ကဲ ပိတ်သတ်ကြီး ရေ ဒီတလော ဖွဘုတ် မှာ မော်ဒယ် တစ်ယောက် ကို MAI က လေယာဉ်မောင် က လေယာဉ်အတက် မှာ ဖုန်းပိတ်ခိုင်းလို့ ဆိုပြီး မော်ဒယ် က ချဲ ထားတာ ကို ဖတ်မိကြရဲ့လားဗျ။ မဖတ်မိသေးဘူး ဆိုလဲ အတိုချုပ် က ဂလို ဗျ။ သူ့သူငယ်ချင်း တစ်ယောက် က လေယာဉ်မောင် ပြောတာကို နားကြပ် တပ်ထားလို့ မကြားလိုက်ဘူးပေါ့။ အဲ့ဒါ ကို သူတို့က ဝိုင်းရယ် တော့ ဒါ safety အတွက် ပြောတာ ရယ်စရာ မဟုတ်ပါဘူး လို့ ပြောသတဲ့။ ဒါက တကြောင်း နောက်ပြီး ဖုန်းကို Airplane mode လုပ်ထားတယ် ဆိုတာကို ပါဝါ ပိတ်ပေးပါ […]


ဒီနေ ့ဖေစ့်ဘုတ်နဲ ့အင်တာတက်ပေါ်က စာမျက်နှာတော်တော်များများမှာ မျိူးချစ်အာဇာနည်တော်တော်များများ က မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားတဲ့ ခေါင်းဆောင်တွေကို အလေးပြုကြတာမြင်တော့ ဝမ်းသာမိတယ်. ..ကျွန်မတို ့မြန်မာနိုင်ငံသူ ့ကျွန်ဘဝအောက် ကို နှစ်၁၀ဝ လုံးကျရောက်နေတဲ့ အချိန်မှာ ကျွန်မတို ့ဘိုးဘွားဘီဘင်တွေအတွက်တော့ လောကငရဲပေါ့..နှိပ်စက်မှုမျိုးစုံကြားမှာ အလူးအလဲခံနေရတဲ့ ဘဝကိုငါတို ့သာဆိုရင်ဆိုတဲ့စိတ်လေးနဲ ့ လေးလေးနက်နက်တွေးမိပါသလား သူ ့ကျွန်ဘဝက လွတ်ဖို ့ရရာလက်နက်စွဲပြီး အသက်ကိုစွန် ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုယ့်ရဲ ့ရှေးအဆက်ဆက်က အဘိုးတွေ အဘွားတွေကိုရော သတိရပါသလား.ကျဆုံးသွားတဲ့ အာဇာနည် တွေဟာ ကိုယ်ချစ်တဲ့ ဖခင် …အစ်ကို..ခင်ပွန်း …ချစ်သူ တစ်ယောက်ယောက်များဖြစ်နေခဲ့ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ဝင်မိပါသလား..တစ်ကယ်လို ့သင်ကိုယ်တိုင် သူတို အပေါ် ကိုယ်ချင်းစာစိတ်လေး ဝင်မိရင် ရဲ ့ကျေးဇူးတွေကို ရင်ထဲက […]


ဒီနှစ်သင်္ကြန် ၁၃.၄.၂၀၁၃ ရက်နေ ့မှာသွားနေကျဘုန်းကြီးကျောင်းနဲ ့၁၁.၄.၂၀၁၃ ရက်နေ ့မှာ မွေးနေ ့အတွက် ရည်မှန်းပြီး တရုတ်ဘုံကျောင်းက ဘုရားလဲရောက်ဖြစ်ပါတယ်..ဘုုရားတစ်ခါသွားဖို ့ ဘုန်းကြီးကျောင်းတစ်ခါရောက်ဖို ့တော်တော်လေးကို ဝေးပါတယ်..ဗုဒ္ဓဘာသာနိုင်ငံချင်းအတူတူ ဘုရားကျောင်းကန် စေတီပုထိုးတွေမြန်မာပြည်ထက်စာရင် တော်တော်လေးကို နည်းတဲ့ နိုင်ငံပါ။ ချမ်းချမ်းတို ့မြန်မာပြည်မှာဆို ခရီးသွားတိုင်း ကုသိုလ်ယူနိုင်တဲ့ ကြည်ညိုစရာ စေတိပုထိုးတွေများလွန်းလို ့နော့… သူငယ်ချင်းတစ်ယောက်ကမေးတယ် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ စစ်မှန်တဲ့ နိုင်ငံက ဘယ်နိုင်ငံလဲတဲ့.. ချမ်းချမ်းလဲ ခေါင်းမော့ ပြီး ဖြေလိုက်တယ်“..အဲ့ဒါ တို ့မြန်မာနိုင်ငံပဲ ” သူကတော့ မယုံဘူး အမှန်တော့ သူက မြန်မာဆိုရင် အရမ်းအထင်သေးပါတယ်..ဆိုင်မှာအလုပ်တူတူလုပ်တဲ့သူငယ်ချင်း ရ ယောက်ထဲမှာ နှစ်ယောက်က မြန်မာ တွေကို အထင်သေးတယ် နှိမ်တယ် ကျန်တဲ့ […]


ကို ၿပံဳးMarch 24, 20133min3082
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


thaung htutsoeFebruary 8, 20131min1647
ကျွန်တော် တယ်လီဖုန်း(၁)မှာ ဖေါ်ပြပြီးဖြစ်တဲ့ F.O.C အကြောင်းကို နည်းနည်းတော့ ရွှီးပါဦးမယ်ခင်ဗျာ။ MG သယ်ရင်းများ ရေ(1 Liter) လောက်တော့ ကွန်ပျူတာဘေးမှာ ချထားပြီးတော့မှ စပြီးဖတ်ကြပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။ ကျွန်တော်စရွှီးပြီးနော် နည်းနည်းတော့ သည်းညဉ်းခံကြပါဦး။ ဟိုစကားပုံ ကြားဖူးတယ်မဟုတ်လား။ “ဘာ”စိတ်ချမ်းသာရင်ဆိုဘဲ ကျွန်တော်ပြော ပြတော့ဘူးနော်………… F.O.C အကြောင်းလေး မပြောခင် ဖြစ်ပေါ်လာပုံကို နည်းနည်းတော့ ပွားလိုက်ချင်သေးတယ်။ ဟဲ ဟဲ မိကျောင်းသားလုပ်လိုက်ဦးမယ်။ မိကျောင်းသားလို့ သုံးနှုန်းမိတဲ့အတွက် မွေးသမိခင်၊ ကျွေးဖခင်ကိုလည်း ရိုသေ ဦးညွတ် တောင်းပန်ကန်တော့လိုက်ပါတယ်။ ဪ တော်ကီတွေများနေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး။ တောင်းပန်ပါတယ်ဗျာ။ F.O.C မဖြစ်ပေါ်မှီက ၁၈၂ဝ ခုနှစ်မှာ အင်္ဂလန်လူမျိုး Mr Tyndall က ရေစီးကြောင်းအတွင်းမှာ အလင်းပို့လွှတ်စီးဆင်းနိုင်ပုံကို စမ်းသပ်ပြသခဲ့ပြီး […]


thaung htutsoeFebruary 6, 20131min1539
MG ရွာသူားများခင်ဗျာ……….ခေါင်းစဉ်က တယ်လီဖုန်း(၁)ဆိုတော့(၂)တို့(၃)တို့ကို ကျွန်တော် အလျင်းသင့်သလို ဆက်လက်ရေးပါဦးမယ်ခင်ဗျာ။ စိတ်ရှည်သည်းခံ ရေသောက်ပြီးဖတ်ပေးကြပါဦးးခင်ဗျာ။ ၂၀၁၂-၂၀၁၃ ခုနှစ် မြန်မာပြည်သူားများ(ဟဲ  ဟဲ အနော်အပါပေါ့နော်) အင်မတန်မှ စိတ်ဝင်စားနေတဲ့ အကြောင်းအရာများစွာထဲက တယ်လီဖုန်းအကြောင်းကို ကျွန်တော်လည်း နည်းနည်း ပေါကြည့်ချင်တာပေါ့။ အဟမ်း   အဟမ်း   ပေါရမယ်ဆိုရင်………………….. တယ်လီဖုန်းဆိုတာ ဘယ်ကစတင်ပေါ်ပေါက်လည်းဆိုတာကို ကျွန်တော်အရင်စဉ်းစားရပြီပေါ့။ (ဟဲ..ဟဲ ရွှီးတာ) လိုအပ်တဲ့အချက်အလက်လေးတွေကိုရှာဖွေဖို့ စာကြည့်တိုက်တွေ မွှေရပြီပေါ့။ စာကြည့်တိုက်တွေမွှေတယ်ဆိုလို့ အထင်တော့မကြီးလိုက်ကြနဲ့ဦးနော် ပန်းဆိုးတန်းဝန်းကျင်က လမ်းဘေး စာအုပ်အဟောင်းဆိုင်တွေကို ပြောတာ။ ဪ တယ်လီဖုန်းကို စကော်တလန်ပြည်သား အလက်စန္ဒား ဂရေဟန်ဘဲလ်က ၁၈၇၆ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ကျွန်တော်တို့မြန်မာနိုင်ငံကို အိုဒီအင်တယ်အီလက်ထရောနစ်ကုမဏီက စတင်တည်ထောင်ပြီး တင်သွင်း ခဲ့တာကိုး ………… “တယ်လီဖုန်း”ဆိုတာဘာလည်းလို့ ကျွန်တော်ရှာကြည့်တော့ ဂရီဘာသာစကားက  ဆင်းသက်လာတယ်ဆိုတာကို […]


ရွှေအိမ်စည်October 11, 20121min21715
အလုပ်ထဲမှာနေတတ်ဖို ့လိုတယ် ၁။ အသင်သည် ဟောခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင် စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက် အလုပ် ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့် အလား ဆင်တူသည်။ အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ် သွားမည့်သူဖြစ်၏။   ၂။ သာမာန် အလုပ်ဖြစ်သော်ညား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။ အများအမြင်တွင် တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် မေးချက်ခြင်း။ မိမိ လစာတွက်ခြင်း များ […]


ma ma01306September 11, 20123min1555
ယ္ခု နေထိုင်နေတဲ့ ကမာ္ဘကြီးဟာ ပိုပြီး ပူပျင်းလာတယ် တောမီးတွေလောင်၍ မီးလောင်မှု့တွေ ပိုပြီး ပေါများလာတယ် ကောက်ကျစ်စဉ်းလဲ မှု့တွေ ပေါများလာတော့ စိတ်ဓါတ် ညစ်ပတ်နံစော်နေလို့ ကောင်းကင်ပေါ်မှ မိုးနတ်မင်းနဲ့ရေနတ်သားကလဲ ခဏခဏ ကမာ္ဘမြေကို ေဆေးကြော ပေးနေတယ် ဘက်လိုက်မှုတွေ ပေါများလာတော့ တစ်ဖက်စောင်းနင်း ဖြစ်လိုက်ပုံများ မြေငလျှင်တွေ လှုတ်လို့ မြေတွေပြိုတယ်.. အမြတ်ကြီးစား ဝိသမ လောဘသားတွေ ပေါများလာတော့ မွှားတွေ ခြင်တွေ ဖြုတ်တွေ မျှော့တွေ သန်းတွေ သွေးစုပ်သတ္တဝါတွေပေါများလာတယ်.. ဣဿာ မစာ္ဆရိယ စိတ်တွေပေါများလာတော့ မနာလိုဝန်တို စဉ်းလဲ ကောက်ကျစ်မှုေတွေကြောင့် ဟိုခုတ် ဒီဖြတ်နဲ့အစာ ရေစာငတ်မွှတ် ခေါင်းပါးလာတယ် ဟိုဖားရ ဒီဖားရနဲ့ ကိုယ်ဘက်ကိုယ် ယက်တာ များလာတော့ ဖားလေးတွေ လိပ်လေးတွေ တစ်ဘို့တည်းသော […]


ဟိုတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိခဲ့တယ် သားလုပ်သူက သူငယ်ချင်းတွေနဲ့ ရှောက်လည်နေပြီး အလုပ်လဲ မလုပ် နဲ့ အမြဲတန်းရှောက်သွားနေတာ ဖအေကပြောလဲမရဘူး ဘယ်သွားလဲ မေးရင် မိတ်ဆွေတွေစီ မိတ်ဆွေတွေစီနဲ့ပြောလွန်းတော့ ဖအေက သူ့သားကို မိတ်ဆွေအကြောင်း ပြချင်တာနဲ့ မင်းမှာ မိတ်ဆွေတွေ တော်တော်များနေပြီလားလို့ မေးတယ် သားကလဲ အများကြီးရှိတာပေါ့လို့ ပြောတယ် အဖေ့မှာရော မရှိဘူးလားလို့ မေးတယ် ငါ့မှာတော့ မင်းလို အများကြီး မရှိဘူး တစ်ယောက်နဲ့ တစ်ခြမ်းပဲ ရှိတယ်လို့ ဖြေတယ်.. မင်းရဲ့ မိတ်ဆွေတွေကို စမ်းသပ်ရအောင်လို့ ဖအေက ပြောတယ် သူတို့နှစ် သူပုန်လိုလို ဓားပြလိုလိုနဲ့ မျက်နှာဖုံးတွေ ဖုံးပြီး မြင်းစီးပြီး သားရဲ့ သူငယ်ချင်းတွေအိမ်သွားကြတယ် ဟိုရောက်တော့ ဟာ သူငယ်ချင်း မင်းဘာဖြစ်လာတာလဲလို့ သားသူငယ်ချင်းက […]


ဦးဇင်း မြန်မာပြည်မှာ ဟောကြားခဲ့တဲ့ တရားတော်များကို ပြည်ပရောက် စာဖတ်ပရိသတ်များ ကြည့်ရှု့နာကြားနိုင်အောင် တင်ပေးလိုက်ပါတယ်။ ကော်နရှင်ကောင်းတဲ့ စာဖတ်ပရိသတ်များအနေနဲ့ကတော့ ဦးဇင်းဆိုဒ် http://www.sanninaymin.com/ မှာဖြစ်စေ၊ Youtuble ဆိုဒ် http://www.youtube.com/watch?v=e–KUrk4fJE။ http://www.youtube.com/watch?v=c7r5la6JYvw&feature=relmfu။ http://www.youtube.com/watch?v=6zB-dOGLoq4&feature=relmfu။ http://www.youtube.com/watch?v=xjN1WrI0K50&feature=relmfu တို့မှာဖြစ်စေ ဒေါင်းလော့ဆွဲ၍လည်းကောင်း၊ တိုက်ရိုက်ကြည့်ရှု့၍လည်းကောင်း နာယူမှတ်သားနိုင်ကြပါတယ်။   မြန်မာပြည်တွင်းကလူတွေကတော့ မေတ္တာရှင်(ရွှေပြည်သာ) အရှင်ဇဝနဆရာတော်ရဲ့ မန်းလေးကျောင်းတိုက်မှာဖြစ်စေ၊ မှော်ဘီရိပ်သာမှာဖြစ်စေ၊ တရားခွေရောင်းတဲ့ ဆိုင်တွေမှာလည်း ဆရာတော်ရဲ့ မှော်ဘီကျောင်းတိုက် သင်္ကြန်အတွင်းဟောတဲ့ သုဒ္ဓဝိပဿနာ တရားခွေလို့ မေးဝယ်ရင်လည်း ရနိုင်ပါတယ်။ ဒါပြင် ဖုန်း 09-5180684။ 0943207891 တို့မှာလည်း ဓမ္မဒါနအဖြစ် ပေးလှူနေသဖြင့် ဆက်သွယ်ယူနိုင်ပါတယ်။   ယခုတင်ထားတဲ့ တရားတော်များသည် ဖိုင်ချုံ့ထားတဲ့အတွက် ရုပ်ပုံကတော့ ဝါးနေမှာဖြစ်သလို ဒေါင်းလော့ဆွဲရတာလည်း မြန်ပါလိမ့်မယ်။ ကျန်ရှိနေသေးတဲ့ […]


ပြည်တွင်းမှာ ပညာအတော်အသင့်စုံလင်တာနဲ့ ပြည်ပထွက်ပြီး ဗဟုသုတပညာ၊ အတွေးအခေါ်ပညာ၊ ခေတ်ပညာများ သင်ကြားရန် ပြည်ပထွက်ပညာသင်ထွက်ခွါနီးမှာ ဆရာသမားဘုန်းကြီးကို ကန်တော့ခဲ့ပါတယ်။ ငယ်ဆရာလည်းဖြစ်၊ အခွင့်အခါကြုံရင် ကြုံတိုင်း ဩဝါဒပေးလေ့ရှိတာကြောင့် ဆရာသမားရဲ့ ဩဝါဒတွေဟာ မိမိအတွက်တော့ တကယ့်ကိုတန်ဖိုးရှိတဲ့ အရာတွေပါ။ ဆရာသမားကို ချစ်ကြောက်ရိုသေစွာနဲ့ ချဉ်းကပ်ပြီး လက်အုပ်လေးချီမိုးကာ ဦးချပြီးထိုင်နေတဲ့အချိန် ဆရာသမားပြောတဲ့ ဩဝါဒလေးက “ငါ့တပည့် လောကမှာ ဆရာသမားဆိုတာ ကိုယ့်တပည့်မုန်းမှန်းသိသော်လည်း မုန်းမှာကြောက်လို့ ကိုယ့်တပည့်ကို မဆုံးမဘဲ သက်သောင့် သက်သာနေမယ်ဆိုရင် အဲဒါတကယ့် ဆရာသမား အစစ်မဟုတ်ဘူး၊ တကယ့် ဆရာသမားအစစ်ဆိုတာ ကိုယ့်တပည့်က မုန်းချင်မုန်းသွားပါစေ လမ်းမှားနေမယ်ဆိုရင် ဆုံးမပေးရဲရမယ်။ ဒါမှသာ ဆရာသမား အစစ်”လို့ ခေါ်တယ်။ ငါ့တပည့်ရဲ့ ဆရာသမားဟာ အဲဒီလို ဆရာသမားအစစ်ဖြစ်တယ်ဆိုတာ ငယ်စဉ်ကတည်းက ဆုံးမပေးခဲ့ ရတဲ့ […]


may flowersMay 21, 20121min16011
မင်းတုန်းမင်းကြီးလက်ထက်က ထင်ရှားတော်မူခဲ့တဲ့ သင်္ဂဇာဆရာတော်နဲ့ အင်္ဂလိပ်သံ အရာရှိတို့ရဲ့ဘာသာရေးအမေးအဖြေလေးက မှတ်သားစရာ မို့ရွာသားတွေအတွက်ဝေမျှှ ပေးလိုက်ပါတယ်။  မသိသေးသူများအတွက်  ဝေမျှုခြင်းမို့ သိပြီးသူများသီးခံကြပါနော်။   ဒီလိုပါ  မင်းတုန်းမင်းကြီးလက်ထက်တော်အခါက အင်္ဂလိပ်သံအရာရှိ (ဖယ်ယာ) သည် မင်းတုန်းမင်းကြီးထံသို့ လာရောက်ပြီး မင်းကြီးကိုလျှောက်ထားပါတယ်တဲ့။ ”ကျွန်တော်မျိုး သည်…အရှင်မင်းကြီးတို့ ဗုဒ္ဓဘာသာတော်ကျမ်းမှာ ရှိတဲ့ဘဝင်မကျတဲ့ အကြောင်းအရာလေးတစ်ခုကို..စုံစမ်းမေးမြန်ချင်ပါတယ်လို့” လျှောက်ပါတယ်။ မင်းကြီးကလည်း  ဒီလိုဆိုရင်တော့စကားအရာမှာ ကြွယ်ဝပြီး ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ သင်္ဂဇာဆရာတော်ဘုရားကသာ ဒီလိုအဖြေမျိုးကိုဖြေဆိုဖို့သင့်တော်မယ်လို့ကြံပြီး ”ကောင်းပါပြီ..သံအမတ်ကြီး၊ မနက်ညီလာခံအချိန်မှာ နန်းတော်ကိုလာခဲ့ပါလို့” ဖိတ်လိုက်ပါတယ်။   ထို့နောက်မင်းကြီးလည်း သင်္ဂဇာဆရာကိုကိုပင့်လျှောက်စေဟု မင်းချင်းတွေကိုစေ လွှတ်တော်မူပါတယ်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   မနက်ညီလာခံကို ဝင်ချိန်မှာတော့ အင်္ဂလိပ်သံတမန်တွေဟာ မင်းကြီးကိုဆက်သဖို့ မှန် ပြောင်းတစ်ခုကို ယူလာခဲ့ပါတယ်။  သင်္ဂဇာဆရာတော်လည်း   နန်းတော်ကိုကြွလာပါ တယ်။ ပြီးတော့မှာ အင်္ဂလိပ်သံတမန်ဘက်ကို […]


ယနေ့ မြန်မာပြည်သို့ ထွက်ခွာရတော့မည် ဦးဇင်းရဲ့ မြန်မာပြည်နဲ့ သီရိလင်္ကာတို့ရဲ့ ရှင်ပြုရဟန်းခံ၊ သာသနာရောက်ရှိပုံ၊ ယဉ်ကျေးမှုဓလေ့ ထုံစံစဉ်လာတို့ကို နှိုင်းယှဉ်တင်ပြပေးဖို့ ဒေါက်တာကျမ်းအတွက် တင်ထားတာကို (14.03.2012) ရက်နေ့က ဒေါက်တာအကြိုတန်း M.phil ကျမ်းအကျဉ်းချုပ်သွားတင်ပြရာ အဆင်ပြေတာနဲ့ M.phil ရော Ph.D ကျမ်းပါဆက်လက် ပြီးမြောက်အောင်ရေးရန်အတွက် မြန်မာပြည်နဲ့ဆိုင်ရာ စာအုပ်တွေသွားဝယ်ဖို့ ခွင့်တစ်လခွဲတောင်းတဲ့အခါ ဆရာက ခွင့်ပြုလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဒေါက်တာကျမ်းပြီးထိဆို (၅)နှစ်ကျော် နေရဦးမှာမို့ အမိမြန်မာပြည်ကို ပြန်ခွင့်ရတဲ့အခါ ဝမ်းသာနေတာတော့ အမှန်ပါပဲ။ မြန်မာပြည်ကို April (၂)ရက်နေ့၊ နေ့ခင်း(၁၁)နာရီအချိန်တွင် ရောက်ရှိမှာဖြစ်ပြီး May (၁၅) ရက်နေ့ထိနေရမှာမို့ မြန်မာပြည်ရောက်တုန်း ဦးဇင်းရဲ့ အွန်လိုင်းမှာရေးထားသမျှ စာတွေနဲ့ ဂျာနယ်မှာ ရေးပေးတဲ့စာတွေကို ဓမ္မဒါန စာအုပ်ထုတ်ဝေပေးခဲ့ဖို့လည်း စဉ်းစားထားပါတယ်။ အဲဒါလည်း […]