တပ်ကြပ်ကြီးဟောင်း ၊ အရူး ဂျော့ဌေးမြင့် ့တွေးပုံ ။

ba gyiNovember 17, 20111min16310

တပ်ကြပ်ကြီးဟောင်း၊အရူး ဂျော့ဌေးမြင့် တွေးပုံ ။

သူ့ကိုနာမည်မေးလျှင် – ဂျော့ဌေးမြင့် ဟု ဖြေသည်။
ဘာလုပ်လည်းမေးလျှင်- တပ်ကြပ်ကြီးအငြိမ်းစားလို့ဖြေသည်။
ဘယ်သွားမလည်းမေးရင်တော့ – ဘယ်တင်မက၊ ညာပါသွားတယ်ကွဟုဆိုကာ၊ ညာခြေထောက် ပုတ် ပြလိပ့်မည်။
တပ်ထွက်ကြီး ဂျော့ဌေးမြင့် သည်ကျနော်တို့ ခြံရှေ့ဘက်ရှိ၊ရဲတန်းလျှားလေးမှာ သူ့ညီနှင့်နေသည်၊
သူ့ညီကရဲလုပ်ရင်း၊ဘောက်စင်ထိုးသောအားကစားသမားလည်းဖြစ်သည်။
သူတို့ညီအစ်ကိုက အမွှာညီအစ်ကိုလိုပင် အရပ်၊အမောင်းထောင်ထောင်မောင်းမောင်း၊ရုပ်ရည်၊အသားဖြူပုံ တော်တော်တူသည်၊ ညီဖြစ်သူကသူ့အစ်ကို ဂျော့ဌေးမြင့်ကြီးကို တော်တော်ချစ်ရှာသည်။
သူ့အစ်ကို ကို စိတ်ရောဂါဆေးရုံမှ ဆင်းပြီးကတည်းက၊ သူ့အခန်းမှာခေါ်ထားပြီး စောင့်ရှောက် ထား သည်၊ သူရို့မှာမိဘတွေမရှိကြတော့၊သည်ညီအစ်ကိုနှစ်ယောက်သာရှိသည်တဲ့၊ပတ်ဝန်းကျင်ကိုလည်းသူ့အစ်ကို အကြောင်းပြော ပြကာ အပ်နှံရှာသည်။
သူ့အစ်ကိုဂျော့ကြီးက ဟော့ဟော့ရမ်းရမ်းတော့မဟုတ်၊အလှ အပ၊သပ်သပ်ရပ်ရပ်နေတတ်သည်၊သူညီအကျင်္ ီ၊လုံခြည်အားလုံယူဝတ်ပြီးရှိုးထုတ်ကာ စတိုင်ကျအောင်နေသည်၊ဒူးယားဆေးလိပ်ကလေးလက်ကြားမှမချ။
သည်လိုနေနိုင်အောင်၊ဝတ်နိုင်အောင်လည်းသူ့ညီကမငြီးမညူပါရမီဖြည့်ရှာသည်၊သူ့ညီကိုလည်း၊သူက – ညီလေး ညီလေး နှင့် ပါးစပ်မှမချ၊ တော်တော်ချစ်ကြသောညီအစ်ကိုပါပေ။
သည်လိုနှင့် လူ့သဘာဝ၊လူ့ဓမ္မတာအတိုင်း တစ်နေ့တော့ ဂျော့ကြီး၏ညီလည်းရည်းစားတွေဘာတွေရပြီး၊အိမ်ထောင်ပြုပြီ၊ သည်မှာ ဂျော့ဌေးမြင့် ၏ ဇတ်လမ်းစတော့သည်။

ညီဖြစ်သူအိမ်ထောင်ကျတော့၊ဂျော့ဌေးမြင့်တစ်ယောက်၊အိမ်ခန်းတွင်းမနေတော့၊ထိုရဲတန်းလျှားလေး၏ဝရံတာစင်္ကြန် ( သူညီအခန်းရှေ့)တွင် ကုတင်တစ်လုးံဖြင့်အိပ်သည်၊စားချိန်တွင်သူ့မရီးထံဇလုံတစ်လုံးအပြည့်ထမင်း၊ဟင်း၊ထည့်စေပြီး ခေါင်းမဖေါ်တန်းစားတော့သည်၊ ( စကားသိပ်မပြောတော့၊) တစ်နေကုန်ဆေးလိပ် ထိုင် သောက်သည်၊ ရပ်ကွက်ထဲတောင်သိပ်မလျှောက်တော့၊သူ့မရီးကိုရေခပ်ပေး၊တောက်တိုမယ်ရဈေးဝယ်ပေးတာမျိုးတော့လုပ်သည်။
သူတို့ရဲလိုင်းကလေးသည်နှစ်ထပ်တန်းလျှားလေးဖြစ်ပြီး၊ထိုလိုင်းရှေ့တွင်ကျနော်တို့ခြံအပါအဝင်အခြားကိုယ်ပိုင်ခြံ များရှိရာ၊ ဂျော့ဌေးမြင့်တို့ အခန်းသည် အပေါ်ထပ်အခန်းဖြစ်ပြီး၊သူတို့ရှေ့တည့်တည့်ခြံမှာ ရုပ်ရှင်မင်းသမီးစောမြသန္တာ၊ခြံနှင့် တင်တင်လှတို့ခြံရှိပေရာ၊ ဂျော့ဌေးမြင့်တစ်ယောက်အဘို့ တစ်နေ့တစ်နေ့ ပျင်းပျင်းရှိတိုင်း၊ စတိုင်ထုတ်ကာထိုခြံ နှစ် ခြံဘက်သို့သာ အာရုံပြုနေတော့၏။ အရူးသာဆိုသည်၊သဘာဝကိုမလွန်ဆန် သော ဂျော့ဌေးမြင့် ပါတကား။
တစ်ည အလွန်ပူသောနွေတစ်ညဆိုလျှင်ပိုမှန်မည်ထင်၊ည(10)နာရီလောက်လူခြေစတိတ်ကာစ–၊ ( အင်ထရိုမဝင်၊ဘာမဝင်နှင့် ) အာဂေါင်ခြစ်ပြီးအော်လိုက်သော ဂျော့ဌေးမြင့် အသံကြားရသည်။ သီချင်းဆိုတာတဲ့—–xxxxxxx
အချစ်ရေ့—– နေလို့မှကောင်းရဲ့လား—-အိပ်လို့ပျော်ပါစေ— (ခေတ္တအသံရပ်ပြီး ဆက်ဆိုပြန်သည်၊)xxxxxx
ရင်ခွင်ထဲက ကိုယ့်ချစ်သူxxxxx မောင်ဘယ်သူနဲ့ နေရမှာလည်း xxxx စောမြသန္တာနဲ့ နေရမှာလား—– လို့ ။
ကိုင်း ကောင်းကြရော၊ သည်အပိုဒ်ကိုပဲ ထပ်ခါထပ်ခါ နားလိုက်/ဆိုလိုက် နှင့် နောက်ဆုံးသူရို့လိုင်းမှူးလာဟောက်တော့ မှ- ( ကျုပ်လည်းတပ်ကြပ်ကြီးပါဗျ) လို့ပြန်ပြောပြီးထိုညအဖို့ ပြန်ညိမ်သွားသည်။
သည်လိုနှင့်နောက်နေ့ညမှာ သက်ဆိုင်ရာရပ်ကွက် ကောင်စီရုံး သို့ သူ့ညီသွားရှင်း ရတော့သည်၊ အရူးလက်မှတ်ပြနိုင် သဖြင့်သာ၊ တိုင်သူတွေနောက်ဆုတ်သွားကြသည်။ ထိုအချိန်မှစပြီး သူ့ညီက သူ့ကို မျက်နှာသာသိပ်မပေးတော့ပေ။
တစ်နေ့တော့ ဂျော့ဌေးမြင့် နှင့်သူ့မရီးတို့စကားများသံကြားရသည်၊သူ့ယောကျင်္ားအကျင်္ ီ တွေမီးပူတိုက်ပြီးသားမကျန်အောင်ပင် တစ်ရက်သုံးလေးခါ ယူယူဝတ်သည်ဆိုကာ သူ့ကိုဆူနေသည်၊ ဂျော့ဌေးမြင့်ကပြန်ပြောပုံကြည့် –၊
( ငါ့ညီဟာ ငါဝတ်တာ နင့် ဟာဝတ်တာမဟုတ်ဘူးတဲ့။)
သည်လိုနှင့် သူညီပြန်လာတော့သည် ထိုမီးကမငြိမ်းပေ၊ ဂျော့ဌေးမြင့်ကို သူ့ညီမှ ဘာပြောလိုက် သည် မသိ ၊ ရူးရှုးဒိုင်းဒိုင်း နှင့် သူ့ညီကိုလက်ညိုးငေါက်ငေါက်ထိုးကာ ဂျော့ဌေးမြင့်ပြောလိုက်ပုံက- ဟေ့ကောင် မင်းနဲ့ ငါနဲ့ ညီအကို
ငါ့ဟာလည်း မင်းဟာ၊ မင်းဟာလည်း ငါ့ဟာ။ ငါ့ပုဆိုးလည်းမင်းပုဆိုး မင်းပုဆိုးလည်း ငါ့ပုဆိုး။
ငါ့အကျင်္ ီလည်းမင်းအကျင်္ ီ မင်းအကျင်္ ီလည်း ငါ့အကျင်္ ီ
ငါ့မိန်းမလည်း မင်းမိန်းမ၊ မင်းမိန်းမလည်းငါ့မိန်းမ ——- ဟူသတည်း။
ထို့နောက်တွင်တော့ ဂျော့ဌေးမြင့်မျက်နှာသို့ သူ့ညီ ဘောင်စင်သမား ၏လက်သီးများတရစပ် ပြေးဝင်သွားပြီး
လက်ဝါးဖြင့် မျက်နှာအုပ်ကာဆင်းပြေးသွားသော အရူးးဂျော့ဌေးမြင့်ကို နောက်ထပ် လုံးဝ မမြင်ကြရတော့ပါ။
တစ်ချို့ကတော့ လမ်းဘေးမှာပဲ စုတ်ပြတ်သတ်ကာ သေရှာပြီဟုပြောကြသည်။
(ဘာရယ်မဟုတ်သော်လည်း၊သည်ရက်ပိုင်း တိုင်းရေးပြည်ရေးကိစ္စများနှင့် အုန်းစား နေကြရသော သူကြီးအပါအဝင်-
ရွာသားများ၊ဦးဏှောက် အကြောပြေစေရန်လက်ဆော့မိပါသည်။)

10 comments

  • blackchaw

    November 17, 2011 at 10:38 am

    ဟားဟား ဘကြီးရေ။
    ငါ့မိန်းမလည်း မင်းမိန်းမ၊ မင်းမိန်းမလည်း ငါ့မိန်းမဆိုလို့
    စစ်သားတွေ ပြောတဲ့ ဟာသလေးတစ်ခု သွားသတိရတယ်။
    ကရင်ပြည်နယ်ကို ရှေ့တန်းထွက်ရတဲ့ စစ်သားတစ်ယောက်က၊ ကရင်မကြီးကို ပြောတယ်တဲ့။
    အမိုးရေ၊ အမိုးပစ္စည်းလည်း သားပစ္စည်း၊ သားပစ္စည်းလည်း သားပစ္စည်းပဲဝေ့ ဆိုတာလေးပါ ဘကြီးရာ။

  • ba gyi

    November 17, 2011 at 11:34 am

    ဟား ဟား ကိုမဲချောကြီးပြောတဲ့အတိုင်းဆို သူကရူးတာ ရူးတယ်၊ ပင်ကိုစိတ်က မပျောက်ဘူးပဲနော့ ။
    တော်တော်ချွတ်ရခက်မည့် စိတ်တွေပဲ ကရို။

  • nozomi

    November 17, 2011 at 12:55 pm

    ဥဏှောက်အကြောတွေ တကယ်ပြေပါတယ် ဘကြီး ရေ
    မျက်စေ့အောက်ရောက်လာတာလေးတွေလဲ အချိန် ရရင် ဆက်ပေးပါဦးနော်

  • KMN

    November 17, 2011 at 1:00 pm

    ကိုဘကြီးရဲ့ ဟဒယရွှင်ဆေးကိုတော့ အရမ်းသဘောကြတယ်ဗျာ၊
    ဘာဖြစ်လို့ဆိုတော့ တခါတရံမှာ
    စိတ်ဖောက်ပြန်သူများရဲ့စကားတွေဟာ အများသူငါတို့ရဲ့စိတ်နှလုံးကို ရွှင်ပြုံးစေသလို၊ သူတို့အမူအယာတွေကလဲ လိမ်ညာကွယ်ဝှက်မှုကင်းသော အမှန်သဘောကိုဖေါ်ဆောင်ပြသနေသလိုပါပဲ။

  • လင်းဝေကျော်

    November 17, 2011 at 2:11 pm

    စပြီး အကျီ င်္တွေ ယူဝတ်တယ် ပြောလာတုန်း မိန်းမယူတယ် ပြောလိုက်တော့
    ဒီအကွက် ဆိုက်တော့မယ် မှန်း ထင်သားပဲ။

  • etone

    November 17, 2011 at 3:32 pm

    ဒီလောက်တောင် ညီအကို သံယောဇဉ်ရှိပြီး စိတ်ဝေဒနာရှင်မို့ နားလည်ပြုစုလာခဲ့တာတောင် … မိန်းမကိစ္စနဲ့ … သတိလက်လွတ်လုပ်ရက်လိုက်တာ … ။
    စိတ်မနှံ ့သူကတော့ … ဘာပြောပြော တကယ် ကာယကံကျူးလွန်လို့မှ မရတာ … ။ ပြောရုံလောက်နဲ့ ဘောက်စင်ပလေးလိုက်တာ မိန်းမကို ပိုမက်မောတယ်ဆိုတာ …ထင်ရှားပါတယ် … ။
    စိတ်မနှံ ့တဲ့လူအများစု … အချော့ကြိုက်တယ် …. ချော့ကျွေး၊ချော့ပြော အကုန်လက်ခံတယ် … ။ မြင်ဖူးလို့ပါ … ။ 🙂

  • windtalker

    November 17, 2011 at 6:45 pm

    ဘကြီး ကကော
    အမယ်ကြီး ပစ္စည်း ဘ ပစ္စည်း လို ့
    အော်ခဲ့သေးလားဟင်
    ဟီဟိ
    (စတာပါနော်)

  • naywoonni

    November 17, 2011 at 7:19 pm

    အင်းးးး ဘယ်သူတွေရူးသလဲ ပြန်မေးရမဲ့ပုံပေါက်နေပြီ….။ အရူးလက်မှတ်နဲ့ တဲ့ တော်တော်ဆိုးတာပဲ…။ တပ်က ရူးရင် ထွက်လို့ရတယ်ဆိုတော့ အဲဒိအရူးလက်မှတ်က ဈေးကောင်းဖူးသေးတယ်..။ ရူးချင်ယောင်ဆောင်ပြီး အရူးလက်မှတ်နဲ့ ထွက်တဲ့ကောင်တွေ အများကြီး…။ နောက်ပိုင်းကျတော့ အရူးလက်မှတ်တင်တဲ့ ကောင် ရှောခ့်တိုက်လွှတ်တယ် ကြားဖူးတယ်..။ အဲဒိမှာ ရူးချင်ယောင်ဆောင်တဲ့ ကောင် တစ်ကယ်ရူးတော့တာပဲ……..။

  • unclegyi1974

    November 18, 2011 at 11:33 pm

    ဘကြီးရေ
    အကောင်းမှတ်လို့အရူူးဖြစ်နေတာကိုး
    စိတ်မဆိုးနဲ့နော်
    ရူးနေတာကို

  • pasi

    November 23, 2011 at 10:38 pm

    မင်းဟာလဲငါ့ဟာ မင်းမိန်းမလဲငါ့မိန်းမ ဟားဟား…………. မယူခင်ကတည်းက ညီဖြစ်သူက ညှိထားသင့်တယယ်

Leave a Reply