ေအမီNovember 16, 20111min58851
မိန်းကလေးတွေဟာ ပန်းသီးပင်ပေါ်က ပန်းသီးလေးတွေနဲ့ တူတယ်တဲ့။ ဘာကြောင့်ပါလိမ့်……… အကောင်းဆုံး အလုံးတွေက အပင်ရဲ့ထိပ်ဆုံးမှာရှိတတ်ကြတယ်၊ ဒါပေမဲ့ ယောကျာ်းလေးတွေကတော့ အကောင်းဆုံးအလုံးဆီကိုရောက်ချင်စိတ်မရှိကြပါဘူး၊ ဘာကြောင့်လဲဆိုတော့ အပင်ထိပ်ကနေပြုတ်ကျမှာကို ကြောက်ကြလို့ပေါ့။ အဲဒိတော့ အပင်ခြေမှာကျနေကြတဲ့ အလုံးတွေကိုပဲကောက်သွားကြတယ်။ အဲဒိအလုံးတွေက ထိပ်ဆုံးကအသီးတွေလောက် မကောင်းကြပေမဲ့ လွယ်လွယ်ရနိုင်တယ်လေ။ ဒီတော့ ထိပ်ဆုံးကပန်းသီးလေးတွေက စဉ်းစားတယ်…….”အင်း..သူတို့တွေတော့ တစ်ခုခုတော့မှားနေပြီ”….လို့။ အမှန်တော့ သူတို့တွေဟာ တကယ်ကိုအဖိုးတန်လေးတွေပါ။ သူတို့တကယ်လုပ်ရမှာက သူတို့ရှိတဲ့အပင်ထိပ်ဖျားထိ သတ္တိရှိရှိတက်လာရဲတဲ့ သူရဲကောင်းကိုစောင့်နေဖို့ပါပဲ။ အေမီ နားလည်သလိုခံစား ဘာသာပြန်လိုက်ပါတယ်။ မှားတာရှိရင် သည်းခံပါနော်။ ဒါကတော့ မူရင်းစာသားတွေပါ………….. Girls are like apples on trees. The best ones are at the top of the tree. […]


ေအမီNovember 10, 20111min32832
အေမီ သဘောကျမိတဲ့ စာလေးကို ပြန်ရှဲ လိုက်တာပါ။ အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ နေရာယူထားသူ တစ်ယောက်ဟာ အထက်လူကြီး အဆင့်လား၊ ခေါင်းဆောင်လား ဆိုတာ အမေရိကန်ပြည်ဖွား ဗြိတိသျှ Selfridges Departmental Stores များတည်ထောင်သူ Gorden Selfridge ပြောပြတဲ့ အောက်ပါ အချက်တွေနဲ့ ချိန်ထိုးခွဲခြားလို့ရပါတယ်။ အထက်လူကြီးက လူတွေကို မောင်းသည်။ ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။ အထက်လူကြီးက အာဏာကို အားကိုးသည်။ ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။ အထက်လူကြီးက ကြောက်အောင် လုပ်သည်။ ခေါင်းဆောင်က စိတ်အားထက်သန်အောင် လုပ်သည်။ အထက်လူကြီးက “ငါ” ဟု သုံးသည်။ ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။ အထက်လူကြီးက ပြသနာ ဖြစ်လျှင် […]