ရှင် …… ဝေး
“ရှင် …………. ဝေး”
စိတ္တဇ . . . . .
ရှင်သန်ခြင်းကဝေးကြဖို့လို့
ဒါ စိတ္တဇပဲ
ငါ့ဆီကြေးနန်းရိုက်လိုက်ပါ
“ခင်ဗျားကိုယ်ခင်ဗျားမီးလောင်နေပြီ”
ခင်းကျင်းပြသလိုက်
မဟုတ်ဘူး . . . . ဒီမှာ မနက်တိုင်းက
သေကြောင်းကြံစည်
မနက်စာ စားရသလောက်ပါပဲ
ဟော့ဟော့ရမ်းရမ်းလမ်းလျှောက်ရသလိုပဲ
သိပ် . . . . . လွယ်ကူတယ်
အိမ်ပြန်စရာမလိုတော့ဘူး
ရှန်ပူနံ့သင်းသင်းသုံးစရာမလိုတော့ဘူး
ရှင် . . . . . နေရတာ စိတ္တဇ
ဝေး . . . . . နေရတာ စိတ္တဇ
“ငါ ဘာ တွေး မိ လဲ” ကို ပိုက်ကွန်အုပ်ထားမယ်
မိန်းကလေးတစ်ဦးအတွက် . . . . . . .
. . . . . . . . .
ယောင်္ကျားလေးတစ်ဦးက
“ . . . . .” အဲဒီလို သင်္ကေတပြတယ်
ဒါသိပ်လွယ်ကူတယ် . . . . ဟား . . . . စိတ္တဇပဲ
ငါ့ကိုရေခဲသေတ္တာဖွင့်သလိုဖွင့်ခဲ့တာ
မုဆိုးက သားကောင်ကိုလိုက်သလို . . . . .
သေလိုက်
ရှင်လိုက်
ဝေးလိုက် . . . . နီးလိုက်နဲ့
ပြေးကန်လိုက်ပြန်ကောက်လိုက်လုပ်ရအောင်
ငါ . . . . ဘောလုံးမဟုတ်ဘူး
ရာသီဥတုများတယ် . . . . . . မြွေပဲ
“သိပ် ရယ် ရ တာ ပဲ”
အဲဒီအသံခပ်ချွဲချွဲက
သစ္စာစကားမှမဟုတ်တာ . . . . . . . .
. . . . . . . . စိတ္တဇဖြစ်ရတဲ့အထဲ
စိတ်“တစ်”စမှ လာအပစ်မခံနိုင်ဘူး
နား . . . . . နား . . . . . နားလိုက်
တစ်သံသရာတည်းလည်ချင်သပဆိုလား
ဝတ်ကျေတန်းကျေပါ . . . .
ခဏတဖြုတ် ဧည့်ခံစကားပြော
ငှက်ဖြစ်ရင်တောင် တစ်ကိုင်းတည်းနား . . . . . . . . . ချင်
နားထားလိုက် . . . . ဆုတောင်းရုံပဲကောင်းတယ်
ခပ်ပြုံးပြုံးလေးပြောခဲ့တာတော့
ကောင်းတယ်
သိပ် . . . . . . လွယ်ကူတယ်
ကျွတ် . . . . စိတ္တဇပဲ
ငါ့ကိုယ်ငါ မီးလောင်နေတယ်
တစ်ယောက်ယောက်ဆီ ကြေး နန်း
ရိုက်
လိုက်
မိ . . . .
သူရဿဝါ
မေလ ၂၃ ရက် ၊ ၂၀၁ဝ ခုနှစ်