ကျွန်တော်တို့ MandalayGazette ရဲ့ ပထမဆုံး အကြိမ် ဓါတ်ပုံပြပွဲ ကိုအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီဖြစ်လို့ အတိုင်းမသိ ဝမ်းသာရပါတယ် .. ဒီထက်ပိုပြီးတော့ ဝမ်းသာဖို့ကောင်းအောင် ကျွန်တော်တို့ ဆုချီးမြှင့်ပေးဖို့ကိုလည်း စီစဉ်ထား ပါတယ် .. ပထမ ဆုကိုတော့ ကျွန်တော်တို့ရဲ့ သူကြီးမင်းမှ ဒေါ်လာ ၃ဝ တိတိ ချီးမြှင့်ပေးမှာ ဖြစ်ပြီးတော့ ၊ ဒုတိယ ဆုကိုတော့ ဂျပန်ကိုခေတ္တရောက်ရှိနေတဲ့ Inz@ghi မှ Memory card ချီးမြှင့်ပေးမှာ ဖြစ်ပါတယ် ၊ တတိယ ဆုကို တော့ ကျွန်တော် ချစ်ရင်ထူး မှ Camera Bag ချီးမြှင့်ပေးမှာ ဖြစ်ပါတယ် ။ အားလုံးလဲ သိပြီးသားဖြစ်မှာပါ . ပထမ ဆုရရှိတဲ့သူကတော့ Aperture […]


ကျွန်တော်တို့ရဲ့ အလှူက ဧရာဝတီ သတင်းဂျာနယ်ထဲမှာ ပါလာတယ်ဗျ .. ဝမ်းသာဖို့ကောင်းပါ့ဗျာ .. သိပြီးသားလူတွေလည်းရှိ မှာပါ .. မသိသေးတဲ့လူတွေအတွက် တင်ပေးလိုက်တာပါ .. ခင်တဲ့ ချစ်ရင်ထူး အဲဒါထက် ကျွန်တော်တို့ရဲ့ ဓါတ်ပုံပြပွဲက ဒီနေ့ နောက်ဆုံးနော် .. မပို့ရသေးတဲ့ ဆရာများ မေ့နေမှာစိုးလို့ပါ ..


ကင်မရာ အကြောင်းရေးလို့ ဆရာကြီးလို့ မထင်မှတ်လိုက်ပါနဲ့ဦးနော် ။ ကျွန်တော်က ခုမှ ဝါသနာရှင် တစ်ယောက်ပါ ။ခုရေးတဲ့ပိုစ့်က မသိသေးတဲ့လူတွေအတွက်အဓိက ရည်ရွယ်ပါတယ် ။ ရွာထဲမှာ ဓါတ်ပုံဆရာတွေက အများကြီးရှိတော့ ကျွန်တော်ရေးတာက ဘာမှ ဖြစ်မှာတော့ မဟုတ်လောက်ပါဘူး ။ ဒါပေသိ ကျွန်တော် က ကိုအင်ဇာဂီ ၊ ကိုလုလင် ၊ ကိုစိန်သော့ ၊ ကိုမှော်ဆြာ တို့ကို မေးမြန်းစူစမ်း မိသမျှ ၊ စာအုပ်တွေ ဖတ်မိသမျှကို စုစည်း ပြီး ပြန်တင်ပေးတဲ့သဘောပါ ။ ကျွန်တော်တို့ ရွာရဲ့ဓါတ်ပုံပြပွဲ ုအတွက်လည်း အထောက်အကူပြုကောင်းပြုနိုင်ပါရဲ့ ဗျာ ..ပြပွဲမှာရိုက်ရမှာက ဈေးသည် ဆိုတော့ … ကဲ စပြီ .. Portrait Photohraphy […]


ဓါတ်ပုံပြပွဲဟာ ကျွန်တော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်ကလေးဖြစ်တာမို့ ကျွန်တော့်စိတ်ကူး အဖြစ် ပိုစ့်တင်ခဲ့ပါတယ် ။ ပိုစ့်တင်ပြီးရင်ပဲ အိမ်က ကွန်ပူတာ ခပ်စုတ်စုတ် က နာမကျန်းဖြစ်တာအကြောင်းပြပြီး ဆေးခန်းမှာ နှစ်ရက်လောက် အနားယူနေတာနဲ့ ကျွန်တော် ပျောက်နေ တုန်း ဆြာဂီရဲ့ ကျေးဇူးကြောင့်ကျွန်တော့် စိတ်ကူးလေးအဆင်ပြေခဲ့ရပါတယ် ။ တစ်ကယ်တော့ကျွန်တော်က ဝါသနာရှင် အဆင့်ပဲရှိတာပါ ။ Professional မဟုတ်ပါဘူး ။သုူကြီး နဲ့ ကိုဂီတို့ကို ကျေးဇူးအထူးတင်ပါတယ် ။ကျွန်တော့် ကွန်ပျူတာလေး ပြန်ကောင်းတော့ ပိုစ့်ကိုပြန်ဖတ်မိပါတယ် ။ ကျွန်တော်လည်းချက်ချင်းပဲ ကိုဂီနဲ့ချိတ်ပြီးတော့ ခေါင်းစဉ်ကို ရွေးချယ်လိုက်ပါတယ် ။ ယ္ခုလ 27.5.2012 ညနေ 5.00(မြန်မာစံတော်ချိန်)နောက်ဆုံးထားပြီးတော့ mgazettephotoshow@gmail.com ကိုပို့ပေးရမှာဖြစ်ပါတယ် ။ရိုက်ကူးတင်ပို့ပေးရမယ့်ခေါင်းစဉ်ကတော့ ဈေးသည် ဖြစ်ပါတယ်။ ကိုမှော်ကလည်း မန့်ထားပါတယ် ။ […]


ပထမပိုစ့်ပါ ဈေးသည် ၃ရက်လောက် ဦးနှောက် ခြောက်ခံ စဉ်းစားပြီးမှ ထွက်လာတဲ့ အိုင်ဒီယာ ခပ်စုတ်စုတ်ပါဗျာ.. ဆြာသမား ခရထ-၂ က ပျောက်နေ ကိုယ်က ဝင် အာချောင်မိ… ရွာသူားတွေက စိတ်ဝင်စားမှု ဒီရေ တက်လာ .. သည်တော့ သည်တခေါက် အတွက် ခေါင်းစဉ်ကို ကိုယ့်ဟာကိုယ်ပဲ ဘာသတ်မှတ် ရင်ကောင်းမလဲ ဆိုတာ စဉ်းစားမိတော့တယ်ဗျို့.. အနယ်နယ် အရပ်ရပ်က ရွာသူားတွေ ပါဝင်ဆင်နွှဲလို့ရအောင် ဆိုတဲ့ ခေါင်းစဉ်အောက်က စဉ်းစားလိုက်တော့ ဘောင်တစ်ခု ဖြစ်သွားတယ်ဗျ … နောက်တခု ..ရိုးရာ တို့ ဓလေ့တို့ ဘာသာ တို့ ကို ထပ်ပယ် လိုက်ရတယ်.. ဒါမှပဲ ကမာ္ဘကြီးရဲ့ ဘယ်နေရာ ရောက်နေသူပဲဖြစ်ဖြစ် ဘယ်ဘာသာ ကိုးကွယ်သည်ပဲဖြစ်ဖြစ် […]


ကျွန်တော့်စိတ်ကူး ဈေးသည် ၃ရက်လောက် ဦးနှောက် ခြောက်ခံ စဉ်းစားပြီးမှ ထွက်လာတဲ့ အိုင်ဒီယာ ခပ်စုတ်စုတ်ပါဗျာ.. ဆြာသမား ခရထ-၂ က ပျောက်နေ ကိုယ်က ဝင် အာချောင်မိ… ရွာသူားတွေက စိတ်ဝင်စားမှု ဒီရေ တက်လာ .. သည်တော့ သည်တခေါက် အတွက် ခေါင်းစဉ်ကို ကိုယ့်ဟာကိုယ်ပဲ ဘာသတ်မှတ် ရင်ကောင်းမလဲ ဆိုတာ စဉ်းစားမိတော့တယ်ဗျို့.. အနယ်နယ် အရပ်ရပ်က ရွာသူားတွေ ပါဝင်ဆင်နွှဲလို့ရအောင် ဆိုတဲ့ ခေါင်းစဉ်အောက်က စဉ်းစားလိုက်တော့ ဘောင်တစ်ခု ဖြစ်သွားတယ်ဗျ … နောက်တခု ..ရိုးရာ တို့ ဓလေ့တို့ ဘာသာ တို့ ကို ထပ်ပယ် လိုက်ရတယ်.. ဒါမှပဲ ကမာ္ဘကြီးရဲ့ ဘယ်နေရာ ရောက်နေသူပဲဖြစ်ဖြစ် ဘယ်ဘာသာ ကိုးကွယ်သည်ပဲဖြစ်ဖြစ် […]


ကျွန်တော် ရွာထဲကို ပိုစ့် မတင်ဖြစ်တာ ကြာပါပြီ . . . အလုပ်ကလည်း များနေတော့ စာဖတ်ရုံလောက်ပဲ ဖတ်ဖြစ်တာ များပါတယ် . . 1.5.2012 တုန်းက ကျွန်တော် တစ်ကယ်ပဲ ပျော်ခဲ့ရပါတယ် . . ကင်မရာ တစ်လုံးဝယ်ခဲ့ပြီးတော့ ဟိုရိုက်သည်ရိုက် ရိုက်ဖြစ်ခဲ့ပါတယ် . . ပုံတွေကိုတော့ မတင်ပေးတော့ပါဘူး . .  ။ စကားကြောရှည်နေပြီ . . . ကျွန်တော် ပြောချင်တာက ရွာထဲမှာ ဓါတ်ပုံပြိုင်ပွဲ လုပ်ရင်ကောင်းမလား လို့ပါ . .  ကျွန်တော်က တိုင်ပင်ကြည့်တာပါ . . ပြိုင်ပွဲ အတွက် လိုအပ်မယ့် အချက်အလက်တွေ အစီင်္အစဉ်တွေကို ကျွန်တော်နဲ့ […]


ဒါဟာ တစ်နှစ်ထက်တစ်နှစ် ပိုသောင်းကျန်းလာတဲ့ သင်္ကြန်မှာ ဖော်ချွတ်လာကြပုံတွေအကြောင်း ရှုံ့ချလိုတဲ့စာ မဟုတ်သလို အဲဒါကို ထောက်ခံရေးသားတဲ့စာလည်း မဟုတ်ပါဘူး။ အားလုံးသိကြတဲ့အတိုင်း ကျနော်တို့သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဒီအတွက် ရှုံ့ချမယ်ဆိုရင် လွယ်ပါတယ်။ ပစ်ပစ်နှစ်နှစ် ရစရာမရှိအောင် ပြောပစ်လိုက်လို့ ရတာပါပဲ။ ဒါပေမဲ့ ကျနော်စဉ်းစားကြည့်တယ်။ ဒီလိုပြောနေရုံနဲ့ ဒီကိစ္စကြီးကို တားဆီးလို့ ရမှာလား။ ဒီအတွက် ဘာလုပ်ကြမလဲ။ ကျနော် အခုရေးချင်တာက အဲဒီကိစ္စကို တားဆီးနိုင်ဖို့ဖြစ်ပါတယ်။ အကြမ်းဖျဉ်းစဉ်းစားကြည့်ရင်တော့ လွယ်ပါလိမ့်မယ်။ ဟာ ဒါများ ဘာခက်တာလိုက်လို့ ဒီလို မဝတ်နဲ့ ဝတ်ရင် အပြစ်ပေးမယ် ဘာညာလုပ်လိုက်ပြီးတာပဲလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုလေးသတိပြုစေလိုတာက အရာရာကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ လိုက်ချုပ်ချယ်လွန်းရင် အာဏာရှင်စနစ်အောက် ကျနော်တို့တွေ ပြန်ရောက်သွားပါလိမ့်မယ်။ လိုအပ်တာက […]


TV မှာ အရင်ရက်ပိုင်းတွေက တွေ့ရတတ်တဲ့ သတင်းတစ်ခုနဲ့ ပတ်သက်ပြီးတော့ မသိတာလေး ရှိတာနဲ့ မေးကြည့်ချင်လို့ပါ .. BBC   ညာနေသည် DVB   လိမ်နေသည် RFA   ရန်တိုက်ပေးနေသည်.. ခလောက်ဆံ အကောက်ကြံ လေလှိုင်းသံ လူသတ်သမား နားမယောင်လေနဲ့    သတိထား တဲ့ .. မှားရင်လည်း မှားမယ်ဗျာ သိပြီးသားပဲ ဖြစ်မှာပါ ..      ဒါပေမယ့်  သူတို့ကသာ အဲဒီလိုပြောကြတာ တစ်ယောက်ယောက်ကများ BBC ကနေ အော်ကြည့်လိုက်ပါလား   အဲဒါ လာဖမ်းရောဗျာ .. စစ်ဆေးရေး တွေ ရောက်လာရော . သူတို့ပဲ မယုံနဲ့ တဲ့ ပြီးတော့ သူတို့တွေပဲ လာဖမ်းတယ် ၊ တပ်ချင်တဲ့ ပုဒ်မ တပ်တယ်၊ ဒီနေ့ပဲ […]


25.3.2012 ရက်နေ့ တုန်းက NLD နာယက ဦးတင်ဦး ဧရာဝတီတိုင်းဒေသကြီး အတွင်းကိုု လာခဲ့ပါတယ် ။ အင်ပင် မြို့ကို  ညနေ 6.00 ကျော်မှာရောက်ပါတယ် ။ မြန်အောင်၊ ကြံခင်း ဘက်မှ NLD ပါတီဝင်လူငယ် မောင်မယ် များစွာ ဟာ ကား၊ ဆိုင်ကယ် များစွာဖြင့် ကြိုဆိုကြပါတယ် ။နဖူးစည်းတွေ ၊ အလံတွေ ၊ ဦးထုပ်တွေ နဲ့ လမ်းအပြည့်ဘဲလို့ ပြောပါတယ် ။ လမ်းတစ်လျှောက်မှာလည်း ထွက်ကြိုကြတဲ့ ပြည်သူတွေ အမျာကြီးရှိပါတယ် ။ မြန်အောင် ကိုရောက်တော့ ည 12.00 လောက်ဖြစ်နေပါပြီ ။ မြို့ထဲကို ပတ်သေးတယ်လို့ ပြောပြပါတယ် ။ အဲဒီနောက် မြို့ထဲက ပါတီရုံးမှာ […]


မှန်လွန်းတဲ့     အဖြေ ဆရာမသည် အတန်းသားများကိုပြော၏ ။ “ ကောင်းပြီ တပည့်တို့  ဒီနေ့(အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ဆိုတဲ့ ) ကာလတွေ အကြောင်းကို သင်ခဲ့ကြတယ် ။ ဥပမာ ဆိုရင်ကွယ်ဆရာမဟာ လှပတယ် ဆိုတဲ့ ဝါကျ ဟာ  ဘယ်ကာလ ကိုညွန်းဆိုသလဲ တပည့်တို့ ” ကျောင်းသား တစ်ယောက်က လက်ထောင်ပြီး ပြောလိုက်သည် “ အသိသာကြီးပါ ဆရာမ ၊ အတိတ် ကာလကို ညွန်းဆိုပါတယ် ” A teacher says ” OK , classs . Today we’re going to betalking about […]


ကျွန်တော် ရွာထဲက လူတွေရော အပြင်က စာဖတ်သူတွေပါ ဒီ စာအုပ်ကို မဖတ်ဖူးကြသေးရင် ဖတ်ကြည့်စေချင်တဲ့ စေတနာနဲ့ ဆရာ မြတ်ငြိမ်း ဘာသာပြန်ဆိုထားတဲ့ RICH DAD POOR DAD.  ဆိုတဲ့ စာအုပ်ကို ပြန်လည် ကူးယူ ဖော်ပြပေးလိုက်ပါတယ်…….. ————————————————————————————————————————————————————————-– လိုအပ်ချက် တစ်ခုရှိနေသည် စာသင်ကျောင်းတွေက ကလေးသူငယ်များအား လက်တွေ့လောက နှင့်ရင်ဆိုင်ဖို့ အသင့်ဖြစ်အောင် သင်ကြားပေးလိုက်ပါသလား ။ ကျွန်မ မိဘတွေ ပြောလေ့ပြောထ ရှိသည့် စကားရှိ၏ ။ “ စာကြိုးစား ၊ ဂုဏ်ထူးတွေ များများ ပါအောင်လုပ် ၊ ဒါမှ အခွင့်အရေးတွေ အများကြီးရပြီး လခ ကောင်းတဲ့ အလုပ်တစ်ခုရမယ် ” ဟူ၏ ။ သူတို့၏ […]