တွေးမိတာလေးကတော့ လူရိုင်းဆိုတာရဲ့ အဓိပ္ပါယ်ပါဗျာ လူရိုင်းဆိုတာ ရှေးခေတ်က သစ်ရွက်လေးတွေပဲ ဝတ်ပြီး သားစိမ်းငါးစိမ်းတွေ စားခဲ့ကြတဲ့လူတွေကို ခေါ်တာထင်ပါ့ ၊ သူတို့ ကိုင်ခဲ့တဲ့ လက်နှက်တွေကတော့ မြှားရယ် လှံရယ် လေးရယ် ဓားရယ်.. မြှားကလဲ တစ်ချက်ပစ်မှ တစ်ယောက်ပဲ သေစေသလို လှံတို့ ဓားတို့ဆိုတာလဲ အတူတူပဲ တစ်ချက်မ တစ်ယောက်ပဲ သေစေတယ် အဲဒါတောင် ချက်ကောင်းကိုထိမှနော် ၊ သူတိုနေထု်ိင်ခဲ့တာက ဂူတွေထဲမှာလို့ ဖတ်ဖူးတယ် ဂူထဲနေတာဆိုတော့ အိမ်ဆောက်စရာ မလိုသလို တောတွေပြုန်းမယ့် အန္တရာယ်လဲ မရှိတော့ဘူးပေါ့ ၊ သူတို့ ခရီးနှင်တာကတော့ ကိုယ့်ခြေထောက်ကို အားကိုးတယ်ဆိုပဲ ၊ အဲဒါမှ ကိုယ့်အားကို ကိုးတယ်လို့ ခေါ်တယ်ထင်ပါ့ ၊ အခုခေတ်လူတွေကတော့ အဲဒီလူရိုင်းတွေကို တော်တော်ရက်စက်ကြတယ်လို့ သမုဒ်ခဲ့ကြတယ် […]


ဟိုတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိခဲ့တယ် သားလုပ်သူက သူငယ်ချင်းတွေနဲ့ ရှောက်လည်နေပြီး အလုပ်လဲ မလုပ် နဲ့ အမြဲတန်းရှောက်သွားနေတာ ဖအေကပြောလဲမရဘူး ဘယ်သွားလဲ မေးရင် မိတ်ဆွေတွေစီ မိတ်ဆွေတွေစီနဲ့ပြောလွန်းတော့ ဖအေက သူ့သားကို မိတ်ဆွေအကြောင်း ပြချင်တာနဲ့ မင်းမှာ မိတ်ဆွေတွေ တော်တော်များနေပြီလားလို့ မေးတယ် သားကလဲ အများကြီးရှိတာပေါ့လို့ ပြောတယ် အဖေ့မှာရော မရှိဘူးလားလို့ မေးတယ် ငါ့မှာတော့ မင်းလို အများကြီး မရှိဘူး တစ်ယောက်နဲ့ တစ်ခြမ်းပဲ ရှိတယ်လို့ ဖြေတယ်.. မင်းရဲ့ မိတ်ဆွေတွေကို စမ်းသပ်ရအောင်လို့ ဖအေက ပြောတယ် သူတို့နှစ် သူပုန်လိုလို ဓားပြလိုလိုနဲ့ မျက်နှာဖုံးတွေ ဖုံးပြီး မြင်းစီးပြီး သားရဲ့ သူငယ်ချင်းတွေအိမ်သွားကြတယ် ဟိုရောက်တော့ ဟာ သူငယ်ချင်း မင်းဘာဖြစ်လာတာလဲလို့ သားသူငယ်ချင်းက […]


ဒီတစ်ခါတော့ စဉ်းစားမိတာတွေ ရေးထည့်လိုက်ပါတယ် လူတွေ စည်းကမ်းမရှိတဲ့ အကြောင်းလေးပေါ့ ကောင်းတဲ့ဘက်ကပဲ လှည့်တွေးလိုက်ပါတယ် လူတွေ စည်းကမ်းမရှိတဲ့ အကြောင်းပြောလို့ ကျုပ်မပါဘူး မထင်နဲ့ အဲဒီထဲမှာ ကျုပ်လဲ အပါအဝင်ပဲ မြန်မာလူမျိုးတွေက သခင်မျိုး ပီသလွန်းတယ်လေ လမ်းသွားရင် အမှိုက်ပစ်စရာရှိရင်တော့ ဘယ်နားနားကျကျ ပစ်ချခဲ့တယ် အဲဒီအမှိုက်ကို ဘယ်သူသိမ်းသိမ်းပေါ့ ကွမ်းဝါးတဲ့သူတွေကလဲ အဒီလိုပဲ ကွမ်းသွေးကို တွေ့တဲ့နေရာမှာ ထွေးခဲ့ကြတယ် အဲဒီကွမ်းသွေး ဘယ်သူ ရှင်းရှင်းပေါ့ ဆေးလိပ်သောက်တဲ့သူတွေကလဲ လူကြားသူကြားမှာတောင် အမိန့်သားထိုင်ပြီး ဆေးလိပ်သောက်တယ် ဘေးက ကလေေးတွ လူကြီးတွေ အမျိုးသမီးတွေ ဆေးလိပ်ငွေ့ကြောင့် စိတ်ဒုက္ခရောက်နိုင်တာတွေ ထည့်မတွက်ကြဘူး ကျွန်တွေကြားထဲရောက်နေတဲ့ သခင်လို ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သူသောက်ချင်တဲ့ ဆေးလိပ်ကိုသာ သောက်လိုက်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးတွေက သခင်စိတ်ပီသလွန်းတယ်လို့ ပြောချင်တာ […]


ကမ္ဘာကြီးတွေးနေတယ် ဘယ်လိုတွေးနေလဲဆိုတော့ လူတွေ အကြောင်းကို တွေးနေတယ် သူ့ကို လူတွေ မညှာတာကို တွေးနေုတယ် တောင်သူလယ်သမားတွေက သူ့ရဲ့အရေပြားပေါ်မှာ ထွန်ယက်စိုက်ပျိုးကြလို့ သူ့အရေပြားတွေ ပေါက်ပြဲကုန်ပြီး အဲဒီလောက်တော့ သူခွင့်ပြုနိုင်တယ် ကျေနပ်သေးတယ် အခုတော့ သူရဲ့ ဝတ်ရုံးတွေဖြစ်တဲ့ လူတွေခေါ်တဲ့ သစ်ပင်တွေကို ခုတ်ဖြတ်လာကြတယ် သူ့ရဲ့ ဝတ်ရုူံတွေကို လူတွေ ခုတ်ဖြတ်လိုက်တာကြောင့် တစ်ချို့နေရာတွေမှာ သူ့ရဲ့ အသွေးအသားတွေ ခန်းခြောက်ကုန်ပြီလေ အဲဒါကို လူတွေက သဲကန္ဒာရတဲ့ သူတော်တော်လေးရယ်ချင်သွားတယ် သူကတော့ အဓိကကျတဲ့နေရာတွေကို ကာကွယ်ထားရလို့ ကျန်တဲ့နေရာတွေကို ဂရုမစိုက်နိုင်ခဲ့ဘူးလေ သူကာကွယ်ထားတဲ့နေရာတွေကို လူတွေ ခေါ်ကြတယ် ရေခဲပြင်တွေတဲ့။. လူတွေက သူ့ဝတ်ရုံးတွေခုတ်ဖြတ်ရုံတင်မကတော့ဘူး အခုဆိုရင် သူ့ရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သူ့ရဲ့သွေးတွေကို ဒီဇယ်ဆီဆိုပြီး ထုတ်ယူကြပြန်ပြီ ၊ သူ့ရဲ့ ခန္ဒာကိုယ်အတွက် […]


အမေ့ရဲ့နို့တစ်စက် တန်ဖိုးဖြတ်ဖို့ခက်ခဲ့တယ် အမေ့နို့ချို သားသောက်စို့တာ သုံးနှစ်တာကာလ သုံးနှစ်စာနို့ဖိုး ကျေးဇူးဆပ်ဖို့ အလွန်ခက်ခဲ့သလို.. အဖေ့ရဲ့ချွေး သားသမီးအတွက် ထွက်ခဲ့တာက နှစ်ပေါင်းနှစ်ဆယ်ကျော်.. အမေက နို့တစ်စက်ဖြစ်လာဖို့ အသက်နဲ့မေတ္တာကို စိုက်ခဲ့ရသလို.. အဖေ့ရဲ့ ချွေးတစ်စက်ကလဲ သွေးပါထွက်တဲ့ ခွန်အားနဲ့ ချွေးတစ်စက် ဖြစ်စေခဲ့တယ်.. အဖေ့ရဲ့ ချွေးတစ်စက်တန်ဖိုး သားသမီးတွေ ဘယ်လိုကြိုးစားပြီး ဆပ်မလဲ…


လူတွေနေတဲ့ မြေကမ္ဘာမှာ အဒေါသနိုင်ငံတွေအတွင်း အလောဘဘုရင်းကြီးတွေ နန်းတက်စေမယ့် အမောဟမြို့တော်တွေ တည်ဆောက်လို့.. ကရုဏာတပ်တော်တွေကို ခန္တီလက်နက်တွေ အပြည့်ဖြည့်ပြီး.. အကြင်နာ စစ်သူကြီးတွေ အုပ်ချုပ်စေမယ့်… သစ္စာဈေးကြီးအတွင်းမှာ မေတ္တာအသင်းတွေ ရောင်းဝယ်စေမယ့်.. ဟိရီ ဩတ္တပ္ပဆိုတဲ့ ပုရိသ ဣတ္ထိယတို့ အမြဲရှင်သန်မယ့် အို…ကမ္ဘာသစ် သင်သန္ဓေတည်တာ ကြာလှတယ်…


လူတွေနေတဲ့ မြေကမ္ဘာမှာ ဒေါသနိုင်ငံတွေအတွင်း လောဘဘုရင်ကြီးတွေ နန်းတက်ခဲ့.. မောဟမြို့တော်တွေ တည်ဆောက်ပြီး.. သောကတပ်တော်တွေမှာ ပေါက်ကွဲခြင်းလက်နက်တွေ အပြည့်ဖြည့်လို့.. ရန်လိုခြင်းစစ်သူကြီးတွေ အုပ်ချုပ်ခဲ့… အဂတိဈေးကြီးအတွင်းမှာ ဝိသမလောဘသမားတွေ ရောင်းဝယ်စေခဲ့.. အဟိရိက အနောတ္တပ္ပဆိုတဲ့ ပုရိသ ဣတ္ထိယတို့ အများရှင်သန်ခဲ့တဲ့ အို…ကမ္ဘာဟောင်း သင်ဂျောင်းသင့်တာ ကြာပြီပဲ…