သူရႆဝါFebruary 8, 20131min17311
မောင်ဝါဝါနှင့် လိုက်လျှင်လိုက် မလိုက်လျှင်ရိုက် ပရိုမိုးရှင်း – သူရဿဝါ – မောင်ဝါဝါ နေ့စဉ် အင်တာနက် သုံးသည်။ အင်တာနက် သုံးတိုင်း ဖေ့စ်ဘုတ်ခ်က မပါမဖြစ်။ ဖေ့စ်ဘုတ်ခ် သုံးတိုင်းလည်း လိုက်ခ်တွေ၊ ကော်မန့် တွေက မနှိပ်မဖြစ်။ အထူးသဖြင့် လိုက်ခ်ဘတ်တန် (Like Button) ပေါ့။ ဖေ့စ်ဘုတ်ခ် ပေါ်တွင် ဟိုလျှောက်သွား၊ ဒီလျှောက်သွား လုပ်ရင်း၊ ဟိုဟာ စပ်စု၊ ဒီဟာ စပ်စု လုပ်ရင်း သဘောကျတာ တစ်ခုခု တွေ့လျှင် ကော်မန့် မရေးရင်သာ နေရမည်။ အော်တိုမက်တစ် လွယ်လွယ်ကူကူ လိုက်ခ်ကိုတော့ နှိပ်ချလိုက် ပြီးသား။ ထိုဖေ့စ်ဘုတ်ခ် ပေါ်လာ ကတည်းက၊ လိုက်ခ်တွေ စပြီး နှိပ်မိ ကတည်းက မောင်ဝါဝါ့ […]


သူရႆဝါJanuary 26, 20131min1777
ဒီကနေ့ဟာ “အမေများနေ့” ပါတဲ့။ အမေနေ့အတွက် .. အမေ့အတွက် ကဗျာတစ်ပုဒ် မရေးဖြစ်ပါဘူး။ ဒါပေမယ့် ဟိုအရင်က ရေးခဲ့ဖူးတဲ့ “မေမေ” ကဗျာလေးတစ်ပုဒ် ပြန်တင်လိုက်ပါတယ်။ အဲဒီကဗျာဟာ ကျွန်တော့်အမေ တစ်ယောက်တည်းအတွက် ရည်စူးပြီး ရေးထားတဲ့ကဗျာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိသမျှ မေမေ အားလုံးနဲ့ ကမ္ဘာပေါ်မှာရှိသမျှ မေမေ့ကိုချစ်တဲ့ သားတွေ သမီးတွေ အားလုံးအတွက် ရည်ရွယ်ပါတယ်။ ကဗျာတစ်ပုဒ်လုံးမှာရှိသမျှ စာသားတိုင်းဟာ ခင်ဗျားတို့နဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်။ အချို့စာပိုဒ်တွေဟာလည်း ခင်ဗျားတို့ကို ကြည့်ပြီးရေးထားသလိုထင်ရတဲ့အထိ ထူးထူးခြားခြား တိုက်ဆိုင်ရင်လည်း တိုက်ဆိုင်နေပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် .. …. ဒီကဗျာကိုဖတ်ပြီး သဘောကျလို့၊ တိုက်ဆိုင်လို့ ခင်ဗျားတို့ရဲ့ မေမေတွေကို လက်ဆောင်ပေးချင်တယ်ဆိုရင် ဒီကနေ ကူးယူပြီး လက်ဆောင်ပေးနိုင်ပါတယ်။ အဲဒီအတွက် .. .. ခင်ဗျားတို့အားလုံးကို […]


သူရႆဝါJanuary 3, 20131min832
သူရဿဝါနှင့် မသိခြင်းဒုက္ခ (၆) – သူရဿဝါ – အဘိုးကြီးလည်း ဖုန်း၊ အဘွားကြီးလည်း ဖုန်း၊ မွေးကင်းစ အာဗြဲလေးလည်း ဖုန်းကြသည့် တဖုန်းဖုန်း မြည်နေသော ကာလ ကြီးတွင် မနေနိုင် မထိုင်နိုင် ယားကျိကျိ ဖြစ်လာ သဖြင့် မောင်ဝါဝါလည်း လိုက်၍ ဖုန်းမိသည်။ မောင်ဝါဝါ ဖုန်း စဝယ်တာ လွန်ခဲ့သည့် ရှစ်လခန့်ပေါ့။ ရှိသည့် ပိုက်ဆံနှင့် အဆင် အပြေဆုံး ဖြစ်နိုင်သည့် ဟာလေး ရွေးလိုက်တော့ ကံထူးရှင် ဖြစ်ရ လေသည့် အကောင်မှာ Samsung Galaxy Mini ကလေး ဖြစ်၏။ အဲဒီ တုန်းက မောင်ဝါဝါ ဂျာဗားတွေ၊ စူပါတွေ၊ ဟိုင်းတီးတွေ၊ အန်ဒွိုက်တွေ၊ အော့ဒွိုက်တွေ၊ ဝရုဖောက် […]


သူရႆဝါDecember 28, 20121min1094
လူငယ်တို့ ဖန်တီးတည်ဆောက်ရမည့် လူမှုအခြေပြု ကွန်ယက်၊ စာပေနှင့် နိုင်ငံရေးအနုပညာ – သူရဿဝါ – စာဆိုတော်နေ့ အထိမ်း အမှတ် အတွက် ဒီနေ့ (၂၈၊ ဒီဇင်ဘာ၊ ၂၀၁၂) မှာ “စာဆိုတော်နေ့ ဂုဏ်ပြု ဆောင်းပါး” တစ်ပုဒ် ပေးပါလို့ ဆုံဆည်းရာ ဆိုရှယ်လ် နက်ဝါ့ခ် ဆိုက်က အမကြာဖြူနွယ်က ကျွန်တော့်ကို တောင်းဆို လာပါတယ်။ တလော တုန်းကလည်း အဲဒီလိုပဲ ဆိုရှယ်လ် နက်ဝါ့ခ် ဆိုက်တစ်ခု (ကျွန်တော် တို့ကတော့ လွယ်လွယ် ကူကူ Ning Site တွေလို့ ခေါ်တယ်) ကနေ စာပေ ဟောပြောပွဲလို ပုံစံမျိုး ပိုစ့်ရေး ပေးပါ .. လူငယ်တွေ အတွက် အဓိက […]


သူရႆဝါDecember 21, 20121min1486
ဒီဇင်ဘာ ၂၁ မတိုင်မီ၊ ဒီဇင်ဘာ ၂၁ နှင့် ကမ္ဘာပျက်အလေ့အကျင့် – သူရဿဝါ – ဒီဇင်ဘာ (၂၁) မတိုင်မီ … ——————————- မောင်ဝါဝါ – ဟယ်လို .. လျှပ်စစ် မီးရုံး ကလားဗျာ လျှပ်စစ် မီးရုံး – ဟုတ်ကဲ့ .. ပြောပါ မောင်ဝါဝါ – ဟာ .. ခင်ဗျားတို့ ဘယ်လို လုပ်တာ လဲဗျာ၊ လျှပ်စစ်မီး ၂၄ နာရီ အပြည့် ပေးမယ် ဆိုဗျ၊ အခုတော့ နေ့လည် ဆိုလည်း တစ်နေကုန် ပျက်၊ ညဆိုလည်း အစာပိတ် တစ်နာရီ နှစ်နာရီ လောက် ပျက်နဲ့၊ ခင်ဗျားတို့ ၂၄ […]


သူရႆဝါDecember 19, 20121min2209
(၁၃) လမ်း၊ တန်ဆောင်တိုင်ညနှင့် မရယ်ရသော ကာတွန်း – သူရဿဝါ – (၁) “ရယ်စရာ မောစရာ ဆိုတဲ့ အတွက် ရယ်စရာ ပြီးသွားရင် မောစရာ ပါလာတယ်” “တခါတလေမှာ ဟာသ ဆိုတာ တွေ့မြင်ရသူ အဖို့ ရယ်စရာ ကောင်းပေမယ့် အရယ်မော ခံရသူ အဖို့တော့ နာကျင်ဒုက္ခ ဖြစ်နေတတ်တယ်” (၂) ကာတွန်း တွေကို ငယ်ငယ်တုန်းကတော့ ကျွန်တော် တို့ရဲ့ ရယ်မော ပျော်ရွှင် လိုစိတ် တစ်ခု အတွက် အသုံးပြု ခဲ့ကြတယ်။ ကလေး ဘဝက ဖတ်ခဲ့ရတဲ့ တွတ်ပီ၊ မောင်မောင်ဇာ၊ ဘဲဥ၊ အရိုင်း အစရှိတဲ့ ကာတွန်း စာအုပ် တွေနဲ့ အဲဒီ အထဲက […]


သူရႆဝါDecember 14, 20121min20119
မောင်ဝါဝါနှင့် “ကျပ်” မြို့တော် – သူရဿဝါ – တစ်နေ့သ၌ ကျွန်ုပ် မောင်ဝါဝါ သည် အပူလုံးကြွ၍ ယူကျုံးမရ ဖြစ်ရမည့် လူမှုရေး ကိစ္စ တစ်ခုကြောင့် မိမိ နေထိုင်ရာ သင်္ကန်းကျွန်း ရွှေမြို့တော် ကြီးမှ နေ၍ ဒေါင်းတောင်း ခေါ်ဆို မြို့ထဲ အလယ်ဗဟို သို့ သွားရောက်ရန် ကိစ္စ ပေါ်ပေါက် လာလေသည် ဖြစ်ချေ၏။ သို့နှင့် ရေမိုးချိုး၊ ဖြီးလိမ်း ပြင်ဆင်ပြီး သကာလ လှလှပပ ကြွကြွရွရွဖြင့် လူယောင် ဖန်ဆင်းကာ လမ်းထိပ် ဘတ်စ်ကား ဂိတ်သို့ ခန့်ခန့်ညားညား လမ်းလျှောက်၍ ထွက်ခဲ့ လေ၏။ ကားစောင့်၍ များမကြာမီ မှာပင် ရှေ့နှစ်ဂိတ် လောက်မှ ဂိတ်စသည် ဖြစ်သော […]


သူရႆဝါNovember 23, 20121min1123
                        သူသည် လူငယ်တစ်ယောက်ဖြစ်သည် ၊ သူသည် ကျွန်တော်တို့၏ နှလုံးသားဖြစ်သည် – သူရဿဝါ – ထို ကစားသမား ကို သူအခုလို နာမည် မကြီးလာခင်၊ ရန်ကုန် ယူနိုက်တက် အသင်းတွင် ပုံမှန် နေရာ မရသေးခင် ကာလ ကတည်းက (သူလူစားဝင် ကစားသော အချိန် များတွင်) သူ၏ ကစားပုံကို ကြည့်ပြီး သဘောကျ ခဲ့သည်။ ဘောလုံးပွဲ ကြည့်ဖော် သူငယ်ချင်း များကိုလည်း “သူ့ကို ကြည့်ရတာ တစ်ချိန် ကျရင် အောင်မြင် လာဦးမှာ၊ ကစားတာ […]


သူရႆဝါNovember 19, 20121min1153
စိတ်ကောက် ကြယ်သီးလေးဟာ ညီမလေးလား၊ ရင်ဘတ်ပေါ်က ကြယ်သီးဟာ ကိုယ်လား – သူရဿဝါ – ကိုယ့်ခန္ဓာကိုယ်ထဲက ပင်မသွေးကြောလွှာကို ချစ်ဦးသူရဲ့နာမည်လေးပေးထားလိုက်တယ် ချစ်သူက သခင် ၊ ကိုယ်က အပါးတော်မြဲပါ ။ ကိုယ့်ဘဝကို စက္ကူငှက်ရုပ်လေးဖြစ်အောင်ချိုးခေါက်ပြီး ချစ်သူအတွက်လက်ဆောင်ပို့ပေးဖူးတယ် ။ ရင်ဘတ်မှာမတပ်ဘဲ ဖြုတ်ထားတဲ့ စိတ်ကောက်ကြယ်သီးလေးတစ်လုံးရှိတယ် ၊ ကိုယ်ပါ ။ အဲဒီ ကဗျာကို ရေးခဲ့တုန်းက စိတ်ကောက် ကြယ်သီးလေးဟာ ကိုယ့်အတွေး ထဲက အိပ်မက် သက်သက်ပဲ၊ ကိုယ့်ရဲ့ စိတ်ကူးယဉ် ဖန်တီးမှု သက်သက်ပဲ။ ဒါပေမယ့် အဲဒီ အိပ်မက် ကြယ်သီးလေးဟာ ကိုယ့်ဘဝထဲကို တကယ်ပဲ ကိုယ်ထင်ပြ ဝင်ရောက် လာခဲ့တယ်။ ကိုယ့်ဘဝမှာ စိတ်ကူးယဉ် အရေးအသား သက်သက် အဖြစ်ပဲ […]


သူရႆဝါNovember 17, 20121min1306
မဟာရန်ကုန် – သူရဿဝါ – ရန်ကုန်ဟာ အကြံစုံလို့ ရန်ကုန်ဟာ မာယာတွေ ဆယ့်ခြောက်ပဲရည်ပြည့်လို့ ရန်ကုန်ဟာ ဖရေဇာတလျှောက်က အဝတ်ဟောင်းတန်းတွေနဲ့တူလို့ ရန်ကုန်ဟာ ပတ်တီးကိုင်လို့ ရန်ကုန်ဟာ ဆေးပြန်ရိုက်လို့ ရန်ကုန်ဟာ မိတ်ကပ်တွေဖို့လို့ ရန်ကုန်ဟာ မျက်နှာမှာသနပ်ခါး ပေါင်မှာသေးကြောင်းနဲ့ဖြစ်လို့ ရန်ကုန်ဟာ လက်သုတ်ဝတ်ကို ခပ်တည်တည်ခါးကြားမှာထိုးလို့ ရန်ကုန်ဟာ ရန်ကုန်ဆန်လို့ ရန်ကုန်ဟာ မျက်နှာသစ်ဆေးရည်တွေအသင့်ပြင်လို့ ရန်ကုန်ဟာ ကပျာကယာ ပြင်ဆင်ဖြီးလိမ်းလို့ ရန်ကုန်ဟာ အဝတ်အစားလဲလှယ်လို့ ရန်ကုန်ဟာ လူယောင်ဖန်ဆင်းလို့ ရန်ကုန်ဟာ သုတ်သီးသုတ်ပြာနိုင်လို့ ရန်ကုန်ဟာ အကြံကုန်လို့ ရန်ကုန်ဟာ ရန်ကုန်ရဲ့မျက်နှာစိမ်းဧည့်သည်တွေကို ရန်ကုန်အစစ်ဖြစ်ကြောင်း ရန်ကုန်အတုကြီးနဲ့ဖုံးပြီးသက်သေပြတော့မလို့ .. ။ ။ ၁ရ – နိုဝင်ဘာ – ၂၀၁၂


သူရႆဝါNovember 14, 20121min21210
ဟောဒီ စာမူကို ပြီးခဲ့တဲ့ တစ်ပတ်က “မောင်ဝါဝါနှင့် ဖုန်းပရိုမိုးရှင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ Net Guide Journal ကို ပေးတော့ သူတို့က ဒီစာမူကို မသုံးရဲပါဘူး ဆိုပြီး ကျွန်တော့်ကို ပြန်ပေးပါတယ်။ ကျွန်တော် အဲဒီပိုစ့်ကိုပဲ အခုခေါင်းစဉ် ပြန်ပြောင်းပြီး တင်လိုက်တာ ဖြစ်ပါတယ်။ ဖတ်ကြည့် ကြပါဦး။ မောင်ဝါဝါနှင့် “လင်ကြီးမူး” ဖုန်းပရိုမိုးရှင်း – သူရဿဝါ – မောင်ဝါဝါ ကျင်လည် နေသည့် မီဒီယာ လောကထဲ သတင်း တစ်ခု ပျံ့လွင့် လာသည်။ ဘာလဲ ဆိုတော့ ဖုန်း အလုံး တစ်ရာ အလကား ဝေပေးမည် ဟူသည့် သတင်း။ သူများတွေ ဖုန်းကို ဈေ းလျှော့ […]


သူရႆဝါNovember 3, 20121min1669
ဦးမောင်နှင့် အခပေးရုပ်သံလိုင်း – သူရဿဝါ – ဦးမောင်က အိမ်မှာ မိသားစုနဲ့ သိုက်သိုက် ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် နေချင်တဲ့လူ။ ဦးမောင် မှာက ဇနီး ဒေါ်ယုနဲ့ သားနှစ်ကောင် ရှိတယ်။ တစ်ကောင်က မောင်ဘုန်း၊ တစ်ကောင်က မောင်ကျော်တဲ့။ ဦးမောင်က ခုနက ပြောသလို အိမ်မှာ မိသားစု စည်စည် ကားကား နေချင် ပေမယ့် သူ့သား နှစ်ကောင် စလုံးက တစ်ကောင်မှ အိမ်မကပ်ဘူး။ အကြီးကောင် မောင်ဘုန်းက လူပျိုပေါက်ပေါ့။ မနက်ဆို တက္ကသိုလ် သွား၊ ကျောင်းသွား၊ ညနေ အိမ်ပြန် ရောက်ရင် ရေမိုးချိုးပြီး သူငယ်ချင်း တွေနဲ့ လက်ဖက်ရည် ဆိုင်လေး ဘာလေး ထိုင်ပေါ့။ ညမိုးချုပ်မှ […]


သူရႆဝါOctober 26, 20121min1395
မောင်ဝါဝါနှင့် လေခွန်တော် နောက်ဆက်တွဲ – သူရဿဝါ – ထုံးစံအတိုင်း ညနေ ကျောင်းဆင်းလို့ အိမ်ရောက်ပြီး ခဏနေ တာနဲ့ မြေးကလေး မောင်ဝါဝါဟာ ဖိုးဖိုးဆီ ရောက်လာ တော့တာပဲ။ ပုံပြင် ပြောပြပါလို့ ပူဆာဖို့ ပေါ့လေ။ ဖိုးဖိုး ကလည်း မောင်ဝါဝါ့ကို လှမ်းမြင် ကတည်းက ဘာပြောပြ ရမလဲလို့ စဉ်းစား ထားရတာပေါ့။ မောင်ဝါဝါ ရောက်လာပြီး သူ့နား ထိုင်တာနဲ့ “ပုံပြင် ပြောပြ ခိုင်းတော့မယ် မဟုတ်လား” မေးလို့ ခေါင်းငြိမ့် ပြတာနဲ့ “သေချာ နားထောင်ကွ” လို့ အစချီပြီး ပြောပြတယ်။ “ဒီလို ငါ့မြေးရ၊ ဒီတစ်ခါတော့ ပုံပြင် မဟုတ်ဘူး၊ ဦးပေါ်ဦး အကြောင်း ပြောပြမယ်၊ သိတယ် […]