ့သို့ မသေချာမရေရာသော သတင်းတစ်ပုဒ်ကို အလျင်စလို မရေးသားသင့်ပေ။
နောက်သတင်းတစ်ပုဒ်………..
လွန်ခဲ့သည့် သုံးလ ခန့်က သံတွဲမြို့နယ်အတွင်း စာနီတောင် စစ်ဆေးရေးဂိတ်နားတွင် ကုလားလူမျိုး (ဘင်္ဂါလီ) များ လူအယောက်
(၁၀၀) ကျော်ခန့်ဖမ်းဆီးမိသည့်အကြောင်း ကို ဤ 7 DAY NEWS ဂျာနယ် ကပင် ရေးသားတင်ပြခဲ့ပါသည်။
သတင်းက လုံးဝမှားယွင်းနေပါသော သတင်းဖြစ်နေပြန်ပါသည်၊ အမှန်တစ်ကယ် ဖမ်းဆီးမိသောနေရာမှာ ဧရာဝတီတိုင်းအတွင်းမှာ
သာလျှင်ဖြစ်နေပါသည်။ လွန်စွာဆိုးရွားလှသော အမှားကြီးတစ်ရပ်ပင်ဖြစ်ကြောင်း သံတွဲမြို့ရှိနေထိုင်သူ များသိရှိခဲ့ရပါသည်။
၎င်းသတင်းထွက်ပေါ်လာချိန်တွင် သွားလာခွင့်ဗီဇာ ကင်းလွတ်စေရန် အထူးကြိုးပမ်းနေသောအချိန်နှင့်တိုက်ဆိုင်နေခဲ့ပါ၍
ဂျာနယ်တိုက်သို့ တရားစွဲ ရန် အခွင့်မသာခဲ့ပါ။
နေရာမှား၍ ဖမ်းမိသည် သတင်းပေးသူမှာ အကြံအစည် နှင့် မွတ်စ်ဘာသာဝင်များ သွားလာခွင့်ပိတ်ပင်၍ အကျဉ်းကျစေရန် တမင်
ရည်ရွယ်ပြီး ပေးခဲ့သော သတင်းသာဖြစ်ကြောင်း လည်း သိရှိပြီးဖြစ်ပါသည်။ သတင်းပေးခဲ့သူကို တော့ မဖေါ်ပြတော့ပါ ၊
အဓိက ပြောလိုသည်မှာ ပုဂ္ဂိုလ်ရေးရာနှင့် ဆိုင်သော သတင်းအဖျင်းမျိုးကို ရေးသားပါမည်ဆိုလျင် သေချာစွာစီစစ်ပေးပါရန် နှင့်
အလားတူ နောက်နောင် သတင်းအမှားမျိုး ရေးသားမိပါသော် သတင်းဂျာနယ်တိုက်မှ တာဝန်ယူဖြေရှင်းရပါတော့မည် ဖြစ်ပါကြောင်း
တင်ပြအပ်ပါသည်။
နာမည်ကြီး 7 DAY NEWS ဂျာနယ် အနေဖြင့် ယ္ခုကဲ့သို့ လွဲမှားသော သတင်းများ ကို တင်ပြပေးနေခြင်းအပေါ်ကိုလည်း များစွာ
စိတ်ပျက်မိပါကြောင်း ။
32 comments
J.me
November 3, 2011 at 8:57 pm
ဟုတ်ပေတာပနော် . . နာမည်ကြီးသတင်းဂျာနယ်တိုက်ကြီးတွေက တိုင်ကြားစာတွေကို
လည်း ဖေါ်ပြပေးနေတာကလား ၊ နေရာတော့မှားနေတယ်တော့ထင်တာပါပဲ ၊
တွေ့ကရာသတင်းတွေ တင်ပေးရလောက်အောင် အဲသလောက် အဖြစ်ဆိုးခြင်း…
တစ်ကိုးကင်း ဖြစ်နေကြပြီလားကွယ်ရို့ ။
Gipsy
November 3, 2011 at 9:59 pm
စဉ်းစားနေတာတစ်ခုတော့ရှိတယ်ဗျ..။ တင်ပြစရာတွေ ၊ မကျေနပ်ချက်တွေရှိရင်
7Day News ဂျာနယ်တိုက်က ဖေါ်ပြပေးမယ်ဆိုရင်တော့ ကောင်းသားပဲနော ..။
Thantwethar
November 7, 2011 at 10:50 pm
သံတွဲသားများနဲ့ရွာသားအပေါင်းတို့ရေ……..မပြောတော့ဘူးလို့နေတာအမှားတွေတွေ့တော့အမှန် တရားကိုပြောပြရအုံးမှာပေါ့….7DAY NEWS ကရေးတာ သူတို့က တိုင်စာကို မိတ်ထူရရှိလို့ သတင်းအနေနဲ့ တင်ပေးထားတာပဲရှိတယ်။ဟုတ်တယ်လို့ရေးထားတာမှ မဟုတ်တာ ဂျာနယ်ဖတ်ရင်လည်း သူများကိုပြောဖို့ဆိုရင် သေချာအောင်ဖတ်ပြီးမှ ဝေဖန်ဖို့တော့လိုတယ်ဗျ။ ပထမတစ်ခု မင်းတို့တင်ထားတဲ့ ပိုစ့်မှာ သံတွဲခရိုင်ရှိ ဝက်ထီးတောင် ကျေးရွာအုပ်စုမှ လှေကြီးချိုင်ကျေးရွာအုပ်ချုပ်ရေးမှုးအကြောင်း ပါတယ်နော်။ အဲဒီအုပ်ချုပ်ရေးမှူးကို ဘာတစ်ခုမှ အပြစ်မရှိဘဲနဲ့ ဂျာနယ်မှာပါရုံနဲ့တော့ ဘယ်သူကမှ လက်တမ်းမဖြုတ်ရဲပါဘူး။ သူ့ရဲ့ပြစ်ချက်တွေကို သက်ဆိုင်ရာက စစ်ဆေးပြီူးသားဖြစ်နေပြီး အပြစ်ရှိတာပေါ်လွင်လို့ ပြုတ်သွားတာပေါ့ဗျာ။နောက်တစ်ချက်က “နေရာမှား၍ ဖမ်းမိသည် သတင်းပေးသူမှာ အကြံအစည် နှင့် မွတ်စ်ဘာသာဝင်များ သွားလာခွင့်ပိတ်ပင်၍ အကျဉ်းကျစေရန် တမင်
ရည်ရွယ်ပြီး ပေးခဲ့သော သတင်းသာဖြစ်ကြောင်း လည်း သိရှိပြီးဖြစ်ပါသည် ” ဆိုတာ ဟာ ခင်ဗျားတို့တွေ လုပ်နေကြအတိုင်းပဲ ဦးကျော်ကျော်နဲ့ မွတ်ဆလင်ဘာသာဝင်တွေကို အထင်မှားအောင် ရေးသားထားတယ်ဆိုတာကို စာဖတ်သူအားလုံးသိရှိကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ 7DAY NEWS ဂျာနယ်မှာ အင်တာဗျူးထားတာက လဝက ခရိုင်မှုးနဲ့ပါ။ ဦးကျော်ကျော်နဲ့ အင်တာဗျူးတာမှ မဟုတ်တာ။ အဲဒါကိုကြည့်ချင်းအားဖြင့် တဖက်လှည့်နဲ့ ဦးကျော်ကျော်နဲ့ မွတ်ဆလင်ဘာသာဝင်တွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရန်တိုက်ပေးတယ်ဆိုတာ ပေါ်လွင်နေတာပဲ။ နောက်ပြီး ဦးကျော်ကျော်နဲ့ 7DAY NEWS အင်တာဗျူးတဲ့ အကြောင်းအရာက လမ်းတံတားအကြောင်းတွေကိုပဲ ပြောသွားတာကို ဖတ်ရပါတယ်။ မွတ်ဆလင်အကြောင်းတစ်လုံးမှ မပါပါဘူး။ နောက်ပြီး သတင်းထောက်တွေကို ဦးကျော်ကျော်က စရိတ်စကခံပြီး သံတွဲကိုခေါ်တယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူးဗျာ။ဘာဖြစ်လို့ သိရသလဲဆိုရင် လွတ်တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်နဲ့ ကျွန်တော်တွေ့တဲ့အခါ ငါ့ဆီကို 7DAY NEWS က သတင်းထောက်တွေ လာပြီးလမ်းတံတားအကြောင်းတွေမေးတယ်။ငါလည်း သေချာမသိတော့ လမ်းတံတားအကြောင်းတွေကို သိတဲ့ မထသက လည်းဖြစ် ကားဂိတ်ပိုင်ရှင်လည်းဖြစ်တဲ့ ဦးကျော်ကျော်ဆီကို ငါကပဲလွတ်ပေးလိုက်တာလို့ ဦးမြင့်လှိုင်က ပြောပြပါတယ်။ဒီလိုမဟုတ်ဘဲနဲ့ သတင်းထောက်တစ်ယောက်ကို စော်ကားပြီးရေးခြင်းအားဖြင့် သူ့ဂျာနယ်တိုက်နဲ့ ဆက်ဆံရေးဟာ သူ့အပေါ်ကို တမျိုးမြင်သွားရင် သူ့အတွက်မကောင်းပါဘူးဗျာ။ ခင်ဗျားတို့မှာ စိတ်ကောင်းရှိရင် မှန်တာကိုပဲ ရေးဖို့ တိုက်တွန်းပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အဲဒီကျေးရွာအုပ်ချုပ်ရေးမှူးဟာ ကြံ့ခိုင်ရေးပါတီအနိုင်ရရှိအောင် ဆောင်ရွက်ပေးတဲ့ အုပ်ချုပ်ရေးမူး တစ်ယောက်ဖြစ်နေတဲ့အခါကျတော့ ဆတ်ဆတ်ထိမခံ အနာပေါ်တုတ်ကျဖြစ်နေတာပေါ့ဗျာ။
ယခု ပိုစ့်တင်သူကလည်း ယခင်က Gipsy နာမည်နဲ့ တင်ခဲ့တဲ့ အင်တာနက်မင်းသားချောကြီး ကြံ့ခိုင်ရေးပါတီက ခင်မောင်မြင့်ပဲပေါ့ဗျာ။ ဒါကိုကြည့်ခြင်းအားဖြင့် ရွာသားများနဲ့ သံတွဲသားများ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ နောက်တစ်ချက်ကတော့ Gipsy နာမည်နဲ့ တင်ခဲ့တဲ့ ပိုစ့်တိုင်းဟာ ကောင်းကျိုးတစ်ခုမှမရှိဘဲ သူနဲ့မတည့်တဲ့သူ သူမလိုလားသူများကို အတင်းအဖျင်းရေးပြီး ပုတ်ခတ်စော်ကားသော ပိုစ့်များကိုသာတင်ခဲ့သူဖြစ်ပါတယ်။နောက်မကြာခင်မှာလည်း ဦးခင်မောင်မြင့်နှင့် အပေါင်းအပါများက ဦးကျော်ကျော်ရဲ့ အသက်အနရာယ် ထိခိုက်စေမဲ့ လုပ်ရပ်များကို ဆောင်ရွက်နေတယ်ဆိုတာကို ပိုစ့်တစ်ခုအနေနဲ့ ကွင်းဆက်များကို ဖော်ထုတ်ရေးသားသွားမည် ဆိုတဲ့အကြောင်း ရေးသားလိုက်ရပါတယ်။blackchaw
November 3, 2011 at 10:09 pm
ဒါလည်း သံတွဲ မှ အသံတစ်ခုပါပဲ။
ညီလေးတို့ရေ။ ကိုယ်မှန်တယ် ဆိုရင်၊
7 Days ဂျာနယ်တိုက်ကို တိုက်ရိုက်ဆက်သွယ်ပြီး (ဖုန်းနဲ့ပဲဖြစ်ဖြစ်)
ပြောရင်ရပါတယ်။ စည်းမဲ့ကမ်းမဲ့ မမှန်သတင်းတွေကိုတော့ သိလျက်နဲ့
တမင်တကာ ဖေါ်ပြမယ့် ဂျာနယ်မျိုးမဟုတ်ပါဘူး။
ဂျာနယ်ကို တိုက်ရိုက်ဖုန်းဆက်ပြီး ပြောပြပါ။
ဒီမှာလာအော်နေတာထက် ပစ်မှတ်ကို တိုက်ရိုက်ပစ်လို့ရနေတာပဲ။
ကိုယ်တော့ သံတွဲ ကို နားမလည်တော့ဘူး။
Gipsy
November 3, 2011 at 10:22 pm
ဟုတ်ဖူး အကိုရ … ဖုန်းဆက်ကြည့်ပြီးပါပြီ…နောက်ထပ်ဖုံးမကိုင်တော့လို့ပါ..၊။
တိုက်ရိုက်တော့ပစ်ကြည့်ပါတယ်..။ မထိလို့အော်ရခြင်းပါ…။
susunosuki
November 4, 2011 at 4:07 pm
မတရားဘူးထင်ရင်တော့ သူသူကိုယ်ကိုယ်ပြောကြတာပါပဲ။ အစစ်ဆေးမရှိပဲ အရေးယူတယ်ဆိုတာကတော့ လက်ခံစရာမရှိဘူးဆိုတာ အားလုံးသိနေတာပါ။
mozillamedia
November 3, 2011 at 10:17 pm
7 day သီတင်းဂျာနယ် ဖွချက်တွေက နည်းနည်းလွန်တယ်ဆိုတာ သတိထားမိတယ်….
ထက်ထက်မိုးဦး အင်တာဗျူ းမှာဖွပြီး နာမည်ထွက်ပြီးရော လုပ်နေသလိုပါပဲ…
အဲသည် အင်တာဗျူး လုပ်တဲလူ ရဲ့ ရည်ရွယ်ချက် ကိုကြည့်ပြီးကတည်းက ဂျာနယ်တိုက်ကမြှောက်ပေးတာလို့ ထင်တာပဲ…
blackchaw
November 3, 2011 at 10:49 pm
ညီလေးရေ။ အစ်ကိုလည်း အကြံမပေးတတ်တော့ပါဘူး။
ဂွတ် သလိုသာ ဒူးကြပါတော့ကွာ။
Foreign Resident
November 4, 2011 at 6:01 am
မူရင်း သတင်းကို ဘာလို့ တွဲမတင်တာလည်း ။
7 day သတင်းဂျာနယ် က မမှားဘူး
ဆိုတာကို လူသိသွားမှာစိုးလို့လား ။
အိမ်ခြေ ၄၀ဝ ခန့် ရှိသောရွာ တင်မကဘူး ။
အိမ်ခြေ လေးသိန်း ခန့် ရှိသောမြို့တွင်ပါ ။
လူဆယ်ဦးခန့် တောင်မလိုဘူး ။
လူတစ်ဦး ကတောင် မတရားဘူးထင်ရင် တိုင်ခွင့်ရှိတယ် ။
မှားတဲ့သူခံ ဒါပဲ ။
ရှူံးနိမ့်မှုများနဲ့.. လူ
November 4, 2011 at 6:29 am
လာပြန်ပလားသံတွဲ၊ ကိုယ့်တိုင်းရင်းသား ရခိုင်လူမျိုးစစ်စစ်တွေကတော့ ဒီလောက် လေသံကျယ်မယ်မထင်ဘူး.. ခုတစ်လောလဲ ရိုဟင်ဂျာတွေရဲ့ အာရကန်ဆိုတဲ့အသံလဲ တော်တော်ကျယ်လောင်နေတယ်၊ ဟိုတစ်လောကလဲ တိုင်းရင်းသားလို့ သူ့ဖာသာသတ်မှတ်ပြီး ဝင်ရေးတဲ့သူကလဲရှိသေး။ သံတွဲနော်၊ သံတွဲ၊ ကမ္ဘာကျော်တဲ့ ကမ်းခြေ ငပလီရှိနေလို့ သံတွဲလို့ ကြားလိုက်တာနဲ့ နည်းနည်းလေး ချစ်စိတ်ဝင်ပြီး ဖတ်ဖတ်ကြည့်နေတာ.. ဘယ်လိုသတင်းတွေတက်လာလဲကြည့်လိုက်ရင် ဒါတွေပဲ တွေ့တွေ့နေရတယ်။ ဦးဖောကြီးပြောသလိုပဲ မြန်မာနိုင်ငံသား၊ တိုင်းရင်းသားစစ်စစ်တိုင်း ကိုယ့်ပြည်တွင်းအရေး၊ ကိုယ့်ဒေသအရေး လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ရှိတယ်၊ တိုင်ကြားခွင့်ရှိတယ်၊ မဟုတ်မမှန်လီဆယ်ရင်လဲ တိုင်တဲ့သူပဲ အမှုပြန်ပါတ်မှာ။ ခုတော့ ဟုတ်လို့၊ မှန်လို့ ဖြစ်တယ်ပဲမှတ်။ မကျေနပ်ရင် ကိုယ့်ဖာသာ တက်တိုင်။ ဒါပဲ။
ဒီဆိုက်က နိုင်ငံတော်သမ္မတ ရုံးထိုင်တဲ့နေရာမဟုတ်ဘူး၊ ခုံရုံးလဲ မဟုတ်ဘူး။ ပြောလဲပြောတာပဲ၊ တက်လာလိုက်လဲ ထူးမခြားနား ဇာတ်လမ်းတွေပဲ။ ပြောရင်လဲ မုန်းဦးမယ်။ မပြောတော့ပါဘူးလေ။
Gipsy
November 4, 2011 at 10:21 pm
မုန်းပါဘူး ကိုရင်ရာ .. ပြောစရာရှိတာ ပြောသာပြောပါ..
သင်ကြားနာယူပါ့မယ်..
ဆူး
November 4, 2011 at 9:55 am
သဂျီးပြောသလို မီဒီယာကို မီဒီယာနဲ့ တိုက် ဆိုသလို အော်လို့ ရတဲ့ နေရာမှန်သမျှ လိုက်သာအော်.. ကျယ်ကျယ်အော် များများအော်.. အခုတောင် ရိုဟင်ဂျာ ကိစ္စ လူတော်တော် နားလည်လာကြပြီ ထင်တယ်။
htoosan
November 4, 2011 at 10:16 am
ဆရာ လူထု(ဦး)စိန်ဝင်း ရဲ့ဂျာနယ်သတင်းထောက်များအား သတိပေး ဆုံးမစာ ” ပေးသတင်း နဲ့ လိုက်သတင်း ” ဆိုတာလေးကို တော်တော်ကြာကြာ က ဂျာနယ်တစ်ခု မှာ ဖတ်ခဲ့ဘူးပါတယ်။
ဆိုတော့ .. ဆရာဝန်တွေတင်မက ဂျာနယ်သမားတွေပါ ပင်တိုင် ရှေ့နေတွေ ထားရတဲ့ ခောတ်ရောက်တော့မှာပါ။
GreeNSheeP
November 4, 2011 at 12:28 pm
ဝက်သားအတွက်တော့ ဘယ်တော့မှ ကျွတ် နောက်မဆုတ်ဘူး။
winkyawaung
November 4, 2011 at 1:18 pm
ဂျာနယ်တွေမှာ အယ်ဒီတာထံပေးစာကဏ္ဍ ကို အလေးထားပြီး ဆောင်ရွက်စေချင်ပါတယ်။
nigimi77
November 4, 2011 at 9:34 pm
ဒီမယ် မောင်ရင်။
နဲနဲလောက် ဝင် အာကြည့်ရအောင်။
ကျုပ်က မောင်ရင်တို ့ ကျပ်တွန်းပြည်နယ်က ရေးတဲ့ စာတွေဆို လုံးဝကို မဖတ်ဘူး။
စာမြည်းလိုက်လို ့ ပြည်နယ် ကျပ်တွန်း လေသံတွေ တွေ ့တာနဲ ့ကို ဆက် မဖတ်တော့တာ။
ပြောရရင် ကျုပ်က စစ်တွေသွေး တမတ်ဖိုးပါတယ်။
ငယ်ငယ်ကပေါ့။ ကျုပ်တို ့အဖေ ဦးလေး တွေပြောခဲ့တာတွေကို အမှတ်ရတယ်။
၁။ ကုလား ငို ငို တယ်။
၂။ ကုလား ချွဲ ချွဲ တယ်။
၃။ ကုလား တွန်း တွန်း တယ်။
ဆိုတဲ့ ကုလား တွေရဲ ့ အမူ အကျင့်နဲ ့ပါတ်သပ်လို ့ပေါ့။
ရခိုင်ပြည်နယ်ဖက်က ဆိုတော့ India ကုလား မဟုတ်ပဲ ဘကုန်းကုလားတွေ ပါကေး ကုလား
တွေကို ပြောတာနေမယ် ။ မောင်ရင်တို ့ ဆီမှာ အဲဒီက အကောင်တွေ တော်တော်ပေါ ဆိုတော့
တံငါနားနီး တံငါပဲ ဖြစ်နေသလားပဲ။
ကျုပ် တိုင်းတပါးမှာ ကျွန်သွားခံစဉ်က ကျုပ် အုပ်ချုပ်မှု အောက်မှာ ကျပ်တွန်းပြည်နယ်သား
တစ်ယောက်ရှိတယ်။ လူကောင်က ထွားမှထွား။ အဲ….အလုပ်ကလဲ ခိုမှခို (ရေသာ)။
ကွန်ပလိမ်း ၊ ကလိမ်း၊ ဘလိမ်း ကလဲ အလွန်ထူ ။ လုပ်ပိုင်ခွင့် ရပိုင်ခွင့်ဆို အကုန်လိုချင်တယ်။
စောစောက ပြောသလိုပဲ အလုပ်ကိုတော့ ဘယ်လို ခိုရမလဲ ဆိုတာကိုပဲ စဉ်းစားတယ် ။
သူတင်မဟုတ်ဘူး တခြားနေရာမှာ ရှိတဲ့ ကျပ်တွန်း ပြည်နယ်သားတွေလဲ အဲလိုပဲ တိုင်းတပါးရောက်
မြန်မာနိုင်ငံသား အသိုင်းအဝိုင်းမှာ လက်ရှောင်ကြတယ်။ အလုပ် မသွင်းပေးချင်ဘူး။
ဆိုတော့ အတိုင်းအတာ တခုနဲ ့ယှဉ်ကြည့်မယ် ဆိုရင် တိုင်းတပါးမှာ တခြားနိုင်ငံသားတွေထက် စာရင်
လူပြောမသန် ဆိုတဲ့ စကား အတိုင်း လုပ်တာနည်းနည်း လိုချင်တာများများ ကွန်းပလိမ်း အများဆုံး
ဟာ မြန်မာနိုင်ငံသားတွေလို ့ အဲဒီ နိုင်ငံသားတွေက မှတ်ချက်ချကြတယ်။ နိုင်ငံ အလိုက် ကွာခြားချက်
ရှိနိုင်ပေမဲ့ ကျုပ်နေခဲ့တဲ့ နိုင်ငံမှာတော့ အဲလိုပဲ။
စကားပုံ ရှိတယ် မဟုတ်လား။ မြွေနဲ ့ရခိုင်ကို မြင်ရင် ရခိုင်ကို အရင်သတ် ဆိုတာဟာ လူမျိုးရေးရာ
ပုတ်ခတ်ရာမှာ သုံးကျတယ်။ တကယ်တမ်းပြောရရင် ချီးထုတ် ဆိုတာဟာ ဘယ်တိုင်းရင်းသား
ဖြစ်တယ်လို ့ သတ်မှတ်လို ့မရပေမဲ့ လူသိများ အသံဆူတာက ရခိုင် ချီးထုတ်တွေက နာမည် ပိုထွက်
တယ်။ ဒီတော့ …. လူပြောလည်း သန်ကြပါ ။ လူသန်တွေလည်း ပြောကြပါ ။
ကုလားငို ကုလားတွန်း ကနေ ရခိုင်ငို ရခိုင်တွန်း ဖြစ်ရလောက်အောင်တော့ ချီးထုတ် မကျနဲ ့ပေါ့။
ကျုပ်ရဲ ့သွေးထဲမှာ တမတ်ဖိုးပါတယ် ဆိုတာကို ဂုဏ်ယူပါရစေ။
windtalker
November 4, 2011 at 9:59 pm
ဒါမှ တပ်မ 77 ကွ
ပြောင်မြောက်ပါပေ့
Gipsy
November 4, 2011 at 10:23 pm
ကိုရင်တပ်မရေ ကျုပ်က ကျပ်လဲမတွန်းဘူး ပြားလဲမတွန်းဘူးဗျို့…၊
ဝင်မဖတ်ဖူး ပြောပေမဲ့ ဝင်ဖတ်ပြီး စိတ်ပါသလိုဆော်ထည့်တာကို
ခံယူပါတယ် ..၊ ကျေးဇူးတင်ပါ၏…။
Gipsy
November 4, 2011 at 10:30 pm
ကျပ်လဲမတွန်းဘူး..ပြားလဲမဆွဲရပါဘူး ကိုရင်တပ်မရာ…၊
ဒီဘက်နယ်က စာတွေဝင်မဖတ်ဘူးဆိုပြီး ဝင်ဖတ် ဝင်ရေးတာလေးကိုပဲ
ကျေးဇူးတင်နေရမှာပါ …။
အမြင်မတူရင် ဆော်သာဆော်ပါကိုရင်တပ်မ…။
nigimi77
November 4, 2011 at 10:40 pm
နည်းနည်းတော့ လွဲနေပြီ မောင်ရင် ။
ဒါ ဆော်တာမဟုတ်ပါဘူး ။ အိမ် အပြင်ကို ထွက်ပြီး အိမ်အထဲကို လှမ်းကြည့်လိုက်တော့
မြင်ရတဲ့ မြင်ကွင်းလေးကို ရေးလိုက်တာပါ။ ဆော်ရရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်း
သလိုမျိုး ကျုပ်ကိုယ်တိုင် ရခိုင်သွေးပါတဲ့ အပြင် မြန်မာနိုင်ငံသား အချင်းချင်း ကိုက်တဲ့ ကိစ္စမျိုး
မလိုလားပါဘူး။ ဒီလောက်ပါပဲ ။
Koyin Sithu
November 7, 2011 at 10:03 pm
တပ်မ ၇ရ ရေ
ရေးချက်တွေကတော့ လေးစားပါတယ်… တကယ်ပါ..ဗျာ..
ရခိုင်နဲ့ မြွေဘယ်သူသတ်ရမလဲ.. အရင်က ဘာစကားပုံလဲ
ကျနော် မေးခွန်းထုတ်ဘူးတယ်…
ကုလားနဲ့ နီးပြီး ကုလားကျင့် ကူးသွားတဲ့ ကုလားစပ်သွားတဲ့
ရခိုင်အမည်ခံ ယုတ်မာကောက်ကျစ်သော ကုလားစပ်တွေကို
#$#%#$@@$$ ဒီလိုပဲ ပြောချင်တယ်ဗျာ…
ဘာလို့ ဆဲလဲ ကိုယ်တိုင် အဲ့ကောင်တွေ သောက်ကျင့်ယုတ်တာခံရဖူးတယ်..
ရှေ့ကျတော့ ဖင်ခံချင်သလိုလို ရုပ်နဲ့ နောက်ကျတော့
အကြံပက်စက်တဲ့ ရခိုင် ကုလားစပ်တွေကို ကိုရင်က ဒီနေရာကနေ..
@##$@#%!@##!@ ပေါ်ပေါ်ထင်ထင် ဆဲလိုက်ပါတယ်…
rapperlay
November 4, 2011 at 10:12 pm
ဆရာကြီးလက်ချက် ရေးသူအသက်ထွက်ရတော့မှာပါလား ၊ သို့သော်
ပို့စ်ရေးသူရော မန်းသူတွေရော အားလုံး ဖတ်လို့ကောင်းပါသည် ။
mgkyi
November 6, 2011 at 5:11 pm
ဟုတ်ဗျ. . 7 day news သတင်းဂျာနယ်တိုက်ရေ
သတင်းနဲ့ အတင်း ခွဲခွဲခြားခြားလေး လုပ်သင့်ပါပြီ ။
The Angry Man
November 6, 2011 at 9:57 pm
အမှန်တရားအတွက် နောက်မဆုတ်ပါနဲ ့ဆိုတော့. ဗျာ ကိုဂျစ်ပစီရဲ ့အာဘော်ကမိုက်လှချီလား။ဆက်ရေးပါအုံး။
Gipsy
November 7, 2011 at 4:29 pm
အများအတွက်ဆိုပေမဲ့ စနစ်တစ်ကျ လိုက်ဖျက်နေတဲ့ အဖျက်တွေ
ရှိနေပေမဲ့ နောက်ဆုံးမတော့ အတိုင်းအတာတစ်ခုအထိ အေးချမ်း
တော့မဲ့ အရိပ်အယောင်တွေမြင်နေရပါပြီ …၊
ရွှေဘ အမြဲ မခံရပါဘူးဗျာ…၊ တစ်ခါတစ်လေတော့ နိုင်ဖူးမှာပါ …၊
The Angry Man ရေ Thz u ….။
phoekhwarchay
November 6, 2011 at 10:09 pm
ဆဲဗင်းဒေး ဂျာနယ်မှ ဥက္ကကိုကို မှာသံတွဲသားတစ်ယောက် ဖြစ်ရဲ ့သားနဲ့ တိကျရေရာမှုမရှိသော၊အများလက်ခံနိုင်မှုအားနည်းသော
ယခုကဲ့သို ့သတင်းမျိုးကိုမသိချင်ယောင်ဆောင်နေသည်မှာ မူရင်းသတင်းရေးသားရန် သတင်းပေးသူ ကိုကျော်ကျော်၏ အရက်ဖိုးလောက်ငှ၍
လောမေးစရာရှိနေသည်။မောင်ရင့်အနေဖြင့် သတိထား၍ ပြင်ပေးစေလိုသည်။
maetu
November 6, 2011 at 10:16 pm
ရှုပ်ထွေး၊ပွေလီ ဒွါရာဝတီ. အေးချမ်းမယ့်သယောင်နဲ ့မအေးချမ်းသေးပါလား။
ဒါပေမယ့်. မဝေးတဲ့အနာဂတ်မှာ ပိုဆိုးရင်ဆိုး၊မဆိုးရင်ပျက်မယ်ထင်တယ်။တခုမှကို မကောင်းတာပါလားဗျာ။
seahorse
November 6, 2011 at 10:22 pm
ရိုး………ဒီလူတွေမီဒီယာရဲ ့သဘောတရားကိုဘာတစ်ခုမှနားမလည်ရမ်းသန်းဖြီးဖြန်းနေပီ။ဘယ်သူဘယ်ဝါ သိတယ်၊တရားစွဲဖို ့လုပ်တယ်ဆို၊ကြောက်စရာကြီး ကိုကြံ့ရေ။အကို
လွန်စွာဆိုးရွားလှသော အမှားကြီးတစ်ရပ်ပင်ဖြစ်ကြောင်း သံတွဲမြို့ရှိနေထိုင်သူ များသိရှိခဲ့ရပါသည်။
၎င်းသတင်းထွက်ပေါ်လာချိန်တွင် သွားလာခွင့်ဗီဇာ ကင်းလွတ်စေရန် အထူးကြိုးပမ်းနေသောအချိန်နှင့်တိုက်ဆိုင်နေခဲ့ပါ၍
ဂျာနယ်တိုက်သို့ တရားစွဲ ရန် အခွင့်မသာခဲ့ပါ။
နေရာမှား၍ ဖမ်းမိသည် သတင်းပေးသူမှာ အကြံအစည် နှင့် မွတ်စ်ဘာသာဝင်များ သွားလာခွင့်ပိတ်ပင်၍ အကျဉ်းကျစေရန် တမင်
ရည်ရွယ်ပြီး ပေးခဲ့သော သတင်းသာဖြစ်ကြောင်း လည်း သိရှိပြီးဖြစ်ပါသည်။ သတင်းပေးခဲ့သူကို တော့ မဖေါ်ပြတော့ပါ ၊
seahorse
November 6, 2011 at 10:22 pm
ရိုး………ဒီလူတွေမီဒီယာရဲ ့သဘောတရားကိုဘာတစ်ခုမှနားမလည်ရမ်းသန်းဖြီးဖြန်းနေပီ။ဘယ်သူဘယ်ဝါ သိတယ်၊တရားစွဲဖို ့လုပ်တယ်ဆို၊ကြောက်စရာကြီး ကိုကြံ့ရေ။အကို စာကိုပြန်ဖတ်ရအောင်လို ့ကြည့်ပါအုံး……
လွန်စွာဆိုးရွားလှသော အမှားကြီးတစ်ရပ်ပင်ဖြစ်ကြောင်း သံတွဲမြို့ရှိနေထိုင်သူ များသိရှိခဲ့ရပါသည်။
၎င်းသတင်းထွက်ပေါ်လာချိန်တွင် သွားလာခွင့်ဗီဇာ ကင်းလွတ်စေရန် အထူးကြိုးပမ်းနေသောအချိန်နှင့်တိုက်ဆိုင်နေခဲ့ပါ၍
ဂျာနယ်တိုက်သို့ တရားစွဲ ရန် အခွင့်မသာခဲ့ပါ။
နေရာမှား၍ ဖမ်းမိသည် သတင်းပေးသူမှာ အကြံအစည် နှင့် မွတ်စ်ဘာသာဝင်များ သွားလာခွင့်ပိတ်ပင်၍ အကျဉ်းကျစေရန် တမင်
ရည်ရွယ်ပြီး ပေးခဲ့သော သတင်းသာဖြစ်ကြောင်း လည်း သိရှိပြီးဖြစ်ပါသည်။ သတင်းပေးခဲ့သူကို တော့ မဖေါ်ပြတော့ပါ ၊
mmaung
November 7, 2011 at 6:34 pm
ကျုပ်လည်းတိုင်းတစ်ပါးမှာအလုပ်လုပ်နေတာပါ။ကျွန်တော့ခံနေတာမဟုတ်ဘူး။ကိုယ့်ပညာနဲ့လုပ်စားတာပါ။
တိုင်းတစ်ပါးသားတွေလည်းကျုပ်လက်အောက်မှာလုပ်ခဲ့ကြတာပဲ။လုပ်တာနည်းနည်း၊လိုချင်တာများများ၊
ကွန်ပလိန်းအများဆုံးဟာမြန်မာနိုင်ငံသားတွေလို့တော့တစ်ခါမှအပြောမခံဖူးပါဘူး။ကျုပ်နဲ့တွဲလုပ်တဲ့ရခိုင်
အင်ဂျင်နီယာလေးနှစ်ယောက်ဆိုရင်လည်းရိုးသားပြီးအနစ်နာခံတယ်။အလုပ်ကလည်းသူများတွေထက်သိသိ
သာသာတောင်ပိုလုပ်သေးတယ်။ဘယ်နိုင်ငံများသွားလုပ်မိလို့အပြောခံရတာတုန်း? မြန်မာနိုင်ငံသားတွေ
အလုပ်နဲ့ပါတ်သက်လို့ကတော့ကျိုးစားတယ်လို့ပဲကြားဖူးပါတယ်။
three colors
November 7, 2011 at 9:27 pm
အခုpost တင်သူက ရခိုင် လား၊မွတ်စ်ကုလား လားတော့မသိပါ၊
ကုလား မနိုင်ရင်(ဘယ်လို ထိန်းရသလဲဆိုတာ)ရခိုင်မေး လို့တော့ကြားဘူးပါတယ်၊
မွတ်စ်ဘာသာဝင်တွေ သွားလာခွင့်ပိတ်ပင်တယ် ဆိုတာ လုပ်ရမဲ့အလုပ်ပဲ၊
ဥပဒေ လဲ ရှိတယ်၊သူတို့ကတိုင်းရင်းသား မှ မဟုတ်တာ။
မူရင်းသတင်းပါ တွဲတင်နိုင်ရင် ရှင်းသွားမယ်။
အခု တော့ မဟုတ်သေးပါဘူး။
thar ag
July 3, 2012 at 5:21 pm
အနာ ဟောင်းတွေကို ဆွလိုက် ဒုတ်နဲ့ ထိုး လိုက် ပြန်ဆွလိုက်နဲ့ တော့ အနာက ဘယ်ခါ ကျက် တော့မှာလဲ တော် ကြတော့ တော် ကြတော့ ကလေးကြီးတွေလဲ ရန်မဖြစ် ကြနဲ့ တော့ အတက် တွေလဲ ကြီးလာပြီလေ အရင်တုံးက အတူတူ ပေါင်းနေကြ တဲ့ လူတွေ လို့ဘဲထင်တာဘဲ