anyatayaMay 19, 20121min3928
လူသား အချင်းချင်းစာနာမှု့ဖြင့် ဖွဲ့စည်းထားသော မိုးကြိုးအသင်း၏ ငါးကြိမ်မြောက်  ဈေးပွဲတော်ကို တနင်္ဂနွေနေ့ (ဂျွန်လ ၃ရက် ၂၀၁၂)နေ့Aviation High School 45-30 36th street Long Island City, NY 11101တွင်  ကျင်းပမည် ဖြစ်ကြောင်းကြားသိရပါသည်။ အဆိုပါဈေးပွဲတော်တွင် မြန်မာ့ရိုးရာ စားစရာပေါင်း ၄ဝကျော် ပါရှိသည့်သည့်အပြင် ဖျော်ဖြေရေးအတွက် ကာရာအိုကေ အစီအစဉ် ထည့်သွင်းထားကြောင်း သိရပါသည်။ အသေးစိတ် များကို အောက်ဖော်ပြပါ ဖလိုင်ရာတွင် ကြည့်ရှူနိုင်ပါသည်။ ၎င်းဈေးပွဲတော်ကိုမွန်းတည့် ၁၂နာရီမှ ညနေ ၄နာရီအထ်ိကျင်းပသွားမည် ဖြစ်ကြောင်း ရတနာပုံနေပြည်တော် သတင်းစာမှ သတင်းရရှိပါသည်။


anyatayaJanuary 21, 20121min3627
ကိုဇာဂနာရဲ့စကားပြောပွဲကို ဖေဖော်ဝါရီလ  ၁၁ရက် ၂၀၁၂ တွင် နယူးယောက်မြို့ရှိ Helen Mills Theater တွင် ညနေ ၃နာရီမှာ ညနေ ၆နာရီထိကျင်းပပြုလုပ်မည်ဖြစ်ကြောင်းကြားသိရပါသည်။ အသေးစိပ်ကို အောက်ပါ ဖလိုင်ရာတွင်ဖတ်ရှူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


anyatayaAugust 18, 20111min3375
3M အဖွဲ့၏ တတိကအကြိမ်မြောက် ရံပုံငွေ စင်တင်တေးဂီတ ဖြော်ဖြေပွဲ ကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ညနေ ၅ နာရီမှ ည ၁ဝ နာရီအထိကျင်းပပြုလုပ်မည်ဟု ကြားသိရပါသည်။ အဆိုပါပွဲတွင် နယူးယောက်မြို့မှ ဝါသနာရှင် အဆိုတော် ၁ဝ ဦးဝင်ရောက်ဖြော်ဖြေ မည်ဖြစ်ရာ ၎င်းပွဲမှ ရရှိသော အလှူငွေများကို မြန်မာပြည်၌ အမှန်တကယ်လိုအပ်နေသော နေရာများတွင် သွားရောက်လှူဒါန်းသွားမည် ဖြစ်ကြောင်း ရတနာပုံနေပြည်တော် သတင်းစာမှ သတင်းရရှိပါသည်။


anyatayaJune 8, 20111min1910
ယ္ခုလာမည့် တနင်္ဂနွေ (ဂျွန်လ ၁၂ရက်)နေ့တွင် မိုးကြိုးအသင်း၏ စတုတ္ထ အကြိမ်မြောက် ဈေးပွဲတော်ကို PS-12 JAMES B COLGATE SCHOOL 42-00 42ND STREET WOODSIDE,NY 11377 တွင် ကျင်းပမည် ဖြစ်ကြောင်းကြားသိရပါသည်။ အဆိုပါဈေးပွဲတော်တွင် မြန်မာ့ရိုးရာ စားစရာပေါင်း ၄ဝကျော် ပါရှိသည့်သည့်အပြင် ဖျော်ဖြေရေးအတွက် ကာရာအိုကေ အစီအစဉ် ထည့်သွင်းထားကြောင်း သိရပါသည်။ အသေးစိတ် များကို အောက်ဖော်ပြပါ ဖလိုင်ရာတွင် ကြည့်ရှူနိုင်ပါသည်။ ၎င်းဈေးပွဲတော်ကိုမွန်းတည့် ၁၂နာရီမှ ညနေ ၄နာရီအထ်ိကျင်းပသွားမည် ဖြစ်ကြောင်း ရတနာပုံနေပြည်တော် သတင်းစာမှ သတင်းရရှိပါသည်။


anyatayaNovember 24, 20101min1680
HIV- AIDS ရောဂါရှင်များ အတွက် ရန်ပုံငွေ နိဗ္ဗာန်ဈေးပွဲတော် ကို ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် PS-12 7200, WOODSIDE AVENUE,WOODSIDE NY 11377 ၌ စုပေါင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။၎င်းနိဗ္ဗာန်ဈေးပွဲတော်တွင်  ကော်ရည်ခေါက်ဆွဲ၊ ပဲကပ်ကြော်၊အုန်းနို့ခေါက်ဆွဲ၊ ပုဇွန်ခွက်ကြော်၊ထမင်းချဉ်၊နန်းကြီးသုပ်၊ကြာဆံချက်၊ဝက်သားတုတ်ထိုး၊ မလေးရှားခေါက်ဆွဲ ၊သာကူကျို၊ မြန်မာလ္ဘက်ရည်နှင့်မြန်မာအစားအစာမျိုးစုံကို ရရှိ်နိုင်မှာဖြစ်ပြီး နယူးယောက်မြို့ Exit တီးဝိုင်းအဖွဲ့ လူငယ်များ၏ ကိုယ်ပိုင်သံစဉ်တေးများ၊ ယိမ်းအဖွဲ့၏ ယိမ်းအကများ၊မြန်မာဆီမီးခွက်အကနှင် ့အခြားမြန်မာ့ ရိုးရာ အကများကို ရှူစားရမည်ဟု ရတနာပုံနေပြည်တော်သတင်းစာမှ သတင်းရရှိပါသည်။ ဈေးရောင်းပွဲတော်နှင့် ပက်သက်၍ IBMO(၇၁၈-၄၂၆၃၅၉၅)၊ ဦးဉာဏိန္ဒ (၄၀၄-၇၈၉-၉၃၇၆)၊ကိုဇော်ကြီး (YGN PHOTO) ၇၃၂.၉၇၉.၄၈၄၈၊ ကိုရင်ထွေးဆွေ (၆၂၆-၃၁၅-၄၈၉၈)၊ ကိုအားပါ (၉၁၇-၆၂၀-၀၄၃၁)၊ဦးကျော်ဝင်း(၇၁၈-၆၅၁-၂၆၈၇)မသင်းသင်းမော် (၃၄၇-၃၄၀-၄၁၇၇)၊မသက်မာဝင်း၉၁၇-၃၁၉-၂၆၂၇) အပြင် […]


anyatayaAugust 5, 20101min2654
ယ္ခုတစ်လောတွင် ဗီဇာရရှိသည် မရရှိပါဟူသောပြဿနာ  ဖြစ်ပေါ်နေသော အဆိုတော်အဖွဲ့ အမေရိကန်နယူးယောက်မြို့သို့ ၂၀၁ဝခု ဩဂုတ်လ ၄ရက်နေ့တွင် အောင်မြင်စွာရောက်ရှိလာခဲ့ပါသည်။ အဆိုပါအဖွဲ့တွင် မင်းမော်ကွန်း၊ရဲလေး၊ Lဆိုင်းဇီ၊ ရေဗက္ကာဝင်း၊ဝိုင်းစုခိုင်သိန်း အပါအဝင် သီးချင်းတီးခတ်သူငါးဦးပါဝင်ပါသည်။ အဆု်ိပါအဖွဲ့သည် ဘတ်ဖလိုမြို့၌ ဩဂုတ်လ ရ ရက် နေ့တွင် ပထမဦးဆုံးအကြိမ်အဖြစ် စင်တင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရပါသည်။ ၎င်းအပြင် ဩဂုတ်လ ၁၄ရက်နေ့တွင် နယူးယောက်မြို့၌လည်း လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း ရတနာပုံနေပြည်တော်သတင်းစာမှ သတင်းရရှိပါသည်။


anyatayaJune 30, 20103min2352
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် မနာလာပန်မြို့တွင် လောကချမ်းသာစေတီတော် တည်ရှိရာ မဟာစည်ရိပ်သာ၌ စေတီတော် အပြီးသတ် မွန်းမံရေးနှင့် ဘုန်ကြီးကျောင်းတွင်း၌ ဓမ္မာရုံဆောက်လုပ်ရေးအတွက် နိဗ္ဗာန်ဈေးပွဲတော်ကို ၂၀၁ဝခု ဂျူလိုင်လ ၄ရက် တနဂ်နွေနေ့တွင် နံနက် ၉နာရီ ညနေ ၂နာရီထိ စတုထ္တ အကြိမ်မြောက် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာအစားအစာ အမျိုးပေါင်း ၃၄မျိုး အပါအဝင် အခြားအစားအစာများကို အလှူငွေများ ရရှိရေးအတွက် ရောင်းချပြုလုပ်ခဲ့ရာ ၎င်းပွဲတော်သို့ လူဦးရေ ၂၅ဝ မှ ၃၀ဝ ထိလာရောက်ဝယ်ယူ လှူဒါန်းသွားကြောင်းသိရပါသည်။ ယင်းပွဲတော်တွင် အလှူငွေများ ပိုမိုရရှိရေးအတွက် ကံစမ်းမဲများ အစီအစဉ်များ ပြုလုပ်ခဲ့ရာ ဆုရရှိသူများမှာလည်း ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်အပြင် ကံစမ်းမဲဆုများဖြစ်သော ကွန်ပြူတာ၊ကမ်မရာ၊ ဂျီပီအက်စ်၊ပရင်တာ များ ကိုရရှိခဲ့ကြပါသည်။ အဆိုပါဈေးရောင်းပွဲတော်ကို မဟာစည်ရိပ်သာမှ […]


anyatayaJune 30, 20105min1660
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် ၂၀၁ဝခု ဂျွန်လ ၂၄ ရက် မှ ၂၈ ရက်အထိ SMITHSONIAN FOLKLIFE FESTIVAL ကိုကျင်းပပြုလုပ်ခဲ့ရာမြန်မာ့ရိုးရာ ဆီမီးခွက်အက၊ ဦးရွှေရိုးအက၊ သင်္ကြန်အကများကိုဝါရှင်တန်ဒီစီမြို့အနီးတွင် နေထိုင်သောမြန်မာလူမျိုးများမှ ပါဝင်ဆင်နွှဲခဲ့သည့်အပြင် မြန်မာ့ရိုးရာ ခြင်းအလှပြ ခတ်ပြခြင်း၊ ဝိုင်းခြင်း ခတ်ပြခြင်း များကို နယူးယောက်မြို့ရှိ QFCC(QUEENS FAMILY CHINLONE CENTER) အဖွဲ့မှ ပါဝင်ဆင်နွှဲခဲ့သည်ဟုသတင်းရရှိပါသည်။ အဆိုပါမြန်မာ့ရိုးရာအားကစားတစ်ခုဖြစ်သော ခြင်း ခတ်မှု့မှာ အမေရိကန်နိုင်ငံတွင် မမြင်ဖူး ရလောက်အောင် ပျောက်ကွယ်နေခဲ့ပါသည်။ ယခုအခါတွင် QFCC မှပထမဦးဆုံးအနေဖြင့် အမေရိကန်နိုင်ငံတွင် ခြင်းလုံးအဖွဲ့ကိုတည်ထောင်ခဲ့သည့်အပြင် စမစ်ဆိုးနီးယန်း ပွဲတော်တွင် ပထမဦးဆုံးအကြိမ်အဖြစ်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။၎င်းပွဲတော်တွင် နေ့စဉ် လူဦးရေ ၁၀,၀၀ဝ ကျော် လာရောက်လည်ပတ်ကြောင်းသိရပါသည်။ ယင်း QFCC အဖွဲ့မှလာရောက်ကြသူအပေါင်းအား ခြင်းလုံး […]