introMarch 21, 20181min5356
ယနေ့ ၂၁-၃-၂၀၁၈ နေ့စွဲပါ နိုင်ငံတော် သမတရုံး သတင်း ထုတ် ပြန်ချက်အရ ကျွန်တော်တို့ရဲ့ သမတကြီး ဦးထင်ကျော်သည် ရာထူးမှ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ နီးစပ်တဲ့ အသိုင်းအဝိုင်း စကားများအရ ကျန်းမာရေး အခြေအနေကြောင့် လို့လဲ သိရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လည်း ဩစတြေးလျ နိုင်ငံကနေ မတ်လ (၂၀) ရက်နေ့က နေပြည်တော် သို့ ပြန်လည် ရောက် ရှိလာပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို သမတရုံး website မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ http://www.president-office.gov.mm/?q=briefing-room/news/2018/03/21/id-13603  


introJune 16, 20121min1491
  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆွေစဉ်မျိုးဆက်ဇယားပါ။ တယောက်က Share လုပ်ပေးတာတွေ့ပေ မယ့် မယူဖြစ်ခဲ့ပဲ။ ဒေါက်တာလွမ်းဆွေဘလော့ဂ်မှာထပ်တွေ့တော့မှ ယူဖြစ်သွားပါတယ်။ @Facebook


introApril 2, 20121min21718
ဆေးရုံကြီးတွင် တွေ့ရသော နန်းဝိုးဖန်း အလောင်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက် တွေကိုလည်း သတင်းဆက်မလိုက်ဖို့နဲ့ ဆက်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုပြီး (စစစ) အရာရှိတစ်ဦးက ခြိမ်းခြောက်ပြောဆို သွားကြောင်း ကြားသိရပါတယ်။ ၂၁ရက် ၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး (၂၀)နှစ် နန်းဝိုးဖန်၏ လှိုုင်သာယာရဲစခန်းတွင် တရားလိုအဖြစ်အမှုဖွင့်တိုင်ကြားထားသည့် ပုဒ်မ ၄၀၆ အမှုမှ တရားခံ ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု ရန်ကုန်တိုင်းရဲမှူးကြီး မှပြောသဖြင့် (စစစ)မှ မဖြစ်မနေ သွားရောက်အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟုပြောသဖြင့် ရှမ်းမလေး နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည် ၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ မနန်ဝိုးဖန်အား […]


introJuly 26, 20111min23614
ဒီနေ့ intro တစ်ယောက် အချိန်နည်းနည်းရနေတာနဲ့ Myanmar Network Website လေးကို ဝင်ကြည့်မိတယ်… အဲ့သည့်မှာ စိတ်ဝင်စားစရာ ပိုစ့်လေး တစ်ခု တွေ့မိလို့ မသိတာကို မေးချင်နေတာလဲ ပါတယ်… ကျွန်တော်ကိုယ်တိုင်လဲ အခုမှ သိလို့ ရွာထဲက ကျွမ်းကျင်သူတွေရဲ့ စကားသံတွေကို ကြားချင်လို့ တင်လိုက်မိတာပါ… အသုံးအနှုန်းတွေကလဲ စိတ်ဝင်စားဖို့ကောင်းလို့ပါ…. မူရင်း ဘလော့က ပိုစ့်အတိုင်းပဲ ပြန်တင်လိုက်ပါတယ်နော်…   လွဲမှားမှုတွေ “ချစ်သူ” ဆိုတဲ့စကားလုံးကို “lover” လို့ ထင်နေကြတယ်။ အဲလိုပဲ လူတော်တော်များများသုံးနေကြတယ်။ love ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ ချစ်တယ် တဲ့။ ဒါတော့ လူတိုင်းသိမှာပါ။ အင်္ဂလိပ်စာ word/verb တစ်ခု ကို နောက်ကနေ -er,-or ဆိုတဲ့ […]


introJune 21, 201138min30019
ဝတ္ထုများ(အမျိုးသားစာရေးဆရာများ) ကံချွန် – အပျိုစင်တို့သိဖို့ 2 (06/27) ကံချွန် – အပျိုစင်တို့သိဖို့ ၃ (06/27) ကံချွန် – အင်တာဖီးနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် (Nov 11, 2008) ကံချွန် – မန ္တလေးကလူတွေအကြောင်း (Nov 11, 2008) ကံချွန် -ပေါ့ပေါ့ပါးပါးဟာသဟာသဝတ္တု တိုများ (Nov 11,2008) ကံချွန် – ကြားဖူးနားဝ ဟာသများ (Nov 11,2008) ကံချွန် – ဒါကဒီလိုရှိတယ် ဟိုဟာကဟိုလိုရှိတယ်။ (Nov 11,2008) ကံချွန် – ဒိုးဒိုးဒေါက်ဒေါက်ဟာသများ (Nov 11,2008) ကျော်ဝင်း – စိန်ခေါ်ကြသူများ(06/28) ချစ်စံဝင်း – တော်ဝင်စံထားမိန်းမသား ချစ်ဦးညို – […]


introJune 18, 20111min16520
တစ်လောက intro တစ်ယောက် ကျောက်တံတားဘက်ကို ရောက်သွားခဲ့တယ်… အဲ့သည့်က နေ ကျောက်မြောင်းဘက်ကို ကိစ္စတစ်ခုနဲ့အသွားမှာ ဘက်စ်ကားစီးရင်းနဲ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတစ်ခုကို ပြန်ပြီးဖောက်သည်ချချင်လို့ပါ… အဲ့သည့်နေ့က ၄၃ကားစီးပြီး ကျောက်မြောင်းဘက်ကို သွားခဲ့တာပေါ့ဗျာ… ၄၃ကားကလဲ အဲကွန်းမဖွင့်၊ မှန်တွေကလဲ အတင်အချလုပ်လို့မရ၊ အချိန်ကလဲ နေ့ခင်းဘက်လောက်ဆိုတော့ စဉ်းစားသာ ကြည့်ပေါ့ဗျာ… ချွေးကပြိုက်ပြိုက် ဒီကြားထဲ ကားက ဟိုနေရာလူစောင့်ပြီးတင်၊ ဒီနေရာ လူစောင့်ပြီးတင်ဆိုတော့ ဆင်းမယ့် မှတ်တိုင်မရောက်ခင် ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလဲဗျာ… အဲလိုနဲ့ပဲ သည်းခံပြီးစောင့်လာခဲ့တာ ယုဇနပလာဇာရှေ့ အရောက်လောက်မှာ ကားကလဲ အကြာကြီးရပ်၊ ဈေးသည်တွေကလဲ တစ်ယောက်ပြီးတစ်ယောက် တက်ဆင်းပြီးရောင်းနဲ့ အသံတွေက ဆူညံနေတာပေါ့… အဲသည့်အချိန်မှာပဲ ` သတင်းထူးတွေနော်… ဒီအပါတ် အနုပညာလောကအတွင်းမှာ ဖြစ်ပျက်နေတဲ့ သီတင်းထူးတွေ ´ ` […]


introApril 18, 20111min992
မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်အချိန်ခါကတော့ဖြင့် လွန်မြောက်ခဲ့လေပြီ… intro တို့ သူငယ်ချင်းတစ်သိုက် ဒီနှစ်ကတော့ ငြိမ်ချက်သား ကောင်းနေသည်… ကောင်းမှာပေါ့၊ လူက စုံမှ မစုံတော့တာကိုး၊ သင်္ကြန်တွင်း ဒုလ္လဘ ရဟန်ခံတဲ့လူက ခံ၊ ခရီးထွက်တဲ့သူကထွက်၊ ကုမ္ပဏီကျေးဇူးနဲ့ ချောင်းသာ သွားတဲ့သူကသွား၊ ထုံးစံအတိုင်းကဲတဲ့သူကကဲနဲ့ သင်္ကြန်တွင်းကာကကို ကျော်ဖြတ်လာခဲ့ကြသည်… intro တစ်ယောက်ကတော့ ဒီနှစ်သင်္ကြန် အရင်တုန်းကလိုတစ်ရက်မှ မလည်ဖြစ်လိုက်၊ ဘုန်းကြီးလဲ မဝတ်၊ ကားလဲ မလည်၊ မဏ္ဍပ်လဲ မထိုင်ဘဲ ဒီနှစ်တော့ ရပ်ကွက်ထဲမှာပဲ အေးအေးဆေးဆေး နေမယ်ဆိုပြီး စိတ်ကူးလိုက်သည်… ဒါကြောင့်လဲ ဒီနှစ်မှ ရပ်ကွက် သင်္ကြန်ကို ခံစားမိလိုက်သည်… အရင်နှစ်တွေက ကားလည်ရင်လည်၊ မလည်ရင် မဏ္ဍပ်ထိုင်နေကျမို့ ရပ်ကွက်သင်္ကြန်ကို အခုမှ ပထမဆုံး ခံစားမိတာကတော့ အမှန်ပင်၊ […]


introMarch 29, 20111min17115
အမိမြန်မာနိုင်ငံကို သံယောဇဉ် ကြီးလွန်းလို့၊ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်ရမှန်း သိပေမဲ့ ခုချိန်ထိ စာအုပ်နီလေးတွေကို မစွန့်လွှတ်နိုင်ရက်လို့၊ ဒီစာအုပ်နီကလေးကို တန်ဘိုးကြီးကြီး ပေးပြီး ကိုင်နေကြတဲ့သူတွေ အများကြီးပါ။ ကျောင်းသားတွေ၊ အလုပ်သမားတွေက အစ သံဃာတော်များ အဆုံး ဒီစာအုပ်နီလေးတွေကို ကိုင်ထားကြတာ အများကြီးပါ။ ဒီစာအုပ်တန်ဘိုးကလည်း သိကြတဲ့အတိုင်း သေးတာ မဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံကို အလည်အပတ်ပဲ ဖြစ်ဖြစ်၊ အကြောင်းကိစ္စတခုခုနဲ့ပဲ ဖြစ်ဖြစ် ပြန်တော့မယ် ဆိုရင် ဒီစာအုပ်ကလေးတွေက တန်ဘိုးရှိမှန်း သိလာလိမ့်မယ်။ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ၊ ခွင့်နဲ့ပြန်ကြောင်း ထောက်ခံစာ၊ အလုပ် မလုပ်ကြောင်း ထောက်ခံစာ စသဖြင့် ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိဘူးတဲ့ ထောက်ခံစာ ယူဖို့ သံရုံးကို သွားရပါလိမ့်မယ်။ ဒီအခါမှာ သံရုံးကို နောက်ဆုံးအချိန်ထိ […]