သင်ပေး ပြပေး လို့ မရသော အရာ
ခေတ်က ပညာခေတ်ဖြစ်လာပါသည်။ ပညာမတတ်ရင် လူရာဝင်ဘို့ ခက်ခဲလာမည့် အရိပ်အယောင်တွေ တွေ့နေရပါပြီ။ အလုပ်ခေါ်စာများကို ကြည့်လိုက်ရင်လည်း အနည်းဆုံးလိုအပ်သော ပညာအရည်အချင်းတွေက မြင့်တက်လာခဲ့ပါပြီ။ လုပ်ငန်းရှင်များကလည်း မိမိတို့၏ လုပ်ငန်းကို ဦးစီးဘို့ တော်ရုံလူကို မခန့်ချင်တော့ပါ။ ကုမ္ပဏီတစ်ခုတွင် အဆင်ပြေနေပါလျက် နောက်ကုမ္ပဏီ တစ်ခုသို့ ပြောင်းရွှေ့သွားသူတွေ များလာပါ သည်။ ကျင့်ဝတ်မစောင့်ထိန်းကြတော့ပဲ ကိုယ့်ပြိုင်ဘက်ကုမ္ပဏီထံ မှ ဝန်ထမ်းကို လစာနှင့် အခွင့်အရေးမက်လောက်အောင်ပေးပြီး ခေါ်ဘို့ ဝန်မလေးကြတော့။ အရည်အချင်းရှိသော ဝန်ထမ်းများကို ထိန်းသိမ်းရခက်လာသည့်သဘော။
ထို့အတွက်ကြောင့် တချို့ ကုမ္ပဏီများ၏ ပြသနာဖြေရှင်းသည့် နည်းမှာ မကျွမ်းကျင်သေးသည့်ဝန်ထမ်းများကို ခေါ်ခန့်ပြီး အလုပ်လုပ်ရင်း သင်ကြား ပေးခြင်းဖြစ်ပါသည်။ မကျွမ်းကျင်စဉ်အခါတော့ လစာ အသင့်အတင့်ပဲပေးထားပါသည်ပေါ့။ သို့သော် ကျွမ်းကျင်လာသော အခါတွင် တော့ ဝန်ထမ်းက တခြားကုမ္ပဏီသို့ ပြောင်းရွှေ့အလုပ်လုပ်ရန် ထွက်စာတင်လာတော့သည်။ ထိုအခါ မကျွမ်းကျင်ပါပဲ အနစ်နာခံ လေ့ကျင့် သင်ကြားရင်း အလုပ်ခန့်ခဲ့သော ပိုင်ရှင်များ ရင်ကျိုးရပါတော့သည်။ အတွေ့အကြုံက သင်ခန်းစာ ပေးပါသည်။ နောက်လူများကို ခန့်ရာတွင် စာချုပ်စာတမ်းနှင့် ခန့် ရပါတော့သည်။ အနည်းဆုံး နှစ်နှစ် သို့မဟုတ် သုံးနှစ် အလုပ်လုပ်ပေးပါမည်ပေါ့။ ဒီဘက်ခေတ်လူငယ်တွေကလည်း ထက်ထက်မြက်မြက်ရှိကြပါသည်။ မကျွမ်းကျင်စဉ်အခါတော့ ဟုတ်ကဲ့ပါ လုပ်ပေးပါမည်ဆိုပြီး စာချုပ်မှာ လက်မှတ်ထိုးပါသည်။ တစ်နှစ်လောက်ရှိ ၍ ကျွမ်းကျင်လာသောအခါ ထုံးစံအတိုင်း ထွက်ခွင့်တောင်းပြန်ပါသည်။ အလုပ်ရှင်က ဝန်ထမ်းကို ထိန်းရန်ကြိုးစားသောအခါ လစာကို မတန်တဆ တောင်းပါတော့သည်။ လစာ ညှိမရသောအခါ နောက်ဆုံးနည်းလမ်းဖြစ်သည့် စာချုပ်ဖြင့် ကိုင်တွယ်ရပါတော့သည်။ ကိုယ် လုပ်နိုင်တာက ဒါပဲ ရှိတာမဟုတ်လား။ ဝန်ထမ်းကလည်း ရင့်ပါသည်။ ရပါတယ်၊ မလုပ်ချင်ပေမယ့် ဆက်လုပ်ပေးမယ်၊ ဒါပေမယ့် စာချုပ်ပြည့်ရင်တော့ တခြားအလုပ်ပြောင်းမှာသေချာပါတယ် ဟု ဆိုသောအခါ အလုပ်ရှင်က ထိုဝန်ထမ်းအပေါ် ဖီလင်မရှိတော့ပါ။ “အေး မင်းမနေချင်လည်း ငါတို့က မတားပါဘူး၊ သွားချင်ရင်သွားနိုင်တယ်” ဟု ဖြစ်သွားပါတော့သည်။ စာချုပ်စာတမ်းဆိုတာ ကျင့်ဝတ်မရှိသူအတွက် အလကားပါ။ ဆိုချင်သည်မှာ ကျွမ်းကျင်ဝန်ထမ်း တော်တော်များများ ငွေနောက်လိုက်နေကြတာ ဖြစ်ပါသည်။ ငွေနောက်သိတ်လိုက်ခြင်းသည် မကောင်းပါ။ ကိုယ့်ကို လုပ်ငန်းမကျွမ်းကျင်ခင်က အလုပ်ခန့်ပြီး သင်ကြားပေးခဲ့သော အလုပ်ရှင်များ၏ မျက်နှာကို ငဲ့ကွက်သင့်ပါသည်။ ကျေးဇူး သိတတ်သည့်စိတ်လေးမွေးသင့်ပါသည်။ ကိုယ့်အတွက် အနစ်နာခံ အလုပ်ခန့်ခဲ့သော ကုမ္ပဏီကို ခြေစုံကန်ထွက်မသွားသင့်ဟု ထင်ပါသည်။
ကျွန်တော် ဒီပို့စ်ကို အလုပ်ရှင်များဘက်မှ လိုက်ရေးနေခြင်းမဟုတ်ပါ။ ဝန်ထမ်းတချို့ ကျင့်ဝတ် မစောင့်ထိန်းကြတာ တွေ့နေရ၍ ရေးနေခြင်း ဖြစ်ပါသည်။ မတတ်လျှင် သင်ပေးလို့ ရပါသည်။ မသိလျှင် ပြပေးလို့ ရပါသည်။ ကျေးဇူးတရားမသိ၊ ကျင့်ဝတ်မရှိ သူများကိုတော့ သင်ပေးပြပေး လို့မရပါဘူးခင်ဗျား။
21 comments
ပေါက်ဖော်
November 17, 2011 at 10:19 am
ပိုင်ရှင်နဲ ့..ဝန်ထမ်းကြား..
တခြား..မပြေလည်နိုင်စရာ အကြောင်းတွေလဲ များကြီး ကျန်သေးတယ်..အန်ကလယ်ရ
ပြောပြလို ့မတတ်သော အရာတွေပေါ့
အန်ကလယ့် ကုန်မနီမှာ.လူလိုရင်ပြောပါ..ကျနော်..လာလုပ်မယ်
ဒေါ်လှ နဲ ့ပဲ ပေးပေး..ပေါင်နဲ ့ပဲ ပေးပေး…ပြဿနာမရှိပါဘူး..ကိုယ်ချင်း..ကိုယ့်ချင်းတွေပဲ
😆
inz@ghi
November 17, 2011 at 10:36 am
ပညာရှိများ တွေးကြည့်တာနဲ့ တင် အစအဆုံးထိုင်ကြည့်ပီး
ပြောနေသလား မှတ်ရတယ်..
head-hunting တွေ ခေတ်စားနေသပေါ့ …
ဆြာဘလက်တို့ဆီ ကပေါက်ဖော် ခန့်ရင်
ပေါင် နဲ့ ပေးပါနဲ့ ပေါင့်ကြားက ဟာပေးလိုက်ပါ.. 😛
ယူရိုပြောပါတယ်.. ကြားခံငွေကြေး ..အဟေး…(ယူရိုကယ်လို့ ….)
ကိုရင်စည်သူ
November 17, 2011 at 10:53 am
အန်လကယ် ကန်ပဏီမှာ လူလိုရင် တားတို့ကို ပြောပါ..
မာကတ်တင်း မန်နေကြာ အင်ကြီး..
ဝက်ဆိုက် တာဝန်ခံ ပေါက်ဖော်
အုပ်ချုပ်ရေးမန်နေဂျာ (ဂျာကြီး)တော့ ကိုရင့်ကိုပေး… 😀 😀 😀
ဘောဒိုင် မောင်ပေ့ကို ကွင်းဆင်းပြီး ငါးဒိုင်တွေသွားခိုင်း..
မီးခလေးနဲ့ မိုးဇိလေး မိပုလေး ကို စက်ကထရီခန့်လိုက်..
ကြောင်ကြီးကို သတင်းထုတ်ပြန်ရေးမှာ ဖိုက်ခိုင်းထားလိုက်…
ပေါင်ပေးပေး မပေးပေး… ဒေါ်လှနဲ့ဆို လာလုပ်မယ်.. 😛 😛 😛 😛
etone
November 17, 2011 at 11:02 am
ကိုချောကလက်ရေ … အဲ့လိုဝန်ထမ်းတွေရှိပေမယ့် ကျွန်မကတော့ … အစစအရာရာ သင်ပေးခဲ့တဲ့ ကုမ္ပဏီကနေပြောင်းဖို့ မတွေးမိသေးပါဘူး … ။ ပိုက်ဆံပိုရရမရရ … မပြောင်းနိုင်သေးပါဘူး … ။
ပြောင်းဖြစ်လျှင်တောင် သူများလက်အောက်က တခြား အလုပ်ပြောင်းတာမဟုတ်ပဲ …ကိုယ်ပိုင်အလုပ်လုပ်မှာမို့ ပြောင်းတာမျိုးပဲ ဖြစ်ချင်ပါတယ် … ။ 🙂
ကျွန်မဒီကုမ္ပဏီမှာ လုပ်တာ ခြောက်နှစ်ပြည့်တော့မယ် သုံးလလောက်ပဲ လိုတော့တယ် … ။ စဝင်ခါစက ကျောင်းပြီး ၊ သင်တန်းတွေ တက်ထားတာပဲ ရှိတယ်။ ရုံးလုပ်ငန်းအတွေ့ကြုံ ဘာတစ်ခုမှ မသိဘူး ။ လုူတွေနဲ့ ဆက်ဆံပြောဆိုပုံတွေ ဘာမှလည်း မသိဘူး … ။ လုပ်ငန်းခွင်မှာ ဘယ်လို စိတ်ထားရမလဲ နားမလည်ခဲ့ဘူး … ရယ်တော့ရယ်ရတယ် … ဝင်ခါစက double tape တောင် ဖင်လားခေါင်းလား မသိတဲ့အဖြစ်ပါ … ။ နောက်ပိုင်း ဆရာတွေက လေ့ကျင့်ပျိုးထောင်ပေးပြီး ယုံကြည်ရလောက်တဲ့အခါ … အလုပ်ကို မြတ်နိုးလာတယ် … ။ ဆရာတွေကလည်း လေ့ကျင့်သင်ပေးတာနဲ့အတူ … တာဝန်စောင့်သိမှုဆိုတာကို မသိမသာ ရိုက်သွင်းပေးခဲ့တယ် …. ။ အဲ့ဒါတွေကြောင့် အခုချိန်မှာ အဆင်ပြေပြေ အလုပ်လုပ်နိုင်ပါပြီ ….။ တခြား အလုပ်တွေက ပိုက်ဆံပိုရမယ့်အဖြစ် ကြုံခဲ့ဖူးပေမယ့် … ကျွန်မ ဘာမှ မသိပဲ အစောပိုင်း သင်ယူခဲ့ရတာတွေ အလကားဖြစ်မှာ စိုးလို့ … ဒီအလုပ်မှာပဲ မြဲနေခဲ့တယ် …. ။
တစ်ခါတစ်ခါ အလုပ်နဲ့ပတ်သတ်ပြီး စိတ်ဖိစီးမှုတွေတော့ရှိတာပေါ့ …. ။ အချိန်တန်လျှင်ပြီးသွားမှာပါ … အရာရာတိုင်းကို အကောင်းဆုံး ဖြစ်အောင် လုပ်မယ်လို့တော့ တွေးထားပါတယ် … (တစ်ခါတစ်ခါ ..အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး ပို့စ်ရေးတာကလွဲလျှင်ပေါ့ 😀 )
ကိုချောကလက်ပြောတဲ့ အခြေနေကို ကျွန်မအမြင်တမျိုးနဲ့ ဖြေကြည့်ပါမယ် … ။ ကုမ္ပဏီက လူမွေးပြီး … အားကိုးရတဲ့ လူဖြစ်လာခဲ့လျှင် … တခြားဆီကို ကူးသွားကြတာ … အဲ့ကုမ္ပဏီအသုံးမကျလို့ပါ …။ ကိုယ်မွေးထားတဲ့ လူ … ဘယ်လောက်အရည်ချင်းရှိသလဲ ဘယ်လို တိုးတက်လာသလဲ .. သူတို့ကောင်းကောင်းသိပါတယ် … ဒါကို ငါမွေးထားလို့ .. ဝင်ခါစက လစာလိုပဲ ပေးမယ် …နည်းနည်းပဲ ပိုပေးမယ်ဆိုလျှင် ..ဝန်ထမ်းအသစ်ရဲ့ သင်ယူလိုစိတ်လျှော့ပါးသွားပါလိမ့်မယ် .. အဲ့ဒီအချိန်မှာ တခြားကုမ္ပဏီကိုသာ သွားလျှင် ဆိုတဲ့ စိတ်မျိုးဝင်လာပြီး … အလုပ်ပြောင်းရွှေ့ဖြစ်နိုင်ပါတယ် … ။
အလုပ်လုပ်တဲ့ လူတစ်ယောက် သူ့ရည်ချင်းအလျှောက် အကျိုးခံစားခွင့်လိုချင်ကြတာ သဘာဝပါပဲ … တကယ်လည်း ခံစားထိုက်ပါတယ် … ။ 🙂
Shwe Ei
November 17, 2011 at 11:06 am
ကျမအလုပ်ပြုတ်ခဲ့ဘူးတယ်။ အသက်၂ဝလောက်တုန်းက ကိုယ့်ကို ပညာသင်ပေးပြီး အလုပ်ခန့်တဲ့ အကြီးစားကုမ္မဏီကြီးတခုကနေ။ ၃နှစ်လောက်လုပ်ပြီးတော့ အလုပ်ဖြုတ်ခံလိုက်ရတယ်။ ပိုင်ရှင်ကို စိတ်မဆိုးဘူး၊ ကျေးဇူးကန်းမိသလိုတောင်ခံစားရတယ်။ ဘေးတီးလွန်းတဲ့လူတွေကိုတော့ စိတ်နာတယ်။ အထက်အရာရှိနဲ့တကွ အခြားသောမနာလိုစိတ်ရှိသူဝန်ထမ်းများ။ ကုမ္မဏီပိုင်ရှင်ရဲ့ မျက်နှာသာပေးမှုကို အသုံးချပြီး နာခံရိုကျိုးမှုမရှိသော မိန်းကလေးတယောက်အဖြစ် ရီပို့တ် အတင်ခံရပီးသကာလ ဟူးမန်းရီစို့ မန်နေဂျာမှ ဝမ်နင်မပေးဘဲ ဒါရိုက်အလုပ်ဖြုတ်ကြောင်း ကြေငြာခံရတဲ့အထိ အဖြစ်ဆိုးခဲ့တယ်။ ပြစ်ချက်တွေကတော့ ပြောခဲ့သလိုဘဲ အမိန့်မနာခံဘူး၊ ကိုယ်မှန်တယ်ထင်တာ စွတ်လုပ်တယ်၊ မှားမှာမကြောက်ဖူး။ ကိုယ်လုပ်ခဲ့တဲ့ ကုန်မဏီအတွက် Supply Source အသစ်တွေရှာပေးတာမှအစ နယ်ခံတွေခေါ်ခန့်ထားတယ်ဆိုပြီး တောက်တိုမယ်ရလုပ်ပေးခဲ့တာအဆုံး ကောင်းကွက်တွေအကုန်ပျောက်။
ဆိုတော့ ပညာသင်ပေးထားသော ဝန်ထမ်းတွေကို လိုအပ်တာထက်ပိုပြီးမနှိပ်ကွပ်သင့်ကြောင်း။
ရွှေအိမ်စည်
November 17, 2011 at 2:23 pm
ရွှေအိကောမက်လေးဖတ်ရတော့..စိတ်မကောင်းလိုက်တာ….
ဝမ်းထန်းနြ ့အလုပ်ရှင်ကြားက….လိုအပ်တာတွေ ကို..
စီမံခန် ့ခွဲ မှုတစ်ခုမှာစာရေးဘူးတာလေးတွေ …ရှိတယ်..
ရွှေအိကော…ကျမလုပ်ထားတဲ ့..ဂေဇတ်ဖိုရမ်ထဲ ကစာတွေ ဖတ်စေချင်ပါတယ်..။
တကယ်တော့အလုပ်ရှင်နြ ့အလုပ်သမားကြားက….ညှိစရာလေးတွေ ပါ….
အကုန်ကျင့်သုံးဖို ့မလိုပါဘူး….
ပညာတွေ ..အသိတွေ သညာတွေ ကအလုပ်ကဘဲသင်သွားတာပါဘဲ…
ဒီနေရာလေးမှာ…..ပရဟိတ..စာတွေ လှူထားပါတယ်..။
လေးစားသော
ရွှေအိမ်စည်
http://myanmargazette.net/forum/express-yourself/%e1%80%b1%e1%80%84%e1%80%bc%e1%80%b1%e1%81%be%e1%80%80%e1%80%b8%e1%81%8a%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%81%8a%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%81%e1%80%94/
etone
November 17, 2011 at 3:17 pm
အဲ့နေရာ မသွားနဲ့ ကိုချောကလက်ရေ ………ကူးရာပါ ပစ္စည်း ထုခွဲမှုနဲ့ အလိုရှိနေတယ်တဲ့ .. ဟီးဟီး 😀
(နောက်တာနော် …နောက်တာ … 😛 )
etone
November 17, 2011 at 3:13 pm
မရွှေအိရေ … အလုပ်ခွင်ထဲက အကြောင်းတွေကတော့ ပြောမနေပါနဲ့ … ကိုယ်က ဘယ်လောက် လုပ်ပေးလုပ်ပေး … အလုပ်ရှင်တွေက ကန်းနေလျှင် သဲထဲရေသွန်သလိုပါပဲ ကိုုယ့်ဘဝသာ အသက်ကြီးပြီး အချိန်မစီးဖြစ်ရတယ် … ။
တချို့ကလည်း လည်လိုက်တာမှ လှစ်နေတာနော် … အဲ့ဒီအကြောင်း ကျွန်မပို့စ်ရေးဖူးတယ် … ။
http://myanmargazette.net/52752/business-economy/jobs-careers မှာပါ … အလုပ်ရှင်နဲ့ အလုပ်သမားကြားထဲက ကွာဟမှုများဆိုတဲ့ခေါင်းစဉ်နဲ့ပါ … ။
ရွှေအိမ်စည်
November 17, 2011 at 11:11 am
ဦးဘလက်ကိုဒီနေရာလေးဖိတ်ခေါ်ပါတယ်..
သိပ်မဝေးပါဘူး…
http://myanmargazette.net/forum/express-yourself/%e1%80%b1%e1%80%84%e1%80%bc%e1%80%b1%e1%81%be%e1%80%80%e1%80%b8%e1%81%8a%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%81%8a%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%81%e1%80%94/
နီလေး
November 17, 2011 at 3:00 pm
အလုပ်ရှင်နဲ့ဝန်ထမ်းကြားမှာ ကျင့်ဝတ်တွေစောင့်ထိန်းကြဖို့လိုတာတော့အမှန်ပါပဲ
zaymdy
November 17, 2011 at 4:35 pm
အလုပ်လုပ်ရင်း သင်ကြား ပေးခြင်းဆိုတည်း ယနေခေတ် com’ltd တွေ.များများပော်ပေါက်စေချင်ပါတယ် ဒါမှ အလုပ်သမားများ အလုပ်အကိုင်အခွင်.အလမ်းများလာမှာပါ အလုပ်ရှင်နဲ့ဝန်ထမ်းကြားမှာ ကျင့်ဝတ်တွေစောင့်ထိန်းကြဖို့လိုတာတော့အမှန်ပါ အလုပ်ရှင်နဲ. ဝန်ထမ်းကြား ချိန်ဆက်ပေးတည်း မန်နေဂျာအပော်မှာလည်း မှူတည်တယ် ထင်ပါတယ်ဗျာ…တစ်ချို. com’ltd တွေ.ဝန်ထမ်းများကို မထိန်းပါဘူး မရှိမဖြစ်လိုအပ်တည်းလူတွေ.ပဲ ထိန်းပြီး ကျန်တည်းဝန်ထမ်းတွေ.ကို လာစာတိုးပေးခါနီး နှစ်ကြာလာရင် အလုပ်ခွင်.ကိုပျော်ရွှင်အောင် ဆက်မထားပဲ အလုပ်ထွက်ချင်စိတ်ပေါက်အောင် လုပ်တာတွေ.လည်းတွေပါတယ် အဓိကကတော. မြန်မာပြည်မှာ အလုပ်သမားပေါများမှူကို အခွင်.ကောင်းယူတည်း သူငှေးများလည်းရှိပါတယ် မှားတာရှိရင် ခွင်.လွတ်ပါ အလုပ်ရှင်နဲ. အလုပ်သမားအဆင်ပြေစေပြီး အလုပ်သမားများလည်း စားဝတ်နေရေး ပြေလည်ပါစေးးးး:)
ကိုပေါက်(မန္တလေး)
November 17, 2011 at 5:52 pm
ကျနော်ဒီအကြောင်း ကိုမြန်မာပြည်က ဂျစ်ပဆီလေးများနာမယ်နဲ့တင်ဘူးပါတယ်။
http://www.myanmarsarpay.info/community/index.php/…/104– ဒီလင့်မှာပြန်ရမလားမသိဘူး
blackchaw
November 17, 2011 at 6:06 pm
ကျွန်တော် အခုပဲ ဖတ်လိုက်ပါပြီ ကိုပေါက်ရေ။
ကျေးဇူးတင်ပါတယ်။ လင့်က ဒီမှာပါဗျာ။
http://myanmargazette.net/3924/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
blackchaw
November 17, 2011 at 6:08 pm
ကျွန်တော် ဖတ်လိုက်ပါပြီ ကိုပေါက်ရေ။ ကျေးဇူးပါဗျာ။
ကိုပေါက်(မန္တလေး)
November 17, 2011 at 6:20 pm
ကိုချောရေ
ဒီနေ့မနက်တင် ကျနော့်သူငယ်ချင်းအလုပ်က နေပြောင်းသွားတဲ့ချာတိတ်တစ်ယောက်တွေ့ခဲ့တယ်။
သူထွက်တာလေးနှစ်လောက်ရှိရောပေါ့။
အဲဒီတုန်းက လဲ အရောင်းသမား။
အခုလဲအရောင်းသမားပါဘဲတဲ့။
သူနဲ့အတူဝင်တဲ့ ဖင်မြဲတဲ့ကလေးကတော့ စီစဉ်ညွန်ကြားသူနေရာမှာရောက်လို့ပေါ့။
အခုခေတ်ကလေးတော်တော်များများက လတ်တစ်လော ရလာဒ်ကိုဘဲကြည့်တတ်ကြပါတယ်။
alinsett
November 17, 2011 at 7:24 pm
ဘာပဲ..ပြောပြော ဖတ်သင့်တဲ ့စာလေးပါ ။ အားပေးသါွးပါတယ် ။
windtalker
November 17, 2011 at 7:26 pm
ကျုပ် အသိ ကုမ္ပဏီ တစ်ခုမှာ ဝန်ထမ်းပြဿနာ အမြဲ တက်တော့
ကုမ္ပဏီပိုင်ရှင်တွေ ကိုယ်တိုင်ဘဲ ၊ လိုအပ်တဲ့ ဝန်ထမ်းတွေ နေရာမှာ ကိုယ်တိုင် ဝင်လုပ်နေတယ်ဗျ ။ ကုမ်ပဏီ က ဝန်ထမ်းတွေ လေ့ကျင့်ပေးတယ် ၊ တတ်လာတော့ နေရာပေးတယ် ၊ လခ တိုးပေးတယ် ။ နေရာရတော့ ကုမ်ပဏီကထွက်တယ် ၊ လခ ပိုပေးတဲ့ အခြား ကုမ်ပဏီ ကို ပြောင်းလုပ်တယ် ၊ ပတ်ချာလည် ရိုက်နေတာဘဲ ။
antimoe
November 17, 2011 at 7:48 pm
ITဖက်မှာ ပိုဆိုးသလားပဲ။
လေ့ကျင့်ပေးတယ် ၊ နေရာပေးတယ် ၊ လခ တိုးပေးတယ် ။
နေရာရတော့ ကုမ္ပဏီကထွက်တယ်။
ဒီမှာက နိုင်ခြံငှားလောက် မပေးနိုင်တော့ ထိန်းရခက်တယ်။
ဒီမှာလုပ်ပေးနေတဲ့အချိန်မှာ ဖင်မ နေရတယ်။
ကိုယ်တိုင် မတတ်လို့ကတော့ တိုင်ပတ်ပြီမှတ်။
ဟူး…..တော်တော်ဦးဏှောက်စားတာပဲ။
အီးတီ
November 18, 2011 at 12:27 pm
သင်္ဘောသားလောကမှာ ပြောရရင်တော့ ကျွန်တော်လိုက်တဲ့ကုပ္မဏီက ဟိုကထဲကလိုင်းကြီးပါ။ မိသားစုကုပ္မဏီလို ့တောင်ပြောလို ့ရတယ်။ တစ်ယောက်နဲ ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ ့ နေကြတာကိုပြောတာပါ။ လစာက AB ကို $800 ပဲပေးတယ်။ တခြားလိုင်းမှာဆို AB က အနည်းဆုံး $1000 ကျော်တယ်။ လုပ်ရတဲ့ အလုပ်က တူတူပဲ။ crew တွေကိုပေးတဲ့ အခွင့်အရေးကလည်း ကွာတယ်။ အဲဒါကြောင့် ကျွန်တော်တို ့ကုပ္မဏီက အရည်အချင်းရှိတဲ့ သူတွေတော်တော်များများ တစ်ခြားလိုင်းပြောင်းကုန်ကြတယ်။ ခုတော့လိုင်းမှာ လူညံ့တွေပဲ ကျန်တော့တယ်။ ဘယ်သူ ့အပြစ်တင်ရမလဲ မသိပါဘူး။ 🙁
thit min
November 21, 2011 at 9:14 pm
စာချုပ်နဲ့ခိုင်းတာ မုန်းပေမဲ့ အလုပ်သမားတွေကလဲ အလုပ်သမားတွေပါဘဲလေ။
ခုန်ဘို့စဉ်းစားနေတာ။ အလုပ်ရှင်ကို စဝင်ထဲ ရက်လောက်ဘဲ လေးစားတယ်။
နောက်ပိုင်း မုန်းကြတယ်။
ကိုယ့်ကိုပိုက်ဆံပေးနေတဲ့ သူကိုမုန်းပြီးအလုပ်လုပ်ကြသော မြန်မာလူများ
အကြောင်းစာစီကုံးပါ ဆိုရင် ပြီးဘွယ်ရာမမြင်။
ဪ အသင် လောက။
aye.kk
November 22, 2011 at 10:24 am
ကိုဘလက်ချောရေ..
တကယ်ကိုမှန်ပါတယ်..
အသိတစ်ရားမရှိသူကို ကိုယ်ကခန် ့မိရင် အခုလိုပြသနာကြုံနေကြရမှာ အမှန်ပါဘဲ..
ကျေးဇူးမသိ ကျင့်ဝတ်မရှိ အသိမရှိတာဟာ..
ခေတ်လူငယ်လူရွယ်ပညာတတ်တွေ ရဲ ့အသိအမြင်ယူဆ အတွေးခေါ်လွဲမှား
လာတာဟာ ပတ်ဝန်းကျင်နဲ ့သက်ဆိုင်နေတာကြောင့်လည်းပါဝင်နေပါတယ်..
ယနေ ့ခေတ်..
ပြည်သူ ့ဝန်ထမ်း အလုပ်လုပ်သူတွေဆီမှာလည်း..
ခြစားလာတဲ့ပြသနာကို သေချာကိုင်တွယ်ဖြေရှင်းပေးနိုင်မှုမရှိခြင်း..
ဖြေရှင်းပေးသူကိုယ်တိုင်က အဂတိတစ်ရားမကင်းနိုင်ခြင်း..
ရရှိထားတဲ့လစာနှူံးထား လုံလောက်မှုမရှိခြင်း ပြသနာအပေါ်အခြေခံပြီး ကျင့်ဝတ်စောင့်ထိန်းမှု
ဆိုတဲ့အသိတစ်ရားတိုု ့ပျောက်ကွယ်နေတာမြင်တွေ ့နေရပါတယ်..
ဒါတွေကိုမြင်တွေ ့နေတဲ့ ပတ်ဝန်းကျင်အမြင်ပေါ်မှာအခြေခံပြီး..
ယနေ ့လူငယ်တွေရဲ ့အတုမြင်အတတ်သင်ချင်တဲ့..
အသိအမြင်စိတ်ဓတ်တွေကြောင့် အသိတစ်ရားခေါင်းလာတာဟာ အင်မတန်
ဝမ်းနည်းစရာကောင်းလှပါတယ်..
စံနမူနာထားရမဲ့ပြည်သူ ့ဝန်ထမ်းတွေဆီမှာတောင်
ကျင့်ဝတ်စောင့်ထိန်းမှုဆိုတာမရှိကြတဲ့အတွက်ကြောင့်သာ မဟုတ်ရင်..
ယနေ ့ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ ့ခေတ်လူငယ်ပညာတတ်များ အကြားစာချုပ်နဲ ့ထိန်းချုပ်ရတဲ့
အဆင့်ထိတောင်ရောက်လာကြမှာ မဟုတ်ပါဘူး
အခုတော့စာချုပ်နဲ ့တောင်မှချုပ်ကိုင်ဖို ့မလွယ်လာတဲ့အတွက် စိတ်ပျက်စရာကောင်းပါတယ်..
မိဘနဲ ့သားသ္မီးလို လိမ္မာစေချင်လို ့ဘယ်လောက်ပဲသင်သင်..
ပါတ်ဝန်းကျင်မကောင်းရင် နာခံဖို ့မလွယ်ကူပါဘူး..သင်လည်းမရပါဘူး..
ကျေးဇူးတရားလည်းနားလည်မှာမဟုတ်ပါဘူး..ကျေးဇူးမသိ ကျင့်ဝတ်မရှိတာဟာ..
ပါတ်ဝန်းကျင်နဲ ့လည်းသက်ဆိုင်နေပါတယ် ရေခံမြေခံကောင်းတဲ့ပတ်ဝန်းကျင်ရှိရင် သင်ပေးရင်နာခံလွယ်မှာပါ ကျေးဇူးသိ ကျင့်ဝတ်ရှိလာကြမယ်လို ့မြင်မိပါတယ်..
ကိုယ့်အမြင်လေးကိုပြောပြတာပါ..။