introAugust 3, 20101min906
ရည်ရွယ်ချက်ကြီးကြီးမားမားမရှိ တဲ့ မောင်မောင်က ကိုယ်ပိုင်အိမ်တစ်လုံး၊ တည်ငြိမ်တဲ့ ဘဝနဲ့ မိသားစုတစ်ခု ကို ပိုင်ဆိုင်ချင်တယ်။ သူလိုချင်တဲ့ ဘဝမျိူး ကို လွယ်လွယ်ကူကူ မရနိူင်ဘူး ဆိုတာမောင်မောင် သိတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာကို မောင်မောင် မကြိုက်လို့ဘဲ။ အလုပ်ဆောဆောဆင်း၊ ကိုယ်တိုင်ချက်ပြုတ်၊ စားသောက်၊ အဝတ်လျှော်ဖို့ ကလွဲပြီး လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အလုပ်ကို မောင်မောင် မရှာချင်ဘူး၊ ကျောင်းနေဖတ်သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အရာရှိတွေဖြစ်ကုန်ကြပေမဲ့၊ မောင်မောင်က သာမန်ဝန်ထမ်းအဆင့်ကနေ တတ်မလာဘူး။ မောင်မောင့် ချစ်သူ ဝေဝေ တစ်ယောက် မာစတာအောင်ပြီး နိူင်ငံခြားအလုပ်အကိုင်တစ်ခုမှာ အလုပ်ရတဲ့ အချိန် သူတို့ အချစ်ရေးကို လူတွေ က ထင်ကြေး အမျိူးမျိူး ပေးကြတယ်၊ ဒါပေမဲ့ […]


introJuly 24, 20101min822
အဲဒီ Tablet လေးကတော့ iPad နဲ့ တော်တော်လေးကို ဆင်တူပါတယ်… ဒါပေမယ့် ကုန်ကစရိတ်ကတော့ iPad တစ်လုံးရဲ့ ၁၄ပုံ ၁ပုံပဲ ရှိတဲ့အတွက် တော်တော့်ကို သက်သာပါတယ်… ၃၅ဒေါ်လာသာ တန်ဖိုးရှိမယ့် အဲ့သည့် Tablet လေးကို ကျောင်းသားလူငယ်များအတွက် အဓိက ရည်ရွယ်ပြီး ၂၀၁၁ ခုနှစ်လောက်မှာ ထုတ်လုပ်နိုင်လိမ့်မယ်လို့ အိန္ဒိယတို့က ဆိုပါတယ်… အကယ်လို့များ အိန္ဒိယအစိုးရတွေက ထုတ်လုပ်ပေးမယ့် manufacturer ကိုသာ ရှာဖွေတွေ့မယ်ဆိုရင် Linux Operation System ထည့်သွင်းတားတဲ့ ၎င်း Tablet လေးဟာ ကမ္ဘာ့ဈေးအသက်သာဆုံး တီထွင်မှုတစ်ရပ် ဖြစ်ပြီး ဈေးကွက်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ အိန္ဒိယတို့က ဆိုပါတယ်… ဒီ Tablet လေးမှာ ရုံးသုံး စာစီစာရိုက် Software […]


introJuly 17, 20101min1244
တစ်နေ့….    ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်.. ဝယ်ရင်းနဲ့   ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကိုခွင့်တောင်းတယ်.. ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း  သို့သော်  တစ်ခေါက်တော့ ခေါ်ခွင့်ပြု မည်ဖြစ်ကြောင်း ပြန်ပြောပါတယ်.. ဆိုင်ရှင်က ကောင်လေးဖုန်းပြောသံကို နားထောင်နေတယ်.. ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောနေပုံ ရတယ်.. ” အဒေါ်ခင်ဗျား.. အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကိုပေးပါလားခင်ဗျာ…“ တစ်ဘက်က ပြန်ပြောတယ်.. ” တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်…” ” အဒေါ်ရယ် ..ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီး ရိတ်ပေးပါမယ်..    ဈေးကိုလဲ  အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့ဈေးနှုန်းရဲ့ တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်..” တစ်ဘက်ကလဲ ပြန်ဖြေပါတယ်… အခုလက်ရှိ […]


introJuly 17, 20101min701
အမေရိကန် Stanford University ရဲ့ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမာ္ဘပေါ် ရှိသမျှလူဦးရေကို ၁ဝဝ ယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။ ၁) အာရှလူမျိုး ၅ရ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ ယောက် ၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက် ၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝ ယောက် ၄) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက် […]


introJuly 15, 20101min11412
Myanmar Popular Singer, Myo Kyaw Myaing and Dr. Thwin Pa Pa Aung officially ended their marriage on (24) June, 2010 and Myo Kyawt Myaing made official announcement about their divorce on state run newspaper. Myo Kyawt Myaing and Thwin Pa Pa Aung held their wedding dinner party last two months ago (on 29 April) at […]


introJuly 15, 20101min420
သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထု ကြီးသည် စူးစိုက်ခြင်းမရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိပ်အပိုင်း တခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။ အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင် မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာဆောင်၍ နေသည်။ သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထဝီမြေကြီးမှ ဗမာ […]


introJuly 15, 20101min630
ကွန်ပျူတာတွင်းရှိ အချက်အလက်များ ပျက်စီးဆုံးရှုံးသည်အထိ တိုက်ခိုက်နေသည့် ဗိုင်းရပ်စ်အသစ်များ ယခုရက်ပိုင်းတွင် ဆက်တိုက် ပေါ်ထွက်လာသောကြောင့် အင်တာနက် သုံးစွဲနိုင်မှု ကန့်သတ်ထားသည့် ပြည်တွင်း၌ အဆိုပါဗိုင်းရပ်စ် ဖျက်ပေးသည့် Anti-Virus Software စီဒီများ ရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။ “အခုတလော ဗိုင်းရပ်စ်တွေ သောင်းကျန်းနေတော့ ဒီဗိုင်းရပ်စ်တွေကို ဖျက်ဖို့ Software တွေ အတော်ရောင်းကောင်းတယ်။ အင်တာနက်ဆိုင်တိုင်းမှာ ဒီ Software တွေကို ကျပ် (၅၀၀)၊ (၆၀၀) အဲဒီလို ရောင်းတာ။ ဒီလဆန်းပိုင်းကစပြီး ကျနော်တို့ဆိုင်မှာ စီဒီအချပ်ပေါင်း (၂၀၀) ကျော် ရောင်းခဲ့ရတယ်။ တခါမှ ဒီလို မဖြစ်ခဲ့ဖူးဘူး” ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင် ဝန်ထမ်းတဦးက ပြောသည်။ ဇူလိုင် (၁) ရက်မှ စ၍ ကွန်ပျူတာ […]


introJuly 14, 20101min620
ဌာနတွင်း ဝတ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။ ဝတ္တုုုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့် အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည်။ – ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။ – တော်ဝင်ဆန်ရမည် ။ – လိင် သဘောသဘာဝ ပါရှိရမည် – လျို့ဝှက်ဆန်းကြယ်ရမည် ။ ဆုရသွားသော ဝတ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။ *“ဆုရသွားသောဝတ္တုတို” “အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့ ရတာပါလိမ့်” ဟု ငြီးတွားသည် ။ P.S: Mail ထဲရောက်လာတဲ့ ဟာသလေးကို သဘောကျလို့ တင်ပေးလိုက်တာပါ…


introJuly 7, 20102min1131
(၁)  အမြန်ဆုံးပြေးနိုင်တဲ့ ကုန်း သတ္တဝါတွေဟာ တောလိုက် ကျားသစ် ပဲ ဖြစ်ပါတယ် ။ တစ်နာရီမှာ ကီလိုမီတာ တစ်ရာကျော် ထိပြေးနိုင်ပါတယ် ။ (၂) ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖူးသမျှ သက်ရှိသတ္တဝါတွေထဲမှာ ဝေလငါး ဟာ အကြိီးဆုံး ဖြစ်ပါတယ် ။ ကုန်းသတ္တဝါတွေထဲမှာလဲ ဝေလငါး အရွယ်အစားလောက် ကြီးမားတဲ့သတ္တဝါမျိုး မပေါ်ပေါက်ခဲ့ဖူးပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလောက်လေးတဲ့ သူတို.ရဲ့ ခန္ဓာကိုယ် ကို သူတို. ထောက် ကန် ပင့် မ မထားနိုင်လို.ပါ ။ (၃) အိုလံပစ် အလံ ရဲ့ အဖြူရောင်အောက်ခံပေါ်မှာ တစ်ခု နဲ့ တစ်ခု ဆက်ယှက်ထားတဲ့ ရောင်စုံ ကွင်း ငါး ကွင်းဟာ […]


introJuly 7, 20102min1122
အာရှနိုင်ငံရဲ့ Himalayas မည်သည့် ရှုထောင့်ကနေကြည့်ကြည့် ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ် ။ တောင်တန်းတွေဟာ တစ်ရစ်ပြီးတစ်ရစ် တစ်သွယ်ပြီးတစ်သွယ် စီရီနေပြီး ကျောက်ဆောင်ကျောက်တုံးတွေ အစီလိုက်စဉ်ထားသလို ဖြစ်ပြီး အဲဒီတောင်အထပ် တွေကို ကြည့်ရင်ပဲ ၃၀၀ဝ ကီလိုမီတာလောက် ရှိပါတယ်။ တောင်ထိပ်တောင်ဖျားတွေဟာ မိုးကောင်းကင်ကို ထိလုနီးပါး ဖြစ်ပြီး planet ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးတောင်တွေ စုဝေးနေတာ ဖြစ်ပါတယ် ။ ကမ္ဘာ့အမြင့်ဆုံးတောင် ထိပ်တွေလည်း ပါဝင်ပါတယ် ။ Mount Everest နဲ့K2 တို့ပဲဖြစ်ပါတယ် ။ ဒီတောင်တန်းတွေဟာ Afghanistan , Bhutan , China , India , Nepal, Pakistan နိုင်ငံတွေနဲ့ ထိစပ်နေပါတယ်။ ဒီနေရာဟာ ကောင်းကင်နဲ့ထိစပ်နေတဲ့ ကမ္ဘာ့နေရာလည်း […]