ကျိုက်ထီးရိုးမှာ— ဘကြီးဆိုခဲ့တာ လွန်သလား ဗျာ။

ba gyiJanuary 12, 20121min47122

အားလုံးပဲ၊မင်္ဂလာပါ၊ဒီဇင်ဘာ(2011)ကိုရုန်းကန်ဖြတ်ကျော်ရင်း သည်ရွာကလေးနဲ့အဆက်ပြတ် သွား ခဲ့ တာ၊ တစ်လနီးနီးပါပဲ၊ကုမ္ပဏီ ရဲ့ ရည်မှန်းချက်                                                      ( တာ့ဂက်) ပြည့်နိုင်ခဲ့သလို၊ နှစ်ချုပ်တဲ့စာရင်း ပိတ်ရာသီ မှာမျက် နှာ ပန်းလှခဲ့ပါတယ်။

ဝန်ထမ်းအကဲဖြတ်အမှတ်ပေးပွဲ၊အောက်မြန်မာပြည်ဆုပေးပွဲ ကျင်းပနိုင်ခဲ့ပါတယ်။ သည့်နောက်တော့ (27.12.2011)  မှ စပြီးအလုပ်အားရက် (4.01.2012) ထိရုံးပိတ်ရက်၊အနားယူရက်ရခဲ့ပါတယ်။

သည် ပိတ် ရက်အတွင်းမှာ ကျိုက်ထိးရိုးဘုရားဖူးခရီးကို မိသားစုနှင့်အတူသွားဖြစ်ခဲ့ပါတယ်၊မရောက်တာ လေး နှစ် လောက်ရှိခဲ့ပေမည့် ၊ ရသေ့တောင်မှ ဘုရားရင်ပြင် အနီး အထိ တောင်တက်လမ်း အသစ်ဖေါက်လိုက် တာ၊ ရင်ပြင်တော်ပေါ်နဲ့၊ရင်ပြင်အနီးတည်းခိုခန်း တွေပိုများ များ ဖွင့် နိုင်လာတာ၊ဘုရားကြီးရဲ့ဘေးဘက်ဝဲ၊ယာ မှာရှိတဲ့ အခြား ထင်ရှားသော သမိုင်းဝင် နေရာတောင် ကြောလမ်း တွေမှာ စေတီငယ်၊ရုပ်ပွါးတော်တွေတိုးပွား လာပြီး၊အလှုခံတွေမှိုလိုပေါက်လာတာ ကလွဲပြီး၊ ကျန်မြင်ကွင်း နှင့် အကြောင်းအရာ တွေကတော့မ ပြောင်းလဲ သေးပါဘူး၊ ဒီဇင်ဘာ၊ 27  ည မှာစထွက်ပြီး၊ 28 ရက်မှာကင်ပွန်းစခန်းရောက်ပါတယ်၊တောင်တက်ကားနဲ့ ရင်ပြင်ပေါ်အရောက်

ကားစီးပြီးတက်ပါတယ်၊ အဲသည်တောင်ပေါ်အတက်ကားစီးရတဲ့ ကင်ပွန်းစခန်း၊တောင်ခြေကားဂိတ်မှာ ပဲ –ဘကြီး တစ်ယောက် ဒေါသနဲ့ စဖွင့်ခဲ့ရပါတယ်ဗျား၊ဘုရားဖူးတွေ က အဲသည်ကားဂိတ်မှာ ကားပေါ်တက် တဲ့ စတီးလှေခါးပေါ်မှာတန်းစီပြီးကားပေါ်တက်ဘို့စောင့်နေကြပေမည့်၊ကားကအဲသည်လှေခါးနားလည်း ဆိုက်ရော၊  ဟော — အားကောင်းမောင်သန် ယောကျာင်္းတွေကလှေခါးကမတက်ပဲ ကားဘေးဘီ ဝဲ /ယာ တွေကနေအတင်းတွယ်တက်တော့တာပါပဲ၊သည်တော့လှေခါးတွေပေါ်မှာတန်းစီစောင့်နေတဲ့ သက်ကြီးရွယ် အိုတွေ၊ကလေးတွေ၊မိန်းမတွေခဗျာနေရာမရတော့ပဲ အပေါ်အရင်ရောက်သူတွေရဲ့တွန်းထိုးဖယ်တာခံကြရပြီး၊အလုအယက်တက်နိုင်သူတွေ သာနေရာ ရကြပါတယ်၊ တစ်ချို့လည်းအဖွဲ့လိုက်လာတာ၊ နှစ်ယောက်ကကား ပေါ်မှာ၊ကျန်တဲ့လူတွေကကားအောက်မှာကျန်ခဲ့ပေါ့၊ လူစုကွဲပြီးအော်ကြ၊ဟစ်ကြ၊ နဲ့ နိုင်ငံခြားသား တွေက သည်မြင်ကွင်းကို အထူးအဆန်း ရိုက်လိုက်တဲ့ဓါတ်ပုံတွေ၊တစ်ဖြတ်ဖြတ်ပါပဲ၊(2012) ကဗ္ဘာပျက်ကားထဲက လူတွေ အသက်ရှင်ဘို့အရေးအလုအယက်တိုး ဝှေ့ပြီးလေယာဉ်တွေ၊ သင်္ဘောတွေပေါ် တက်တဲ့မြင်ကွင်း ကို သတိယမိပါတယ်၊ ဖြစ်ချင်တော့ အဲသည်ကားတွေပေါ်လုတက်ရင်း၊ ကျုပ်ကလေးနှစ်ယောက်ကိုသူတို့ အမေနဲ့အဒေါ်ကကားပေါ်တွန်းတင်တာကားပေါ်လည်းရောက်ရော၊ ခပ်ကြီးကြီးမိန်းမတစ် အုပ်နဲ့ယောက်ကျား တစ်အုပ်က၊ကျုပ်ကလေးတွေနေရာမထိုင်ခင်သူတို့ခန္တာကိုယ် ကိုမနဲပြန်ရပ်နေတုန်းနေရာအတင်းဝင်လုပြီး ဦးအောင်ထိုင် တော့ ကလေးတွေခဗျာနေရာမရပဲမတ် တပ်ရပ်နေရပါရော၊ အဲသည်အချိန်ကျုပ် ကသူတို့နဲ့ဆန့် ကျင်ဘက်တစ်ဖက် ကားဘောင်ကနေကျော်ခွတက်ပြီးနေရာဦးနေတာပေါ့၊ လူတွေအလုယက်ဆူညံနေတော့ ကျုပ်ကိုလည်းမိသားစုက အာရုံမရပဲ သူ့နည်းသူ့ဟန်နဲ့ကားပေါ် ရောက်ရေး ကလေးတွေကိုအရင် တွန်းတင် တာကလား၊ ကျုပ်ဦးထား တဲ့နေရာ က လည်း၊ သူများလူအုပ်ကအတင်းအလုံးအရင်းဝင်ထိုင်တော့ ၊၊ကျုပ်ပြန် ဆင်း ရပြန်တယ်၊ အဲသည် အချိန် မှာ ခယ်မကလေးက ကျုပ်တို့ခရီးဆောင်အိတ်တွေကို ကားရဲ့နောက်က ပစည်းထည့်တဲ့ ဝက်ခြံအကန့် က လေးထဲပစ်ထည်လိုက်မိလျှက်သားဖြစ်သွားပါရော၊ သည်တော့က လေးနှစ် ယောက်ကကားပေါ်မှာ၊ အိတ် တွေ ကလည်းကားပေါ်ထည့်ပြီးနေ၊ အဲဒါ ကားစပါယ်ယာကို အိတ်တွေပြန်ချ ပေး ပါအကျိုးအကြောင်းပြောတော့ ၊အိတ်တွေကအောက်ဆုံးရောက်သွားလို့ မရတော့ဘူးဆိုပြီးငြင်းပြီးရှောင် ထွက် သွား ပါတယ်၊ကဲ အဲဒါနဲ့ မိန်းမနဲ့ ခယ်မကိုနောက်ကားမှလိုက်ခဲ့ ကလေးတွေကိုသည် အတိုင်းခုံထိုင်စရာမရ လည်း ကြပ်ညှပ် တဲ့လူ တွေကြားမှာ ဖြစ်သလိုလိုက်စေပြီး ငါလည်းဖြစ်သလိုလိုက်သွားမယ် ဆိုကာအဲသည် ကား ပေါ် အတင်း တွယ်ကပ် တက်ပြီး၊ ခုံမရလည်းလူတွေကြားမှာမတ်တပ်ရပ်လိုက်ဘို့ဆုံးဖြတ်လိုက်ပါ တယ်၊ အဲသည်မှာ ကျုပ်ဇတ်လမ်းက စတော့ တာပါပဲ၊ ကျုုပ်နောက်မှာထိုင်နေတဲ့ လူက လူပြည့်နေတာ ဘယ်လိုလိုက် လို့ရမှာလည်း၊ဘာ ညာဆိုအတင်းပြန် ဆင်းခိုင်းပါတော့တယ်၊ ကျုုပ်ကအကျိုးအကြောင်းရှင်းပြပြီး ပြောတာ မရ တော့ ၊ဒေါသကပေါက်ကွဲလာပါပြီ၊ ဘယ် လောက်  တောင် အဲသည် လူကိုအော် ငေါက်ပြစ်လိုက် တယ်မသိ တော့ပါ၊ ချရမယ်ဆိုလည်းလက်သီးချင်းချ ဘို့ပါ ကျုပ်ကပြင်လိုက်တော့ အဲလူလုံဝအသံတိတ်သွားပါတယ်၊  ပြောရရင်ကျုပ်ကလေး  တွေ အရင်ရတဲ့နေရာ ကိုသူတို့ လူအုပ်အတင်းဝင်လုထိုင်တာလေ၊ ခဏနေတော့ ခုန ရှောင်နေတဲ့စပါယ်ယာ ရောက်လာပြီး၊ လူရေ တွက်၊ ကားတစ်စီးလူ(40)ပဲတင်ခွင့်ရှိတယ်ဘာ ညာ လုပ်ပြန် တော့၊ကျုုပ်အော်ငေါက်ခံရလို့ပါးစပ်ပိတ်သွားတဲ့ အကောင်က တစ်စခန်းထပြီး ကျုုပ်ကိုလက်ညှိုးထိုးကာ စပါယ်ယာဘက်လှည့်ပြီး၊လူပိုနေပြီဘယ် လိုလုပ် မှာ လည်း ဆိုပြီးစပယ်ယာ ကိုမြှောက်ပေးပြန် ရော၊ စပါယ်ယာ ကတစ်ကယ်တော့ သည်ဖြစ်ရပ်ကို အစဆုံး သူသိ ပြီး သား၊ သည်တော့ကျုပ်ကိုလည်းမပြောရဲတော့ပဲ၊ ခင်ဗျားတို့ဘာသာ အတင်း လုယက် တက်ကြတာ၊ ကျုပ်တို့နဲ့ မဆိုင် ဘူးတဲ့ဗျား၊ကျုပ်လည်းပေရပ်နေတာပေါ့၊ သည်တော့ကားကမထွက် ဘူး ဆိုလုပ်က ရော၊သည်တော့မှ ကျုပ်ကလေးတွေနေရာကို အတင်း တက်လုထိုင်တဲ့ မိန်းကလေးခပ်ကြီးကြီးတွေက ကလေးနှစ်ယောက် ကိုသူတို့ ပေါင် ပေါ်ဆွဲထိုင်ခိုင်းပြီး၊ ကျုပ်မတ် တပ်ရပ် နေ တဲ့ရှေ့ ခုံတန်းကကောင် မလေး ကလည်း သူ တို့ခုံတန်း လူ(5) ယောက်ပဲရှိသေးတယ်၊ (6)ယောက် ထိုင် ရမှာ၊တစ်ယောက်စာရသေးတယ် ဦးလေးလည်းဝင်ထိုင်လိုက်ပါဆိုပြီး ဘေးတိုးကပ် လိုက် တော့ ကျုပ် တစ် နေ ရာစာရပြီး၊ ထိုနေ့က ထိုကားဖြင့် တောင်ပေါ်ရောက်ခဲ့ပါသည် ခင်ဗျား။

မည်သို့ဆိုစေ ဘုရားကြီးဖူးလိုက်ရလို့ အပန်းတော့ပြေရပါသည်၊ ဒီဇင်ဘာရက်(20)နဲ့ခရစ်စမတ်၊ ဟက်ပြီးန ယူး ရီးယား ရက် အထိ ကျိုက်ထီးရိုးဘုရားဖူးတွေ အလွန်များပြားသောနေ့ များဖြစ်တဲ့အတွက်၊ တည်းခိုခန်းတွေလည်းဈေးအလွန်ကြီးတတ်တာနှစ်စဉ်လိုပါပဲ၊ ပုံမှန်လူ(5)ယောက်တည်းတဲ့အခန်းကို တစ်ရက်တည်းခ 25000 ကျပ်က နေ ကျုပ်တို့ 40000ကျပ် ထိပေးခဲ့ရပါတယ်၊ ဒါဟာကျိုက်ထီးရိုးလို့ မအော်ချင်ပါဘူး ၊တစ်နှစ်တစ်နှစ် ဂေါပက တွေ ရဲ့လေလံကြေးတွေဟာ ဘုရားဖူးလုပ်သားပြည်သူတွေအပေါ် လေးလံသော ဝန်ထုပ်  ဖြစ်စေ တဲ့အဓိက အ ကြောင်းပါပဲ၊လေလံဘယ်လောက်သောင်းကျန်းသလည်းဆို၊ ကျီးကန်းပါးစပ်တို့၊မုဆိုး တောင်တို့ဘက် အသွား လမ်း တွေမှာ၊လေလံရ ဘုရားတည်သူတွေအလွန်များပြား လာပြီး၊ပုံပြင်၊ဒန္ဒာရီ အမျိုးမျိုး၊ နဲ့ လှူရင်ဘယ် လိုဖြစ် တယ်၊မလှူရင်ဘယ်လိုဆိုပြီးကြောက်တတ်၊တဲ့ မြန်မာဘုရားဖူး တွေရဲ့ အလှူငွေတွေ ထွက်အောင် စွမ်းနိုင်ကြပါ ပေတယ်။ ဒါ ဒို့တိုင်း ဒို့ပြည်x ဒို့မြန်မာပြည် ပါကလားကွယ်ရို့။

အစဉ်ပြေတာလေးတွေလည်းရှိပါတယ်၊ မိသားစုလိုက်ဆိုတော့ မဒမ် ဘကြီးက ဟင်းတွေကိုအိမ်မှ စီစဉ်ယူသွားတော့ တောင်ပေါ်မှာထမင်း ပဲဝယ်ရတယ်၊ ထမင်းပူပူလေး ကို တစ်ထုပ်မှ နှစ်ရာ၊ သုံးရာရောင်းပေးတယ်၊ တန်ပါ တယ်၊ ရေနွေးလည်းရောင်ပေးတယ် သာဓု လိုတောင်ခေါ်ခဲ့မိသေးပေါ့၊ အဲ ကျီးကန်းပါးစပ်ဘက်အသွား အတက် / အဆင်းတွေက များလှတော့ အဲနား လည်းရောက်ရော၊ တော်တော်မောလာတာပေါ့ ၊သည် တော့ ရေဆာ၊ ရေနွေးကြမ်းကလေးသောက်ပြီး၊မဖြစ်မနေထိုင်ပြီးခဏနားချင်လာပါရော၊ အဲသည်နေ ရာရောက်  ရင် အဲလို ခံစားရတာ လူတော်တော်များများပါပဲ၊ချိန်ကိုက်၊နေရာကိုက်လို့တောင်ပြောရမယ်၊ အဲသည်အနားမှာလှေခါး ထစ်အမြင့်တစ်ထပ်တက်ပြီးရင် အဲသည်ကုန်းပေါ် တည့်တည့်မှာ တောင်စောင်းလေးကိ ုကဘောင် တင်ပြီး ဗျူးကောင်းကောင်းဆောက်ထားတဲ့ အကြော်စုံတဲကလေးရှိပါသဗျား၊တစ်ပွဲ နှစ်ထောင် နဲ့ ပြင်းတွဲတွဲ အကြော်ကိုကြိတ်မှိတ် စားခဲ့ရပါတယ်၊ ဆပ်သားခြောက်စားကြည့်တော့လည်း၊ကိုက်မရ၊ဖဲ့မပါ အရွတ်တွေအများကြီးနဲ့မို့၊ ပန်း ကန်ပြားသေးလေးတစ်ပွဲ နှစ်ထောင် ပေးလိုက်ရပြန်ရော၊ နှမြောစရာလို့၊ မှတ်ကြီး မှတ်လိုက်ပါတော့တယ်ညဘက်ဘုရားဖူးပြီး၊ တော့မိသားစု မောမောနဲ့ မနက်အာရုံဏ်ဆွမ်းကပ်အမှီ စောစောအိပ်လိုက်ပါတော့တယ်။

နံက်ပိုင်း(4)နာရီလောက်ထပြီး၊ကျိုက်ထီးရိုးဘုရားကြီးကို အာရုံဏ်ဆွမ်းကပ်၊ရွှေသင်္ကန်းကပ်ကြပါတယ်၊ပြီးတော့ အလုအယက်တက်ရမည့်၊ တောင်ဆင်းကားများစီးရန်၊ ကျိုက် ထီး ရိုးတောင်ကြီးကိုအာရုံတက် နှုတ်ဆက် ခဲ့ပါ တယ်။

ထုံစံအတိုင်းရင်ပြင်တော်မှဆင်းပြီး၊ဘုရားမုဒ်ဦးရောက်တော့ ၊ကားဂိတ်မှာအဆင်းလူတွေပြည့်ကြပ်ပြီး၊ အလု အယက် တက်နေပြန်ပါတယ်၊ တိုးရ၊လုရပေအုန်းတော့မည်၊ ရင်မောစ ရာ ပါပဲ။အဆင်းဂိတ်မှာ ရသေ့တောင်ဆင်းမည့်သူ၊ ကင်ပွန်းစခန်းဆင်းမည့်သူရယ်လိုရှိရာ၊ ဘယါဘက်အခြမ်းမှကား ကိုစီးရမလား၊ ညာဘက်က၊ ကားစီး ရ မ လား ဘာသင်္ကေတမှ မရေးထားသမို့ ထိုနေရာမှာ၊ ကားဆရာများကိုအမိန့်ပေး ဟောင်ဘွာလဘွာ လုပ်နေ သူတစ်ဦးကို ခွဲခြားသိရန်သွားမေးမိသည်၊ သိချင်ဟို မိုက် နဲ့အော်နေတဲ့ ဂိတ်မှာသွားမေးတဲ့ဗျား၊ ကဲတစ်ကယ်တော့ ထိုသူသည်ထိုနေရာ၏၊ကွပ်ကဲရေးတစ်ယောက်ဖြစ်ရာ၊ခရီးသည်အပေါ် ပြီးပြီးရောပထုတ် လိုက်သည်မှာ၊ တော်တော်အချဉ်ပေါက်စရာကောင်း လှပေရော့သည်။ ကားတွေတစ်စီးပြီးတစ်စီးဆိုက်သည်၊ထုံးစံအတိုင်း တိုးနိုင် ဝှေ့နိုင်သူတွေသာပါသွား သည်၊လှေခါးပေါ်တန်းစီထားသူတွေလုံးဝမပါ၊ တစ်ခါတွင်၊ကား (4)စီးလောက်လာသည်၊ တန်းစီထားသောနေရာပင် ထိုကားများမရောက်ခင် ကားပေါ်လုတက်ကြသူတွေ ပြည့် သွားပြီ၊လူတစ်ယောက် သူ့တို့အိပ်တွေကားပေါ်ပါသွားပြီး၊လူတွေကျန်ရစ်လို့ စောစောက ကြည့်ကြပ်နေသူထံအကူညီတောင်းရှာသည်၊သနားစရာမျက်နှာငယ်နှင့် ထိုကြည့်ကြပ်သူက စပါယ်ယာနှင့်ပင်ပေါင်းပြီး ထို ဒုခသည် ကို၊ သည်လောက် တောင ်နားမလည် ရကောင်း လား၊ ဆိုပြီးဝိုင်းဟောက်သည်၊ သူရို့ဘက်မှ ဘယ်လိုကူညီပေး မည် ဟု တစ်ခွန်းမှ ထွက်မလာ၊ထိုမြင်ကွင်းကိုကြည့်ရင်း စောစောက စိတ်အချဉ်ပေါက်တာတွေက ကျနော့ကို

အမြှုပ်ထွက်အောင်ဆူပွက်စေတော့ပြီ၊   ( မင်းတို့လုပ်တာတွေ သောက်သုံးမှမကျပဲ၊ စစ်စတန် ကိုမရှိဘူး ၊ခရီး သည် တေ ွပဲမဲ ဆူနေတယ်၊ ဘယ်လိုကူညီပေးမယ်ဆိုတာ၊တစ်ခွန်းမှ ကိုမဟ ဘူး)ဟုကျနော် ဝင်ဟောက် မိရာ မှ တစ်ယောက်တစ်ခွန်း စကားများပါလေတော့သည်၊ အလုအယက်မတက်နိုင်သော သက်ကြီးရွယ်အိုများ၊ မိန်းမကြီးများအားလုံး ကျနော့ဘက်မှ ဝင်ထောက်ခံကြတော့ ထိုသူတွေနဲနဲညိမ်ပြီး အသံပိတ်ကာ၊ ကျနော့ကို ဘုရှိုးကြပါတော့သည်၊ ဇနီးသည်ကတော့ ကျနော့အကြောင်းသိပြီးမို့ တော်တော့ ဆိုပြီး လက်ကိုဆွဲပြီးတား ရှာ သည်။ဟန်ကိုယ့်ဘို့ ဆိုသလို ကျနော်က၊ကားတန်းကို ကင်မရာဖြင့် ရိုက်ပြီး၊ ငါ ရန်ကုန်ရောက်ရင် တင်ပစ်မှာဟု ခပ်ကျယ်ကျယ် ပြောလိုက်တော့ ဘုရှိုးေ န သူလေး ငါးယောက်၊ကျနော့မြင်ကွင်းမှပျောက် သွား ကြပါသည်ခင်ဗျား။

တစ်ကယ်ဆို တန်းစီစံနစ်သုံးသုံး၊ လက်မှတ်ရောင်း၊ကား၏ခုံပုံစံ ပလမ်နှင့် ကိုယ်ကားနံပါတ်ကိုယ်တက်စံနစ် ဆိုရပါလျှက် နှင့် ကားခရဘို့ နှင့် ကားပေါ်လူ(40)ထက်ပိုမတက်ရ ဘူး ဆိုတာလေးပဲအား စိုက်ကာ၊ ဘုရားဖူး တွေအစဉ်ပြေရေးလုံးဝထည့်မတွေးသောကိစ္စသည် ၊နိုင်ငံခြားသားတွေကြားတွင်ဓါတ်ပုံတစ်ဖြတ်ဖြတ်နှင့် လွန်စွာရှက်ဘို့ကောင်းပါကြောင်း။

အပြန်မှာ ပဲခူး ဘုရားတွေဖြစ်တဲ့ ရွှေမော်တော ဘုရားကြီး၊ရွှေသာလျှောင်း၊ကိုးသိန်းကိုးသန်း ဘုရားတွေ ဝင်ဖူးကြပါတယ်၊ ရွှေသာလျှောင်းဘုရားဝင်းမှ ပဲခူးမနီ ငါးဖယ်ချဉ် ဆိုင်ဘေး(ဘယ်ဘက်ဆိုင်) မှ ကောက်ညှင်းထုပ်ကြီးတွေ တစ်ထုပ် နှစ်ရာကျပ် နဲ့ ဝယ်ခဲ့ပါတယ်၊သူနမူနာပြတဲ့ကေါက်ညှင်းထုပ် လိုမဟုတ်ပဲ သူကကောင်တာရွေးပေးမယ် ဆိုရွေးပေး လိုက်တာ အိမ်ရောက်တော့ ဖွင့်စားမယ် ကြည့်တော့ (5)ထုပ်စလုံးကအသိုးတွေ ဖြစ်နေပါသဗျား ။ငွေတစ်ထောင် ပလုံသွားပါတယ်။အစားအစာနှင့်ဆေးဝါးကွပ်ကဲ သူများ တန်ခိုးကြီး ဘုရားတွေမှာ၊  အစား အသောက်ရောင်း တဲ့ဆိုင်များကိုပစ်မထား သင့်ပါကြောင်း၊နိုင်ငံခြားသားတွေ ဝယ်မိရင် တိုင်းပြည်နှင့်ချီ ပြီး ရှက်စရာကောင်းပါကြောင်း အပြုသဘောဖြင့်ဖေါ်ပြပါသည် ။

အားလုံးကိုလေးစားစွာဖြင့်—- ဘကြီး။

 

 

 

 

22 comments

  • Novy

    January 12, 2012 at 10:12 am

    ဘကြီးမလွန်ပါဟု ထောက်ခံသွားပါတယ်
    မနိုတို့သွားတုံးကလဲ ဒီလိုပဲခံစားခဲ့ရပါတယ်

  • ငပေါက်ဖော်

    January 12, 2012 at 10:50 am

    တော်တော်ရုပ်ပျက်တာပဲဗျာ..
    ဘုရားဖူးသွားကြပြီး….အဆင့်အတန်းမရှိကြဘူး..
    ဂေါပကလဲမကောင်းဘူး..ဘုရားဖူးထဲမလဲ အဆင့်မရှိကြတာတွေများတယ်..
    ရုပ်ပျက်ပါတယ်..
    ဘဂျီးရေ..
    များများလေး ဖော်ပြပေးပါ

  • ba gyi

    January 12, 2012 at 11:13 am

    မနို နဲ့ ကိုပေါက်ဖေါ်ကြီးရေ၊ ကျေးဇူးပါဗျာ၊ လူတွေအကျင့်ပြင်ရာမှာ ဦးစီးနေတဲ့ တာဝန်ရှီသူတွေက စံနစ် တစ်ခုနဲ့ ရအောင်လုပ်လို့ရပါလျှက်၊ မပြုင်ပဲ နှစ်ပေါင်းများစွာ နေသာ သလိုနေတာတွေအမြင် မတော်လို့ရေး လိုက် ရပါသဗျား။ တစ်ကယ်ဆို ဘုရားဂေါပက အဖွဲ့မှကြည့်ကြပ် လုပ်ပေးရင် ဘုရားဖူးတွေ လိုက်နာ ကြ ရမှာပါပဲ။

  • Harumoto

    January 12, 2012 at 11:47 am

    ကိုယ်က ဘုရား ကို ကိုးကွယ် ရိုသေ ဆည်းကပ်တာ…
    သူတို့က ဘုရားနဲ့ လုပ်စားကြတာ..
    ကြားရသမျှတော့ ကျိုက်ထီးရိုး ဘုရား ကို
    ဘုရားဖူးသွားဘို့မကောင်းတော့ဘူး
    ကုသိုလ်ထက် အကုသိုလ် ကပိုနေတယ်
    လူပန်း ငွေကုန် အကုသိုလ် အလုပ်ကြီးလားလို့
    တန်ခိုးကြီး ဘုရားမို့ လုပ်စားတွေများတော့
    ဖူးတဲ့လူတွေ အကုသိုလ် ပိုရသလားလို့ပါ….။

  • htoosan

    January 12, 2012 at 11:59 am

    နိုင်ငံခြားသားများကို ရှက်တဲ့ အထဲမှာ မြန်မာများတန်းမစီတတ်တာလည်း ထိပ်ဆုံးက ပါတယ်။

    • ရင်နင့်

      January 14, 2012 at 3:19 am

      အဲ့ဒါတော့ထောက်ခံတယ်ဗျို့ နိုုင်ငံခြားမှာဆိုုရင် ရှေ့ကတစ်ယောက်တည်းရှိလည်း နောက်မှရောက်တဲ့သူက နောက်ကနေတန်းစီတယ်
      ဒီမှာတော့ ဘယ်သွားသွား ၂ယောက် ၃ယောက်လောက်ရှိရင်ကိုု တိုုးနေရတာ

  • htet way

    January 12, 2012 at 12:10 pm

    ဘကြီးမလွန်ပါ ခင်ဗျား
    တချို့ က ဒီလိုပါပဲ နည်းနည်းလောက် စဉ်စားပြုပြင် ရန်လိုအပ်နေပါပြီ

  • amatmin

    January 12, 2012 at 12:33 pm

    ကိုယ်တွေ့တခုလောက် ဝင်ဖြည့်ချင်သေးတယ် ဘကြီးရေ..
    ထမင်းဆိုင်တွေ အကြောင်းပါ..
    ဆိုင်ရှေ့မှာ ရပ်ပြီးလူခေါ်ပါတယ်ဗျာ..တခါစား ၁၅၀၀/ ပါတဲ့..
    ကျနော် မစားခင်သေချာအောင် ထပ်မေးပါတယ်..၁၅၀၀/ ပါပိုမယူပါဘူး ပြောတယ်.
    ဒါနဲ့ဝင်စားလိုက်ပါတယ်ဗျာ.ပြီးတော့စာရင်းရှင်းမယ်လုပ်ရော.၁၇၀၀/ နဲ့တွက်ပါတယ်.
    ကျနော်က၁၅၀ဝ နဲ့မေးပြီးစားတာလို့တော့ ဟုတ်ပါတယ် အဲဒါက ခေါ်ဈေးပါတဲ့.
    အမှန်က ဘယ်လောက်စားစား ၁၅၀၀/ ပါတဲ့
    အင်မတန်ကို ဒေါသထွက်စရာကောင်းပါတယ်ဗျာ..
    ကျနော်က အတင်းပြော သူတို့ကလည်းလုံးဝမလျော့
    နောက်ဆုံးပါလာတဲ့သူငယ်ချင်းတွေက ခံရတာသိရက်နဲ့တောင် ၁၇၀ဝ ပဲပေးလိုက်မယ်ဆိုတော့
    ကျနော်အတွက်ပိုက်ဆံကို ကိုယ့်ဘာသာ ၁၅၀ဝ ပဲပေးခဲ့ပါတယ်..
    နောက်ပိုင်းလိုက်မေးကြည့်တော့ ဆိုင်တိုင်းလိုလို လုပ်နေကြပါပဲတဲ့ဗျာ..ဒါတွေက..
    ဂေါပကတာဝန်လား ..ဆိုင်ရှင်တွေလား..စားသုံးသူတွေက ငြိမ်ခံနေလို့လား..အတွေးခက်တယ်ဗျို့..

    • Atom

      January 12, 2012 at 1:23 pm

      အမှန်က ဘက်လောက်စားစား..၁၇၀၀/ ပါ..(မှားသွားလို့)

  • စုံ စုံ

    January 12, 2012 at 1:18 pm

    ဘကြီးရေ ကျမတို့လဲ ဒီဇင်ဘာ၁ရက်နေ့ကဘဲ ကျိုက်ထီးရိုးဘုရားကို
    ၁၄ယောက်အဖွဲ့လိုက်သွားခဲ့တာပါ ဖြစ်ချင်တော့ ဒီဇင်ဘာ၁ရက်နေ့ဟာ
    တောင်တက်ကားတွေဖရီးပေးတဲ့နေ့ဖြစ်နေခဲ့တာပေါ့ အဲ့ဒါကြောင့်ပိုဆိုးတာထင်ပါရဲ့
    တောင်တက်ကားပေါ်တိုးတက်လိုက်ကြတဲ့လူတွေ ကျမတို့ ၁၄ယောက်အဖွဲ့ဟာ
    ကား၄စီးခွဲစီးပြီးမှ တောင်ပေါ်ရောက်ခဲ့ကြပါတယ် ဘုရားပေါ်ရောက်တော့အမောတော့ပြေပါတယ်
    အခန်းကိုကြိုတင်ဘွတ်ကင်လုပ်ထားမိလို့ ကျီးကန်းပါးစပ်သွားတဲ့လမ်းတလျောက်ကော
    ကျန်တဲ့လမ်းတလျောက်ကဘုရားတွေလဲ ဘယ်ဘုရားမှကိုဝင်မဖူးခဲ့ဘူး
    အမှန်ကဘုရားကိုမကြည်ညိုလို့မဟုတ်ဘူး အလှူတွေအရမ်းခံကြလွန်းတာစိတ်ပျက်လွန်းလို့
    ၂၀၁၁ထဲမှာဘဲ ကျိုက်ထီးရိုးကို၂ခေါက်တိတိရောက်ခဲ့တာ ဘယ်အချိန်သွားသွား
    ဒီနေရာတွေမှာ ဒီလိုတွေအမြဲလိုအပ်နေတာ ဘယ်သူတွေဘယ်လောက်လှူလှူ
    ဒီလိုမျိုးတွေဘဲပြောပြီးအလှူခံနေတာတွေကို စိတ်တွေလဲကုန်လှပြီ
    ဒါကြောင့်ကျိုက်ထီးရိုးဘုရာကိုသွားရင် ဘုရားကြီးကိုဘဲသီးသန့်သဒ္ဒါပေါက်သလောက်လှူတယ်
    ကျန်တာတွေအာရုံမထားတော့ဘူး

  • nlay

    January 12, 2012 at 1:28 pm

    ူဘကြီးပြောသလိုပါပဲ
    ဝိုင်းပြီးအေးဓါးပြတိုက်တာခံနေရသလိုပဲ
    မုဆိုးတောင်မှာလည်းရွှေသင်္ကန်းကပ်ဘို ့ ပေးတာမဝယ်လို ့ ဂေါပကတွေကပြောတာများ
    သူတို ့ကစေတနာနဲ ့ တစ်ယောက်ကိုတစ်ဆိုင်းပဲ ခွဲတမ်းနဲ ့ရောင်းပေးနှိုင်တာကို
    မကပ်လို ့ ဆိုပြီးရန်လုပ်ခံရသေးတယ်
    ထီးမတင်ရသေးတဲ့ ဘုရားအတွက် အလှူခံတာ မလှူလို ့ဆိုပြီး ပြောသေး
    ဘယ်လောက်လှူလှူ ဘယ်တော့မှ ထီးတော်တင်မှာလဲ
    ဆည်းလည်းတွေကလည်း ဘုရားဖူးတွေ လှူထားတာသာ တကယ်အကုန်ရှိရင်
    ချိတ်စရာနေရာတောင် ရှိမှာမဟုတ်ဘူး

  • ba gyi

    January 12, 2012 at 1:28 pm

    Harumoto,ko htoosan,ko htet way ,amatmin တို့ခင်ဗျား၊ဒေါသ ခဏဖြစ်ရပေမည့်၊ဘုရားကြီးဖူးခဲ့ရ တာတော့ ကြည်ညို သဒ္ဒါဖြစ်ခဲ့ရပါတယ်၊ ဥပေက္ခာထားချင်ပေမဲ့လည်းနောင်ဘုရား ဖူးတွေ အတွက် အတွေ့ အကြုံမျှဝေရင်း သည်ခရီးမှာ အခက်ခဲတွေကြိုသိ ၊ပြင်ဆင်နိုင်ရန်ရေးသား ရပါသည် ၊ပြုင်ပေးနိုင်သော အဖွဲ့ အစည်း(ဂေါပက)တွေထံ ကား ပလမ်ပုံစံနဲ့၊ သူရို့ လိုကေးရှင်းနေရာအနေထား အရ ဘယ်လို စံနစ်နဲ့ဆောင် ရွက် ရင်အဆင်ပြေမှာဖြစ်ကြောင်းစာရေးသား ပို့ပါအုန်းမယ် ၊မြန်မာပြည် တန်ခိုးကြီး ဘုရားတွေတော်တော် များ များ မှာ သည်လိုအဖြစ်တွေကစဉ်တူတွေများပါလိပ်မယ်။
    အဓိကပြဿနာက ဂေါပကတွေ လိုတာထက်ပိုပြီး ဖန်ငွေ ရှာသိပ်တော်နေကြတာ၊ကြာတော့ စီးပွါးရေးသာ
    အာရုံဏ်စိုက်သွားပြီး၊ဘုရားဖူးတွေအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေတာပါပဲ၊ လူအမြင်မတော်စရာတွေ၊ ခံစားရ တာတွေဖြစ်လာစေတာပါပဲ၊ရွှေတိဂုံ မြောက်ဘက်စောင်တန်းအောက်ဘက်၊အိမ်သာမှာ- သားငယ်က ဘုရား ပတ်ရင်းရ ှုးပေါက်ချင်လာတာ၊ကမန်းကတန်းအဲသည်အိမ်သာကိုပြေးရတော့၊ပိုက်ဆံအိတ်က သူ့အမေထံမှာကျန်ခဲ့တယ်၊အိမ်သာရောက်တော့ 50ကျပ်ပေးစရာမရှိပေါ့၊ အဲသာ ကလေးကလည်းထွက်
    ကျတော့မယ်တစ်ကဲကဲ၊အိမ်သာငွေကောက်တဲ့ မိန်းမကြီးကို တောင်းပန်အကျိုးအကြောင်းပြောတော့၊လုံး
    ဝလက်သင့်မခံပဲ၊သူရို့နေံတွက်မကိုက်သေးလို့၊ပြန်အပ်ရမည့်ငွေမပြည့်သေးလို့ ဆိုပြီး အိမ်သာထဲပေးမဝင်
    ပါဘူး၊ အဲဒါနောက်ကပါလာတဲပစေတနာရှငိအမျိုးသ္မီးက 50ကျပ်လှုပါတယ်ထုတ်ပေးကာမှ၊ ဝင်ပြီးရှုးပေါက်
    ခွင့်ရခဲ့ပါတယ်၊ ဒါ ဟာဗုဒ္ဓဘာသာဝင်တွေ အတွက်အလွန် အရုပ်ဆိုးပါကြောင်းဗျား။ဂေါပကတွေရေ။

  • ba gyi

    January 12, 2012 at 1:45 pm

    aton/စုံစုံ၊ nlay တို့ရေ၊ ဝိုင်းဖြည့်ပေးကြလို့ကျေးဇူးပါခင်ဗျား၊ စုံစုံတို့က ဖရီးကားနဲ့ကျုုံလိုက်တော့ ကံထူးပါ့ဗျား
    ဟော အဲလိုမျိုးကျပြန်တော့လည်း သူရို့ကောင်းကွက်ရှိပါတယ်၊ ကောင်းတာတွေသည့်ထက်များအောင် ထပ်ပြင်စရာတွေပြင်နိုင်ကြပါစေလို့ ဝိုင်းပြီးစေတနာနဲ့တိုက်တွန်းကြလို့ ဝမ်းသာရပါကြောင်း။

  • water-melon

    January 12, 2012 at 2:20 pm

    တစ်ခါမှာတော့ မရောက်ဘူးသေးဘူး
    ဘကြီးစာဖတ်ပြီးတော့ အတွေ့အကြုံလေးတော့ရသွားပြီ
    ကိုယ့်အလှည့်ကျမခံရအောင် လုပ်ထားမှနော့ 😀

  • windtalker

    January 12, 2012 at 2:29 pm

    ကျိုက်ထီးရိုး ဘုရားဖူးတယ် ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်တာတော့ အမှန်ပဲမို ့
    အားလုံး အဆင်ပြေချောမွေ ့စေဖို ့၊ ဘကြီး ဒုက္ခများ ကို အခြေခံ ကာ ပြင်စရာရှိတာများကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရမှာ အမှန်ပါဘဲ ဗျို ့။

  • wathanmin

    January 12, 2012 at 3:04 pm

    ဒီလ 6ရက်နေ့က က ကျိုက်ထီးရိုး ဘုရားဖူး သွားခဲ့ပါတယ်။
    ရန်ကုန်ကနေ တောင်ခြေရောက်တာနဲ့ ဘကြီး ပြောတဲ့ ဒုက္ခတွေနဲ့ စတွေ့တာပါပဲ။
    ဒါက ဘုရားဖူးတိုင်း တွေ့ကြုံရမယ့်ဒုက္ခလို ဖြစ်နေတာပါပဲ။
    ဖြစ်နိုင်ရင် ပြန်တောင် လှည့်ပြန်ချင်လောက်အောင်ကိုပါပဲ။
    ဒါပေမယ့် အဲ့ဒီ့ဒုက္ခတွေကို ကျော်ပြီးဘုရားကိုရောက်အောင်ကို ဖူးခဲ့ပါတယ်။
    ရောက်ပြီး နောက်နေ့မနက်4နာရီမှာ မနက် အာရုဏ်ဆွမ်း ကပ်ဖြစ်ပါတယ်။
    သစ်သီး 9 မျိုးနဲ့ ဆွမ်းတော်တစ်ပွဲကို 3000 ကျပ်ပေးရပါတယ်။
    ဆွမ်းတော်ဗန်းလေးတင်ပြီး ဘုရားကို မျက်စိမှိတ် အာရုံပြုပြီး ကန်တော့နေခဲ့တာ 10 မိနစ်ခန့်ရှိသွားမယ်ထင်ပါတယ်။
    ဘုရားရှိခိုးပြီး တော့ ဆွမ်းတော်ကပ်မယ်ဆိုပြီး မျက်လုံးလေးပြန်ဖွင့်ပြီး ဆွမ်းတော်ဗန်းကို တစ်ချက် ကြည့်လို်က်တော့ ကျွန်မတင်ထားခဲ့တဲ့နေရာမှာ ဆွမ်းတော်ဗန်းက မရှိတော့ပါဘူး။ 🙂
    စိတ်ထဲမှာ ချက်ချင်းဘယ်လိုဖြစ်သွားမှန်းမသိလိုက်ဘူး။
    သတိနဲ့စိတ်ကို ချက်ချင်းပြန်ထိန်းပြီး တခြားသူတွေကပ်လှုထားတဲ့ ဆွမ်းတော်ဗန်းကို ပဲကြည့်ပြီး ရည်စူးလှုဒါန်းခဲ့ရပါတယ်။
    တစ်ချို့ပြောတာကတော့ ရောင်းတဲ့သူတွေကသူတို့ရောင်းထားတဲ့ ဗန်းကို ပြန်လာယူပြီး တခြားသူတွေကို နောက်တစ်ခေါက်ထပ်ရောင်းတာပါတဲ့။မှတ်မှတ်ရရ ဖြစ်ခဲ့ရတဲ့ အဖြစ်ပါ။

  • ba gyi

    January 12, 2012 at 3:21 pm

    အဲဒါပါပဲဗျာ၊ သည်လောက်မြန်မာတွေ စီးပွါးရေးလဒ်မြင်၊ဖြတ်လပ်လျှင်ပါရဲ့ကနဲ့ ဆင်းရဲနေတာ
    ဒါန၊သီလ၊ကိုယ်ကျင့်သိက္ခာတွေ အလွန်ချို့တဲ့ကြလို့ ပါခင်ဗျာ။ ကိုသစ်ကြီးတို့ စီမီနာ မှာဆွေးနွေးကြသလိုပါပဲ။
    ကုသိုလ်ရေးမှာပါ လောဘတက်အကျင့်ပျက်နေကြတော့— ဟူး ။ မန့်ပြီးအတွေ့အကြုံတွေမျှဝေပေးကြတာအားလုံးကျေးဇူးပါ၊ဒါတွေ ဂေါပကတွေသိရန် အကြံပြုစာထပ်ပို့ပေး ပါ မည်ခင်ဗျား။

  • ဆူး

    January 12, 2012 at 3:31 pm

    ဆွမ်းဆန်ထဲ ကြွက်ချေး ရေးတာ မဟုတ်ပဲ ကြွက်ချေးထဲက ဆွမ်းဆန် များ ဖြစ်နေမလားတောင် တွေးမိတယ်။
    ဘကြီး မမှားပါဘူး။ အဲလိုမျိုးဆို ဒေါသ ဖြစ်မိမှာ အမှန်ပါပဲ..
    အလုပ်တူတူ လုပ်သူမျက်နှာကိုသာ ကြည့်ပေးတတ်တာ မကောင်းဘူး ထင်ပါတယ်။ ကြည့်တော့ ကြည့်သင့်ပါတယ်။ ဒါပေမဲ့ အားပေးတဲ့ ပရိတ်သတ် ရှိလို့ ဒီ အလုပ်တည်တံ့နေတာ ဖြစ်တဲ့ အတွက် customer (စားသုံးသူ ပရိတ်သတ်) သည် အဓိက အရှင်သခင်လိုပဲ သဘောထားပြီး ကောင်းကောင်း မွန်မွန်ဆက်ဆံ သင့်တယ်။

  • etone

    January 12, 2012 at 3:44 pm

    မှတ်မှတ်ရရ လွန်ခဲ့တဲ့ခြောက်နှစ်လောက်ကတော့ ရုပ်ရှင်အဖွဲ့တွေနဲ့ ရောက်ခဲ့ဖူးတယ် … ။ ဖြိုးနဲ့မင်းရုပ်ရှင်ထုတ်လုပ်ရေးက မင်းသားသစ် ပြည့်စုံရဲ့ အဆက်သွယ်နဲ့ ရှုတင်ကနေ အုပ်စုလိုက်သွားကြလို့ပါသွားတုန်းကတော့ … တစီးလုံး အပြင်လူမပါလို့ ချောင်ချောင် ချိချိစီးခဲ့ဖူးတယ် … ။ နောက်ပိုင်းကိုယ့်ဘာသာကိုယ်သွားတော့… စိတ်ကိုပျက်ရောပဲ …

    ဘကြီးရေ … ကျိုက်ထီးရိုးဆိုတဲ့ အသံကြားလျှင် ဆောင်းတွင်းတိုင်း သွားဖူးချင်မိတဲ့နေရာလို့ မှတ်သားထားခဲ့ပါတယ် … က ျွန်မတို့သွားတုန်းကလည်း ဒီလိုပါပဲ … ။ အတင်းကုတ်ဖဲ့တက်တော့မှ … အပေါ်ကိုရောက်တယ် .. အပေါ်ရောက်တာနဲ့ ကိစ္စက မပြီးသေးဘူး … ဖင်ချထိုင်ဖို့ လုရသေးတယ် … ။ နောက်တခုဆိုးတာက ဖင်ထိုင်ခုံများပဲ သစ်သားတန်းတွေကို ဖြစ်သလို ထိုးထားပြီး … တကယ်ထိုင်လျှင်တောင် ဘယ်လိုမှ ထိုင်မရလောက်အောင် ကြပ်သိပ်နေတာပါပဲ … ။

    ကိုယ့်ဒူးက အရှေ့ကလူရဲ့ ဖင်ကိုသွားထိုးမိလို့ ဆောရီးပြောရတာ တမျိုး ၊ ကိုယ့်ဖင်ကို ကားယိုင်တိုင်းနောက်ကဒူးက လာထိုးလို့ ဘုရှိုးရှိုးရတာတမျိုး ။ ဒီကြားထဲ ဝှီးခနဲမောင်းတာနဲ့ … တောင်အောက်ရောက်တာမဟုတ်ပဲ အတတ်ကား ၊ အဆင်းကားစောင့်နေရသေးတော့.. မနည်းတင်းပြီးထိုင်နေရတဲ့ ဒူးတွေတောင် အညိုမည်းစွဲလာတဲ့အထိပဲ .. နောက်တော့… ကျိုက်ထီးရိုးဆိုလျှင် မသွားဖြစ်တော့ဘူး … ။ လှူထားတဲ့ ဘုရားတွေတကယ်ရော တည်ဖြစ်ရဲ့လားဆိုတာလည်း သွားကြည့်ချင်ပေမယ့် … ကားစီးရတာ ဒုက္ခရောက်လို့ မသွားဖြစ်ဘူး .. ။

    ဘုရားကိုတော့ဖူးချင်ပါတယ် … ။ ရမယ့် အကုသိုလ်နဲ့ ကုသိုလ် မမျှသလိုဖြစ်နေလို့ … ။ 🙁

  • ကြောင်ကြီး

    January 13, 2012 at 11:53 am

    တောင်ပေါ်အတက်ကား ကျပ်တာတော့ မပြောနဲ့။ တမင်လုပ်ထားပုံရတယ်။ မသိတာမှ မဟုတ်တာ၊ ဆယ်စုနှစ်နဲ့ချီကြာနေပြီလေ။ ဘုရားရိပ်တရားရိပ်ကို စီးပွားဖြစ်အသုံးချတော့ မပျက်ခံနိုင်ရိုးလား။ ဈေးသည် ကားလိုင်းတွေကို ဂေါပကအဖွဲ့ကညှစ်၊ ဂေါပကကို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကညှစ်၊ သူတို့ညှစ်သမျှအားလုံးပေါင်းခံရဒါ ဘုရားဖူးလာဧည့်သည်တွေပဲ။ ပြောသာပြောရတာ ဘုရားဖူးထက် လိပ်ဥတူးသူများကုန်ဘီမို့ ညှစ်ကြညစ်ကြ သဘာဝ၊ တရားမရ တဏှာထ ဖြစ်ကုန်ပြီပေါ့ဘဂျီးရေ….

  • MaMa

    January 14, 2012 at 8:31 am

    ထောက်ခံပါတယ် ဘကြီးရေ။
    ကိုယ်ကိုယ်တိုင်လည်း တောင်တက်ကားမှာ အလုအယက်တက်ကြရတာကို စိတ်ညစ်လို့ ကျိုက်ထီးရိုးဘုရားတောင် မသွားဖြစ်ဘူး။
    ပြီးခဲ့တဲ့ ၂နှစ်လောက်က အမေကို ခေါ်သွားပြီးမှ အဆင်ပြေအောင် မလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်ပြီး ထပ်ကို မသွားဖြစ်တော့တာ။
    အခုလို ရေးတဲ့ ပြောတဲ့လူရှိလို့ စနစ်တကျ ပြုပြင်သွားရင် ကောင်းမယ်။

    ကြုံတုန်း ကျိုက်ထိုသားတွေပြောစကား ပြောပြရဦးမယ်။
    အနင်းအနှိပ်ခံရင် ကျိုက်ထိုသားတွေကို တက်မနင်းရဲဘူး။
    ဗိုက်ထဲမှာ ဘုရားစာတွေ စားထားလို့ ဘုရားစူးမှာ စိုးလို့ တဲ့။ 🙁

Leave a Reply