ရှာရှာဖွေဖွေ စပ်မိစပ်ရာလေးတွေ ပါ ။

introJuly 7, 20102min1131

(၁)  အမြန်ဆုံးပြေးနိုင်တဲ့ ကုန်း သတ္တဝါတွေဟာ တောလိုက် ကျားသစ် ပဲ ဖြစ်ပါတယ် ။
တစ်နာရီမှာ ကီလိုမီတာ တစ်ရာကျော် ထိပြေးနိုင်ပါတယ် ။

(၂) ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖူးသမျှ သက်ရှိသတ္တဝါတွေထဲမှာ ဝေလငါး ဟာ အကြိီးဆုံး ဖြစ်ပါတယ် ။
ကုန်းသတ္တဝါတွေထဲမှာလဲ ဝေလငါး အရွယ်အစားလောက် ကြီးမားတဲ့သတ္တဝါမျိုး မပေါ်ပေါက်ခဲ့ဖူးပါဘူး ။
ဘာကြောင့်လဲ ဆိုတော့ အဲဒီလောက်လေးတဲ့ သူတို.ရဲ့ ခန္ဓာကိုယ် ကို သူတို. ထောက် ကန် ပင့် မ မထားနိုင်လို.ပါ ။

(၃) အိုလံပစ် အလံ ရဲ့ အဖြူရောင်အောက်ခံပေါ်မှာ တစ်ခု နဲ့ တစ်ခု ဆက်ယှက်ထားတဲ့ ရောင်စုံ ကွင်း ငါး ကွင်းဟာ
လူသားတိုးမှီတင်းနေထိုင်ကြတဲ့ တိုက်ကြီး ငါးတိုက်ကို    ကိုယ်စားပြုပါတယ် ။
အာဖရိကတိုက် ၊ အမေရိကတိုက် ၊ အာရှတိုက် ၊ ဥရောပတိုက် ၊ ဩစတေးလျတိုက် တို.ပဲ ဖြစ်ပါတယ် ။

(၄) ခလောက်မြွေ ရဲ့ ခေါင်းကို ဖြတ်လိုက်လို.ပြတ်သွားတဲ့ခေါင်း

ဟာ ခေါင်းပြတ်ပြီးနောက် မိနစ် နှစ်ဆယ် ကျော်ကျော်ကြာတဲ့အထိ
ကိုက်နိုင်သေးတယ် ၊ အဆိပ်ထုတ်နိုင်သေးတယ် ။
Rattlesnake.jpg Rattlesnake 2.jpg (*** ခလောက်မြွေပုံပါ ။ )

(၅) ဇီးကွပ် တွေ ပျံရင် အတောင်ပံအဖျားကို အောက်ဘက်သို. ချထားတဲ့အတွက် အသံလုံးဝ မထွက်ပဲ ပျံသန်းနိုင်ပါတယ် ။

(၆) ငှက်ပိတုန်း ဟာ ကမာ္ဘ ပေါ်မှာ နောက်ပြန်ပျံသန်းနိုင်တဲ့ တစ်ခုတည်းသော ငှက်မျိုးဖြစ်ပါတယ် ။ သူတို.ဟာ တောင်ပံကို တစ်ဝီဝီခတ်ပြီး လေထဲမှာတန်.နေနိုင်ပါတယ်။

Hummingbirds.jpg Hummingbirds 2.jpg ( *** ငှက်ပိတုန်းလေးတွေပါ။)

(၇)အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ရုဒ်ရန်းနားငှက်ဟာ  ခလောက်မြွေကို အနိုင်ယူနိုင်ပါတယ် ။ အဲဒီမြွေ အိပ်နေတုန်း
ချွန်ထက်တဲ့ ရှားစောင်းစူးတွေကို မြွေရဲ့ ပတ်လည်မှာ စုပုံချထားပေးခြင်းဖြင့် အနိုင်ယူခြင်းဖြစ်ပါတယ် ။

Roadrunner.jpg ( *** ရုဒ်ရန်းနားငှက် ပုံပါ)

(၈) ကမာ္ဘပေါ်မှာ အား အသန်ဆုံး သတ္တဝါ ဟာ ရီနိုဆော့ရပ်စ် ပိတုန်း  ဖြစ်ပါတယ် ။ သူ ရဲ့ ခန္ဓာကိုယ်ရဲ့
အဆပေါင်း ၈၅ဝ ရှိတဲ့ အရာကို ကောင်းစွာ သယ်မ နိုင်ပါတယ်။
beetle.jpg beetle.jpg(*** ရီနိုဆော့ရပ်စ် ပိတုန်း ပုံကို အနီးစပ်ဆုံးရှာပြီး ထည့်ပေးထားတာပါ။)

ရွက်ဖြတ် ပုရွတ်ဆိတ် ကတော့ သူ.ကိုယ်အလေးချိန်ရဲ့ အဆ ၅ဝ ရှိတဲ့အရာတွေကို အသာလေး ပင့်ချီနိုင်ပါတယ် ။
ဒါဟာ လူတစ်ယောက် ထရပ်ကား တစ်စီးကို မနိုင်သလိုမျိုးပေါ့ ။
ပေါင် ၁၂၀၀ဝ လောက်ရှိတဲ့ ဆင် ကတော့ ပေါင် ၂၀၀၀ဝ လောက်ကို အသာလေး သယ်နိုင်ပါတယ် ။

(၉) ကမာ္ဘပေါ်တွင် ရှေးအကျဆုံး ဘာသာစကားမှာ အိန္ဒိယ က ဆင်ထိန်းများဆင်ကို ထိန်းကျောင်းရာတွင်ပြောဆိုလေ့ရှိတဲ့
ဘာသာစကားဖြစ်ပါတယ် ။ သူတို.ဟာ ဆင်တွေကို ပြောတဲ့အခါ ဟင်ဒီ ၊ အာရဘစ် ၊ ပါရှန်း ဘာသာစကားတွေကို
သုံးတာ မဟုတ်ဘူး။ သူတို.အသုံးပြုနေတဲ့စကားက  ဟိုး.. ရှေးနှစ်ပေါင်း ငါးသောင်းလောက်က ဆင်ရိုင်းတွေကို
ယဉ်လာအောင် သွန်သင်ပေးတဲ့ ဂူအောင်း ကျောက်ခတ်လူသားတွေရဲ့ ဘာသာစကားကို အသုံးပြုနေတာ ဖြစ်ပါတယ်တဲ့ ။

(၁၀) ပိုလာဝက်ဝံတွေက ဘယ်သန်တွေပါ ။

polar.jpg ***မယုံရင် ဝက်ဝံ ခေါင်းကုတ်နေတာကိုပဲကြည့်တော့.. ဟဲ..ဟဲ..ဟဲ.. ။