မန်းလေး လမ်းဘေးက ပုရစ်ကြော်
“မန်းလေးလမ်းဘေးက ပုရစ်ကြော်”
ပြီးခဲ့တဲ့ရက်က မန်းလေးသူမန်းလေးသားများအကြိုက် မမေ့နိုင်တဲ့ပုရစ်ကြော်အကြောင်း တင်ပေးလိုက်ပါတယ်။
စာသက်သက်ကြောင့် ပုရစ်ပုံလေးတွေကို မြင်ချင်သူများရယ်၊
ပုရစ်ကြော်ကို မမြင်ဘူးတွေကလဲ မြင်ချင်ပါတယ်ဆိုတာနဲ့
မန်းလေး ပုရစ်ကြော်အများဆုံးရောင်းချပေးနေတဲ့ 24-25လမ်းကြား 85လမ်း၊
ရေကြည်ဓမ္မာရုံရှေ့မှာ ရှိနေတဲ့ ပုရစ်ဆို်င်များကို တင်ပေးလိုက်ပါတယ်။
အနီးကပ် ပုရစ်ကြော် စားချင်စရာလေးပါ။
ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့
(14-11-2011)
28 comments
ကိုပေါက်(မန္တလေး)
November 14, 2011 at 2:42 pm
သူကြီးရေ
မန်းလေးက ပုရစ်ကြော်တွေပို့ပေးလိုက်တယ်။
ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့တော့ မပြောနဲ့နော်။
Diamond Key
November 14, 2011 at 3:03 pm
မင်းတြားကြီးက ဦးပေါ်ဦးကြီးကို မိန့်တော်ရှိခဲ့သလို မေးလိုက်ဦးမယ် ” သူ့ချည်းလား ဆြာပေါက်ရဲ့” 😀
😀
(ဆားနဲ့ပါလို့တော့ လုပ်နဲ့နော်၊ ဂျင်းလေးပါထည့်ကျော်လို ကိုပေါက်က ဆို့ခဲတာပဲ 😀 )
small cat
November 14, 2011 at 3:05 pm
ပုရစ် ကိုကြော်တဲ့အခါ သေမှကြော်တာလား
၊သေအောင်ဘယ်လိုလုပ်ရလဲ
၊သေအောင်စောင့်နေရသေးလား။
etone
November 15, 2011 at 11:22 am
ကြောင်သေးရေ … ပုရစ်ကို ဘယ်လိုဖမ်းသလဲဆိုလျှင်ဖြင့် ….ပူအိုက်စွပ်စိုတဲ့ ညဘက်တွေမှာ ဓါတ်မီးတိုင်အောက်က ပက်ကြားအပ်တဲ့ မြေကြီးတွေ ၊တွင်းတွေနားကို သွားစောင့်နေရပါတယ် … ထွက်လာတဲ့ ပုရစ်ကို ပါလာတဲ့ ပုဆိုးစုတ်နဲ့ ရိုက်လိုရိုက် ၊ ဖိနပ်နဲ့ ရိုက်လိုရိုက် ရိုက်သတ်ရပါတယ် … တစ်ချက်ရိုက်ရုံနဲ့ သေပါသတဲ့ … တစ်ခါတစ်လေ ပုရစ်က တွင်းထဲက မထွက်လာဘူးဆိုလျှင် တွင်းကို ရေဖြည့်လောင်းထည့်ရတာမျိုးလည်း လုပ်ရပါသတဲ့ …. ။ ထွက်လာတဲ့ အကောင်ကို ဝိုင်းဖဲ့ကြတယ် … အဲ့ဒီအချိန်ကတည်းက ပုရစ်က သေပြီးသားပါ … ။
စိတ်ဝင်စားစရာကောင်းတာကတော့ …. ပုရစ်ကို ရောင်းတဲ့လူက ရေဆေး ၊ မဆေးဆိုတာပါပဲ … ။ ဖိနပ်နဲ့ ရိုက်ပြီး မြေကြီးပေါ်က ကောက်တဲ့ ပုရစ်ကို ရေဆေးလျှင် ကြော်တဲ့အခါ အချိန်ပိုကုန်တာရယ် ၊ ဆီပိုစုပ်ပါတယ် …နောက်ပြီး အချိုလည်းပေါ့သွားတယ်လို့ပြောကြတယ် … ဒါကြောင့် ပုရစ်ကိုရေမဆေးတာက များပါတယ် … ။
ကျွန်မ ၆နှစ်၊ ရနှစ်လောက်တုန်းက ပုရစ်ဖမ်းဖူးလို့ သိတာပါ … ရောင်းစားတဲ့ ကလေးတွေ၊ မိန်းမတွေနဲ့ လိုက်ပြီး မြောက်ဒဂုံက လယ်ကွက်တွေကြားမှာ ညဘက် ပုရစ်ဖမ်းဖူးတယ် … သုံးလေးညပါပဲ … အိမ်ကသိသွားတော့ ဗျင်းခံရတယ်လေ 🙁 နောက်ပိုင်းမသွားတော့ဘူး 😀
နွယ်ပင်
November 15, 2011 at 1:43 pm
အခု နောက်ပိုင်းကြားရတာကတော့ ပုရစ်ကို များများရအောင်လို့
ဆေးကြွေးပြီး ဖမ်းတယ်လို့ ပြောကြတယ် ။
ပုရစ်လာတက်တဲ့ နေရာတွေမှာ ဆေးပစ်ပြီး ဖမ်းတော့ ပုရစ်ပိုရတယ်တဲ့ ။
kai
November 14, 2011 at 3:08 pm
ခုနကတင် လက်ဖက်စားရင်း မြန်မာပြည်မှာတုံးက.. တွင်းပိုးဆိုတာ ထည့်စားတတ်တာတွေးနေမိတယ်..။
အခုပုံမြင်တော့.. ပုရစ်တွေသာ လက်ဖက်နဲ့ထည့်စားလိုက်ရင်..ပိုကောင်းမလား လို့ပဲ..။
အနီးကပ်ပုံများ.. ပေါင်တွေတင်းလို့.. ဗိုက်တွေဖေါင်းလို့…။
အောင်မြလေး… တော်တော်စားကောင်းမဲ့ပုံ..
အင်တာနက်ကြီးနဲ့များ.. ပုရစ်တွေပို့လို့ရတဲ့နေ.့ .. မြန်မြန်မရောက်သေးဘူးလား သိချင်တော့တာပဲ..။
ဘာပဲဖြစ်ဖြစ်..
ပုရစ်တွေအတွက်… ကျေးဇူးနော..။ 😆
etone
November 15, 2011 at 11:33 am
အဲ့ဒီလ္ဘက်ထဲက တွင်းပိုးဆိုတဲ့ အကောင်တွေက ပဒူကောင်တွေလို့ ပြောတာ ကြားဖူးတယ် …ဟုတ်မဟုတ်တော့ မသိပါဘူး … . ပဒူကောင်အကြောင်းကို ရှေ့ ဝတ္တုတွေမှာ ဖတ်ဖူးတယ် … တွတ်ပီကာတွန်းတွေမှာလည်း တခါတစ်လေပါတယ် …. ချအုံလိုမျိုး ကျင်းနဲ့နေတာတဲ့လေ …သူတို့ကျင်းကို သာမန်ကြည့်လျှင် မသိသာဘူးတဲ့ …အဲ့ဒီကျင်းထဲကို ခြေထောက်ကျတဲ့စက္ကန့်ပိုင်းအတွင်း ပဒူကောင်တွေက အသားတွေကို ဖဲ့ချွေကိုက်စားတတ်ပါသတဲ့ … ဒါကြောင့် တွင်းပိုးလေးတွေ အရသာရှိတာများလားမသိဘူး … ။ 😀
ဆူး
November 14, 2011 at 3:09 pm
ပုရစ်တွေက တော်တော် ထွား ကြတာပဲ.. ဒီမှာတော့ ခပ်သေးသေးပဲ တွေ့တယ်။
z-Z
November 14, 2011 at 4:59 pm
မန်းလေးက မန်တလာ သူတွေတင်ထွားတာမဟုတ်ဘူး ….
မန်းလေး ပုရစ်တွေကလည်း တော်တော်ထွားတာဘဲ … :O :O :O
စုံ စုံ
November 14, 2011 at 3:44 pm
စားချင်လိုက်တာနော် ရှလွတ် ရှလွတ်
အပြင်မှာမစားရတော့ ဒီမှာဘဲသားရေကျသွားတယ် လေးပေါက်ရေ
ကိုရင်စည်သူ
November 14, 2011 at 3:56 pm
ကိုပေါက် မန်းဒလေးကနေ
ပရော်ကျစ်နဲ့ မြူလို့..
ဒီက ကိုရင် သူများအသားမစားဘူး
ဆုံးဖြတ်ထားတာတောင်
တော်တော်ယိုင်ချင်နေပြီဗျာ..
မန်းဒလေးကို အဘဒီနှစ်ထဲ ကြွခဲ့ပါမယ်..
ပရော်ကျစ်ချားချင်းလို့နော့…
ဟိုမှာ သဂျီးနဲ့ ကြောင်သူတောင်အုပ်စုတွေတော့..
တော်တော် သရေကျနေကြပြီ.. 😀 😀 😀
ဒါတောင် ပေါက်ပေလူးဂီ့ နဲ့ တခြား လူတွေမလာသေးဘူး… 😀 😀 😀
မှော်ဆရာ
December 3, 2011 at 11:45 am
သူများအသား မစားဘူးဆိုတော့ အခုလောလောဆယ် ကိုယ့်အသား ကိုယ်စားနေသလား သိချင်တယ် ..
ဘယ်အပိုင်းကို ဦးစားပေးပြီး စားသလဲ ဆိုတာလဲ သိချင်တယ် … 🙂
ပေါက်ဖော်
November 14, 2011 at 4:05 pm
ဟမလေး..အနီးကပ်ကြည့်တာ ကြက်သီးတောင်ထတယ်.. 😯
ဂျွီး.. ဂျွီး..ဂျွီး..
စီးပွါးတော့ ပျက်ပါဘီ…ကိုယ့်ထက်သွက်တဲ့လူတွေရောင်းနေကျတာ..ဟွင့်..ဟွင့်
🙁
ကိုပေါက်(မန္တလေး)
November 14, 2011 at 6:37 pm
ပုရစ်ကသေမှကြော်ရတာပါ။
့ ရေနွေးကြမ်းပူူပူလေးနဲ့ ပုရစ်ကြော်
ထမင်းဖြူဆီဆမ်းနဲ့ပုရစ်ကြော် တကယ်ကိုလိုက်ဖက်တာပါ
ကိုစိန်သော့ရေ
windtalker
November 14, 2011 at 6:55 pm
ပြီးခဲ့တဲ့ လ က တစ်တိုင်းမွှေးကာတွန်းဂျာနယ်ထဲက တွတ်ပီ ကာတွန်းထဲမှာ ၊ ပုရစ်ကြော်ကို အမှုန် ့ကြိတ်ပြီး ဟင်းချိုမှုန် ့အစား ဟင်းချက်တဲ့အခါ သုံးလို ့ရတယ်တဲ့ ။ ဟင်းချိုမှုန် ့သုံးတာထက်တောင် ပိုချိုသေးတယ် ဆိုဘဲ ။ စမ်းကြည့်ကြပါဦး အိမ်ထောင်ရှင်မ တို ့
TTNU
November 14, 2011 at 11:57 pm
ကိုပေါက်ရေ
ပရစ်ကြော်ပုံရှာနေတာ။ အတော်ပဲ။ ကူးလိုက်ပြီနော်။
ကျေးဇူးပါနော်။
“ဘီလူးကြီး”ogre
November 15, 2011 at 9:37 am
အကိုပေါက်
ပရစ်ကျော်နဲ့“ ဝီ”လေးနဲ့များ ဆွဲလိုက်ရလို့ကတော့ ဘာပြောကောင်းမလဲ
ဘာမှကိုပြောကောင်းမှာမဟုတ်တော့ဘူး…ကောင်းလိုက်မယ့်ဖြစ်ချင်းဗျာ။။
chitlay
November 15, 2011 at 1:22 pm
လေးပေါက်ရဲ့ စားချင့်စဖွယ် ပုရစ်ကြော် ဆူဆူဖြိုးဖြိုးများကို ဂေဇတ်မှ တစ်ဆင့် အဝတုပ်သွားပါကြောင်း … 🙂
ကိုပေါက်(မန္တလေး)
November 15, 2011 at 4:49 pm
တုံမမရေ တွင်းပိုးက ပဒူ မဟုတ်ဘူးဟ။
စိမ်းပြာရေညှိထွက်တဲ့မုံရွာတွင်းတောင်ကနေတထွက်တာ။
နောက်မှပြန်ရှာပြီးတင်ပေးမယ်။
သိပ်စားလို့ကောင်းတာ။
မြန်မာပြည်မှာ တွင်းပိုးထွက်တာ အဲဒီတစ်နေရာထဲဘဲရှိတယ်လေ
kai
December 3, 2011 at 3:43 am
ရွာသူားတွေ (နာမ်နဲ့) ကျော်စားချင်စားလို့ရအောင်.. ဒီနေ့သတင်းမှာအသစ်တက်လာတဲ့အကောင်ကြီးတင်ပေးလိုက်တယ်..။
ရလက်မ ရှိတယ်ဆိုပဲ.. 🙂
The World’s Biggest Insect Is So Freaking Huge It Can Eat a Carrot.Image by Mark Moffett/Minden Pictures/Solent]
inz@ghi
December 3, 2011 at 11:49 am
ထွီ … ရွံထှာ ….
ဟိတ်လူဒွေ ….ပုရစ်လည်း ….ပိုးဟတ်နဲ့ မျိုးရင်း တူတယ်တဲ့
စားမား???
လာမငြင်းနဲ့နော်…
ငါမသေဝူး ဝီကီ ရှိဒယ်ကွ…
ဟွန်း…….
Don Juan Ronald
December 3, 2011 at 11:50 am
ပုရစ်ရဲ့အူတွေကိုဖင်ကနေဆွဲထုတ်ပြီး၊ဝမ်းပိုက်ထဲကြက်သွန်ဖြူသွပ်သွင်းပြီးကြော်မှစားလို့ကောင်းတာ။
ငယ်ငယ်တုံးကတော့ခဏခဏကြော်စားတယ်၊ခုတော့မစားချင်တော့ဘူး။
ကိုပေါက်(မန္တလေး)
December 3, 2011 at 4:50 pm
ကျနော်က တော့ အခုလဲစားတုန်းဘဲဗျာ။
အရသာသိပ်ရှိတယ်လေ။
ရှလွတ်………….
Mလုလင်
October 24, 2012 at 12:28 am
ဟိုနေ့ က တက်လာတဲ့ ဦးပေါက် ပိုစ့် ကိုဖတ်ပြီး ပြန်တူး ကြည့်တော့ ဒီလို ပုရစ် ပိုစ့် တစ်ပုဒ် သွားတွေ့တော့ တာပဲ။ ဖမ်းတဲ့ နည်း လဲ ပါရဲ့။ ကျနော် လုပ်စားဖူးတာ ကတော့ မုန့်နှစ် ကို ကြက်ဥ နဲ့ ရောပြီး ပုရစ် ကို မံ ပြီး ကြော်တာဗျ .. တော်တော် ကောင်းတယ် … အီစိမ့် နေတာ ပဲ။
Novy
October 24, 2012 at 11:10 am
လေးပေါက်ရေ..
မန်လေးကပုရစ်ကောင်းမကောင်း
ခုထိမကုန်သေးဘူး ရေခဲသေတ္တာထဲ ထားပြီးစားနေပါကြောင်း
ကိုပေါက်(မန္တလေး)
October 24, 2012 at 11:27 am
မနို ရေ မေးဘို့မေးနေတာ ပုရစ်ကြော်စားလို့ကောင်းရဲ့လားလို့
Khaing Zar Win
October 24, 2012 at 11:43 am
ပြောပြန်ရင်လည်း မန်းလေးဘက်လိုက်ရာကျတော့မယ်။
မန်းလေးက ပုရစ်ကြော်တာ ဘယ်နဲ့မှ တူဘူး။
အတွင်းက အညစ်တွေဖယ်ပြီးမှ ချင်းနဲ့ ကြက်သွန်ဖြူထောင်းထားတာကို အစာသွတ်ပြီးကြော်တာ။
အကြော်ဆီ သန့်ရင်သန့်သလို မွှေးလို့ ……..။
ဒီမှာ တစ်ကောင်ဘယ်လောက်ဆိုပြီး ဝယ်စားရတဲ့ ပုရစ်ကြော်နဲ့များကွာပါ့။ 🙁
ကိုပေါက်(မန္တလေး)
October 24, 2012 at 12:40 pm
ရန်ကုန်က မနိုကိုတောင် မန်းလေးက ပုရစ်ကြော်နည်းလေးပြောပြလိုက်သေးတယ်။
ုပုရစ်ကြော်စားချင်ရင် မဒမ်ပေါက်ကို ဝိုင်းကူရတာကိုးဗျ။
ပုရစ်ကြော်က နှစ်ခါညောင်းတယ်။
ပထမ ပုရစ်တွေကိုင်ရတုံးတစ်ခါညောင်းတယ်
စားပြီးရင်လဲ အကြောတွေတက်လို့ညောင်းတယ်
ဒါပေမယ့် ပုရစ်မြင်ရင် မနေနိုင်ပြန်ဘူး စားမိတာဘဲ။
ဟုတ်တယ်ဟုတ်