kkkDecember 31, 20121min2203
တမူးမြို့က ဖြူစင်မေတ္တာမိတ်ဆွေများ ဆိုတာကျန်းမာရေး၊ပညာရေးစတဲ့ပရဟိတလုပ်ငန်းတွေကိုတတ်စွမ်းသရွှေ့ လု ပ်ဆောင်နိုင်ဖို့ ၁-၁-၂၀၁၁ရက်နေ့ကမိတ်ဆွေများစုပေါင်းဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်၊ပရဟိတလုပ်ငန်း တွေဆောင်ရွက်ရာမှာ ဦးစားပေးလုပ်ငန်းအဖြစ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် ဆေးရုံတက်ရောက်ကုသ နေတဲ့ ဆင်းရဲနွမ်းပါးတဲ့လူနာတွေကိုဆေးဖိုးနဲ့အာဟာရထောက်ပံ့လှူဒါန်းဖို့ဖြစ်ပြီး ဒုတိယဦးစားပေးအဖြစ်ပညာရေး ထောက်ပံ့မှုလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်၊၁-၁-၂၀၁၁ရက်နေ့စတင်ဖွဲ့စည်းတော့အဖွဲ့ဝင်(၁၂)ဦးနဲ့တစ် ဦးလျှင်မတည်ငွေအပြင်တစ်လ(၂၀၀၀)ကျပ်နှုန်းစုဆောင်းခဲ့ပြီး ၂၀၁၁ဒီဇင်ဘာအထိအဖွဲ့ဝင်(၄၂)ဦးထိပါဝင်လာပါ တယ်။ကျန်းမာရေးအတွက်အခက်အခဲဖြစ်နေတဲ့သူတွေ၊ဆေးရုံတက်ရောက်ကုသမှုခံယူပြီးငွေကြေးအခက်အခဲဖြစ် နေတဲ့သူတွေကို ဦးစားပေးအနေနဲ့ငွေသားထောက်ပံ့ခြင်း၊ဆေးပစ္စည်းဆိုင်မှာငွေစာရင်းဖွင့်ပေးပြီးကူညီမှုတွေကိုလုပ် ခဲ့ပါတယ်၊တမူးပြည်သူ့ဆေးရုံက ဆရာဝန်၊ဆရာမကြီးတွေကလည်း ပါဝင်ကူညီခဲ့ကြပါတယ် ။ ၂၀၁၁ခုနှစ်က ဆေးရုံတက်ရောက်ကုသတဲ့လူနာပေါင်း(၁၃)ဦးကို ဆေးဖိုးအဖြစ် ကျပ်(၄)သိန်းကျော်ကူညီ ထောက်ပံ့နိုင်ခဲ့ပါတယ်။ဒါ့အပြင် မြို့မနဲ့အောင်နိမိတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက(၁၀)တန်းဖြေဆိုမဲ့ ကျောင်းသား/ကျောင်းသူတွေအတွက်စာအုပ်နဲ့ဘောပင်တွေကိုကူညီထောက်ပံ့ခဲ့ပါတယ် ။ ၂၀၁၂ဒီဇင်ဘာလအထိအဖွဲ့ဝင်(၆၀)ကျော်ထိတိုးတက်လာပြီး ကျန်းမာရေးထောက်ပံ့ကူညီမှုပေါင်း(၂၀) ကျော်နဲ့ ကျပ်(၁၀)သိန်းကျော်ဖိုးအထိကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။၂၀၁၂ခုနှစ်ရဲ့နှစ်ပတ်လည်အစည်းအဝေးနဲ့ငွေ စာရင်းရှင်းလင်းပွဲကို တမူးမြို့မှာပဲ ဒီဇင်ဘာ(၃၀)ရက်နေ့ကပြုလုပ်ခဲ့ပြီး ၂၀၁၃ခုနှစ်အတွက်မိတ်ဆွေများအဖွဲ့က ဆောင်ရွက်မဲ့ ကျန်းမာရေး၊ပညာရေးထောက်ပံ့မှုလုပ်ငန်းစဉ်တွေကိုစုပေါင်းဆုံးဖြတ်ခဲ့ကြတယ်။ပြီးတော့ မြို့မနဲ့ အောင်နိမိတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကျောင်းသားကျောင်းသူတွေအတွက်စာအုပ်နဲ့ ဘောပင်တေ ွလှူဒါန်းခဲ့ကြတယ် ။ ဖြူစင်မေတ္တာမိတ်ဆွေများအဖွဲ့ဟာအသင်းဝင်ဦးရေများပြားလာတာနဲ့အညီ ကူညီထောက်ပံ့မှုတွေကိုပိုမို လုပ်ဆောင်တော့မှာဖြစ်ပါတယ်။၂၀၁၃ခုနှစ်မှာလည်း မိတ်ဆွေများအနေနဲ့ကူညီထောက်ပံ့မှုတွေပိုမိုဆောင်ရွက်နိုင် ပါစေ လို့ဆန္ဒပြုလိုက်ပါတယ် ။  


kkkDecember 25, 20124min4385
Did you know Shakespeare invented the word ” assassination” and “bump.” Marilyn Monroe had six toes on one foot. Women blink nearly twice as much as men. Right handed people live, on average, nine years longer than left handed people do. The average chocolate bar has 8 insects’ legs in it. The average human eats […]


kkkDecember 4, 20111min4236
မန္တလေးဂဇက်ကို စောင့်ဖတ်ကြတဲ့ ကျွန်တော်တို့အတွက် ပိုကောင်းတဲ့စာတွေတွေ့လို့ ပြောလိုက်ရတာပါ။ သတင်းတွေလည်းပိုပြည့်စုံလာတယ် ၊ အခြားစာတွေလည်းဖတ်ရတာပိုအဆင်ပြေလာသလိုပဲ၊သူကြီးနဲ့ရွာသားအားလုံးကို ကျေးဇူးတင်ပါတယ်။ဓါတ်ပုံတွေလည်း ဝေဝေဆာဆာဖော်ပြလာလို့ ပိုပြည့်စုံပါတယ်လို့ပြောပါရစေခင်ဗျား။ အခုတလောကြားနေရတဲ့ နိုင်ငံရေး၊စီးပွားရေး အကြောင်းအရာတွေလည်း ပြည့်ပြည့်စုံစုံဖော်ပြလာတာတွေ့ရတယ်။ အခြားသော လူမှုရေးနယ်ပယ်အသီးသီးက အဖွဲ့အစည်းလေးတွေအကြောင်းလည်း ရေးကြပါဦးလို့တောင်းဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဆီမှာ ဒါမျိုးလေးတွေ လိုတယ်။လူမှုရေးကူညီမှုအသင်းအဖွဲ့လေးတွေ အကြောင်းကြားသိရတာ ဝမ်းသာပါတယ်။ မြို့တိုင်း၊နယ်တိုင်းမှာတွေ့နေရတဲ့ လူမှုရေးကူညီမှုအသင်းအဖွဲ့လေးတွေကို မြင်ရတာ စိတ်ချမ်းသာဖို့ကောင်းသလို ဝမ်းမြောက်ဝမ်းသာရှိလို့ သာဓုခေါ်ရပါတယ်။ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ် နဲ့အခြားသော သာရေး၊နာရေး ကူညီမှုအသင်းအဖွဲ့လေးတွေကို ကူညီပေးဖို့ လိုပါတယ်။ဒါဟာ ကျွန်တော်တို့လူမှုနယ်ပယ်မှာလိုအပ်နေတဲ့ကွက်လပ်လေးတစ်ခုဖြစ်လို့ ဝိုင်းဝန်းရေးသားကြဖို့ လည်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ပိုမိုပြည့်စုံလာတဲ့ ဂဇက်ဖြစ်လာအောင်ဝိုင်းဝန်းရေးသားကြတဲ့ ရွာသူရွာသားအားလုံးကို ကျေးဇူးတင်ပါတယ်။


kkkNovember 4, 20111min57718
MG မှာရေးထားတဲ့စာတွေကိုဖတ်ရတာ ကောင်းတာတွေအများကြီးလေ့လာရပါတယ်။အဲဒီလိုပဲ တချို့စာတွေကိုဖတ်ရတာ အားမရလို့ဒီစာကိုရေးတာပါ။ အများစုက ကောင်းပါတယ်။ဘာသာရေးဆိုင်ရာတွေ၊ဆေးသိပ္ပံဆိုင်ရာတွေနဲ့ သိသင့်သိထိုက်တဲ့ဆောင်းပါလေးတွေ ရေးတာတွေ့လို့ကျေးဇူးတင်ပါတယ်။ တချို့စာတွေဖတ်ရတာက အကြောင်းအရာမယ်မယ်ရရမရှိ၊တိုင်စာလိုလို၊ပစ်စာလိုလို၊အချက်အလက်ခိုင်ခိုင်မာမာမရှိ ဘာမှန်းမသိတဲ့စာတွေဖတ်ရတာစိတ်ပျက်လို့ ပြောတာပါ။ရေးသားသူတို့ရဲ့ အတွေ့အကြုံ၊IQ ၊ဗဟုုသုတမတူတာကိုတော့လက်ခံပါတယ်။အကျိုးမရှိတဲ့စာတွေဖတ်ရတာ အရသာမရှိသလို မတင်စေချင်ဘူး ပြောချင်တဲ့အချက်အလက်၊အကြောင်းအရာကို ပြည့်စုံအောင်လေ့လာပြီးပြောတော့ ပိုပြည့်စုံတာပေါ့။ ဒီထက်ပိုပြည့်စုံတဲ့ အချက်အလက်၊အကြောင်းအရာတွေရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျား…။