may flowersOctober 26, 20121min30029
ဒါနဲ့ နောက်တစ်နေ့ရောက်တော့ အိပ်ရေးပျက်တာကြောင့်ကော၊ ကြောက်စိတ်ကြောင့်ကော ကျွန်မ စပြီးဖျားပါတော့တယ်။ ထူးထူးခြားခြားတိုက်ဆိုင်မှုတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ထိုအိမ်မဲကြီး ရဲ့ ပိုင်ရှင်သမီးအငယ်လေးလည်း ထိုအမျိုးသမီးကိုတွေ့လိုက်ရတာပါ။ သူက အထည်ချုပ်စက်ရုံ တစ်ရုံ မှာ  အလုပ်လုပ်နေတာပါ။ စက်ရုံကပြန်လာပြီး အိမ်ပေါ်တက်အဝတ်အစားလဲမယ်အလုပ်မှာ ပြူတင်း ပေါက်က ပေါ်လာပြီးရိပ်ကနဲ ဝင်လာတဲ့ ထိုပြိတ္တာမကိုမျက်နှာချင်းဆိုင်တွေ့လိုက်ရတာပါတဲ့။ အဲဒီ သမီးအငယ်မလေးလည်း နောက်နေ့တိုက်တိုက်ဆိုင်ဆိုင် ကျွန်မနဲ့ပြိုင်တူနေမကောင်းဖြစ်ကြပါတယ်။ ကျွန်မအဒေါ်လည်း ဆေးခန်းသွား၊ ဆေးသောက်နဲ့တတ်နိုင်သလောက် ကုပေမဲ့နေကပြန်မကောင်း လာပါဘူး။ ရင်ထဲက တစ်ဆို့ဆို့ကြီးဖြစ်ကာ ဘာစားစားမဝင်ပါဘူး။ တစ်နေကုန်နှုန်းချည့်နေတဲ့ ခံစား ချက်ကြီးက ဘယ်လိုဝေဒနာမှန်းတောင်ပြန်မပြောပြတတ်ပါဘူး။ ဒါနဲ့ ကျောင်းလည်းပြန်မသွားနိုင်ပဲ အဒေါ်တွေအိမ်မှာ ဖျားနေတာ သုံးရက်လောက်ကြာတော့အဒေါ်လည်း စိုးရိမ်ပြီးကျွန်မအမေကို လှမ်း အကြောင်းကြားပါတယ်။ အမေရာက်လာပြီး ဖြစ်ပုံအကြောင်းစုံကို သိတော့ သူတို့ကိုးကွယ်နေတဲ့ဆရာ တော် ဆီကို ညီအမနှစ်ယောက် […]


may flowersOctober 25, 20121min23817
ကျွန်မဒီအကြောင်းအရာပိုစ့်လေးကို ရေးသင့်၊ မရေးသင့်အတန်တန်စဥ်းစားပြီးတွေဝေနေခဲ့တာ တော် တော်လေးကြာခဲ့ပါပြီ။ အကြောင်းအရာပါအဖြစ်အပျက်လေးကကိုယ်တိုင်ကြုံဖူးသူတစ်ယောက်မဟုတ် ရင် မယုံကြည်နိုင်စရာကောင်းနေတာကြောင့်ပါ။ ဒါနဲ့ ဒိီအကြောင်းလေးကို စာစီလိုက်၊ ပြန်ဖျက်လိုက်နဲ့ အစပျိုးဖို့ကြိုးစားနေတာ တော်တော်လေးကိုကြာလာခဲ့ပါပြီ။ ဒီအကြောင်းအရာလေးဟာ ကျွန်မကိုယ် တွေ့ဖြစ်ရပ်မှန်လေးပါ။ ရွာထဲကမယုံကြည်သူများလဲ ရသဇာတ်လမ်းလေးတစ်ပုဒ်အဖြစ်သာခံစား ဖတ် ရှုပေးကြပါလို့ မေတ္တာရပ်ခံပါရစေရှင်။   လွန်ခဲ့တဲ့ ၁၅ နှစ်၊ ၁၆ နှစ်လောက်ကအကြောင်းအရာလေးပါ။ တိတိကျကျပြောရရင် ၁၉၉၆ ခုနှစ်က အဖြစ်အပျက်လေးပါ။ အဲဒီတုန်းက ကျွန်မပထမနှစ်ရုက္ခဗေဒ ကျောင်းသူတစ်ယောက်ပါ။ ကျွန်မမိဘ တွေက နယ်မှာနေတော့ ကျွန်မအဆောင်မှာနေပြီးကျောင်းတက်ပါတယ်။ အဲ..ကျောင်းပိတ်ရင်စနေ နဲ့ တနင်္ဂနွေလိ်ု နေ့မျိုးတွေမှာတော့ ထောက်ကြန့်ကအဒေါ်( အမေ့ညီမ) အိမ်မှာသွားနေတာများပါ တယ်။ တစ်ခါတစ်လေ စိတ်ကူးပေါက်မှသာ ကျွန်မမိဘတွေရှိတဲ့နယ်ကို ပြန်တတ်တာပါ။ အဲဒီနေ့ ကလည်း ကျွန်မသောကြာနေ့အတန်းကို နေ့လည်ပိုင်းအချိန်တွေကို […]


may flowersOctober 8, 20121min50730
မြန်မာပြည်ရဲ့ အခြားနေရာဒေသတွေတော့ အိမ်တွင်းနတ်ကို ကိုးကွယ်လား ၊ မကိုးကွယ်လား ကျွန်မအသေအ ချာမသိပေမဲ့ ကျွန်မမွေးဖွားကြီးပြင်းခဲ့ရာအရပ်ဒေသမှာတော့ အိမ်တိုင်းလိုလိုအိမ်တွင်းနတ်စဉ်ကို အိမ်ရဲ့အတွင်း ဘက်ထောင့်ကျကျလေးမှာ လိုက်ကာလေးကာရံပြီးထားရှိတတ်ကြပါတယ်။ ကျွန်မအဖေနဲ့အမေအိမ်ထောင်စ ကျတော့ အမေကအိမ်တွင်းနတ်စဉ်ထားဖို့ပြောတော့ အဖေကခါးခါးသီးသီးငြင်းပါတယ်တဲ့.။ သူတို့တောင်သူ တစ်ပါးသတ်တာခံရပြီး သေကြလို့နတ်စိမ်းဖြစ်နေတာ ငါမကိုးကွယ်နိုင်ဘူးလို့ခါးခါးသီးသီးငြင်းတော့ အမေ  လည်းနတ်စဉ်မထားဖြစ်တော့ပါဘူးတဲ့။ အဲဒီတစ်နယ်လုံး အိမ်တွင်းနတ်စဉ်မရှိတဲ့ အိမ်ဆိုလို့ ကျွန်မတို့အိမ်နဲ့ ကျန်ဘာသာခြား အိမ်အနည်းငယ်သာရှိမယ်ထင်ပါရဲ့။ (ဘာပဲပြောပြော ကျွန်မကတော့ ကျွန်မအဖေကြောင့် ကျွန်မတို့ လည်းနတ်ယုံကြည်ကိုးကွယ်မှုမှ လွတ်လာလို့ ကျွန်မအဖေကိုတကယ့်ကို ကျေးဇူးတင်မိပါတယ်)။   ဒီလို ဒီလို ကျွန်မအဖေနဲ့အမေ အိမ်ထောင်ကျကာစကတည်းက အိမ်မှာဘုရားစဉ်ထားပြီး ကိုးကွယ်တာကလွဲလို့ ဘာနတ်မှ မရှိမမြင်ဖူးတာကြောင့် ကျွန်မတို့မောင်နှမတွေလည်း နတ်အကြောင်းနဲ့ပါတ်သက်ပြီး ရှောင်ရန် ဆောင်ရန် ဗဟုသုတကတော့ တော်တော်လေးနည်းပါးခဲ့ပါတယ်။ အဲ..ဆိုခဲ့ပြီးသလို ကျွန်မအမေသာ အဖေ့ […]


may flowersSeptember 25, 20121min40538
အိမ်ကိုပြန်ရောက်လာပေမဲ့ ကိုဘသာတစ်ယောက်မဖြစ်စဖူး ထိုတောက်ခေါက်သံစူးစူးကိုပဲ မကြာခဏကြား ကြားနေခဲ့ပါတယ်။ ဒါပေမဲ့ နာနာဘဝတို့ နတ်တို့ကိုအယုံအကြည်မရှိဘူးလို့ ကြွေးကြော်ထားသူ ကိုဘသာတစ် ယောက်ကတော ့အဲဒီအကြောင်းကိုလည်းအခြားသူတစ်ယောက်ကိုပြောပြရမှာရှက်သလိုလို ဘာလိုလိုမို့ဘယ် သူ့ကိုမှမပြောပြပဲ နှုတ်ပိတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစူးရှလှတဲ့ နာနာကျဉ်းကျဥ်းတောက်ခေါက်သံကိုတော့ အ မြဲတမ်းလိုလို ကြားယောင်နေခဲ့မိပါတယ်။ ဒီလိုနဲ့ အဖြစ်အပျက်ကတစ်ပါတ်နီးပါးကြာသွားခဲ့ပါပြီ။ တစ်ပါတ်အချိန်ကြာသွားခဲ့ပေမဲ့ ကိုဘသာရဲ့ကြောက်ရွံ့ စိတ်က ပျောက်မသွားခဲ့ပါဘူး။ သူ့ကို တစ်စုံတစ်ယောက်စူးစူးရဲရဲစိုက်ကြည့်နေသလိုခံစားချက်  တွေကိုမကြာ ခဏ ခံစားမိတတ်ပါတယ်။တစ်နေ့..ကိုဘသာတစ်ယောက်အလုပ်ကိစ္စနဲ့ အနီးနားကမြို့ကိုစက်ဘီးတစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ထိုမြို့နဲ့ ကိုဘသာတို့မြို့ကြားမှာတော့ ငမိုးရိပ်ချောင်းကိုဖြတ်ပြီးဆောက်လုပ်ထားတဲ့ ငမိုး ရိပ်တံတားတစ်ခုကို ဖြတ်သွားရပါတယ်။ တံတားကိုသစ်သားတွေနဲ့တည်ဆောက်ထားပြီး ကားတစ်စီးဖြတ်မောင်းရုံလောက်သာအကျယ်ရှိပါတယ်။ ဘေးအကာရံရယ်လို့မရှိပေမဲ့ ဒီတံတားကို အမှီပြုပြီး ဖြတ်သန်းသွားလာနေကြတဲ့ ကိုဘသာတို့အဖို့ကတော့ သိပ်မထူးဆန်းပဲ အေးအေးဆေးဆေးမျက်စိမှိတ် ပြီးတောင် စက်ဘီးစီးပြီးကူးသွားနိုင်ကြပါတယ်။  ကိုဘသာလည်း အရင်လိုကိစ္စတွေဖြစ်မှာစိုးပြီး အလုပ်ပြီးတာနဲ့တန်းပြန်လာခဲ့ပါတယ်။ အဲ..တံတားပေါ်အရောက်မှာတော့ […]


may flowersSeptember 24, 20121min33129
တကယ်တော့ ဒီပန်းတောရွာကို သွားကတည်းကပြန်ရင် ဒိလောက်မိုးကြီးချုပ်မှ ပြန်လာခဲ့မယ်ဆိုပြီး ကိုဘသာ မတွေးခဲ့ရိုးအမှန်ပါ။ ဒီပန်းတောရွာမှာ ရစရာအကြွေးကိစ္စလည်းရှင်းရင်း အလုပ်ကိစ္စလည်းပြောဆိုရင်းဆိုပြီး မ နက်ကတည်းက အိမ်ကငါးမိုင်ခရီးလောက်ကို စက်ဘီးစီးပြီးတစ်ကိုယ်တည်းထွက်လာခဲ့ပေမဲ့ ပြန်ရင်ဒီလောက် မိုးချုပ်မှပြန်ရန်မရည်ရွယ်ထားခဲ့ပေမဲ့ အလုပ်ကိစ္စဆွေးနွေးရင်း ငယ်သူငယ်ချင်းလည်းဖြစ်၊ အလုပ်လုပ်ဖော်ကိုင် ဖက်လည်းဖြစ်တဲ့ သူငယ်ချင်းမောင်ဝင်းရဲ့ ဖိတ်ခေါ်ဧည့်ခံမှုကြောင့် သောက်စားကြရင်းအတော်ကြီးမိုးချုပ်မှပြန် ဖြစ်ခဲ့ပါတယ်။ အရေးတည်းစီးတော်ယာဉ်စက်ဘီးစုတ်ကလည်း ရွာအပြင်နားလောက်ရောက်မှ ဘီးပေါက်တော် မူတော့ လူကလည်းယိုင်ထိုးနေတဲ့အပြင် စက်ဘီးကိုတွန်းပြီး ငါးမိုင်ခရီးလောက်ကို တွန်းသွားဖို့အဆင်မပြေတာ ကြောင့် နီးစပ်ရာအိမ်တစ်အိမ်မှာပဲ နောက်နေ့မှလာယူပါမယ်ပြောပြီး စက်ဘီးကိုအပ်ကာ လမ်းလျောက်ပြန်လာ ခဲ့ရပါတယ်။ အမှန်တော့ တာလမ်းတစ်လျှောက်သာ ပြန်ရင်ကိုဘသာနေတဲ့မြို့ကို ငါးမိုင်ခရီးလောက်ရှိမှာဖြစ်ပေ မဲ့ လယ်ကွင်းပြင်ကိုဖြတ်ပြီးပြန်မယ်ဆိုရင်တော့ သုံးမိုင်ပြော့ပြောလောက်သာခရီးရှိတာမို့ စက်ဘီးကလည်း ပေါက်နေတာနဲ့ အနီးဆုံးဖြတ်လမ်းဖြစ်တဲ့ လယ်ကွင်းပြင်တွေထဲက ဖြတ်ပြန်ဖို့ကိုဘသာရွေးချယ်လိုက်ပါတယ်။ လဆန်း ၁၃ ရက်နေ့မို့လက အရမ်းကြီးမသာပေမဲ့ လယ်ကန်သင်းရိုးတွေကိုမြင်နိုင်ရုံလောက်တော့ […]


may flowersSeptember 19, 20121min32526
ဒီနေတော့ ့ ဈေးကိုသွားရင် ဝါးပိုးမျှစ်နုနုကြီးတွေတွေ့တာနဲ့ ဝယ်လာခဲ့တယ် ။ စားလို့လည်းကောင်း ၊ အဟာရနဲ့ပြည့်စုံပြီး  အရသာရှိလှတဲ့ မွန်မျှစ်ပေါက်ဟင်း ချက်စားကြမယ်လေနော်။ ချက်ရတာကလည်း တိုင်းရင်းသားရိုးရာဟင်းမို့ အရမ်းကို လွယ်ကူရိုးရှင်းလှပါတယ်။  မွန် မျှစ်ပေါက်ဟင်းအတွက်လိုအပ်တဲ့ အမယ်တွေကတော့ -ဝါးပိုးမျှစ်နုနုတစ်ချောင်း -ပုဇွန်ဆိတ် ၂ဝ သားခန့် -စိမ်းစားငပိအနည်းငယ် -ဆား -ကြက်သားမှုန့် ( လိုအပ်မှထဲ့ပါ) -နနွင်းမှုန့် -ဆန်မှုန့် ( ဆန်အနည်းငယ်ကို ရေဆေးပြီးကြိတ်ထဲ့  (သို့) ထောင်းထဲ့ရပါမယ် ။ အများကြီးမထဲ့ရပါဘူး များလွန်းပါကပျစ်ပျစ်ကြီးနဲ့ အရသာမကောင်းတော့ပါ) တို့သာ လိုလို့အရမ်းကို ရိုးရှင်းပါတယ်။ ဒါပေမဲ့လတ်ဆတ်တဲ့ မျှစ်ဖြစ်ရန်တော့လိုပါတယ်။ ကဲ..စချက်ကြည့်ကြတာပေါ့။ ပထမဆုံးမျှစ်ကို အပေါ်ခွံတွေကုန်အောင်သပ်လိုက်ပါနော်။ ပြီးရင် အတတ်နိုင်ဆုံး ပါးပါးလေးတွေရအောင်လှီးထားလိုက်ပါ။ ရေနဲ့ သန့်စင်အောင် နှစ်ခါလောက်ဆေးကြောပြီးနောက် အိုးလုံးထဲသို့ ထိုမျှစ်လှီးထားတာရယ် […]


may flowersSeptember 18, 20121min19921
ယိုးဒယားစတိုင် သဘောင်္သီးထောင်းလေး အိမ်မှာအလွယ်ထောင်းစားကြည့်ကြရအောင် နော်။ ပထမဆုံး သင်္ဘောသီးတစ်စိတ်ကို ခြစ်ထားပါ။ ကျွန်မကတော့ မုန်လာဥနီတစ်ဥလောက်  ခြစ်ပြီးထဲ့ပါတယ်။ ပြီးရင် ငရုတ်ဆုံကြီးကြီးထဲကို ငရုတ်သီးတောင့်ရင့်ရင့် ၁ဝ တောင့်ခန့်၊ ကြက်သွန်ဖြူ ၁ဝ မွှာခန့် ( အခွံအကုန်မခွာပစ်ပဲ အပေါ်ခွံလောက်သာ ခွာထားပါ) ကို မညက်တညက်ထောင်းပါ။ ထို့နောက် ထန်းညက်ပျော့ပျော့တစ်လုံး ထဲ့ထောင်း၊ မြေပဲလေးစိတ်ကွဲဖြစ်အောင်ထောင်းထဲ့ပါ။ ပြီးနောက် ငံပြာရည် ၊ ဟင်းခတ်မှုန့်၊ သံပုရာသီးတစ်လုံးအရေညှစ်ထဲ့၊ပုဇွန်ခြောက်လိုသလောက်၊ ခရမ်းချဉ်သီးတစ်လုံး ( အလုံးသေးက သုံးလုံးခန့်လှီးထဲ့ပါ) ၊။ နောက်ဆုံးမှ ခြစ်ထားတဲ့ သင်္ဘောသီးနဲ့ မုန်လာဥနီကို ထဲ့ပြီး ငရုတ်ဆုံနဲ့ဖြေးညင်းစွာ နှံ့အောင်ထောင်းပေးပါ။ အရသာ ကိုယ်လိုသလိုပြန်လည်ပြုပြင်ပြီး ကန်ဇွန်းရိုးနီ၊ ပေါ်ဖီထုတ်တို့နဲ့ အရသာရှိတဲ့ ချဉ်ချိုစပ်သဘောင်္သီးထောင်းတစ်ပွဲကို သုံးဆောင်နိုင်ပါပြီနော်။ ယိုးဒယားသင်္ဘောသီးထောင်းစစ်စစ်တွေမှာတော့ ရေချိုငါးပိ၊ ဂဏန်းဆားစိမ်၊ […]


may flowersSeptember 6, 20121min17710
ကဲ..ဒီနေ့တော့ အိမ်မှာချက်စားဖြစ်တဲ့ ငါးဟင်းဖက်ဖယ်ရွက် ချဉ်စပ်ဟင်းလေးကို ရွာသူားတွေကို လည်းကျွေးချင်လို့ ..မိုးအေးအေးမှာ အရည်စပ်စပ် ချဉ်ငန်စပ် ငါးဟင်းလေးနဲ့ ဆိုတော့ခံတွင်းတွေ့မှာ သေချာပါတယ်နော်..။ဆီပြန်တွေ၊ အကြော်ဟင်းတွေ စားရတာအီလာလို့ရင်လည်း ဒီလိုဟင်းလေးတစ်ခွက်က ကျန်းမာ ရေးနဲ့လည်း ပြည့့်စုံ၊ အဟာရလည်း ပြည့်စုံပြီး ထမင်းစားမိန်မှာ ကျိန်းသေးပါပဲလို့…။ ကဲ စချက်ကြရအောင်- လိုအပ်တဲ့ ပစ္စည်းတွေကတော့ -ငါး   – ၃ဝသား ခန့် – ကြက်သွန်နီ ဥကြီး သုံးဥ – ကြက်သွန်ဖြူ ၈ မွှာ – ရှမ်းနံနံ (တစ်စည်း) – ပင်စိမ်း (တစ်စည်း) – ဖက်ဖယ်ရွက် (တစ်စည်း) – မရမ်းပြားခြောက် =ဆယ်ပြားခန့်  ( မရှိပါက ဟင်းကျက်သွားမှ သံပုရာသီး တစ်လုံးခန့်အရည်ညှစ်ထဲ့ပါ) […]


may flowersSeptember 3, 20124min9110
ကဲ..ဘုရားတွေဖူးပြီးရင်  နောက်ရှုခင်းလှလှလေးတွေ သွားကြည့်ရအောင်နော်။   ဒီလှေ ဆိပ်ကနေ လှေစီးပြီး  ရှုခင်းလေးတွေ လေ့လာကြည့်ရှုကြတာပေါ့…။   မြစ်ပြင်တစ်လျှောက်က လှေငယ်ငယ်လေးတွေ…။   တောင် ကြားထဲက မြစ်ကြောတစ်လျှောက် လှေလိုက်စီးရအောင်….။   မြစ်ကမ်းပေါ်က လှေကလေး …။   ဒါလေးကအနီးကပ်…။     သူတို့က အပြန်   ကိုယ်တွေကအသွား…။   အပြန်ခရီးသည်တွေ လေ….။ အစိမ်းရောင် မြစ်ကြမ်းပြင်ကို ရိုက်ထားတာ ..အရမ်းလှတယ်လေ။   သူတို့ဆီမှာလည်း လှေကိုခြေနဲ့ လှော်ကြပါတယ်…။   တောင်ညီနောင်၊ မြစ်စိမ်းစိမ်းနဲ့ လှေကိုခြေနဲ့ လှော်နေတဲ့ မိန်းမပျိုလေး….။   အဝေးက မှုန်ပြပြ ဘုရားကျောင်းလေး………။   ရှေ့ကဂူဝကို မြင်နေရပြီ…ဒီဂူတွေထဲကနေဖြတ်သွားရမှာ…။   ခေါင်းငုံထားနော်  တိုက်မိမယ်….။ဂူထဲမှာ […]


may flowersSeptember 2, 20126min28921
  ကဲ…ခေါင်းလောင်းကြီးကို လေ့လာပြီးရင် ဘုရားတွေဆက်ဖူးရင်း အတက်ဆောင်းတန်းတစ်လျှောက် ဆက်ပြီးတက်ကြရအောင်နော်။   ဒီလမ်းလေး တစ်လျှောက်ကနေ  အတက်စောင်းတန်းဆီကို  ပြန်သွားကြတာပေါ့   အတက်ဆောင်းတန်းနဲ့ တောင်ပေါ်က ဦးတည်ဘွား ရုပ်ထုကြီး ( သူတို့ကတော့ အမြဲပြုံးနေတဲ့အတွက် happy buddha ) တဲ့     ဒါကတော့ တည်ဆောက်နေဆဲ မျှော်စင် ပြသာဒ်ကြီးကို အစိမ်းရောင် ရှုခင်းတွေကြားက အပေါ်စီးမြင်ကွင်း   လချမီး  မယ်တော်ကျောင်းဆောင်   လက်ချောင်းတစ်ထောင် မျက်လုံးတစ်ထောင်ပါတဲ့ လချမီးမယ်တော်ရုပ်တုကြီး ( သူတို့ကတော့ woman buddha ) တဲ့   ဒါကတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ရုပ်ပွားတော်ကြီး ရှိရာကျောင်းဆောင်   ကြေးအစစ်နဲ့ သွန်းလုပ်ထားပြီး ခေါင်းလောင်ကြီးနဲ့ […]


may flowersSeptember 1, 20123min18510
   ကျောက်တောင်တွေ နောက်ခံနဲ့ လှနေတဲ့ ညောင်ပင်လေးတွေကို ကားပေါ်ကနေရိုက်ထားတာ   အုံ့အုံ့မှိုင်းမှိုင်းနဲ့ တစ်မျိုးလှတယ် (ဒါလည်း ကားသွားနေရင်း ရိုက်ထားတာ)   ဓါတ်တိုင်လေးတွေ စီစီရီရီ   ဒါက Ninh Binh က ဘုရားအဝင် မုဒ်ဦး   ဆက်ဝင်သွားကြတာပေါ့ ဘုရားတွေဖူးရအောင်   စောင်းတန်းတစ်လျှောက် ဒီလိုဘုရားလေးတွေ အပြည့် ( လေးငါးထောင်ထက်တော့ မနည်းလောက်ဘူးထင်တယ်)   ဒီလို ကျောက်ဆင်းတုတော်တွေက ၅၀ဝ တောင်တဲ့     ထူးထူးခြားခြား မြွေလား၊ နဂါးလားမသိ ကိုင်ထားတဲ့ ဆင်းတုတော်   ဒီအဆောက်အဦးထဲက ခေါင်းလောင်းကြီးကို ဝင်လေ့လာကြရအောင်     ၃ရ တန်အလေးချိန်ရှိပါတယ်တဲ့   ခေါင်းလောင်းကြီးထားရာ တံဆောင်းက […]


may flowersAugust 31, 20121min21717
ကဲ ..ဒီနေ့တော့ ရွာသူားတွေ အတွက် ကင်ချီထမင်းသုပ်နည်းလေး တင်ပြပေးချင်ပါတယ်နော်။ ကင်ချီထမင်းသုပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ -ကြက်သွန်ဖြူ ( ၅ မွှာခန့် )        = ထောင်းတားပါ -ကြက်သွန်နီ ဥကြီး( ၁ ဥ )        =ပါးပါးလှီးတားပါ -ဆီ                                    = စတီးဇွန်းသေး ၁ ဇွန်း -နှမ်းဆီမွှေး         ( အနည်းငယ်) -ဝက်သား (၁ဝ သားခန့်)           =ပါးပါးလှီးကာ ဆီမကပ်သော အိုးထဲတွင် ဆား၊ ရသားမှုန့်နယ်ပြီး                                                        ဝက်သားထဲမှ အရည်များခမ်းလာသည်ထိ လှော်ထားပါ။ -မုန်ညှင်းစိမ်း( တစ်စည်း)           =ရေနွေးဖြောကာ ရေအေးနှင့်ပြန်စိမ်ထားပါ။ -ပဲပင်ပေါက် (တစ်ဆယ်သား)      =ရေနွေးဖြောပြီး ရေအေးနှင့်ပြန်စိမ်ကာ ဇကာနှင့်ရေစစ်ထားပါ။ -ကြက်သွန်မြိတ် (တစ်စည်း)        =အနေတော် လှီးထားပါ။ -မှို   […]


may flowersAugust 29, 20121min25424
ဒီနေ့ကင်ချီထမင်းသုတ် လုပ်စားဖြစ်တယ်။ အမှန်တော့ မနေ့ညက ကိုရီးယားကားကြည့်ရင်း ကင်ချီထမင်းသုတ်ကို အားရပါးရ စားပြနေတာတွေ့တော့ ကင်ချီထမင်းလုပ်စားချင်တာကြောင့် တစ်ကြောင်း  ၊ဒီနေ့တော့ အပြောင်းအလည်းလေးအဖြစ်   မြန်မာ ထမင်းဟင်းအစား အခြားစားစရာ တစ်ခုခုလုပ်စားခြင်တာကြောင့်တစ်ကြောင်း၊ ကိုရီးယားထမင်းသုတ်ကို ဝက်သားသုံးထပ် သားနဲ့ သုတ်စားဖြစ်တယ်။ အရမ်းစားကောင်းလို့ ရွာသူ၊ ရွာသားတွေကို လည်းကျွေးချင်လာတာကြောင့်……….   ဒါက ကင်ချီထမင်းသုတ်ဖို့ အသီးအရွက်အစုံ အသင့်ပြင်ထားတာ။       တစ်ယောက်စာ ပြင်ထားတဲ့ ကင်ချီထမင်းသုတ်။     ဒါက မဖြစ်မနေထဲ့ရမဲ့ အဓိက ဇာတ်လိုက်ကိုရီးယား ငရုတ်နှစ်ဘူး။   ဒါက ရွာသားတွေ အကြိုက်တွေ့စေမဲ့ ဝက်နံရိုးနုနု လေးတွေကို ကင်ပြီး ထိုင်းစတိုင် ဆန်လှော်မှုန့်နဲ့ ချဉ်စပ်လေးသုတ်ထားတာ ။   […]