cherrywineOctober 21, 20101min3104
အားလုံးလည်းဖတ်ကြည့်ပြီး သေဘောကျမယ်ထင်ပါတယ်။ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းလေးပါ ဖတ်ကြည့်မိတိုင်း သဘောကျလို့ပါ။ တွေးစရာတွေလည်း ပေါ်ပေါ်လာပါတယ်။


cherrywineOctober 21, 20101min1020
ငါဟာ ဘာပါလိမ့် … ပြောင်မြောက်တဲ့ ဟာသနဲ့ အချိန်တိုင်း သရုပ်ဆောင်နေ။ တစ်ခါတစ်ရံလည်း ညှို့တက်သေးရဲ့ သားကောင်ကို အမြဲရှာဖွေနေတဲ့ မုဆိုးလို …။ ဘီးလူးခေါင်းစွပ်တဲ့ မင်းသားလိုလဲ ကြောက်မလားလို့ ဖြဲခြောက်ချင်သေး။ ဖြစ်ချင်တာကတော့ … အေးမြတဲ့ ရွက်စိမ်းလေးပါပ။ဲ ပန်းဖြစ်ရတာ ကောင်းပေမဲ့ ကြောက်မိတယ် .. ။


cherrywineOctober 19, 20101min1631
ဒီရက်ပိုင်းကြည့်မိတဲ့ ဇာတ်ကားလေးအကြောင်း အားလုံးကိုပြောပြချင်ပါတယ် Bounty Hunter ဆိုတဲ့ဇာတ်ကားလေးပါ .. ။ မင်းသားကတော့ Gerard Butler နဲ့ မင်းသမီးကတော့အများသိပြီးသား နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ Friends ရဲ့မင်းသမီးချော Jennifer Aniston ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ … အလုပ်ထုတ်ခံထားရတဲ့ ရဲအမှုထမ်းဟောင်း မိုင်လိုဘွိုတ်ဟာ ကြေးစားလူမိုက်ဖမ်းတဲ့အလုပ်ကိုလုပ်ပြီးအသက်မွေးပါတယ်။အမြဲတမ်းကံမကောင်းဖြစ်ပြီးငွေလိုနေတက်ပါတယ်။မိုက်တိမိုက်ကန်းနဲ့ ညစ်ညစ်ပတ်ပတ်နေတက်လို့မိန်းမဖြစ်သူနဲ့လည်းကွာရှင်းခဲ့ရပါတယ်။သူ့မိန်းမဖြစ်သူကတော့နာမည်ကြီး သတင်းထောက် နီကိုးဟာလေဖြစ်ပါတယ်။ထက်မြတ်ပြီး ချောမောလှပသူ နီကိုလ်းဟာကိုယ့်ကိုကိုယ်သက်သေ တဲ့ သတင်းတစ်ခုကို လူသတ်မှုဟု ထင်မှတ်ပြီး သေချာအောင်သတင်းလိုက်ရာမှ အစိုးရရုံးမှ ဒဏ်ငွေမဆောင် သဖြင့်ဖမ်းဝရမ်းထုတ်ခံရသူဖြစ်သွားပါတယ်။နီကိုလ်းကို ဖမ်းရန်တာဝန်ပေးခံရသူကတော့သူ့ယောက်ျားဟောင်း မိုင်လိုဘွိုတ်ဖြစ်နေပါတယ်။လူသတ်မှုကို ကြံစည်သူများမှာလည်း နီကိုလ်းအားနှုတ်ပိတ်ရန်လိုက်လံ ကြံစည်နေကြပါတယ်။ အချစ်၊ဟာသနှင့် အက်ရှင်အနည်းငယ်ပါဝင်တဲ့ ဒီကားဟာပေါ့ပေါ့ပါးပါးနဲ့ရယ်စရာကောင်း ပြီး မိသားစုအတူကြည့်ရှုနိုင်သော ကားကောင်းတစ်ခုဖြစ်ပါတယ်။လှပပြီး ထက်မြတ်တဲ့ Jennifer ကိုလက်ထိပ်နဲ့လိုက်ဖမ်းနေတဲ့ Gerard တို့ပုံတွေမြင်ယုံနဲ့တင် […]