ကြားနေကျမြင်နေကျ
အော်အခုခေတ်ဆိုရင်
ကောင်မလေးတွေတော်တော်ကြီးကိုခေတ်စားနေတယ်နော်။တော်တော်တော့ခက်တယ်ဗျ။ဝါသနာဆိုတာလုပ်ယူလို့ရတာမဟုတ်ဘူးတဲ့သူတို့ဝါသနာပါလို့ပဲဝတ်ကျတာနေမှာပေါ့နော်
ဒါပေမယ့်လူမြင်တင့်တယ်အောင်ကပိုအရေးကြီးပါတယ်။ကျွန်တော်တို့မန္တလေးက ဘောဓိကုန်းဘုရားဆိုတာမိန်းထဲမှာတော်တော်နာမည်ကြီးတဲ့ဘုရားတစ်ဆူပေါ့ဗျာ။သူနာမည်ကြီးပုံကတစ်မျိုးဗျ။ကျောင်းတွေဘာတွေဖွင့်တော့တတ်ရတယ့်သွားရာတယ့်နေရာတွေရှိတာပေါ့ဗျာ။ဒါပေမယ့်
သွားရမယ့်နေရာကိုမရောက်ပဲနဲ့ဟော…..ဘောဓိကုန်းထဲရောက်နေတာပါ။အင်း…..သူတို့ကကြိုးတော့ကြိုးစားသားဗျ။တွက်လိုက်ကျတဲ့သင်္ချာတွေများ၂၁ ကိုမရရအောင်ပေါင်းနေတယ်ဗျာ။အဲ့ဒါဘုရားပေါ်မှာဗျ
မြင်တာလေးတွေကိုထပ်ပြောရမယ်ဆိုရင်တော့ဗျာကောင်လေးတွေကြားထဲမှာတစ်ယောက်စနှစ်ယောက်စကမိန်းကလေးတွေဗျ။သွားဖူးတဲ့လူတော့သိမှာပါ။
အတိုလေးတွေဝတ်ပြီးတော့ဟိုပေါ်ဒီပေါ်နဲ့မပြောမဖြစ်မို့ထပ်ပြောရဦးမယ်အဲ့ဒီထဲမှာဘူးလေးတွေထောင်ထားတာဗျ။ဘာလဲတော့မသိဘူး။
ရီတဲ့သူကရီဝေတဲ့သူကဝေနဲ့ အင်းတော်တော်လေးကိုကြည့်လို့ကောင်းနေပါပြီ။နောက်တော့ကောင်မလေးနဲ့ကောင်လေးအတွဲလိုက်စီထသွားကြတယ်ဗျ။ဘယ်သွားလဲတော့မသိဘူး။
ခန့်မှန်းကြည့်လိုက်ပေါ့ဗျာ။အိမ်ကမိဘတွေတော့ဘယ်လိုနေမယ်မတွေးဘူးသူတို့က အလှူပေးနေပုံတွေကမမြင်ရက်စရာတွေပါဗျာ။
ကဲတစ်နှစ်ကူးလို့နောက်တစ်နှစ်ရောက်သွားလဲမထူးပါဘူး ။နောက်တတ် တဲ့လူတွေပါ ပါလာပြန်ပါရောလား။
အဲ့ဒါကျွန်တော့်တို့မန္တလေးရဲ့ကြားနေကျမြင်နေကျပါပဲ။
အကုန်လုံးတော့မဟုတ်ပါဘူး(တစ်ချို့တစ်ဝက်ပေါ့ဗျာ)