တွေးတောသင့်သောအချက်တစ်ချက်
ကျွန်တော်တို့မြန်မာလူမျိုးများ၏အားနည်းချက်တစ်ခုလို့ပဲပြောရမှာပေါ့မြန်မာအမျိုး
သမီးများ၏ဂုဏ်သိက္ခာကိုမြှင့်တင်လိုကျတဲ့အချက်ပေါ့ဗျာ။ကျွန်တော်တို့မြန်မာအမျိုးသမီးတွေ
ဟာလိမ္မာယဉ်ကျေးသိမ်မွေ့တဲ့သူကိုပိုပြီးအလေးထားကျတယ်။အိမ်မှုကိစ္စနိုင်တဲ့သူကိုပေါ့အခု
တော့ခေတ်တွေကပြောင်းလဲသွားပါပြီ။မိန်းကလေးတွေကိုအိမ်ထဲမှာသိမ်းထားသောအကို
ဦးလေးအဘိုးတို့ရေမြန်မာမိန်းကလေးတွေကယောက်ျားလေးများနည်းတူလုပ်ကိုင်နေကျပြီး
အလုပ်ခေါ်တာပဲကြည့်ကျပါတော့ဗျာ။ယောက်ျားလေးဆိုရင်နေရာကိုမရှိတော့ဘူး(ယောက်ျား
လေးတွေလုပ်နိုင်သောအလုပ်မှအပ)မိန်းကလေးတွေကြည့်ဖြစ်နေတယ်ဗျာ။အဘိုးတို့တွေက
မိန်းကလေးတွေကိုအိမ်ထဲမှာသိမ်းထားပြီးတော့လင်ကောင်းသားကောင်းရတဲ့အချိန်ကိုစောင့်မ
နေခိုင်းပါနဲ့လို့အကြံဉာဏ်ပေးချင်ပါတယ်။မိန်းကလေးများကလည်းသူတို့ရဲ့လုပ်အားကိုဂုဏ်
ယူဝံ့ကြွားစွာ ပြသနေကြပါပြီ။
တစ်ချို့မိဘတွေရှိပါတယ်“ငါတို့ရှာကျွေးနေတာပဲ”ဆိုတဲ့မိဘတွေပေါ့။သူတို့သားသမီး
ကျတော့ရွှေပေါ်မြတင်ဘဝပေါ့။ဒါပေမယ့်သူတို့ရဲ့ဝင်ငွေဆိုပြီးတော့ပြစရာမရှိတဲ့အတွက်
အလုပ်လုပ်သူတွေရဲ့ကြားထဲမှာမျက်နှာငယ်ကျတယ်။တချို့ကျတော့ဂုဏ်ယူစရာဖြစ်နေလေရဲ့
သူတို့လိုလူမျိုးတွေကကျတော့မိဘရဲ့ခွင့်ပြုချက်ကိုမျှော်နေကျတယ်။မိဘတွေသာသေသွား
တယ်ခွင့်ပြုချက်ကကျမလာဘူး။သူတို့တွေဘာလုပ်ကြလဲ ?
သူတို့တွေဘာလုပ်လဲဆိုတော့မိဘကထားခဲ့တဲ့အမွေပစ္စည်းတွေကိုထိုင်ပြီးတော့စား
နေတယ်လေ။ဝင်ငွေလေးဘာလေးရအောင်တော့သူတို့ရဲ့လက်ငုပ်လက်ရင်းကိုလုပ်ကိုင်ကြ
တယ်လေ။မိဘကဘာမှမလုပ်ခိုင်းတော့သူတို့လုပ်နိုင်ရဲ့လား။လုပ်တော့လုပ်နိုင်တာပေါ့
ဒါပေမယ့် အကျိုးအမြတ် က အနှုတ်ပြနေလေရဲ့ ။ နှုတ်ပါ များတော့ ကုန်ရောဆိုပါတော့။
ရွှေပေါ်မြတင် ဘဝက ကုဋေ ၈ဝသူဌေးသားလိုအဖြစ်မျိုးနဲ့ကြုံရမှာ မလွဲပါပဲ။
အခုခေတ်မိန်းကလေးတွေအလုပ်လုပ်ကိုင်တာကတော့ဟုတ်ပါပြီ။ကိုယ်နောင်ရေးကို
များစဉ်းစားကျပါဦး။စကားပုံတစ်ခုရှိပါတယ်“အလုပ်ဟူသမျှဂုဏ်ရှိစွ”တဲ့။ဒါပေမယ့်စဉ်းစား
ကြည့်ပါတိုးတတ်နိုင်လားမတိုးတတ်နိုင်လူးလားလို့ပေ့ါ။အလုပ်လုပ်တာကဘာကိုလိုချင်လို့
လုပ်တာလဲ။ဂုဏ်ကိုလိုချင်တာလားငွေကိုလိုချင်တာလားလို့ပေ့ါ။ကျွန်တော့သူငယ်ချင်းတွေရှိ
ပါတယ်။သူတို့အလုပ်လုပ်တဲ့အခါမှာသူတို့ရတဲ့လခကအိမ်ကိုထောက်နိုင်ရဲ့လားလို့ပေ့ါ။ကျွန်
တော်အားနာနာနဲ့ပဲပြောရတော့မယ်သူတို့လခကသူမိဘတွေကိုမထောက်နိုင်တဲ့အပြင်သူတို့
ကိုပါပြန်ထောက်ရတဲ့အဆင့်ထိပါပဲ။သူတို့ကိုကျွန်တော်မေးကြည့်မိတယ်ဘာလိုု့ဒီအလုပ်လုပ်
နေတာလဲလို့ဆိုတော့ဒီအလုပ်ကဂုဏ်ရှိတယ်တဲ့။အင်းလေထားလိုက်ပါတော့သူတို့အိမ်က
မိဘကပါဒီဂုဏ်လေးပဲလိုချင်တာကိုး။တကယ်လို့အဲ့ဒီမိဘတွေအနိစ္စသဘောနဲ့ကိစ္စချောသွား
တယ်ဆိုပါတော့ကဲအဲဒီလိုကလေးမဘယ်လိုလုပ်မလဲ။ပထမတော့ဟန်ပျက်မှာမဟုတ်သေးဘူး
ဘာလို့လဲဆိုတော့သူ့မိဘတွေကအကုန်ယူသွားလို့ရတာမှမဟုတ်တာအများကြီးမဟုတ်
တောင် နည်းနည်းပါးပါးကျန်ခဲ့မှာပေါ့။ နောက်ပိုင်းဆိုရင်တော့ တာဝန်ယူသူပေါ်ရင်ပေါ်
မပေါ်ရင်တော့……
တချို့က ပိုက်ဆံလိုချင်လို့ အလုပ်လုပ်ကျတယ်
တချို့က ဂုဏ်လိုချင်လို့ အလုပ်လုပ်ကျတယ်
တချို့ကျတော့ မလုပ်မဖြစ်လို့ အလုပ်လုပ်ကျတယ်
ကဲအလုပ်အကြောင်းအဓိပ္ပါယ်ဖွင့်ရအောင်အထက်ပါအတိုင်းတော့ဟုတ်မယ်မထင်ဘူး။
အလုပ်လုပ်တယ်ဆိုတာအကျိုးသက်ရောက်မှုရှိမှအလုပ်ဖြစ်တယ်။ခရီးတစ်ခုကိုသွား
တယ်ဆိုပါတော့အဲ့ဒီခရီးကဒီနေရာကနေဒီနေရာပဲဆိုရင်ခင်ဗျားခရီးရောက်တယ်လို့ဆိုဦးမှာ
လား။ဒီနေရာကနေဟိုနေရာကိုရောက်အောင်သွားမယ်ဆိုရင်တော့အလုပ်ဖြစ်တာပဲ။ဒီနေရာက
နေဟိုနေရာကိုရောက်အောင်သွားမယ်ဆိုတာကဘာလဲ။ဟုတ်ပြီအဲ့ဒါကရည်မှန်းချက်ပဲ ။
အလုပ်ဆိုတာက ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ကိုယ်တိုင်အကောင်အထည် ဖော် တာကို အလုပ် လို့ခေါ်တယ်။
ကျွန်တော့် ဦးလေးတစ်ယောက် ပြောဖူးပါတယ် ။မင်းဟာတာဝေးအပြေးပြိုင်ပွဲတစ်ခုကို
ပြိုင်နေတယ်။အဲ့ဒီမှာမင်းသူငယ်ချင်းလဲပါတယ်။မင်းမိသားစုလည်းပါတယ်။မင်းနဲ့ပါတ်သက်တဲ့
လူတွေပါနေတယ်။မင်းရဲ့ရည်မှန်းချက်ကပန်းတိုင်ပဲမင်းပန်းတိုင်ကိုအရောက်ပြေးနိုင်ရင်ကိုမင်း
နို်င်ပြီ။အဲ့ဒီထဲမှာမှမင်းပထမဖြစ်ချင်လား၊ဒုတိယဖြစ်ချင်လားမင်းအပေါ်ပဲမူတည်တယ်။မင်းတို့
ပြေးရပြီစပြေးရရင်ဆိုရင်ပဲမင်းဘာကိုမှမကြည့်နဲ့တော့မင်းသူငယ်ချင်းလဲနေလားလှည့်မကြည့်
နဲ့၊မင်းမိသားစုလဲနေလားမင်းလှည့်ကြည့်မနေနဲ့ပြေးသာပြေးမင်းလိုချင်တဲ့ပန်းတိုင်ကိုရောက်
ပြီဆိုရင်တော့မင်းလှည့်ကြည့်လိုက်တော့အဲ့ဒီအရသာဟာမင်းအတွက်အကောင်းဆုံးအရသာပဲ
အချိုမြိန်ဆုံးပဲ။ဒါပေမယ့်ပန်းတိုင်ရောက်ဖို့ကိုရိုးရိုးသားသားကြိုးစားရမယ်။မဟုတ်ဘူးဆိုရင်
မရိုးသားတဲ့စိတ်ကမင်းရဲ့နောက်ကိုအရိပ်တစ်ခုလိုလိုက်နေလိမ့်မယ်တဲ့။
မင်းအလုပ်လုပ်တော့မယ်ဆိုရင်လည်း မင်းအပြေးပြိုင်ပွဲကိုဝင်သလိုပဲစိတ်မှာမှတ်ထား။
မိသားစုနဲ့ခွဲရတယ်ဒါပေမယ့်ဒီခွဲနေရတယ်ဆိုတာကတစ်ချိန်ချိန်မှာမင်းတို့အပျော်ဆုံးအချိန်ကို
ရောက်လာလိမ့်မယ်။ မင်းအိမ်ကမိဘကပြောမယ်“ငါတို့အိမ်မှာမင်းမရှိရင်ငါတို့သေသွားမှာပဲ”
လို့ပေါ့။ အဲ့ဒီစကားဟာ အတူနေရတုန်းပြောတာပါ။မင်းတကယ်မရှိတော့ဘူးဆိုရင် နည်းနည်း
တော့ခံစားရမှာပဲ ။ အဲ့ဒီခံစားချက်ကို အချိန်က ကုစားသွားလိမ့်မယ်။ မင်းကလည်းသူတို့ကို
ချစ်တယ်။ သူတို့ ကလည်းမင်းကိုချစ်တယ်။ သူတို့သေသွားပြီဆိုရင် လောကထဲမှာ
ဘယ်သူနေခဲ့ရမှာလဲ။ သူတို့ အကြိုက် သူတို့နဲ့ မခွဲဘူးဆိုရင် သူတို့နဲ့ အတူနေလို့ မရတော့
ရင် မင်း ဘယ်လိုလုပ်မလဲ။ တချို့နိုင်ငံတွေမှာ ၁၈ နှစ်ပြည့် ပြီဆိုရင် အတူမနေတော့ဘူး
ဘာကြောင့်လဲ သံယောဇဉ်မရှိလို့ မဟုတ်ဘူး။ မွေးကင်းစကတည်းက လမ်းလျှောက်တတ်
အောင် သင်ပေးလာခဲ့တယ် ။ စကားပြောတတ်အောင် သင်ပေးတယ်။ စာတတ်အောင်
သင်ပေးတယ်။။ အခု ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်ရပ်တတ်အောင် သင်ပေးတယ်လေ။
မြန်မာ နိုင်ငံ ရဲ့ သားသည်မိခင် တွေက ကို်ယ်ရှိတုန်းလေး ကိုယ့် သားသမီးကို ကိုယ့်
ရင်ခွင်အောက်မှာ ပဲထားချင်တယ် မာယာများတဲ့လောကကြီးကို မမြင်ရအောင်ကာကွယ်ပေး
ကျတယ်။ ဒါပေမယ့် သူတို့ မရှိတဲ့အခါမာယာများတဲ့လောကဓံကိုကလေးငယ်တွေအလူးအလဲ
ခံကြရတယ်။ အဲ့ဒါကြောင့်မို့ ငယ်ရွယ်စဉ်ကတည်းက လောကကြီးကို ရင်းနီးတဲ့သူတွေက
ကမ္ဘာကျော်တွေဖြစ်ခဲ့ကြတယ်။ မိန်းကလေး ယောက်ျားလေး မခွဲခြားဘူး ပုံစံအမျိုးမျိုးနဲ့
တစ်သားတည်း တိုက်ခိုက်ကြတယ်။
ကျွန်တော်ပြောချင်တာကတော့ မြန်မာလူငယ်များ ရဲ့တက်ကြွနေတဲ့စိတ်ကို
တိုးတက်အောင် လုပ်ပေးစေချင်တာပါ။ ပိတ်ပင်နေတာတွေကို ဖောက်ထွက်စေချင်တယ်
ကို်ယ် ရောက်ချင်သော ပန်းတိုင်မှာ ကိုယ့်အတွက်ဘာတွေရှိတယ်ဆိုတာကို သိစေချင်တယ်။