Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မောင်ဝါဝါနှင့် “လင်ကြီးမူး” ဖုန်းပရိုမိုးရှင်း

သူရႆဝါNovember 14, 20121min46410

ဟောဒီ စာမူကို ပြီးခဲ့တဲ့ တစ်ပတ်က “မောင်ဝါဝါနှင့် ဖုန်းပရိုမိုးရှင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ Net Guide Journal ကို ပေးတော့ သူတို့က ဒီစာမူကို မသုံးရဲပါဘူး ဆိုပြီး ကျွန်တော့်ကို ပြန်ပေးပါတယ်။ ကျွန်တော် အဲဒီပိုစ့်ကိုပဲ အခုခေါင်းစဉ် ပြန်ပြောင်းပြီး တင်လိုက်တာ ဖြစ်ပါတယ်။ ဖတ်ကြည့် ကြပါဦး။

မောင်ဝါဝါနှင့် “လင်ကြီးမူး” ဖုန်းပရိုမိုးရှင်း
– သူရဿဝါ –

မောင်ဝါဝါ ကျင်လည် နေသည့် မီဒီယာ လောကထဲ သတင်း တစ်ခု ပျံ့လွင့် လာသည်။ ဘာလဲ ဆိုတော့ ဖုန်း အလုံး တစ်ရာ အလကား ဝေပေးမည် ဟူသည့် သတင်း။ သူများတွေ ဖုန်းကို ဈေ းလျှော့ ရောင်းတာတို့၊ အရစ်ကျ စနစ်နှင့် ရောင်းတာတို့ ဆိုတာ တွေပဲ မောင်ဝါဝါ ကြားဖူး ခဲ့တာ။ အခုလို အလကား ဝေပေးမည် ဆိုတာ ကိုတော့ တစ်ခါမှ မကြား စဖူး။ တကယ် မဟုတ်သည့် ကောလ ဟာလ သတင်း များလား။ ဒါနှင့် သေချာအောင် စုံစမ်း လိုက်တော့ သတင်းက တကယ့်ကို အမှန် ဖြစ်၍ နေသည်။ အသစ် ဖွင့်လှစ်မည့် “လင်ကြီးမူး” ဟူသော ဆိုင်၏ ဖွင့်ပွဲ အထိမ်း အမှတ် အဖြစ် ဆိုင်ဖွင့်ပွဲ ကျင်းပမည့် မနက်တွင် ဖုန်းတွေကို အလုံး တစ်ရာ တိတိ အလကား မတ်တင်း မဲဖောက်၍ ဝေပေးမည် ဆိုပဲ။ သူများ တွေထက် ပို၍ ပို၍ ထူးခြားသော အချက် တစ်ခုလည်း ရှိသေးသည်။ ဘာလဲ ဆိုတော့ မဲဖောက် ပေးသော အခါတွင် ကံထူးရှင် အဖြစ် မဲပေါက်၍ ဖုန်းကို ပိုင်ဆိုင်ခွင့် ရသူ အနေဖြင့် မိမိ ပေါက်သည့် ဖုန်းကို မယူနိုင်ဘူးဟု ငြင်းပယ်လျှင် ထိုဖုန်း၏ တန်ဖိုး နှစ်ဆ ပြန်လည် ပေးလျော် ရမည် ဟူ၍ ဖြစ်သည်။

မောင်ဝါဝါ စိတ်ဝင်စား သွားလေပြီ။ တစ်ခါမျှ ဒီလို သတင်းမျိုး၊ အဖြစ်မျိုး၊ ရက်ရော တာမျိုး မကြုံစဖူး။ ဟိုး လွန်ခဲ့သည့် နှစ်ပေါင်း များစွာ တုန်းကတော့ ဒါမျိုး ရှိခဲ့ ဖူးသည်။ တစ်သိန်းကျော် ဖုန်းကို လေး ငါးထောင် လောက်နှင့် မဲဖောက် ပေးမည် ဟု ဆိုင် တစ်ဆိုင်က ကြေငြာ ခဲ့ဖူး၏။ သို့သော် လည်း လာရောက် ကံစမ်းသည့် လူအင်အားကို မထိန်းနိုင် သဖြင့် ထို အစီ အစဉ် ပျက်ပြယ် သွားခဲ့ ဖူးသည်။ ကြာခဲ့ ပါပြီ .. ဒါတွေက။ အခုတော့ အဲဒီ တုန်းကထက် ပို၍ တရုန်းရုန်း ဖြစ်နိုင်သည့် သတင်းမျိုး ပေါ်လာ ပါပကော။ စဉ်းစား ကြည့်လေ။ သည်လို တန်ဖိုး ရှိသော ဖုန်းကို အလုံး တစ်ရာ တိတိ အလကား မဲဖောက် ပေးဦးမည်။ မဲပေါက် ပြီးမှ မယူချင်ဘူး ဟူ၍ ငြင်းလျှင် တန်ဖိုး နှစ်ဆ ပြန်လျော် ရမည်တဲ့။ အလကား ရတဲ့ ဖုန်းကို ဘယ်သူက မယူဘူးဟု ငြင်းပါ့ မလဲ။ ဒါကို သူတို့လည်း မသိမှာ မဟုတ်။ စီးပွားရေး သမား တွေပဲ။ သူများထက် အကွက် ပိုမြင်သည်။ ဒါဖြင့် .. ဘာလို့ ဒီလို ကြေငြာ ရတာလဲ။ သူတို့ ပစ္စည်းကို တန်ဖိုး ပိုရှိအောင် အထာကိုင် တာလား၊ လူ စိတ်ဝင်စား အောင် တမင် လုပ်တာလား။ ဘာပဲ ဖြစ်ဖြစ် … မောင်ဝါဝါ စောင့်ကြည့်ဖို့ ဆုံးဖြတ် လိုက်သည်။

အွန်လိုင်းပေါ်၊ ဖေ့စ်ဘုတ် ပေါ်မှာ ကတော့ ထို သတင်းက တောမီး ပမာ ပျံ့နှံ့ နေပြီ။ ထုံးစံ အတိုင်း လူလေးမျိုး လေးစား ကွဲပြန်သည်။ အဲဒီ ကိစ္စ အပေါ် မကောင်းဘူးဟု မြင်၍ ဝေဖန် လေကန်သူ၊ ဒါဟာ ကောင်းတဲ့ ကိစ္စပဲဟု ထောက်ခံ၍ အကောင်းမြင် သဘောတူသူ၊ မကောင်းမြင် သူနှင့် ထောက်ခံသူ နှစ်မျိုးကို ကြားထဲမှ ဗိန်းမောင်း တိုက်ပေးသူနှင့် ဘယ်သူ ဘာလုပ်လုပ်၊ ဘာပြောပြော အကုန် သဘောကျ၍ လိုက်ခ် နှိပ်နေသူတို့ ဖြစ်သည်။ မောင်ဝါဝါ လည်း အဲဒီ ကြားထဲ ဟိုယောင် ဒီယောင်ပေါ့။ သတင်းကို ပို၍ အတည် ပြု၍ ရအောင် မဲဖောက် ပေးမည့် “လင်ကြီးမူး” ဆိုင်ရှေ့သို့ ထိုသတင်း ပေါ်လာသည့် ညဦးပိုင်း တွင်ပင် မောင်ဝါဝါ ရောက်သွားသည်။ အလို .. ဆိုင်ရှေ့ မျက်နှာစာမှာ လူတွေ လူတွေမှ အများကြီး။ မဲဖောက် ပေးမည် ဟူသော သတင်း ပေါ်မလာခင် ကတည်းကပင် လာစောင့် နေကြ သလားကို မသိ။ သေချာ ကြည့်တော့မှ လားလား .. ဆိုင်ရှေ့ မှာပင် မဲမဖောက် ပေးမချင်း တစ်လ ကိုးသီတင်း တည်းခို မည့်ပုံ။ တချို့များ မီးသွေး မီးဖိုတွေ၊ အိပ်ယာတွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံး တွေတောင် ပါသေး။ အောင်မယ် … အဲဒီလို လာစောင့် နေတဲ့အထဲ ထိုသတင်း တက်လာ တုန်းက မကောင်းဘူး၊ မသင့်တော်ဘူး ပြောတဲ့ သူတွေတောင် တစ်ဦး နှစ်ဦး မြင်လိုက်သေး။

ဒီလိုနှင့် မဲဖောက် ပေးမည့် နေ့သို့ ရောက်လာသည်။ မောင်ဝါဝါ လည်း ဖုန်းလေး အလကား လိုချင်တော့ အဲဒီနားကို သွားဖို့ ထွက်လာ ခဲ့သည်။ အလို .. မနက် စောစော စီးစီး အဲဒီ ဆိုင်နားမှာ ပွဲဈေ းတန်းကြီး ကျင်းပ နေသလား မသိ။ လူတွေ လူတွေမှ အများကြီး။ အနားကို သေချာ သွား၍ ကြည့်မိ တော့မှ ကံစမ်းမဲ လက်မှတ်ကို ယူဖို့ ကြိတ်ကြိတ်တိုး စည်ကား တိုးဝှေ့ နေကြသော လူအုပ်ကြီးကို တွေ့ရ တော့သည်။ တကယ့်ကို ဈေ းတန်းလို ဖြစ်နေသည်။ စောင့်နေသည့် လူတွေ အများကြီး ရှိသည် ဆိုတော့ ရေခဲရေ ရောင်းသူတွေ၊ ကွမ်းယာဆိုင် လာဖွင့် ကြသူတွေ၊ မုန့်ပဲ သွားရေစာ ရောင်းသူတွေ လည်း ရောက်နေသည်။ ဈေ းကွက် စီးပွားရေး စနစ်ကို အောင်အောင် မြင်မြင် အကောင် အထည် ဖော်နေ လိုက်ကြသည့် မြင်ကွင်း။

မောင်ဝါဝါလည်း လူအုပ် ကြီးထဲ မရမက တိုးကာ ကံစမ်းမဲ လက်မှတ် တစ်စောင် မရ ရအောင် ယူထား လိုက်သည်။ ဘယ်ရ မလဲ .. အလကား ပေးမည့် ဖုန်းပါ ဆိုမှ ကိုယ်လည်း လိုချင် တာကိုး။ မဲဖောက် ပေးမှာက အလုံး တစ်ရာတည်း၊ ဆိုင်ရှေ့မှာ ရောက်နေတာက လူတွေ ထောင်နှင့် ချီ၍ နေသည်။ ကံစမ်းမဲ လက်မှတ်လည်း ကျဲချ လိုက်ရော ဝုန်း ဒိုင်း ကြဲ၍ လုကြ လေတော့ သည်။ ဆယ့်ငါး မိနစ်၊ နာရီ ဝက်ခန့် ကြာတော့ ကံစမ်းမဲ ကူပွန် လုပွဲကြီး ပြီးဆုံး သွားသည်။ ပေါက်မဲ လက်မှတ် အစောင် တစ်ရာ ဘယ်သူတွေ ရလို့ ဘယ်သူတွေ မရလည်းတော့ မသိ။ မျက်စိရှေ့ ချက်ချင်း လက်ငင်း သိရတာ ကတော့ အတော်ကို ဗြုတ်စ ဗြင်းတောင်း ဖြစ်၍ နေသည်။ ကံစမ်းမဲ လက်မှတ် လုရင်း ဖိနပ် ပြတ်သူ ပြတ်၊ ခေါင်းပေါက် သူတွေ ပေါက်၊ နဖူးကွဲ ဒူးပြဲ နဖူးပြောင် ဒူးချောင်နှင့် တအားတိုး၍ သွားကျိုး စတာတွေ ကတော့ ဒုနဲ့ဒေး ဖြစ်ကုန်သည်။ ကံစမ်းမဲ ကူပွန် ရသူတွေက ပြုံးလို့၊ ပျော်လို့။ မရသူ တွေကတော့ ကုန်းလို့ အော်လို့ပေါ့။

မောင်ဝါဝါ ကတော့ စောစော ကတည်းက ပိုင်ရာ ဆိုင်ရာ ကပ်၍ တောင်းထား သဖြင့် အဲဒီလို မလု လိုက်ရ။ ဒီလိုနှင့် ကံစမ်းမဲ ဖောက်ပေးမည့် အချိန်ကို ရောက်၍ လာပြီ။ မောင်ဝါဝါလည်း လက်ထဲ ကံစမ်းမဲ လက်မှတ်လေး ကိုင်၍ စောင့်နေ သည်။ နား မျက်စိ ကိုလည်း သေချာ ဖွင့်ထား ရသည်။ တော်ကြာ ပေါက်မဲ နံပါတ် အော်လို့ မကြားလျှင် ဒုက္ခ။ ဆိုင်မှ တာဝန် ရှိသူ မန်နေဂျာ ကြီးက လက်ထဲမှာ ကံစမ်းမဲ နှိုက်မည့် ဖလားကြီး ကိုင်ကာ ပြုံးပြုံးကြီး ဆိုင်ရှေ့ကို ထွက်လာပြီ။ သူက ပြောသည်။

“ကျွန်တော်တို့ ကြေငြာ ထားတဲ့ အတိုင်းပဲ ကံစမ်းမဲ ကူပွန် တွေကို ဖြစ်ချင် သလိုဖြစ်၊ ကြဲချင် သလို ကြဲပေး လိုက်ပါပြီ ခင်ဗျာ၊ အခုလို ဝက်ဝက်ကွဲ ကြိတ်ကြိတ်တိုး အငမ်းမရ လာရောက်ပြီး အလကား အားပေး ကြတဲ့ ပရိသတ် ကြီးကို ကျေးဇူး အထူး တင်ရှိပါတယ်၊ အခု အချိန်က စပြီး ပေါက်မဲ နံပါတ် များကို စတင် နှိုက်ပါ တော့မယ်၊ စည်းကမ်းချက် အတိုင်းပဲ ပေါက်ပြီး မယူဘူးလို့ ငြင်းတဲ့ သူများ အနေနဲ့ ဖုန်းရဲ့ တန်ဖိုး နှစ်ဆ တိတိကို ပြန်လည် ပေးလျော် ရမှာ ဖြစ်ပါတယ်၊ ကဲ .. စနှိုက်ပါပြီ၊ ပေါက်မဲ .. နံပါတ် ဖိုးတွမ်တိ”

မောင်ဝါဝါ ခေါင်းထဲ ဒိတ်ခနဲ ခုန်သွားသည်။ သူ ကြေငြာသည့် ပေါက်မဲ နံပါတ် ဖိုးတွမ်တိ ဆိုတာက မောင်ဝါဝါ့ လက်ထဲမှာ ရှိနေသည့် နံပါတ် ဖြစ်နေ ၍ပင်။ ကံများ ကောင်းချင်တော့ အလကား ပေးမည့် ဖုန်းကို တောင်မှ ပထမဆုံး ကံထူးရှင်က ကိုယ် ဖြစ်၍ နေသည်။ ဝမ်းသာ အားရနှင့် မောင်ဝါဝါ ကဆုန်ပေါက်၍ လူအုပ်ကြီးကို ကျော်ဖြတ်ကာ ရှေ့ဆုံးကို တိုးထွက် လာခဲ့သည် .. ပါးစပ်မှလည်း ဝမ်းသာ အားရ အော်ဟစ်၍။

“ကျွန်တော်ဗျို့ .. ကျွန်တော် .. ကျွန်တော် .. ပေါက်တာ .. ကျွန်တော်ပဲ .. ကျွန်တော်ပဲ ဖိုးတွမ်တိ ဆိုတာ .. အဟဲ ဟီးဟီး”

“ဟုတ်ကဲ့ပါ … လက်မှတ် ပြပါ”

“ဒီမှာပါ .. ဒီမှာပါ .. အဟီး”

“ဟုတ်ပါပြီ … ပထမဆုံး ကံထူးရှင် ဖြစ်တဲ့ အတွက်ကို ဂုဏ်ယူ ပါတယ် .. ဒါပေမယ့် စည်းကမ်းချက် အတိုင်း မယူဘူး ငြင်းရင်တော့ ပြန်လျော် ရမှာပါနော်”

“အို .. အလကား ရတာပဲ .. ယူမှာ .. ယူမှာ”

“ဟုတ်ပါပြီ .. အဲဒီ ဖုန်းကို ရတဲ့ အခါမှာ သေချာ မှုတ်ဖို့ရော ကျင့်သား ရပြီလား”

မောင်ဝါဝါ အူလည်လည် ဖြစ်၍ သွားလေပြီ။ ဖုန်းပဲ .. ပြောရမှာပေါ့။ သူ့အလှည့် ကျမှ ဘယ်လို ဖြစ်ပြီး မှုတ်ရမှာလည်း မသိ။ ဒီလူကြီး မှားနေပြီ ထင်တယ်။ ကံစမ်းမဲ ဖောက်ပေး ပြီးမှ မပေးချင် တော့လို့များ ကယောင်ကတမ်း လျှောက်ပြော နေသလား မသိ။ မောင်ဝါဝါ အကြောက် အကန် ပြန်ပြော မိသည်။

“အင် .. မှုတ်ရမယ် .. မဟုတ်သေး ဘူးလေ .. ဖုန်းက တပ်စခွင် မဟုတ်ဘူးလား .. ပွတ်ရမှာ .. ဒါမှမဟုတ် ဖုန်း ပြောရင်လည်း ဒီတိုင်းပဲ ပြောရမှာ မဟုတ်လား … မှုတ်စရာ မလိုဘူးလေ ..”

“နိုး .. နိုး .. နိုး .. မှားနေပါပြီ .. ကျွန်တော်တို့ လင်ကြီးမူး ဆိုင်က အထူး ကံစမ်းမဲ ဖောက်ပေးတဲ့ ဖုန်း ဖြစ်တဲ့ အတွက် မှုတ်ကို မှုတ်ရ ပါမယ် … ဒါက ပြောရမယ့် ဖုန်း လုံးဝ မဟုတ်ပါဘူး .. မှုတ်ရမယ့် ဖုန်းပါ ခင်ဗျာ”

“ညင် … မှုတ်ရမှာ .. မှုတ်ရမှာ .. ဟုတ်လား .. ပြောရမှာ မဟုတ်တဲ့ ဖုန်း .. ဟုတ်လား ..”

“ရာနှုန်းပြည့် အသေအချာ ပါပဲ”

“အင် .. ဒါ .. ဒါဖြင့် ဘာ …. ဖုန်းလဲဟင် ..”

“ဆက်ဆိုဖုန်း”

“ဗျာ …………..”

(မှတ်ချက် ။ ဆက်ဆိုဖုန်း (Saxophone) = လေမှုတ် တူရိယာတစ်မျိုး)

၉ – နိုဝင်ဘာ – ၂၀၁၂

10 comments

  • Shwe Tike Soe

    November 14, 2012 at 4:43 pm

    ဟားဟားဟားဟား… ရီလိုက်ရတာ ဥကိုတက်လို…….. အဲအဲ အူကိုတက်လို.ကျောပါဒယ်..
    ထင်တော့ထင်သား တစ်ခုခုတော့လွဲနေပီဆိုတာ..
    မောင်ဝါဝါ ဆိုက်ဆိုဖုန်းကြီးနဲ. အိမ်ပြန်လမ်းမှာ….
    ဝိုင်းဝိုင်းဆိုတဲ့…….ပါးထက်မှာမြင်းမျက်ရည် မြင်းမျက်ရည်… ငိုကျွေးခြင်းများနဲ.မြင်းရဲ.မျှော်လင့်ချက် ဆိုပီး ပုဆိုးခါးတောင်းကျိုက် မှုတ်နေတာ မြင်ယောင်သေးးးးးးးးးး ဟဟဟဟဟဟဟဟဟဟ

  • uncle gyi

    November 14, 2012 at 5:01 pm

    လျော်ပေအုန်းတော့၂ဆမောင်ဝါရေ

  • Mr. MarGa

    November 14, 2012 at 7:33 pm

    အလကား ရတာပဲဗျာ အောက်ဈေးနဲ့ ပြန်ထုတ်ပေါ့

  • AKKO

    November 14, 2012 at 8:01 pm

    တန်အောင်သာ မှုတ်လိုက်တော့ ဟားဟားဟား :kwi:

  • P chogyi

    November 15, 2012 at 9:21 am

    လေပြတ်အောင်မှုတ်ပေတော့၊
    အောက်ဆီဂျင်အိုးငှားပေးမယ်။

  • Yin Nyine Nway

    November 15, 2012 at 11:11 am

    ဆိုက်ဆိုဖုန်း လဲ ဖုန်းပဲလေ…ဟိဟိ
    မြင်တောင် မြင်ယောင်မိတယ်
    ဆိုက်ဆိုဖုန်းကြီးကိုင်ပြီး ရှုံမဲ့နေမဲ့ ကိုဝါဝါ့မျက်နှာ …..

  • မောင်ပေ

    November 15, 2012 at 12:20 pm

    လင်ကြီးမူး
    ဂွင်ကြီးံထူး
    ဖင်ကြီးပူး
    ရင်ကြီးပြူး
    ဆင်ကြီးမူး

  • ရွာသူ jujuma .

    November 15, 2012 at 3:23 pm

    :kwi: :harr:

Leave a Reply