zaw mgJuly 14, 20121min17912
ယုရယ်….အလွမ်းတွေ….ပန်းတွေလိုပွင့်မယ်မှန်း…အစကမသိခဲ့ပါဘူး…. အလွမ်းတွေကို….တယုတယနဲ့…ယုယချင်ခဲ့တာလဲ..ကိုယ့်ဘာသာကိုယ်မသိခဲ့ပါဘူး… ဒူးထောက်ထားပါတယ်ဆိုတဲ့သူအပေါ်…..အနိုင်လိုချင်နေတာဟာ….. ……………ပျော်ရွင်ခြင်းဆိုတာ….ကိုယ်ရလိုက်တဲ့အပေါ်မှာမမူတည်ဘဲ…ပေးလိုက်တဲ့ အပေါ်မှာသာမူတည်တယ်လို့ခံယူထားသူပါ………………  


zaw mgJune 12, 20111min945
နှစ်သက်မိသည့်ကဗျာလေး…………   ပန်းရောင်းသူများ ဆိုရိုးစကားတစ်ခုရှိတယ် လက်သမားတစ်ယောက်ရဲ့ အိမ်တံခါးတွေဟာ အပျက်တွေ  ချည်းပဲတဲ့။   ပန်းရံဆရာတစ်ယောက်ရဲ့ ဝန်ခံချက်ကတော့ ဟိုတယ်မှာ  တစ်ခါမှ မတည်းခိုဖူးတဲ့ အကြောင်း။   မိမိမှာ စေ့စပ်လက်စွပ်   မရှိပါ    လို့ ပန်းထိမ်ဆရာတစ်ယောက်က ထွက်ဆိုဖူးတယ်။   လယ်သမားကြီးတစ်ယောက်ကတော့ ဒေါ်လာဆိုတာ ဘယ်လိုဟာမျိုးလဲလို့ မေးနေရှာလေ ရဲ့။   ကိုယ့်ပုံတူကို ကိုယ်ပြန်ဆွဲဖို့ တစ်သက်လုံး  မေ့လျော့နေခဲ့တာ ပန်းချီဆရာတစ်ယောက်ပေါ့။   ဘာပဲဖြစ်ဖြစ် ဖဲ့ထုတ်ခံရတဲ့ သစ်သားစတွေ  မပါဘဲနဲ့တော့ ပန်းပုရုပ် တစ်ရုပ် ဖြစ်မလာနိုင်ဘူးလေ။        ။   မင်းလူ  ( ပန်းချီဆရာကံတိုးအတွက်အမှတ်တရ )စာအုပ်မှ  


zaw mgJune 1, 20111min17314
အဖြစ်အပျက်လေးတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်…………. …ဘာလဲဆိုတော့………….တကယ့်အဖြစ်အပျက်လေးပါ…………..


zaw mgApril 26, 20112min712
    သရက်ပင်ကြီးသည်အမြင့် ၃၉ လေခန့်ရှိပြီး လုံးပတ်ပေ ၂ဝခန့်ရှိပါတယ်..ဒေသအခေါ် ဆင်နင်းသရက်မျိုးဖြစ်ပြီး …..ထူးခြားချက်ကတော့ အပင်ပေါ်မှသရက်သီးများ အကိုင်းအခက်များ အပင်အောက်သို့ ပြုတ်ကျလျှင် …အပင်အောက်ရှိနေသူများကို ထိခိုက်စေခြင်း မရှိဘူးလို့ ဒေသခံရွာသူရရွာသားများကဆိုပါတယ်…………………….. နတ်ကျွန်းကျေးရွာဟာ…………အင်မတန်မှနတ်ကြီးတယ်လို့လဲ သိရပါတယ်………ရွာသူရွာသားများ………ရွာအတွင်း………..လူမူရေးဖေါက်ပြန်မှုတွေပြဲလုပ်တဲ့ အခါ……….ရွာထဲမှာရှိတဲ့မြွေတွင်းများမှ မြွေဟောက်ကြီးများ နေအိမ်ပေါ်သို့ တက်လာကာ သတိပေးတတ်ကြတယ်လို့လဲ သိရပါတယ်…. ကျေးရွာသူကျေးရွာသားများ ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကတော့ တောင်ယာ စိုက်ပျိုးခြင်းနဲ့ တစ်ဖက်နိုင်ငံမှာသွားရောက် အလုပ်လုပ်ကိုင်တဲ့ အလုပ်တွေဘဲဖြစ်ပါတယ်…………   အိန္ဒူစံပြကျေးရွာကနေ ဇာသပြင်လမ်းအတိုင်းဆက်သွားရင် …ဘုရားကုန်းအထူးဒေသစံပြကျေးရွာအနီး လမ်းမကြီးရဲ့ဘယ်ဘက်အခြမ်းမှာ ထီးထီးကြီး မြင်တွေ့ရတဲ့တောင် ကြီးကတော့ ငါးပြေမတောင် လို့ ခေါ်ပါတယ်…………..တောင်ကြီးကမတ်စောက်ပီး တက်ရတာခက်ခဲတဲ့အပြင် ကျောက်သာအဆူး အချွန်တွေ ရှိတာကြောင့် ငါးပြေမတောင်လို့ ခေါ်တာလို့သိရပါတယ်။


zaw mgApril 26, 20111min822
              ဖားစည်သံတွေပျံ့လွင့်နေတဲ့. … ဒေါနမြေကို မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလတွင် အလည်တစ်ခေါက် ကျွန်တော်ရောက်ခဲ့ပါတယ်………………………………….. မရောက်ဖြစ်တာကြာပီဖြစ်တဲ့ ကရင်ပြည်နယ်ကို  ယခုတစ်ခေါက် ပြန်ရောက်တော့ စိတ်ထဲမှာကြည်နှုးပီတိဖြစ်ရပါတယ်……………….ခရီးစဉ်ကတော့ ကရင်ပြည်နယ်ရဲ့ အထိမ်းအမှတ် သင်္ကေတ တစ်ခုဖြစ်တဲ့ “ ကွယ်ကဘော တောင် ” လို့ အမည်ရတဲ့ ဖွဲကပင်တောင် ပေါ်တက်ဖို့ပါဘဲ…………..ပြီးတော့ ဒေသအလှကိုကြည့်ရှု့ခံစားနိုင်ဘို့ဘဲဖြစ်ပါတယ်………..                 ဇွဲကပင်တောင်မတက်ခင်မှာ ဘားအံမြို့ကမ်းနာမှာရှိတဲ့ ရွေရင်မျော် ဘုရားကိုသွားရောက်ခဲ့ပါတယ်……..                   အဲ့ဒီကနေ……ဖွဲကပင်တောင်ပေါ်မှ….သံလွင်မြစ်ကြီးအလှနှင့် ကရင်ပြည်နယ်အလှကို အပြည့်အဝခံစားပစ်လိုက်ပါတယ်…ပြီးတော့………ဘာအံမြို့ကနေ….အိန္ဒူစံပြကျေးရွာကနေတစ်ဆင့် […]


zaw mgApril 23, 20111min14612
ကရင်ပြည်နယ်အတွင်းရှိမြို့နယ်များတွင်ငွေစက္ကူအကြွေများဟောင်းနွမ်းစုတ်ပြဲမှုများအတွက် ဒေသ ခံများ မှ ပ လတ် စ တစ် များလောင်း ၍ အသုံးပြုနေ ကြသည်မှာ နိုင်ငံတော်မှတရားဝင်သတ်မှတ်ထားသော ပုံစံမဟုတ်ဘဲဒေသခံများအကြား နားလည်မှုဖြင့်ဖြေရှင်း သုံးစွဲနေသည့် နည်းလမ်းဖြစ်ကြောင်းသိရသည်။ အဆို ပါငွေအကြွေ များအား ဒေသအတွင်းတွင် ဒေသခံများအကြားနားလည် မှုဖြင့်သုံးစွဲလာခဲ့သည်မှာ နှစ်အတန်ငယ်ကြာ မြင့်လာပြီ ဖြစ်ကြောင်းသိရသည်။ ထိုကဲ့သို့ ငွေအကြွေများအား ပ လတ် စ တစ် လောင်း ၍ သုံးစွဲလာ ခြင်းသည် မြန်မာ ပိုက်ဆံများ၏ ဟောင်းနွမ်းဆွေးမြေ့မှု များ ကို လဲလှယ်ပေးရန်တာ ဝန်ရှိသည့် နိုင်ငံတော် ဗဟိုဘဏ် နှင့် အခြားသောပုဂလိက ဘဏ် များ၏ညံဖျင်း မှု့ကြောင့်ဟု ဒေသခံများ၏ပြောပြချက်များအရသိရသည်။ “ ဘဏ်တွေမှာ လည်းအကြွေတွေကို ဒီလို […]


zaw mgMarch 29, 20112min854
KOICA ဝန်ထမ်းများ နှင့် ကျွန်တော်  လိုက်ပါလာစီးနင်းလာတဲ့နောက်ဆုံးပေါ်မော်တော်ကားလေး ဟာ စီမံကိန်းဝင်ဒေသ ခရောင်ကျေးရွာ ကို နံနက် ၉နာရီကျော် မှာရောက်ရှိခဲ့ပါတယ် ။ ခရောင် ကျေးရွာသူကျေးရွာသားတွေ ရဲ့ဖော်ရွေတဲ့ အပြုံး နဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေက……ခရီးစဉ် မနက်ခင်းရဲ့ အလှကို ပိုမို  အသက်ဝင်လှပစေပါတယ် ။ ကျွန်တော် စီးလာတဲ့ကားလေးပေါ်ကနေ………..ခရောင်ကျေးရွာ ခန်းမဆောင်ကြီးကိုလှမ်းတွေ့တော့ အံ့ဩမိပါတယ်….ဘာလို့လဲဆိုတော့ ဒီလိုကျေးရွာလေးမှာ ………ဒီလောက်ကြီးကျယ်ခမ်းးနားတဲ့ ခန်းမကြီး  ရှိလိမ့်မယ်လို့ မတွေးထင်မိလို့ပါဘဲ…………..ကျေးရွာခန်းမကြီးရဲ့ အတွင်းဘက်မှာတော့ ကလေးငယ်လေးများ အတွက် နေ့ကလေးထိန်းကျောင်း နဲ့ ဆေးပေးခန်း တို့ တွဲလျက်တည်ဆောက်ထားပါတယ်။ နေ့ကလေးထိန်းကျောင်းထဲမှာ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးတွေ……..ပျော်ရွင်ကြည်နုူးစွာ ခုန်ပေါက်ဆော့ ကစားနေတာကိုမြင်ရတော့   ငယ်စဉ်ကလေးဘဝကို ပြန်လည်အောက်မေ့သတိရမိပါတယ်။ ………..ခရောင်ကျေးရွာသူ ၊ကျေးရွာသားတွေ.ရဲ့ရင်ထဲမှာ အတိုင်းမသိ………….ဝမ်းသာကြည်နုုးပျော်ရွင်နေကြတာကို …..ကျေးရွာဥက္ကဌဖြစ်သူ ကိုသက်နိုင် က  […]


zaw mgMarch 19, 20111min522
မြန်မာပြည်နဲ့ အဝေးကို ရောက်နေတဲ့ ရွေမြန်မာတွေအတွက် မြန်မာပြည်က…..အလွမ်းပြေ…နေရာဒေသလေးတွေ..ကျွန်တော်ရိုက်ကူးကြိုးစားတင်ပြပေးပါ့မယ်… ကွန်နက်ရှင်……..ကောင်းရင်ပေါ့


zaw mgMarch 18, 20111min731
ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( KOICA ) ၏ ဒုတိယဥက္ကဌ Mr.Chang Hyun Sik က လှည်းကူးမြို့နယ် ခရောင်ကျေးရွာ ခန်းမအတွင်းအမှာစကားပြောကြားရာတွင် ………………..မိမိ၏မွေးရပ်မြေ ကျေးရွာကလေးသို့ပြန်ရောက်သွားသလို………ခံစားရတယ်လို့…………ဖော်ရွေစွာနဲ့ပြောကြားခဲ့ပါတယ်……….ဒါဟာလည်း ကျွန်တော် တို့မြန်မာ လူမျိုးတွေအားလုံး အတွက်………မှတ်သားစရာတစ်ခုပါ………….ကျွန်တော်တို့ ဒီနေ့အချိန်ထိ………….ကိုယ့်ရပ်ကိုယ့်ရွာဖွံဖြို့တိုးတက်အောင်………ဘာတွေလုပ်ပေးနိုင်ခဲ့ပြီလဲ ……….?????????????????????????


zaw mgMarch 18, 20111min641
ု ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( KOICA ) ၏ ဒုတိယဥက္ကဌ Mr.Chang Hyun Sik နှင့်  KOICA ၏ ဌာနေကိုယ်စားလှယ် Ms. Kim Tae-Eun တို့ပါဝင်သော အဖွဲ့နှင့်အတူ …………………….ကျွန်တော်လှည်းကူးမြို့ ခရောင်ကျေးရွာ သို့နံနက် ၉ နာရီကျော်လောက်မှာ ရောက်ရှိခဲ့ပါတယ်…………………………. ကျွန်တော်…ဒီခရီးစဉ်ကိုလိုက်ဖို့ နံနက်စောစောကတည်းကတက်ကြွစွာနဲ့ …….. ………….ခရီးစဉ်ရဲ့စုရပ်အဖြစ် ကိုရီးယားနိုင်ငံသံရုံးကိုမနက် ၈နာရီမှာအရောက်သွားခဲ့ပါတယ်……။ ခရောက်ကျေးရွာကိုရောက်တော့ …..ကျွန်တော့စိတ်ထဲထင်မှတ်ထားသမျှတွေ..အားလုံးပြောင်းပြန်ဖြစ်ခဲ့ပါတယ်…. ကျွန်တော်အရင်က ဒီကျေးရွာကို တခါမှမရောက်ဘူးသေးပါဘူး……..ဒါပေမယ့် အခုမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကတော့ …………………  


zaw mgMarch 16, 20111min520
ဂျီတော့ထက်သာသည့်ဆားဗစ် မြန်မာ့ဆက်သွယ်ရေး လုုပ်မည် ဖော်ပြပါ မတ်လ (၂) ရက် နေ့စွဲနှင့်ထုုတ်ပြန်သည့် မြန်မာ့ဆက်သွယ်ရေးလုုပ်ငန်း ထုုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့် အိမ်သာနတ်တိုု့ ဆက်သွယ်မေးမြန်းလိုုက်ပါသည်။အိမ်သာနတ်။ ။ ဟုုတ်ကဲ့ ဦးတင့်လွင်ခင်ဗျာ အခုုကြေညာချက်ကိုု ဘာလိုု့ထုုတ်ပြန်ဖြစ်သလဲဆိုုတာ ဦးစွာ သိပါရစေခင်ဗျာ။ ဦးတင့်လွင်။ ။ ကျနော်တိုု့ မြန်မာ့ဆက်သွယ်ရေးကနေ ဒီ VoIP တွေကိုု လုုပ်စားနေတဲ့ ကုုမ္ပဏီ ၁၈ ခုုကိုုစပြီးနှိပ်ကွပ်ရာကနေ စိတ်ကူးစရတာဗျ။ အခုုဆိုု ရန်ကုုန်၊ မန္တလေးမြို့တွေမှာ Pfingo အကောင့်တွေကိုု စီးပွားဖြစ်ရောင်းနေတဲ့အေးဂျင့်တွေ ရှိတယ်လေ။ လူတွေက အင်တာနက်ကနေ နိုုင်ငံခြားနဲ့ စကားပြောလိုု့ ရနေတော့ ကျနော်တိုု့ ဆက်သွယ်ရေးက ဖုုန်းခေါ်ခတွေကျတယ်ဗျာ။ လက်ကိုုင်ဖုုန်းတွေဆိုုလဲ အက်ဖ်အီးစီ ဒေါ်လာတွေနဲ့ ကောက်တော့ အဲဒီ့မှာလဲ ဝင်ငွေထိခိုုက်လာတယ်ဗျာ။ […]


zaw mgFebruary 23, 20111min1785
အလုပ်ရှင်ကျင့်ဝတ် ၅-ပါး ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။ (၁) မိမိအလုပ်သမားကို ဝလင်စွာ ကျွေးမွေးရခြင်း၊ (၂)သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သောအချိန်၌ ခိုင်းစေရခြင်း၊ (၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊ (၄) ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း၊ (၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်း အစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့် လွှတ်ရခြင်း။ အလုပ်သမားကျင့်ဝတ် ၅-ပါး အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။ (၁) နောက်ကျမှ အိပ်ရခြင်း၊ (၂) […]