ဒီလိုလေး ငြင်းခဲ့တယ် သေချာဖတ်ကြည့် ဗဟုသုတရလိမ့်မယ်

ဦးဇင်း ကျမ်းတင်ဖို့ ခေါင်းစဉ်ကို တက္ကသိုလ်က Professor ပါမောက္ခချုပ်နဲ့ သုံးရက်တိုင်တိုင် သွားဆွေးနွေးရတယ်။ ဦးဇင်းက ကိုယ်ရေးချင်တဲ့အကြောင်းလေးကို ဒီလိုလေး ပြောပြလိုက်ပါတယ်။

Dear Sir,
I want to research for Master of Philosophy degree these two topics. Can you choose them one of for me please? These are my research titles.
1.    A study of Buddhist social characteristics of five precepts
2.    The analyses of the universal characteristics of preserving five precepts

I think that someone become part of one’s life. There are five important aspects of life. This era some children very bad and they don’t know about religion exactly. If they know about religion will be abstain from killing, stealing, sexual misconduct, lying and drink that cause heedlessness. And then, what they observe characteristics to be gentleman the present life. If they observance of the fifth precepts not only contributes to happiness in the life and peace in society, it also prepares a person for the practice of Mental Development.

I think that according to the teachings of the Buddha, in order to understand the five precepts exactly one must clearly observe and abandon the latent tendencies. Later, he will free from all suffering. So, I want this era children to give knowledge and to know the five precepts are very important for the universal people and go to free from suffering.

That why, you want me to confirm about this research title for my master of philosophy degree.

လူသားအားလုံးနဲ့ဆိုင်သော ငါးပါးသီလကိုယ်ကျင့်တရားများကို ခွဲခြမ်းစိတ်ဖြာတင်ပြခြင်းဆိုတဲ့ ခေါင်းစဉ်ကို ရေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သီလနဲ့ပတ်သတ်ပြီး လူငယ်တွေ သိပ်နားမလည်ကြလို့ပါ။ တကယ်လို့ သီလအကြောင်းကို လူငယ်တွေနားလည်မယ်ဆိုရင် သူတို့ဟာ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းကြလိမ့်မယ်။ အဲဒီလို စောင့်ထိန်းမယ်ဆိုရင် သူတို့ရဲ့ မျက်မှောက်ဘဝမှာလည်း လူတော်လူကောင်းလေးတွေဖြစ်မယ်။ နောက်ဘဝတွေမှာလည်း ချမ်းသာသုခနဲ့ပြည့်စုံပြီး နောက်ဆုံး မဂ်ဖိုလ်နိဗ္ဗာန်ကိုပါ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သီလအကြောင်းကို ဦးဇင်းအနေနဲ့ ပညာပေးချင်တဲ့အတွက် ရေးချင်တာပါလို့ ပြောခဲ့ပါတယ်။

အဲဒီအခါမှာ ပါမောက္ခက what is Sila? သီလဆိုတာ ဘာလဲတဲ့ မေးပါတယ်။ ဒါနဲ့ ဦးဇင်းကလည်း သီလဆိုတာ ပါဠိတော်မှာတော့ အမြဲလေ့ကျင့်လိုက်နာစောင့်ထိန်းတာကို သီလလို့ ခေါ်ပါတယ်။ Habitaul action is Sila in the Pali literature. If we do something again and again in everyday, it is called habit and Sila.

အဲဒီလိုလည်း ဦးဇင်းက ပြောလိုက်ရော သူက ဆက်ပြောပါတယ်။ If we are doing something from time to time, it is not habit or Sila. If we take precepts at full moon day only, it is not habit and Sila. It may be once a week, once a month and once a year, it can not be called as habitual action or Sila. If someone takes the precepts in day to day life, it is called as habitual action and Sila.

ကောင်းလိုက်တဲ့ အပြောတွေပါပဲ။ တစ်ရက်တလေမှ စောင့်ထိန်းတဲ့သီလ၊ တစ်ပါတ်မှ တစ်ခါသာ စောင့်ထိန်းတဲ့သီလ၊ တစ်လမှ တစ်ခါသာ စောင့်ထိန်းတဲ့ သီလမျိုးကို သီလလို့ မခေါ်နိုင်ပါဘူးတဲ့။ နေ့စဉ်နေ့တိုင်း အမြဲမပြတ် စောင့်ထိန်းလိုက်နာကျင့်သုံးမှသာ အဲဒါကို သီလလို့ခေါ်သလို အဲဒီလူကိုလည်း သီလရှိသူလို့ ခေါ်ပါသတဲ့။

အဲဒီတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ ထင်နေတာက တစ်ပါတ်တစ်ခါလောက် သီလလုံခြုံတဲ့လူကို သီလရှိသူလို့ ထင်နေပါတယ်။ ဒါဟာ မှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ်မပြတ် ငါးပါးသီလလုံခြုံတဲ့သူမှသာ အဲဒီလူကို သီလရှိသူလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ဟာ တစ်ပါတ်တစ်ခါသာ စောင့်ဖြစ်တဲ့ဥပုသ်သီလလေးရှိတာကို အားရမနေဘဲ တကယ်သီလရှိသူဖြစ်ဖို့အတွက် ငါးပါးသီလကို နေ့စဉ်လုံခြုံအောင် စောင့်ထိန်းနိုင်ဖို့ လိုပါတယ်။

ဒါပြင် ပါမောက္ခက သီလနဲ့ပတ်သတ်သမျှကို မင့်သိသလောက်ပြောစမ်းပါဆိုတော့ ဦးဇင်းကလည်း ကိုယ်ဖတ်ထားတဲ့ဟာတွေကို ပြောပြလိုက်တာပေါ့။ ဘယ်လိုပြောပြလိုက်သလဲဆိုတော့

I think that someone become part of one’s life. There are five important aspects of life. There are,
1.    Security of life
2.    Security of property
3.    Security of family life
4.    Security of good name, fame
5.    Security of health.
And then, the five aspects of life are related to the five precepts like that. There are
1.    By observing the first precepts, we can get the security of life.
2.    By observing the second precepts, we can get the security of property.
3.    By observing the third precepts, we can get the security of family life.
4.    By observing the fourth precepts, we can get the security of good name.
5.    By observing the fifth precepts, we can get the security of health.

ငါးပါးသီလဟာ လူသားတိုင်း စောင့်ထိန်းရမဲ့သီလလို့ မြတ်ဗုဒ္ဓမိန့်ခဲ့တာဟာ တကယ်မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့ဘဝမှာ လူသားတစ်ယောက်အတွက် အလိုအပ်ဆုံးအရာဟာ (၅)ချက်ရှိပါတယ်။ အဲဒါတွေကတော့
(၁) ဘဝရဲ့ လုံခြုံမှု၊ အန္တရာယ်ကင်းမှု။
(၂) ဘဝရဲ့ပြည့်စုံချမ်းသာမှု။
(၃) မိသားစုဘဝပြည့်စုံပျော်ရွှင်မှု။
(၄) ဂုဏ်သတင်းကျော်စောမှု။
(၅) ကျန်းမာရေးကောင်းမွန်မှု။

ဒီငါးချက်ဟာ လူ့တစ်ယောက်အတွက် အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်။ တကယ်လို့သာ ဒီငါးချက်ကို ပြည့်စုံချင်တယ်ဆိုရင် အဲဒီငါးချက်ဟာ ငါးပါးသီလနဲ့ ဆက်စပ်နေတဲ့အတွက် ငါးပါးသီလကို လုံခြုံပါက ရရှိမှာ အမှန်ပါ။

ငါးပါးသီလနဲ့ဘယ်လိုဆက်နွယ်နေသလဲဆိုတော့
သူ့တစ်ပါးအသက် မသတ်ရင် ဘဝမှာ အသက်အန္တရာယ်မကြုံရပါ။
သူတစ်ပါးပစ္စည်းကို မခိုးရင် ချမ်းသာပါလိမ့်မယ်။
သူတစ်ပါးသားမယားကို မပြစ်မှားရင် မိသားစုဘဝ ပျော်ရွှင်စွာ နေရပါလိမ့်မယ်။
သူတစ်ပါးကို လိမ်မပြောရင် ဂုဏ်သတင်းကျော်စောမှု၊ ချီးကျုးခံရမှုတွေ ရပါလိမ့်မယ်။
အရက်သေစာ မသောက်စားရင် ကျန်းမာရေး ကောင်းပါလိမ့်မယ်။

ဒါတွေဟာ ငါးပါးသီလစောင့်ထိန်းခြင်းရဲ့ အကျိုးရလဒ် အကျဉ်းချုပ်ပါ။ အကျယ်ကို မိမိတို့ဉာဏ်နဲ့ ချဲ့မြင်စဉ်းစားကြည့်ပါက အများကြီးသက်ဆိုင်တယ်ဆိုတာ သိရပါလိမ့်မယ်။ ဒါကြောင့် ငါးပါးသီလကို မြတ်ဗုဒ္ဓမပွင့်ကတည်းက လူသားတွေဟာ စောင့်ထိန်းခဲ့ကြခြင်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓပွင့်တော်မူတော့လည်း ဒီငါးပါးသီလဟာ လူသားအားလုံးရဲ့ ကိုယ်ကျင့်တရားဖြစ်လို့ မဖြစ်မနေ စောင့်ထိန်းလိုက်နာရမဲ့ အရာတွေပါလို့ မိန့်ခဲ့ပါတယ်။ ဒါကြောင့် မိမိတို့လူသားများအားလုံး ငါးပါးသီလကိုတော့ လုံခြုံအောင်ထိန်းနိုင်ဖို့ အထူးလိုအပ်လှပါတယ်။

ဒါကတော့ ဦးဇင်းနဲ့ ပါမောက္ခချုပ်တို့ရဲ့ အမေးအဖြေလေးတချို့ကို အချိန်ရသလောက် ရေးပေးလိုက်တာပါ။ နောက်မှ ကျန်တာတွေကို ဆက်ရေးပါဦးမယ်။ အဲဒီလို ဦးဇင်းက ကိုယ်ရေးချင်တာကို အပြန်အလှန်ငြင်းခုံဆွေးနွေးခဲ့ပေမဲ့ ပါမောက္ခချုပ်က မင့်လုပ်မဲ့ M.phil ဘွဲ့က မြင့်တယ်။ ဒီလိုခေါင်းစဉ်နဲ့တော့ မရဘူးတဲ့။ ဒီခေါင်းစဉ်က B.A M.A တွေရေးတဲ့ ခေါင်းစဉ်တဲ့။ အဲဒီတော့ ဒီထက်မြင့်တဲ့အရာတွေကို ရေးပါတဲ့။ ဥပမာ-မြန်မာနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံ ဒါယကာ-ဒါယိကာမတို့ရဲ့ ကွဲပြားသောအချက်အလက်များကို နှိုင်းယှဉ်တင်ပြခြင်း၊ ဒါမှမဟုတ် ရဟန်းတော်များရဲ့ မတူကွဲပြားမှုကို နှိုင်းယှဉ်တင်ပြခြင်း၊ ဒါမဟုတ် ကျမ်းတစ်ခုကို ထပ်မံဖွင့်ဆိုတင်ပြပါ၊ ဒါမှမဟုတ် ပါဠိတော်များကို ထပ်ဖွင့်တင်ပြတဲ့ ဋီကာကျမ်းများကို အင်္ဂလိပ်ပြန်ပါတဲ့။

ဆရာပြောတဲ့ခေါင်းစဉ်တွေက ကိုယ်စိတ်မဝင်စားတဲ့အရာတွေ ဖြစ်နေပါတယ်။ ကျမ်းရေးရမှာဆိုတော့ ကိုယ်စိတ်ဝင်စားတဲ့အရာဖြစ်ရမယ်။ ကိုယ်လေ့လာများတဲ့ဟာ ဖြစ်မှသာ ကောင်းကောင်းရေးနိုင်မှာလေ။ နောက်ပြီး ဦးဇင်းက လူတွေအတွက် အဓိက ပိုအသုံးဝင် အံဝင်ခွင်ကျဖြစ်မဲ့ဟာကို ရေးပေးချင်တာလေ။ အဲဒါကြောင့် ဘာကိုရေးရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ဒီတစ်ပါတ်အတွင်း စဉ်းစားပြီး နောက်တစ်ပါတ်မှာ သွားဆွေးနွေးရမှာမို့ ဦးဇင်းစာဖတ်ပရိသတ်များလည်း ခေါင်းစဉ်လေးများ စဉ်းစားပေးနိုင်ရင် စဉ်းစားပေးကြပါဦးလေ။ ဦးဇင်းကတော့ နေ့စဉ်ခေါင်းမူးနေတယ်။

ဦးဇင်းလည်း ဒီနေ့တွေ့ကြုံရရှိလိုက်တဲ့ အသိဉာဏ်ဗဟုသုတများဟာ အလွန်တရာ အသုံးဝင်တန်ဖိုးများတဲ့အပြင် ဗုဒ္ဓဘာသာဝင်တွေ မသိကြတာက များတဲ့အတွက် ချက်ခြင်းရေးလိုက်တာပါ။ ဒီအကြောင်းတွေကို အားလုံးသိရအောင် ဂျာနယ်စာစောင်မှာပါထည့်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ ဒါပေမဲ့ ဂျာနယ်အတွက် သီးသန့်ရေးပေးဖို့ အချိန်မပေးနိုင်သေးတာနဲ့ အွန်လိုင်းပရိသတ်ကို အရင်ပညာပေးလိုက်တာပါ။ ဂျာနယ်မှာထည့်မယ်ဆိုရင် သေချာလေးဖတ်ကောင်းအောင် အချိန်ပေးရမှာမို့ နောက်အားမှပဲ ရေးပေးတော့ပါမယ်။ အွန်လိုင်းမှာကတော့ ဖြစ်သလိုရေးလည်း ကိစ္စမရှိတော့ ရတဲ့အချိန်ကို ဖတ်ဖြစ်အောင်တော့ ရေးသားပေးလိုက်ပါတယ်။

ခု ဖြန့်ဝေပေးတဲ့ဗဟုသုတများကိုတော့ လူများများသိလေ ပိုကောင်းလေမို့ အားလုံးတက်နိုင်သမျှ လူသားအားလုံးရဲ့ မျက်စိရှေ့ရောက်အောင် ဖြစ်နိုင်ရင် မေးလ်များကနေပါ တဆင့်ဖြန့်ဝေပေးကာ ဖတ်ဖြစ်အောင်လည်း တိုက်တွန်းစေချင်ပါတယ်။ ဒါမှလည်း ဦးဇင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်ပြီး ဦးဇင်းရဲ့ စေတနာတွေ ပညာဒါနတွေကလည်း ပိုမိုထမြောက်အောင်မြင်မှာဖြစ်သလို ဖြန့်ဝေပေးသူ၊ တိုက်တွန်းပေးသူအားလုံးလည်း ပညာပါရမီဖြည့်ကျင့်ရာ ရောက်ပါတယ်။

ဆက်လက်ရေးသားပါဦးမယ်။ အားလုံး အသိပညာ၊ ဗဟုသုတများ တိုးပွားလျက် လိုရာဆန္ဒပြည့်ကြပါစေလို့ ဆန္ဒပြုလျက်……..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com/

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

7 comments

  • ပေါက်ဖော်

    November 9, 2011 at 7:02 pm

    5. By observing the fifth precepts, we can get the security of health.
    အရက်သေစာ မသောက်စားရင် ကျန်းမာရေး ကောင်းပါလိမ့်မယ်။
    ဆိုတော့..

    ဦးဇင်းရေ..
    အရက်သေစာက လွန်လွန်ကျွံကျွံ မှီဝဲမှ ကျန်းမာရေး ထိခိုက်တာလို ့ထင်ပါတယ်
    အရက်က မှီဝဲတတ်ရင် ဆေးဖြစ်တာမို ့….ဒီအချက်လေးမှာ..ကြည့်ကောင်းအောင်.ဘာသာပြန်
    စေချင်ပါတယ်ဘုရား..။
    😆

  • windtalker

    November 9, 2011 at 7:28 pm

    ဟိုက်ရော..
    ကပေါက်ဖော်..
    ဘုန်းဘုန်း ဘုရား
    သူပြောတာလဲ မှန်တာပါဘဲ ဘုရား
    အချို ့မြန်မာဆေးများဆိုလျှင် တောအရက်နှင့် တွဲလိမ်း ရတာမျိုး ၊ ငှက်ဖျားဆေးအချို ့မှာ တောအရက်နှင့် တွဲသောက်မှ အမြစ်ပျက် တာမျိုးလည်း ကြားဖူးကြောင်းပါဘုရား

  • ကြောင်လတ်

    November 9, 2011 at 10:10 pm

    ဗျို့ ကပေါက်ဖော် ၊ခုနကပဲ ကြောင်လေးကရေးထားတယ်၊တနေ့အရက်အစိပ်သားသောက်ရင် ကျန်းမာရေးနဲ့ညီညွတ်ဆိုပဲ။

    ဦးဇင်းဘုရား၊တပည့်တော်၊မှတ်သားသွားပါတယ်ဘုရား၊ဖြန့်လဲဖြန့်ဝေပါမယ်ဘုရား၊ လိုက်နာဖို့ကတော့ အတော်ကြိုးစားရဦးမှာဖြစ်ကြောင်းတောင်းပန်ပါရစေ၊ မသေခင်တော့ ရအောင်လုပ်ဖို့ အာရုံပြုထားပါတယ်ဘုရား

  • kai

    November 10, 2011 at 4:44 am

    ပါမောက္ခချုပ်ဆရာတော်ပြောတဲ့.. ကွဲပြားသောအချက်အလက်များကို နှိုင်းယှဉ်တင်ပြခြင်းက အင်မတန်ကောင်းတယ်လို့ ထင်မိပါတယ်ဘုရား..။
    အိုင်းစတိုင်းရဲ့ ရီလစ်တစ်ဗတီသီအိုရီဟာ.. အဲဒီလို နှိုင်းရကိန်းတွေအကြောင်းပြောတာပါ.။
    အမှန်တကယ်လည်း.. နှိုင်းပြတော့မှ.. ကိုယ်ကဘယ်နေရာရောက်နေ(တည်နေ)သလည်း သိသာနိုင်တာမို့ပါ..။
    ဖြစ်နိုင်ရင်တော့ အဲဒီ ငါးပါးသီလကိုပဲ.. တခြားကိုးကွယ်ရာဘာသာ.. ဒါမှမဟုတ်.. တခြားဗုဒ္ဓဘာသာတွေနဲ့ နှိုင်းယှဉ်တင်ပြရင် အင်မတန် တန်ဖိုးရှိမယ် ထင်တာပါပဲဘုရား..။

    ပိုဖြစ်နိုင်ရင်တော့.. ဒီခေတ်နဲ့ကိုက်ညီအံဝင်တဲ့.. လူတိုင်းလွယ်လွယ်လိုက်နာ လက်ခံနိုင်မဲ့.. ၅ပါးသီလကို အရှင်ဘုရားကိုယ်တော်တိုင်အတွေးအသစ်တွေနဲ့.. ပြန်ဖွင့်ပေးစေလိုတာပါ..။
    အရှင်ဘုရား.. မျက်မြင်ပဲ.. အပေါ်မှာ မန်းထားတာလေးပဲကြည့်ပါဦး..
    စည်းကမ်းကလက်တွေ့မကျ လက်ခံမရတာဖြစ်နေတာမို့.. ငါးပါးသီလက နာမယ်ပဲရှိနေတော့တာလေ..။

  • ဆန်နီနေမင်း

    November 10, 2011 at 9:52 am

    အင်း အရက်သောက်တာက ကျန်းမာရေးကောင်းတယ်ဆိုတော့ အရက်မသောက်တဲ့ ဦးဇင်းတို့လို သံဃာတွေ ကျန်းမာရေး ဘယ်ကောင်းမလဲနော်။ ရှင်အာနန္ဒာနှင့်ရှင်ဗာဟုလတို့ကျတော့ ဘာဖြစ်လို့များ အရက်မသောက်ဘဲနဲ့ အသက်(၁၂၀)နေပြီး ကျန်းမာရေးတွေ ကောင်းကြတာလဲ မသိဘူး။

    အရက်ကို ဆေးနဲ့တွဲသုံးမှရမှာမို့ တွဲစပ်သုံးရတာဆိုရင် သီလမကျိုးပါ။ ဥပမာ-ဟင်းလျာတစ်ခွက်ကောင်းအောင် အရက်နည်းနည်းထည့်ချက်ထားတဲ့ဟင်းဆို သံဃာများ ဘုဉ်းပေးလို့ ရတယ်လို့ မြတ်ဗုဒ္ဓက မိန့်ခဲ့ပါတယ်။ အဲဒီတော့ မဖြစ်မနေ ဒါလေးနည်းနည်းပါမှ ဆေးစွမ်းထက်ပြီး ကျန်းမာရေးကောင်းမယ်။ ဟင်းလျာကောင်းမယ်ဆိုရင်တော့ သုံးနိုင်ပါတယ်။

    ဦးဇင်းလည်း ပါမောက္ခပြောတဲ့ ကွဲပြားခြားနားမှုတွေကို လေ့လာတင်ပြချင်ပါတယ်။ ဒါပေမဲ့ အဲဒါတင်ပြမယ်ဆိုရင် သီရိလင်္ကာနိုင်ငံနှင့်မြန်မာနိုင်ငံ သာသနာရေးစရောက်ချိန်ကနေ ယခုအချိန်ထိ ရေးရမှာမို့ အဲဒါနဲ့ပတ်သတ်တဲ့ စာအုပ်တွေ ဝယ်ရမှာမို့ စာအုပ်ဖိုး မတတ်နိုင်တာ အမှန်ပါ။ ဒါကြောင့် ပိဋကတ်သုံးပုံထဲကပဲ စာအုပ်လည်း ရှာရတာလွယ်၊ ဝယ်ဖို့လည်း သိပ်မလိုတာနဲ့ အဲဒါပဲ စဉ်းစားနေရတာပါ။ အပေါ်ကပြောတဲ့ နှိုင်းယှဉ်ချက်ရေးမယ်ဆိုရင် စာအုပ်ဝယ်ဖို့၊ မြန်မာပြည်နှင့်သီရိလင်္ကာမှာ လိုက်လံရှာဖွေရမဲ့ လမ်းစရိတ်တွေပါ တွက်ကြည့်ပါက မြန်မာငွေ 10 သိန်းကတော့ အေးဆေး ကုန်ပါလိမ့်မယ်။ အဲဒီတော့ လုပ်ချင်တိုင်း မဖြစ်နိုင်တဲ့အခြေအနေမို့ ဖြစ်နိုင်တာပဲ စဉ်းစားရတော့မယ်။

    နောက်တစ်ခု ငါးပါးသီလအကြောင်းကို ခုခေတ်အမြင်နဲ့ ဦးဇင်း သာသနာ့တက္ကသိုလ်မှာ ကျမ်းပြုစဉ်က မြန်မာလိုရေးထားပါတယ်။ ခေါင်းစဉ်က လူတော်လူကောင်းပါ။ အဲဒါတွေကိုလည်း ဦးဇင်းဆိုဒ်မှာ တင်ထားပါတယ်။ အဲဒီမှာ ဝင်ရောက်ဖတ်ရှု့လို့ ရပါတယ်။ ဆိုဒ်လင့်လည်း ပို့စ်အောက်မှာ ထည့်ပေးထားပါတယ်။ ယနေ့တော့ နည်းနည်းအချိန်ရတာနဲ့ ဆိုဒ်တိုင်းက ကော်မန်းတွေကို ပြန်လည်ဖြေပေးလိုက်ပါတယ်။

  • MaMa

    November 10, 2011 at 10:08 am

    ကြားဖူးတာလေးက မဟာစည်ဆရာတော်ကြီးက ဘုန်းကြီးအနေနဲ့ဆိုရင် ဝိနည်းကို အသက်နဲ့လဲပြီး စောင့်ထိန်းရမယ်လို့ ဆိုထားတယ်။ လူတွေအနေနဲ့ ပြန်ပြောင်းပြောမယ်ဆိုရင်လည်း သီလကို အသက်နဲ့လဲပြီး စောင့်ထိန်းရမယ်လို့ နားလည်ထားပါတယ်။ အရက်သောက်မှ အသက်ရှည်မယ်၊ အရက်မသောက်ရလို့ သေမယ်ဆိုရင်တောင် အရက်မသောက်ပဲ အသေခံရမယ်လို့ ပါမောက္ခချုပ် ဆရာတော်ကြီး တရားတွေ နာယူရာကနေ သိလာရပါတယ်။

  • inz@ghi

    November 10, 2011 at 10:43 am

    ဦးဇင်းဖျာ့ ..

    တပည့်တော် ဘာသာရေး ပို့စ့်တွေမှာ ဝင်မန့်လေ့ မရှိပေမယ့် သည်တခါ မန့်လိုက်ပါပြီဖျာ့.
    အပြောအဆိုမှားရင် ခွင့်လွှတ်တော်မူပါ

    ၅ပါးသီလ မှာ မပါပေမယ့် လောင်းကစားအကြောင်း ကို မြတ်စွာဘုရား
    ဘယ်လို တားမြစ်တော်မူတယ်ဆိုတာ ရေးပေးပါဖျာ့ …..

    လက်တလော ရွာထဲမှာ ဘောပွဲဒိုင်တွေ သောင်းကျန်းနေကြောင်းပါ….

    ခြင်တွေ့လျင်ရိုက် တော်ကီရောင်း သူများအိုင်ဒီယာတွေ ဘတ် ..ချောချောမြင်တိုင်းပစ်မှား အစဟိမော့ ပေမယ့်
    လောင်းဂဇား ဆို အပျင်းပြေဖြစ်ဖြစ်တောင် (နည်းနည်းဆို)နည်းနည်းမှ စိတ်မဝင်ဇားတဲ့
    အရှေ့ ကျွန်းမှ
    ဒဂါ အင်ဇာဂီ…

Leave a Reply