“ဖျပ်ကနဲ့ရန်ကုန် အပိုင်းငါး( ရောက်တတ်ရာရာ)
ရန်ကုန်ရောက်တော့ အချိန်ရတဲ့ခဏလေးမှာ ရောက်သလောက်လျောက်သွားမိပါတယ်။
သွားလေရာရာမှာ စိတ်ဝင်စားစရာလေးတွေမှတ်တမ်းတင်မိပါတယ်။
တင်မိတော့လည်း ပြန်မျှဝေချင်စိတ်လေးပေါ်လာပါတယ်။
နေရာအစုံက အဖြစ်အပျက်အစုံ ကြည်နူးစရာပျော်စရာလေးတွေကို
လက်ဆော့ ထားတာပါ။
ကြည့်မိသူတွေ နည်းနည်းလေးပြုံးမိ နည်းနည်းလေးများ ဆက်ပြီး
အတွေးတွေပွားမိတယ်ဆိုရင်ကို ကျေနပ်တယ်ဗျာ။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့။
(12-1-12)
Post Views: 292
16 comments
Diamond Key
January 12, 2012 at 9:55 am
❗ ………… 😀 …………….. 🙄 ————– 😆
ဦးဦးပါလေရာ
January 12, 2012 at 10:07 am
၁ + ၂ မြင်ရတော့ မန္တလေး ဘုံလောင်းတွေ သွားသတိရမိပါတယ်။
ရန်ကုန်မှာဒီလိုဆွမ်းခံကြွတာ ဒါနောက်ဆုံးမျိုးဆက်ဖြစ်မှာတော့ တကယ်ပဲ စိုးရိမ်မိပါတယ်။
၃+၄+၅ ရှင်ပြုနားသ ပုံလေးတွေ ။ အဲဒါသူများဆီမှာဆို လုပ်ပြရတာမျိုးနော်။ ကျွန်တော်တို့ဆီမှာ ကျင့်သုံးဆဲယဉ်ကျေးမှု့အဖြစ်ကျန်သေးတာ စိတ်ထဲကျေနပ်မိတယ်။
ပုံ ၆ = ကတော့ အခုလို ပြင်ဆင်ပြီး ကျက်သရေရှိရှိလေးမြင်ရတာ သိပ်မကြာသေးပါဘူးဗျာ။
အရင်တုန်းက ဆို …… 🙁
yaungchikha
January 12, 2012 at 10:29 am
8 ဘဝဆိုတာဒီလိုဘဲလို့ အသံတိတ်ပြောနေတဲ့စက်လှေကား တက်သူဆင်းသူ ရှိရှိမရှိရှိသူကတော့ လည်ပတ်နေမှာ သူ့အလုပ်သူလုပ်နေမှာပါဘဲ……….
စက်လှေကားပိတ်ထားတဲ့ အချိန်ဆိုရင်တော့ လည်ပတ်မှု့လည်း မရှိနိုင်တော့ဘူးပေါ့နော်………..
ဦးပေါက်ရေးထားတာလေးကို သံဝေဂတရားနဲ့ အတွေးတွေဆက်ပွားနေမိပါတယ်………
ငပေါက်ဖော်
January 12, 2012 at 10:31 am
..♫♪…….အပူပင်ကင်းတဲ့ခွေးလေးဘဝကို
တစ်ခါပြန်ဘီး..ရချင်ဘူးကွယ်…..♫♪..♫♪…….♫♪
M-Lulin
January 12, 2012 at 11:17 am
2 ပုံ လေး ကြိုက်တယ် ဗျာ..
M-Lulin
January 12, 2012 at 1:32 pm
ဦးပေါက် မန်းလေး ရေ .. ရှေ ့တစ်ပတ် ထဲလောက် မန်းလေး ရောက်ဖြစ်ဖို့ များတယ်ဗျို ့ ..ဖုန်းဆက် လိုက်မယ် …
ကိုပေါက်(မန္တလေး)
January 12, 2012 at 1:53 pm
အိုကေ ပါ ညီလေးရေ စောင့်နေပါတယ်……..
အဂ္ဂမဟာသရေစည်သူ၊အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ KING
January 12, 2012 at 2:01 pm
ဦးပေါက်
စောစောထပြီး ရိုက်နိုင်တာပဲ
ဂေဇက်အတွက် အားထုတ်မှုတစ်ရပ်ကို ချီးကျူးမိပါတယ်
ဗန်းကိုင်ထားတဲ့ ကလေးပုံလေးကို ကြည့်မိရင်း
..♫♪..♫♪..♫♪…..အပူပင်ကင်းတဲ့ ကလေးလေး ဘဝကို တစ်ခါပြန်ပြီးရောက်ချင်သေးတယ်
အချစ်(၁၅၀ဝအချစ်)မရှိသေးတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရောက်ချင်သေးတယ် ..♫♪..♫♪..♫♪..♫♪
ကိုပေါက်(မန္တလေး)
January 12, 2012 at 2:50 pm
စာပါပေမယ့် ပုံပါမလာတဲ့ မယ်လမုထဲက ကြက်ကလေးပုံ ထပ်ထည့်ပေးလိုက်ပါတယ်။
စုံ စုံ
January 12, 2012 at 4:06 pm
လေးပေါက်ရေ နံပါတ်ရ ပုံကြည့်ပြီးအတွေးပွါးနေတာ
အင်းလျားကန်စောင်းလား ကန်တော်ကြီးထဲမှာလားလို့
အင်းလျားကန်စောင်းသာတကယ်ဆိုရင် ကျမမရောက်ဖူးသေးတဲ့နေရာဖြစ်မယ်ထင်ပါရဲ့
ကိုပေါက်(မန္တလေး)
January 12, 2012 at 4:15 pm
(အင်းလျားကန်စောင်းမှာ စုစုစည်းစည်း နွေးနွေးထွေးထွေးဆွေးနွေးနေကြလေရဲ့(ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူတွေလို့ထင်ပါတယ်)
စုံစုံရေ စာရိုက်တာမှားသွားတာပါ.
ကန်တော်ကြီးအလည်ခေါင်က မြေကွက်လပ်လေးပါ။
ရေကူးကန်ရဲ့အရှေ့ဘက်နေရာလေးမှာပါ။
မှားနေတာကိုပြောပြတာကျေးဇူးပါ။
ခင်သော
လောက်လောက်ပေး
စုံ စုံ
January 12, 2012 at 4:26 pm
ဟုတ် လောက်လောက်ပေး
ခုမှဘဲရှင်းသွားတော့တယ် ဟီး
ကိုပေါက်(မန္တလေး)
January 12, 2012 at 6:24 pm
မှားတာရှိရင် တောင်းပန်ပါတယ်………………………..
အောင်လ မဟုတ်တဲ့ ကိုပေါက်ပါ …….
blackchaw
January 12, 2012 at 9:54 pm
အခုမှတွေ့တယ်ကိုပေါက်ရေ။
လက်မကြီးတစ်ချောင်းကလည်း စိုက်လို့ဗျို့။
ဘာကို အလိုမကျဖြစ်ရပြန်တာလဲ သိ ဘူး နော်။
အောင် မြင်
January 12, 2012 at 9:56 pm
ဓာတ်ပုံတွေကတော့ သူ ့နေရာနဲ ့သူ အလှတရားတွေ ပြည့်စုံနေတာဘဲဗျာ၊၊
ကိုပေါက်(မန္တလေး)
January 12, 2012 at 10:08 pm
ကိုချောရေ စိုက်ချင်စိုက်မစိုက်ချင်နေ
ကိုယ်လုပ်စရာရှိတာကို စိတ်သန့်သန့်နဲ့လုပ်မယ်ဗျာ။