moethihaOctober 23, 20111min1156
ဒီhttp://www.gogamefreak.com/2011/05/dota-2-beta-version-download.htmlက ကူးယူဖေါ်ပြတာဖြစ်ပါတယ် Dota 2 The sequel of The defense of the ancients originally developed by icefrog for blizzard is now ready to have a grand scale launch. The beta version is under test.This beta version is leaked by one of the beta tester. To download the beta version of dota 2 click on the link […]


moethihaOctober 14, 20101min771
လူသားသည် ဤကမ္ဘာလောကတွင် အစွမ်းထက်မြက် ဆုံးနှင့် အရာခပ်သိမ်းကို ပြုပြင်ပြောင်းလဲနိုင်ဆုံး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားသည် ဤကမ္ဘာလောကတွင် တန်ခိုးရှင်လည်း ဖြစ်ပြီး စကြဝဠာအနန္တကို ခြေချနေသူလည်း ဖြစ်သည်။ သို့ဆိုလျှင် တကယ်လုပ် အဟုတ် ဖြစ်ရမည် ဟူသော ဆောင်ပုဒ်သည်ကြီးပွားအောင်မြင်နည်း လက်တွေ့ပညာရပ်အတွက် ပင်မကြီးပင် မဟုတ်ပါလော….။ ငွေလိုချင်လား-ငွေရမယ် ရွှေလိုချင်လာ-ရွှေရမယ် ကားစီးချင်သေးလား-ကားစီးရမယ် အရာရှိအရာခံနှင့် စိုးမိုးသူဖြစ်ချင်သလား ၊ အရာရှိအရာခံနှင့် စိုးမိုးသူဖြစ်ရမယ်။ လူသည်ကိုယ်တိုင် ဖြစ်ချင်သည်ကို တကယ်လုပ်ပါ၊အဟုတ်ဖြစ်စေရမည်။ ဆရာကြီးရွှေဥဒေါင်း က သူ၏ “အကြံဉာဏ်ဖြင့်ကြီးပွားရေး” စာအုပ်တွင် “လောကီရေး၌ဖြစ်စေ၊ လောကုတ္တရာရေး၌ဖြစ်စေ ထမြောက်အောင်မြင်ခြင်း၏ မူလအခြေခံ ဖြစ်သော စိတ်နေစိတ်ထားသည်ကား ပြင်းစွာသော ဆန္ဒရှခြင်းပင်ဖြစ်၏။ လောက၌ ကြွယ်ဝ ချမ်းသာမှုမှစ၍ မဂ်တရား ၊ ဖိုလ်တရား ကို […]


moethihaOctober 14, 20101min690
ကျွန်တော်တို့မြန်မာလူမျိုးများ၏အားနည်းချက်တစ်ခုလို့ပဲပြောရမှာပေါ့မြန်မာအမျိုး သမီးများ၏ဂုဏ်သိက္ခာကိုမြှင့်တင်လိုကျတဲ့အချက်ပေါ့ဗျာ။ကျွန်တော်တို့မြန်မာအမျိုးသမီးတွေ ဟာလိမ္မာယဉ်ကျေးသိမ်မွေ့တဲ့သူကိုပိုပြီးအလေးထားကျတယ်။အိမ်မှုကိစ္စနိုင်တဲ့သူကိုပေါ့အခု တော့ခေတ်တွေကပြောင်းလဲသွားပါပြီ။မိန်းကလေးတွေကိုအိမ်ထဲမှာသိမ်းထားသောအကို ဦးလေးအဘိုးတို့ရေမြန်မာမိန်းကလေးတွေကယောက်ျားလေးများနည်းတူလုပ်ကိုင်နေကျပြီး အလုပ်ခေါ်တာပဲကြည့်ကျပါတော့ဗျာ။ယောက်ျားလေးဆိုရင်နေရာကိုမရှိတော့ဘူး(ယောက်ျား လေးတွေလုပ်နိုင်သောအလုပ်မှအပ)မိန်းကလေးတွေကြည့်ဖြစ်နေတယ်ဗျာ။အဘိုးတို့တွေက မိန်းကလေးတွေကိုအိမ်ထဲမှာသိမ်းထားပြီးတော့လင်ကောင်းသားကောင်းရတဲ့အချိန်ကိုစောင့်မ နေခိုင်းပါနဲ့လို့အကြံဉာဏ်ပေးချင်ပါတယ်။မိန်းကလေးများကလည်းသူတို့ရဲ့လုပ်အားကိုဂုဏ် ယူဝံ့ကြွားစွာ ပြသနေကြပါပြီ။ တစ်ချို့မိဘတွေရှိပါတယ်“ငါတို့ရှာကျွေးနေတာပဲ”ဆိုတဲ့မိဘတွေပေါ့။သူတို့သားသမီး ကျတော့ရွှေပေါ်မြတင်ဘဝပေါ့။ဒါပေမယ့်သူတို့ရဲ့ဝင်ငွေဆိုပြီးတော့ပြစရာမရှိတဲ့အတွက် အလုပ်လုပ်သူတွေရဲ့ကြားထဲမှာမျက်နှာငယ်ကျတယ်။တချို့ကျတော့ဂုဏ်ယူစရာဖြစ်နေလေရဲ့ သူတို့လိုလူမျိုးတွေကကျတော့မိဘရဲ့ခွင့်ပြုချက်ကိုမျှော်နေကျတယ်။မိဘတွေသာသေသွား တယ်ခွင့်ပြုချက်ကကျမလာဘူး။သူတို့တွေဘာလုပ်ကြလဲ ? သူတို့တွေဘာလုပ်လဲဆိုတော့မိဘကထားခဲ့တဲ့အမွေပစ္စည်းတွေကိုထိုင်ပြီးတော့စား နေတယ်လေ။ဝင်ငွေလေးဘာလေးရအောင်တော့သူတို့ရဲ့လက်ငုပ်လက်ရင်းကိုလုပ်ကိုင်ကြ တယ်လေ။မိဘကဘာမှမလုပ်ခိုင်းတော့သူတို့လုပ်နိုင်ရဲ့လား။လုပ်တော့လုပ်နိုင်တာပေါ့ ဒါပေမယ့် အကျိုးအမြတ် က အနှုတ်ပြနေလေရဲ့ ။ နှုတ်ပါ များတော့ ကုန်ရောဆိုပါတော့။ ရွှေပေါ်မြတင် ဘဝက ကုဋေ ၈ဝသူဌေးသားလိုအဖြစ်မျိုးနဲ့ကြုံရမှာ မလွဲပါပဲ။ အခုခေတ်မိန်းကလေးတွေအလုပ်လုပ်ကိုင်တာကတော့ဟုတ်ပါပြီ။ကိုယ်နောင်ရေးကို များစဉ်းစားကျပါဦး။စကားပုံတစ်ခုရှိပါတယ်“အလုပ်ဟူသမျှဂုဏ်ရှိစွ”တဲ့။ဒါပေမယ့်စဉ်းစား ကြည့်ပါတိုးတတ်နိုင်လားမတိုးတတ်နိုင်လူးလားလို့ပေ့ါ။အလုပ်လုပ်တာကဘာကိုလိုချင်လို့ လုပ်တာလဲ။ဂုဏ်ကိုလိုချင်တာလားငွေကိုလိုချင်တာလားလို့ပေ့ါ။ကျွန်တော့သူငယ်ချင်းတွေရှိ ပါတယ်။သူတို့အလုပ်လုပ်တဲ့အခါမှာသူတို့ရတဲ့လခကအိမ်ကိုထောက်နိုင်ရဲ့လားလို့ပေ့ါ။ကျွန် တော်အားနာနာနဲ့ပဲပြောရတော့မယ်သူတို့လခကသူမိဘတွေကိုမထောက်နိုင်တဲ့အပြင်သူတို့ ကိုပါပြန်ထောက်ရတဲ့အဆင့်ထိပါပဲ။သူတို့ကိုကျွန်တော်မေးကြည့်မိတယ်ဘာလိုု့ဒီအလုပ်လုပ် နေတာလဲလို့ဆိုတော့ဒီအလုပ်ကဂုဏ်ရှိတယ်တဲ့။အင်းလေထားလိုက်ပါတော့သူတို့အိမ်က မိဘကပါဒီဂုဏ်လေးပဲလိုချင်တာကိုး။တကယ်လို့အဲ့ဒီမိဘတွေအနိစ္စသဘောနဲ့ကိစ္စချောသွား တယ်ဆိုပါတော့ကဲအဲဒီလိုကလေးမဘယ်လိုလုပ်မလဲ။ပထမတော့ဟန်ပျက်မှာမဟုတ်သေးဘူး ဘာလို့လဲဆိုတော့သူ့မိဘတွေကအကုန်ယူသွားလို့ရတာမှမဟုတ်တာအများကြီးမဟုတ် တောင် နည်းနည်းပါးပါးကျန်ခဲ့မှာပေါ့။ နောက်ပိုင်းဆိုရင်တော့ တာဝန်ယူသူပေါ်ရင်ပေါ် မပေါ်ရင်တော့…… တချို့က ပိုက်ဆံလိုချင်လို့ အလုပ်လုပ်ကျတယ် တချို့က ဂုဏ်လိုချင်လို့ အလုပ်လုပ်ကျတယ် […]


moethihaJune 5, 20101min700
ချစ်သောမိတ်ဆွေတို့ရေ ကျွန်တော်တို့ပြောသောစကားများကိုသူများတွေအကြားမတော်သောစကားဖြစ်အောင်စောင့်ထိန်းပြောဆို်သင့်တယ်နော်။ ကျွန်တော့အဖြစ်အပျက်လေးတစ်ခုလောက်တော့ပြောပြရဦးမယ်။ကျွန်တော်တို့သင်တန်းမှာပေါ့ဗျာ။ဆရာမကပိုက်ဆံအိတ်ပျောက်သွားတယ် ပိုက်ဆံအိ်တ်ပျောက်တာကပြဿနာမဟုတ်ပေမယ့်။ကျွန်တော့သူငယ်ချင်းနဲ့ကျွန်တော်အပြောအဆိုမတတ်လို့ပေါ့ဗျာပြဿနာက သင်တန်းကစာမေးပွဲကျတယ်ဆိုရင်ပိုက်ဆံသွင်းပြီးမှပြန်ဖြေခွင့်ရတယ်ပေါ့ဗျာ။ကျွန်တော့သူငယ်ချင်းကစာမေးပွဲဖြေတော့မဖြေနိုင်တော့ ဆရာမတွေကိုလိုက်စတာပေါ့ပိုက်ဆံကိုကြိုယူထားပါ့လားမဟုတ်ရင်ကျွန်တော်ကသုံးဖြစ်မယ်ဆိုပြီးတော့ပေါ့ အဲ့လိုလိုက်စရင်းနဲ့သူကစာမေးပွဲကျရောကျတော့ကောင်တာမှာပိုက်ဆံသွားသွင်းရင်းနဲ့ ကောင်တာကအစ်မနဲ့စကားတွေပြောရင်းနဲ့အဲ့ဒီတုန်းကပေးတာမယူဘူးပေါ့အခုတော့ပိုက်ဆံကိုဘယ်လိုပြန်ရှာခဲ့ရကြောင်းနောက်ရင်းနဲ့ပြောနေသည်။ အဲ့ဒီတော့ကျွန်တော်ကလည်းဆရာမကိုမအပ်ထားတာကောင်းပါတယ်တော်ကြာသူပိုက်ဆံအိပ်ပျောက်တဲ့ထဲကိုယ့်ပိုက်ဆံပါပါသွားရင်ဆုံးနေဦးမှာလို့ပြောလိုက်တယ် ကျွန်တော်ကတော့ကျွန်တော့စကားရိုးသားတယ်လို့ထင်တာပေါ့နော်။ဆရာမကပိုက်ဆံပျောက်တဲ့အထဲသူများပိုက်ဆံကိုပါလျော်ပေးရရင်ဘယ်စိတ်ကောင်းမှာလဲ။ဘယ်တပည့်ကရောပိုက်ဆံပြန်တောင်းမှာလဲစဉ်းစားကြည့်ပေါ့ဗျာ။ အဲ့ဒါကိုကောင်မလေးတစ်ယောက်ကနားစွန်နားဖျားကြားသွားပြီးတော့ဆရာမကိုသွားပြောတယ်။ဒါပေမယ့်ချက်ခြင်းပြောတာလဲမဟုတ်ဘူးရက်တော်တော်ကြာမှပြောတာ။နောက်တော့ဆရာမကတင်းသွားပြီးကျွန်တော့သူငယ်ချင်းကိုလာဆူတာပေါ့ “နင်ကငါပိုက်ဆံအိတ်ပျောက်တာနဲ့ပဲနင်ပိုက်ဆံကိုမအပ်ရဲတာလား၊ငါကနင်ပေးတဲ့ပိုက်ဆံနဲ့ဘာလုပ်ရမှာလဲ၊နင်အဲ့ဒါသက်သက်မဲ့ငါ့ဂုဏ်သိက္ခာကိုစော်ကားလိုက်တာပဲ”လိုု့ပြောတာပေါ့ဗျာ။ ကျွန်တော်တို့ပြောတာအဲ့လိုအဓိပါ္ပယ်မှမဟုတ်တာအဲ့ဒီတော့ပြန်ပြောတာပေါ့ “ဘယ်သူသက်သေရှိလဲလို့” အဲ့မှာအဲ့ကောင်မလေးကထပြောပါလေရောသူ့ရှေ့မှာပြောတဲ့အတိုင်းပဲ တကယ်တမ်းတော့ကျွန်တော်တို့အဲ့လိုပြောတယ်ဆိုရင်တောင်မှဆရာမကိုမပြောသင့်ဘူးကျွန်တော်တို့တစ်ခန်းတည်းကိုမှ A+တတ်တော့သူကပါလာတယ်ကျွန်တော်တို့သူငယ်ချင်းတစ်ဖွဲ့နဲ့သူကတစ်ယောက်တည်းမို့လို့မခေါ်ရင်မကောင်းပါဘူးဆိုပြီးတော့ရင်းရင်းနှီးနှီးဆက်ဆံနေတာကိုသူကအဲ့လိုပြောတော့ဗျာ။ ဘယ်သူကသူ့ကိုမတင်းပဲရှိမလဲ။ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာဘယ်သူမှန်လဲဘယ်သူမှားလဲလို့ပေါ့။


moethihaJune 2, 20101min560
ချစ်ခြင်းရဲ့အခြားတစ်ဖက် မြင်နိုင်တဲ့ ငါ့ရဲ့မျက်ဝန်းတွေကို ခဏလောက်တော့ ဖောက်ထုတ်ပစ်ချင်တယ် မင်းရဲ့မျက်နှာကို မြင်နေရလို့ နာကျင်နေတဲ့အသဲတစ်စုံကို လွှင့်ပစ်ချင်လောက်အောင် မင်းကစွမ်းဆောင်ထားတော့ ငါ့ရဲ့ရင်မှာ မင်းကိုချစ်နေတဲ့ ဖြူစင်တဲ့စိတ်ထားဟာ မင်းရဲ့ရက်စက်တဲ့တုံ့ပြန်မှုနဲ့ ပြောင်းလဲတတ်လာတော့ အခုချိန်မှာ မင်းကိုတွေ့ရင်တောင် ပြုံးပြဖို့တော့ အတော်ကိုကြိုးစားရဦးမှာပဲ။


moethihaMay 31, 20101min730
မန္တလေးမှာမိုးရွာတယ်ဆိုတာထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမယ့်ည၈နာရီထိုုးခါနီးမှာမိုးတစ်ခါ်ခြိန်းပြီးရွာလိုက်တဲ့မိုးက၉နာရီလောက်မှတိတ်သွားတယ်ဗျာ။ တော်တော်လေးကိုရေပါတယ်ဗျ။ဒုတိယအကြိမ်ပြန်ပူလာတဲ့အချိန်မှာမိုးရွာလိုက်တယ်ဆိုတော့တော်တော်ကိုနေလို့ကောင်းသွားတယ်ဗျ


moethihaMay 31, 20101min1378
ကောင်မလေးတို့ရေ ကောင်လေးကိုချစ်တယ်ဆိုတာနှလုံးသားတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဦးဏှောက်နဲ့စဉ်းစားပြီးမှချစ်ကြပါနော်။ ကောင်မလေးတွေကသိပ်ချစ်တတ်ရင်ဘာမှမမြင်ဖြစ်တတ်ကြပါတယ်။ယောက်ျာလေးတွေနဲ့မတူပါဘူး။ ယောက်ျားလေးတွေကချစ်တာကချစ်တာသပ်သပ်ပါ။ တစ်ချို့ယောက်ျားတွေကလုံးလုံးကိုမကောင်းပါဘူး။ ကိုယ်ကိုတစ်ကယ်ချစ်ရဲ့လားဆိုတာကိုစဉ်းစားပြီးမှရွေးချယ်သင့်ပါတယ်။ လိုက်နာလို့ရရင်လိုက်နာပေးသင့်တာတွေကိုပြောပြပါ့မယ် (၁)ကိုယ်ကသူခေါ်တဲ့နေရာတွေကိုခဏတိုင်းလိုက်မသွားပါနဲ့ (၂)သူ့ကိုခပ်စိမ်းစိမ်းနေပေးပါ။ (၃)သူအဖြေတောင်းတဲ့အခါကျရင်အချိန်ကြာမှပေးပါ (၄)သူ့အချိုးတွေကိုသေချာစောင့်ကြည့်ပါ သူငယ်ချင်းတွေနဲ့ကိုယ့်ကိုဘယ်သူ့ပိုအရေးပေးလဲ သူကိုယ့်ကိုဘယ်လောက်ထိလိုက်ရောနိုင်လဲ (၅)သူကိုအိမ်ခေါ်ကြည့်ပါ (၆)အချိန်အတိအကျနဲ့ချိန်းပါ ဒီအချက်များနဲ့ကိုက်ညီသောသူကိုရွေးချယ်ပါ။ တကယ်လို့များမကို်က်ညီရင်တောင်မှကိုယ်ကသူ့ကိုခွင့်လွှတ်နိုင်သည့်ကိစ္စများကိုပြောပြထားပါ။ သူ့ထံမှပိုက်ဆံစကားထွက်လာရင်တောင်မှကိုယ်ကစပြီးတော့ထုတ်မပေးပါနဲ့။ တကယ်သူပိုက်ဆံလိုနေတာလား ဘာအတွက်လိုနေတာလဲ အရေးကြီးလား ဆိုတာတွေကိုစဉ်းစားသင့်ပါတယ်။ ယခုခေတ်ကပိုက်ဆံနောက်ကိုလိုက်နေသောခေတ်ဖြစ်ပါသဖြင့်မိန်းကလေးများ၏အချစ်ကိုလိမ်ညာယူပြီး လုပ်စားနေသောကာလပိုင်းလုံးများ များစွာရှိပါသည်။ အချက်ပေါင်းမြောက်များစွာကိုစဉ်းစားပြီးလက်ခံမှကိုယ်နှင်တကယ်ကိုက်ညီသောလက်တွဲဖော်ကိုရွေးချယ်နိုင်မှာပါ။ ကိုယ်ကချစ်တာတစ်ခုတည်းနဲ့လက်ခံရင်ဆုံးရှုံးစရာတွေကြုံလာမှာမြေကြီးလက်ခတ်မလွဲသေချာပါသည်။


moethihaMay 31, 20101min1071
ကျွန်တော်တို့ကျောင်းတတ်တုန်းအရွယ်တုံးကပေါ့နော်။ကျွန်တော့စီမှာကောင်မလေးတစ်ယောက်ရှိတယ်။ရည်းစားပေါ့နော်။အဲ့ကောင်မလေးနဲ့တွဲနေတုံးကိုကျွန်တော့သူငယ်ချင်းတစ်ယောက်က ခေါ်လို့သူ့သူငယ်ချင်းတွေရှိတဲ့နေရာကိုလိုက်သွားမိတယ်။အဲ့ဒီမှာယောက်ျားလျှာလိုကောင်မလေးတစ်ယောက်ပါတယ်။ယောက်ျားလျှာလုံးလုံးတော့မဟုတ်ဘူးပေါ့။ယောက်ျားလေးတွေနဲ့ခင်ခင်မင်မင် နေတတ်ပြီးတော့ပေါ့။အဲ့ဒီကောင်မလေးရဲ့ပုံစံကိုကျွန်တော်ကြိတ်ခိုက်သွားတယ်။မယဉ်ပေမယ့်မရိုင်းဘူးပေါ့ဗျာ။ဒါပေမယ့်သူမှာစကားပြောပုံဆိုပုံလေးကချစ်စရာကောင်းနေတော့အပြစ်ကိုဘယ်လိုရှာရှာမြင်လို့မရဘူးပေါ့ဗျာ။ သူတို့နဲ့ကျွန်တော်တို့နေတဲ့နေရာနဲ့ကတော်တော်ကြီးကိုဝေးတယ်ဗျ။အဲ့ဒီနေ့တွေ့တွေ့ချင်းညမှာသူငယ်ချင်းကခေါ်လို့အဲ့ဒီကိုစက်ဘီးနဲ့ရောက်သွားတယ်။သူကဖော်ဖော်ရွေရွေဆက်ဆံတော့ပိုပြီးတော့သဘောကျတာပေါ့ဗျာ။ အဲ့ဒီမှာရင်နာစရာကောင်းတာကနောက်တစ်နေ့မနက်ရောက်တော့သူငယ်ချင်းကသူ့ကိုကြိုက်နေကြောင်းသိခဲ့ရတယ်။ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းဆိုတော့ကောင်မလေးတစ်ယောက်နဲ့ပါတ်သက်ပြီးတော့ရန်မဖြစ်ချင်ဘူးပေါ့ဗျာ အဲ့ဒါနဲ့အလျှော့ပေးလိုက်တယ်။ဒါပေမယ့်အဲ့ကောင်မလေးကိုမြင်ရင်ကျွန်တော့စိတ်တွေကမနေနိုင်တော့ဘူးသူ့အနားမှာပဲနေချင်နေတာပေါ့ကျွန်တော့ရဲ့ကောင်မလေးနဲ့လည်းသွားမတွေ့ဖြစ်တော့ဖြတ်စာရောက်လာတာပေါ့ဗျာ။ဒါပေမယ့်ကျွန်တော်သိပ်မမှုပါဘူး တကယ်ချစ်တဲ့ကောင်မလေးကကျွန်တော့ဘေးနားမှာရောက်နေတာကိုး။နောက်တော့ကျွန်တော့သူငယ်ချင်းကအဲ့ကောင်မလေးကိုဖွင့်ပြောတော့မယ်တဲ့အဲ့ဒါသူမပြောရဲလို့ကျွန်တော့ကိုပြောခိုင်းတယ်။ကျွန်တော်ကလည်းသူ့ကိုငြင်းပါသေးတယ်ဒါပေမယ့်ငြင်းမရနိုင်တဲ့ အခြေအနေနဲ့ကြုံနေတော့ကျွန်တော်ပြောပြပေးလိုက်ပါတယ်။ဒါပေမယ့်ကောင်မလေးမှာရည်းစားရှိပြီးသားလို့ဆိုပြီးငြင်းပါတယ်။ကျွန်တော်ရင်ထဲဆတ်ခနဲဖြစ်သွားပါတယ်။ကိုယ်မရပေမယ့်ကိုယ့်သူငယ်ချင်းကရတယ်ဆိုရင်ကျေနပ်တာပေါဒါပေမယ့်မဖြစ်နိုင်တော့တဲ့အခြေအနေကိုရင်ဆိုင်လိုက်ရတယ် ကျွန်တော်အဲ့ဒီနေ့ကရင်ထဲကိုဟာတာတာကြီးဖြစ်နေတာပေါ့ကျွန်တော့သူငယ်ချင်းကလည်းမင်းဘာဖြစ်နေတာလဲလို့မေးတော့ကျွန်တော်ကအဲ့ကောင်မလေးကိုချစ်နေပါတယ်လို့ပြောလိုက်တယ်။မင်းကလည်းချစ်နေတယ်ဆိုတော့ငါကနောက်ဆုတ်ပေးလိုက်တာဒါပေမယ့်သူကသူများလက်ထဲကိုပါသွားပြီကွ။လို့ပြောတော့မှ သူကကျွန်တော့ကိုတောင်းပန်ပါတယ်မင်းကြိုက်နေတယ်ဆိုလဲစောစောပြောပေါ့ကွာမင်းကိုဘယ်ပြောခိုင်းမှာလဲလို့ဆိုပြီးတော့ပေါ့။ကောင်မလေးမှာရည်းစားရှိတယ်ဆိုတာကိုဘယ်လိုမှယုံလို့မရဘူးဗျာ။သူှဆီဘယ်ချိန်သွားသွားသူကတစ်ယောက်ထဲပဲ။သူ့ရည်းစားဆိုတဲ့လူကအပြင်လူဖြစ်နေတော့ကျောင်းထဲမှာလဲမမြင်ရသေးဘူး အပြင်မှာကျတော့လဲမတွေ့ပြန်ဘူးဆိုတော့ကျွန်တော်ကတော့မယုံဘူးပေါ့ဗျာ။ကျွန်တော်ကသူ့ကိုတကယ်ချစ်နေတယ်လို့ကိုယ်ကိုကိုယ်ယုံကြည်တယ်ဗျာ။နောက်ပြီးသူ့ဆီကအချစ်ကိုမရရင်တောင်မှသူ့ကိုကျွန်တော်ချစ်နေကြောင်းကိုပြောပြချင်တယ်။သူ့ကိုပြောပြဖို့အတွက်ကကျွန်တော့်သူငယ်ချင်းကိုပြောပြပေးဘူးတဲ့အကြောင်းကပြဿနာဖြစ်နေတယ်။ အဲ့ဒါကြောင့်ကျွန်တော့ကိုအကြံလေးပေးစေချင်တယ်ဗျာ။ နောက်ပြီးကျွန်တော့ရဲ့အရင်ကောင်မလေးကိုဒီစာနဲ့ပဲသူ့ဆီကိုဘာလို့မလာကြောင်းကိုပြောပြရင်းတောင်းပန်ပါတယ်လို့။


moethihaMay 29, 20101min701
နန်းဆုရတီဆိုးရဲ့ချစ်စရာဆိုဒ်ကိုသိကြပါသလား။ www.nansuyatisoe.com ပါ။ရိုးရှင်းလှပတဲ့ဆိုဒ်ဖြစ်ပြီးတော်တော်တတ်တာမြန်တဲ့ဆိုဒ်ဖြစ်ပါတယ်။ နန်းဆု၏ကိုယ်ရေးရာဇဝင် အမေးအဖြေ ဓါတ်ပုံ နဲ့သူရဲ့သီချင်းတွေပါပါတယ်။ သွားကြည့်လိုက်ပါဦးနော်


moethihaMay 29, 20101min1023
ကျွန်တော် comment တွေပေးလိုက်ရင် spam ထဲရောက်ရောက်သွားတယ်ဗျာ။ comment ပေးလို့မရတော့ဘူး အဲ့ဒါဘယ်လိုလုပ်ရင်ရနိုင်မလဲဆိုတာကိုပြောပြကျပါဦးတောင်းဆိုပါတယ်


moethihaMay 29, 20101min863
ဂြိုလ်ကောင် (၂) မင်းအာဒမ် အလုပ်မှအပြန်အဆောင်သို့ရောက်ချိန်၌အဆောင်တွင်မည်သူမျှမရှိသည်မို့ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ထို့ကြောင့် သိပ်သွားချင်လှသည်မဟုတ်ဘဲ သိပ်မသွားချင်ရှာသော ဘီယာဆိုင်သို့ချီတတ်ခဲ့လေသည်။ ကျွန်တော်ဘီယာဆိုင်ထဲသို့ရောက်ချိန်တွင်သောက်ဖော်သောက်ဖက်တွေလည်းစုံလင်နေပြီ။ တစ်ဆိုင်လုံးလည်းဆူညံလို့နေသည်။ ဘော်ဒါတွေ၏ ဝိုင်းတွင် လူကျပ်နေသည်မို့ ကပ်လျက်ခုံတွင်သာဝင်ထိုင်လိုုက်ပြီး ဘီယာတစ်လုံးနှင့်မွှေကြော်မှာလိုက်သည်။ “ဒီမှာ လာထိုင်လေကွာ၊ဘာလဲ ဘဝင်မြင့်နေတာလား” ဘေးကပ်လျက် ဝိုင်းမှ ကိုမျိုးကရိခြင်းပင်။ “ဒီလောက်တောင်လူကျပ်နေတာ ဘယ်နားသွားထိုင်မလဲ” “ထိုင်လို့မရရင် မတ်တပ်ရပ်သောက်ပေ့ကွာ၊လာပါ၊မင်းကို ငါ့ ကိုုယ်တွေ့ဟာသလေး တစ်ခု ပြောပြမယ်၊ မင်းဝတ္ထုရေးလို့ရတာပေါ့” “မလာဘူးဗျာ၊ အဲ့ဒီကနေ အော်ပြော” ကျွန်တော့့်စကားကြောင့်မျက်နှာလေးထောင့်နှင့် ကိုမျိုး တစ်ဆို့ကြီးဖြစ်သွားပြီး…… “မလာချင်နေကွာ၊ ကြီးကျယ်လို့၊ ငါနေ့ခင်းတုန်းက စာအုပ်ဆိုင်တွေမှာ ပိုက်ဆံလိုက်သိမ်းရင်း ရယ်စရာအဖြစ်တစ်ခု ကြုံခဲ့ရသေးတယ်” “အဲ့ဒါဘာဖြစ်လဲ” “ဘာမှမဖြစ်ဘူးကွာ၊ သွား….. တော်ပြီင်္ မပြောတော့ဘူး” ကိုမျိုးနှာကစ်သွားလေပြီဖြစ်သည်။ ထိုအချိန်၌ကျွန်တော့်ဝိုင်းသို့်လူငယ်တစ်ယောက်လာဝင်ထိုင်သည်။စားပွဲပေါ်တွင်တင်လိုက်သော စာအုပ်နှစ်အုပ်နှင့် သူတပ်ထားသောပုလင်းဖင်ခန့်ထူသည့်မျက်မှန် ကိုကြည့်ခြင်းအားဖြင့် စာကြမ်းပိုးတစ်ယောက်ဖြစ်မှန်းသိသာသည်။ […]


moethihaMay 28, 20101min1156
သက်မွန်မြင့်ကိုချစ်လွန်းလို့ myanmarchitchat ကနေပြီးတော့ကူးထားတာလေ။