ဦးေက်ာက္ခဲAugust 27, 20171min383835
ဘင်္ဂလီကိစ္စမှာ အစိုးရတိုင်း တာဝန်မကင်းပါ… . ဟိုးအရင် သမိုင်းကို ပြန်လေ့လာ… – ရခိုင်ဘုရင်တွေခေတ်ထဲက နိုင်ငံခြားသား ကြေးစားစစ်သား အကြံပေးတွေ ခေါ်သွင်းတယ်… – အင်္ဂလိပ်ခေတ်မှာ ရခိုင်တွေချမ်းသာတယ် ၊ ပညာတတ်ပေါတယ် … ။ အိမ်အလုပ်ကူဖို့ လယ်အလုပ်လုပ်ဖို့ လုပ်သားရှားတော့ ဘင်္ဂလီတွေကို ခေါ်ခိုင်းတယ် … – အင်္ဂလိပ်ကလည်း သူပိုင် ကိုလိုနီတွေက အလုပ်လက်မဲ့ ဘင်္ဂလီလယ်လုပ်သားတွေကို သွင်းချလာတယ်… – ရခိုင်တွေကလည်း ဘင်္ဂလီတွေကို လူရာမသွင်း ၊ ငယ်နိုင်လို့ သဘောထားပြီ အတော်အနိုင်ကျင့်တယ် … – ဒုတိယကမ႓ာစစ် ဂျပန်တွေကို မေယုဒေသမှာ ပြန်ခံချဖို့ ဘင်္ဂလီတွေကိုသုံးတယ် … – ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက စစ်အပြီးမှာ ဘင်္ဂလီတွေကို ကျေးဇူးတင်စကားဆိုတယ် … […]


ဇီဇီNovember 9, 20152min611921
              ငင့်.. အဘ တို့…!!! ဟိုးးရှေးးရှေးးတုန်းးက ကလေးးကွက် အဟောင်းးတွေ ပြန် သုံးး တုန်းးလားးးး??? ?? ဒီမှာ က အထင်တကြီးးနဲ့ အသစ်အဆန်းး လှည့်ကွက်တွေ မျှော်နေတာ… ??? ဒီ အခြေအနေ ရောက်မှတော့ ပြည်သူတွေ တိုင်းရင်းသားတွေ ပြည်နယ်သားတွေ ကို အချဉ် လို့ မှတ်ပြီးး မဖမ်းးစေလို…!! ခိခိခိ     —– . . Please share this message. Suspected irregularities about early voting results are happening right now in […]


KyaemonMay 9, 20156min37415
သင်္ကြန်ပြီးပြန်တော့ ဓာတ်ပုံတွေကိုလိုက်ရှာပြီးတင်ဆက် ဘို့အချိန်ရောက်ပြန်ပြီ၊ အရင်ဆုံးတင်လိုက်တဲ့ဓာတ်ပုံကဆန်းတယ်လန်းတယ်၊ ဟောစာတမ်းများအရ သင်္ကြန်ချိန်ခါ သာမယမှာ မြန်မာပြည် ကို နှစ်စဉ်ကြွမြန်းနေကျ ဦးမာဃ ကိုယ်တော်က ဒီတခါကျတော့ ယူနန်သို့ပြောင်လဲဆိုက်မြန်းခဲ့ပုံရတယ်၊ တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာလို ခေတ်ပေါ်ပင် ရွှေ့ပြောင်အလုပ်သမားတို့ရဲ့ကျင့်ထုံးကို ကိုယ်တော်မြတ်က နှလုံးပိုက်ထွေးနှစ်ခြိုက်သွားပုံရတယ်၊ ဝါရဇိန်လက်နက်ကြီးပါကိုင်ဆောင်ကာ အဆောင်အယောင် အပျံဝတ်ဆင်ပြီး ချွေရံသင်းပင်း အလုံးအရင်း ခြံရံလျက် ရွှေထီးပါမကျန်ပါပေတယ်၊ အနားက တပည့်ကျော် ဝိရသူနတ်သား လားမသိ၊ (ဟိုဘုန်းကြီးတော့မဟုတ်ပါ) ထိုင်းလူမျိုးစု (ရှမ်း) ကိုယ်ပိုင်အုပ်ချုပ်ရာ ယူနန်ပြည်နယ် ဂျင်ဟောင် မြို့က ရှမ်းအမျိုးသမီး တွေက အ”က” နဲ့ကြိုပြီး ရှမ်းအမျိုးသားတွေကလဲ အိုးစည် ဗုံမောင်း နဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်၊ ကောင်းကင်က အဆင်းမှာလဲ တခမ်းတနားနဲ့ ရှိုး အပြည့်နဲ့ဆင်းသက် နိုင်အောင်၊ ဖြူနီဝါပြာ တိမ်ရောင်စုံအလှခြယ်ဘို့ရာ […]


Mr. MarGaFebruary 28, 20151min93336
ဒီစာအုပ်နာမည်ကို မကြားခင် စာရေးဆရာ ပါစကယ်ခူးသွယ် ကို အရင်သိခဲ့တယ်။ လိုင်းပေါ်မှာ ညီတစ်ယောက် သူနဲ့အတူတွဲရိုက်ပြီး တင်ထားတာကိုမြင်ပြီး တိုင်းရင်းသားစာရေးဆရာတစ်ယောက်အဖြစ် သတိထားမိတာ။ နောက်မှ သူ့စာအုပ် အိုဘယ့် အစိမ်းတို့မြေက လက်ထဲရောက်လာတာ။ မူရင်းစာအုပ်က အင်္ဂလိပ်လိုရေးထားပြီး ၂၀၀၂ ခုနှစ်အတွက် တောင်အာရှ အကောင်းဆုံးစာပေဆုရခဲ့ပါတယ်။ ဒီစာအုပ်ကို ဆရာသင့်လူက ဘာသာပြန်ထားတာပါ။ စာအုပ်မှာ အပိုင်းသုံးပိုင်းပါပါတယ်။ ပထမပိုင်းက မျိုးနွယ်စုကဗျာ တဲ့ ဒီအပိုင်းမှာ ကျနော်တို့ နည်းနည်းပဲသိတဲ့ ပဒေါင်လူမျိုးစုအကြောင်းတွေ၊ သူတို့ရိုးရာဓလေ့တွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ နေ့စဉ်လူမှုဘဝအကြောင်းတွေကို သူ့ရဲ့ ပထမအရွယ် အတွေ့အကြုံတွေနဲ့ ပေါင်းပြီး ရေးထားတယ်။ ကျနော်ကတော့ ဒီအပိုင်းကိုဖတ်ရင်း Alex Haley ရဲ့ Roots စာအုပ်ထဲက အာဖရိကန်ကျေးရွာတွေကိုပါ သတိရနေမိတယ်။   ဒုတိယပိုင်းကတော့ ဖိရင်ကြွ၊ […]


မစုဥာဏ္December 1, 20141min32715
(photo: internet)   မှိုင်းညို ့ညို ့တောင်တန်း ဝိုင်းရံထားတဲ့ ချယ်ရီမြေ စမ်းရေကြည် တသွင်သွင်စီးကျ အေးမြလှပေ။   ဟန်ဆောင်မဲ့ ပြုံးပန်း ပန်ဆင်ထားတဲ့ တောင်ပေါ်သူတွေ ပါးအို ့နီနီ ယဉ်ယဉ်လေးလှ ရိုးသားကြပေ။   အိုးစည်သံခြုံလွမ်း ရိုးရာဓလေ့ နဲ ့ ရာဇဝင်တွေ အာဏာရှင် လူတစ်စုကြောင့် ညှိုးနွမ်းခဲ့ပေ။   ထင်းရှူးမြိုင်တောတန်း သေနတ်သံမစဲတဲ့ ချယ်ရီမြေ မျက်ရည်သွေ တသွင်သွင်စီးကျ သွေးမြေကျလို ့နေ။   ယမ်းငွေ ့တွေ ခြုံ လွမ်း သိန်းပေါင်းချီတဲ့ Refugee တွေ မွေးမြေမှာ…ငြိမ်းချမ်းစွာ..ပြန်နေရဖို ့ တမ်း………..တမ်းတနေ။   စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန် ဖော်ဆောင်ပေးဖို ့….မှန်း..မှန်းဆနေ။   […]


kaiJanuary 9, 20143min3039
ပင်လုံစိတ်ဓါတ်ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြစို့။   နိဒါန်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ၁၉၄ရခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး၊ ပင်လုံစိတ်ဓါတ်၊ အမျိုးသားစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ချမှတ်ပေးထားခဲ့သည်။  အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်သည် ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့ကိုအစွဲပြု၍ ပြည်ထောင်စုနေ့ဟု သတ်မှတ် ထားသော်လည်း ဦးတည်ချက်အမျိုးမျိုးဖြင့် ကျင်းပလာခဲ့သည်။ ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓါတ် အခြေခံမူ လမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားရာမှ ၁၉၄ရ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ယနေ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဌာန်းရာတွင် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဆန့်ကျင် သဖြင့် […]


ムラカミAugust 28, 20134min120233
  မနက် ၅နာရီ သူမ အိပ်ယာထတယ်..   မနက် ၆နာရီ သူမဈေးသွားတယ်.. အပါတ်တိုင်း သူမ အုံးစားရတဲ့ကိစ္စက ဒီတပါတ် ကလေးတွေကို ဘာကျွေးမလဲ ဆိုတဲ့ တော့ပစ် ဖြစ်သပေါ့လေ။ မနက် ရနာရီ ဒီအချိန်ဆို သူမ ဘုရားကျောင်းမှာ စပြီး ချက်ပြုတ်နေရောပေါ့.. တခါမှ မစားဖူးပေမယ့် သူမ ဟင်းချက်တာ အလွန်ကောင်းတယ် ကြားဖူးရဲ့… တခါက ဟင်းစပ်ပေးတာတော့ ရေထဲက ကို မတက်ဘူးဗျာ.. ငါးရယ် ဂဏန်းရယ် ပုစွန်ရယ် နဲ့ တာလပေါ ရယ် က ခနခနကြားရနေရဲ့ မနက် ၈နာရီ သူမ ဆိုင်ကယ် တစီးနဲ့ဖြစ်စေ အသိတယောက်ယောက်ရဲ့ ကားနဲ့ ဖြစ်စေ ကလေးတွေလှည့်ပတ်ကြိုတယ်လေ.. မိုးများလို့ ကလေးတွေ […]


kaiApril 25, 201313min28512
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၄) (နိဂုံး)   (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကွဲပြားခြားနားမှုများအား အပြန်အလှန် အသိအမှတ်ပြုလက်ခံပြီး၊ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းထားပေးနိုင်စေတဲ့ နိုင်ငံရေးအစီအမံတခုအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာ auto (အဓိပ္ပာယ်– ကိုယ်ပိုင်) နဲ့ nomos (အုပ်ချုပ်ခြင်း) စတာတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီသဘောတရားကို ယနေ့ခေတ်ကာလမှာ ဒဿနိကဗေဒ၊ သဘာဝသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံစတဲ့ ဘာသာရပ်နယ်ပယ် သုံးခုမှာ အသုံးပြုကြပါတယ်။ ဒဿနိကဗေဒပညာရှင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့်ရှိတဲ့ တဦးချင်းပါဝါအဖြစ် သတ်မှတ်ထားကြပါတယ်။ သဘာဝသိပ္ပံပညာရှင်များကတော့ organic independence အဖြစ် သတ်မှတ်ထားကြပြီး၊ နိုင်ငံရေးသိပ္ပံဘာသာရပ်နယ်ပယ်မှာတော့ အုပ်ချုပ်ရေး၊ နိုင်ငံရေးရှုထောင့်ကနေ ရှုမြင်လေ့လာကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို အချို့သော အင်စတီကျူးရှင်းများမှာ […]


kaiApril 23, 20138min1955
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၃)   လူမျိုးစုရေးရာ ပဋိပက္ခများအား ဖြေရှင်းနိုင်သော နိုင်ငံရေးအစီအမံများ (၁) Consociational Democracy Consociational Democracy ဆိုတာက တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေနဲ့ အခြားသော ယဉ်ကျေးမှူဓလေ့ထုံးစံ ကွဲပြားခြားနားမှုရှိနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေး လူ့အဖွဲ့အစည်း တရပ် ထူထောင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်တဲ့ နိုင်ငံရေးအစီအမံ (political arrangement) တခုပါ။ ဒီသဘောတရားဟာ လူမျိုး၊ စာပေ၊ ကိုးကွယ်မှုနဲ့ ယုံကြည်ချက်တွေမှာ နက်နက်ရှိုင်းရှိုင်း ခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သင့်လျော်မယ့် democratic rule ပုံစံကို ဖော်ညွှန်းထားပါတယ်။ အဲဒီမှာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကို ညှိနှိုင်းစေ့စပ်ပေးနိုင်မယ့် political institutions တွေရဲ့ အခန်းကဏ္ဍဟာ […]


kaiApril 21, 20136min2537
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း- ၂)   (၂) Institutional Approach လူမျိုးစုရေးရာ ပဋိပက္ခဖြစ်နိုင်ချေကို ဆန်းစစ်ရာမှာ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းများ ပြုလုပ်ပြီး လူမျိုးစုများအကြား ဆက်နွယ်ပတ်သက်မှုတွေကို ဖော်ကျူးပေးနိုင်တာက အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Crawford ဆိုသူက အင်စတီကျူးရှင်းများအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းမျဉ်းများ၊ ဓလေ့ထုံးစံများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ရေး၊ ကိုယ်စားပြုရေး၊ တာဝန်ခံမှုရှိရေး စတာတွေကို အားပေးဖော်ဆောင်လို့ ရကြောင်း အကြံပြုထားခဲ့ပါတယ်။ identity politics မှ ပဋိပက္ခအဖြစ် မပြောင်းလဲ သွားစေရေးအတွက် နိုင်ငံတော် အင်စတီကျူးများပေါ်မှာ မူတည်ကြောင်း သူမက ဆိုထားခဲ့ပါတယ်။ identity politics ရှိနေချိန်မှာ […]


kaiApril 20, 20139min1764
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁) ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် […]


ကို ၿပံဳးMarch 24, 20133min3112
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


ကို ၿပံဳးMarch 17, 20131min2274
(မြန်မာ နိုင်ငံအတွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းများ၊ တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ နှင့် ပတ်သတ်ပြီး ပြောင်းလဲ လာနိုင်သော တရုတ်-မြန်မာ ဆက်ဆံရေး အကြောင်း ရေးသားထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်)           မြန်မာ့ဒီမိုကရေစီရထားကြီး  ၂ နှစ်ခန့်ခုတ်မောင်းခရီးနှင်ခဲ့ပြီဖြစ်ရာ ယနေ့တွင် ခလုတ်ကန်သင်းများသော၊ အကွေ့အကောက်များသော၊ လမ်းအစိတ်အပိုင်းတစ်ခုသို့ရောက်ရှိဖြတ်သန်းရလျက်ရှိနေသည်။ ရည်မှန်းချက် ဘူတာသို့ရောက်ရန် ဤလမ်း၊ ဤနေရာ၊ ဤအချိုးအကွေ့တို့အား မဖြစ်မနေဖြတ်သန်းရမည်ဖြစ်သည်။ အတိမ်းအစောင်းမခံသည့်ကာလအတွင်း ဂီယာအချိန်းအပြောင်းနှင့် စီယာရင်အထိန်းအကြောင်း မှန်မှသာရှေ့ခရီးကို ဆက်နိုင်မည့်သဘောဖြစ်သည်။ ဆိုလိုသည်မှာ ခလုတ်ကန်သင်းနှင့်တူသော စိန်ခေါ်မှုများကို ဖြတ်သန်းနိုင်ရန် အတွက် အခြေအနေအရပ်ရပ်ကို မှန်ကန်စွာသိမြင်သုံးသပ်၍ အန္တရာယ်ကင်းသောဆုံးဖြတ်မှုမျိုးကို ရွေးချယ်နိုင်ရန် လိုအပ်ခြင်းဖြစ်သည်။ နယ်နိမိတ်အရှည်လျားဆုံးထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံကြီးနှင့် မြန်မာနိုင်ငံတို့ကာလရှည်လျားစွာ ချစ်ကြည်မှုတည်ဆောက်နိုင်ခဲ့သည်ဆိုသည်ကို မငြင်းနိုင်သော်လည်း လက်ရှိအခြေအနေများအရ အရှေ့ဘက်က […]