klnSeptember 13, 20101min2083
သက်တမ်းကုန်ခါနီး တင်သွင်းဆေးဝါးတစ်ချို့ကို တက္ကသိုလ်တချို့မှာ အခုလအတွင်း အခမဲ့ဝေပေးနေတယ်လို့ တက္ကသိုလ်ဆရာမတစ်ဦးထံက သိရပါတယ်။ တက္ကသိုလ်ဆရာမ ဒေါ်ဖြူပြာ (အမည်လွှဲ)က “ အစ်မတို့ တက္ကသိုလ်မှာ ဆေးကုမ္ပဏီတစ်ချို့က သူတို့ရဲ့ ဆေးတွေကို စာအိတ်လေးနဲ့ပိတ်ပြီး ဆရာမတွေကို အခမဲ့ပို့ပေးတယ်၊ အချို့ Sample နှစ်လုံးတွဲလေးတွေကို သူတို့ရဲ့ဆေးလက်ကမ်းအညွှန်းလေးနဲ့ တွဲချုပ်ပြီး ပေးတာလဲရှိတယ်၊ အားဆေး၊ အသားအရေလှတဲ့ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ အစာအိမ်ဆေးတွေ များတယ်၊ အခုဒီရက်ပိုင်းဝေပေးတဲ့ အစာအိမ်ဆေးဆိုရင် ရက်စွဲက သက်တမ်းကုန်ခါနီး ရက်ပိုင်းပဲလိုတော့တာကို တွေ့ရတယ် ” လို့ သူကြုံရပုံကို ပြောပြပါတယ်။ ရက်လွန်ခါနီးဆေးဝါး အခမဲ့ပေးတာက ဆေးရုံတစ်ချို့မှာဆိုရင်တော့ သိပ်အဆင်မပြေဘူးဟု ပြောကြားကြသည်။


klnSeptember 13, 20101min2002
တက္ကသိုလ်ကျောင်းတစ်ချို့မှာ ကျောင်းသားကျောင်းသူအယောင်ဆောင်ပြီး ငွေလိမ်တောင်းတဲ့ဖြစ်ရပ်အချို့ သည်နှစ်လ၊ သုံးလအတွင်း ပိုမိုအဖြစ်များလာတယ်လို့ ဆိုပါတယ်။ သည်လိုငွေလိမ်လည်တောင်းတဲ့အခါ ပေးမယ့်သူက ပေးချင်သလောက် ပေးလို့မရဘူး။ သူတို့တောင်းသလောက် မပေးရင်တောင် စိတ်ဆိုးကြတယ်လို့ ပထမနှစ်ကျောင်းသားတစ်ဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။ တောင်ဒဂုံမှ ဒုတိယနှစ်ကျောင်းသူ မသင်းသင်းက “ သူငယ်ချင်းတွေကို စောင့်နေတုန်း အသက် ၂၅နှစ်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦး ပိုက်ဆံလာတောင်းတယ်၊ သူ့သူငယ်ချင်းတွေနဲ့ သည်ကျောင်းကိုလာလည်ရင်း လူစုကွဲသွားလို့တဲ့၊ အဲဒါလမ်းစရိတ်မရှိတော့လို့ ပြန်စရာလမ်းစရိတ်ပေးပါဆိုတာနဲ့ ငါးရာပေးလိုက်တယ်၊ အဲဒါကို သူက ပြန်ရမှာဝေးလို့ မလောက်တဲ့အတွက် ကျပ် ၂၅၀ဝ လောက်ပေးပါလို့ ပြောတယ်၊ အဲဒီမှာ ညီမလည်း သိပ်မသင်္ကာတော့ဘဲ ရှိတာပေးတာ မလိုချင်ရင် ပြန်ပေးလို့ပြောလိုက်မှ ထွက်သွားတယ် ” လို့ ပြောပြခဲ့သည်။


klnSeptember 13, 20101min1843
မြန်မာနိုင်ငံတွင် ဒုတိယမြောက်လူဦးရေအများဆုံး၊ အကြီးဆုံးမန္တလေးမြို့တော်အတွင်းရှိ မျက်နှာဖွင့် မြေကျယ်သော မြေကွက်များ၏ ခေါ်ဈေးသည် စက်တင်ဘာလ ပထမပတ်အတွင်း ကျပ်သိန်းနှစ်သောင်းခွဲအထိ ဖြစ်ပေါ်နေကြောင်း မန္တလေးအခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များက ပြောကြားသည်။ မန္တလေးမြို့ ၃၅လမ်း၊ ၇၃လမ်း၊ ၇၄လမ်းနှင့် ၇၈လမ်းပတ်ဝန်းကျင်ရှိ မြေကွက်များ ကျပ်သိန်း ၅၀၀ဝမှ တစ်သောင်းကျော်အထိ ပေါက်ဈေးဖြစ်ပေါ်လျက်ရှိပြီး ရတာနာပုံဈေးနှင့် နီးစပ်သည့်အတွက် လုပ်ငန်းလုပ်ကိုင်လိုသူများ အများဆုံးဝယ်ယူကြကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံမှ ယူနန်နွယ်ဖွားများက အများဆုံးဝယ်ယူကြကြောင်း သိရသည်။ မြို့သစ် ၆၃လမ်း၌ ဇွန်လတွင် မျက်နှာဖွင့်ပေ ၄၀x ပေ၆ဝ ကျယ်မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၉၀ဝအထိ ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလတွင် ကျပ်သိန်းတစ်ထောင်ကျော်အထိ ဈေးမြင့်သွားခဲ့ကြောင်း၊ ယင်းသို့ခေါ်ဈေးမြင့်တက်လာသည့်အတွက် အဝယ်အေးသွားပြီး မြို့တွင်းပိုင်းမှ အချို့နေရာများသာ အရောင်းအဝယ်ပြန်ဖြစ်လျက်ရှိကြောင်း၊ မြို့တွင်းပိုင်းတွင်လည်း ဆက်လက်၍ […]


klnSeptember 7, 20101min1641
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သိန်း ၄ဝ ကျော် ရှိပြီး မဲရုံပေါင်း ၆၀၀ဝ ဝန်းကျင် ရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ၂၀၁ဝ ပြည့်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့တွင် ပါရှိသည့် အခန်း(၄) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ တွင် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း၊ ရွေးကောက်ပွဲ စတင် ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု ခွင့်ရသူ သို့မဟုတ် […]


klnSeptember 7, 20101min1431
နေပြည်တော်တွင် ချထားပေးလျက်ရှိသော ကျပ်ငါးသိန်းတန် ကမ်းရိုးတန်းဖုန်းဟု လူသိများသည့် စီဒီအမ်အေ ၄၅ဝ မဂ္ဂါဟတ်ဇ်မိုဘိုင်းဖုန်းများကို လာမည့်တစ်လအတွင်း တစ်နိုင်ငံလုံးသို့ သယ်ဆောင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုဖုန်းများကို မူလက နေပြည်တော်ဒေသအတွင်းသာ သုံးစွဲနိုင်မည့် Local Mobile အဖြစ် ချထားပေးခဲ့ခြင်းဖြစ်ပြီး ဝ၉- ၄၉ နံပါတ်ဖြစင့် စတင်သောဂဏန်း ၁ဝလုံးပါဖုန်းများဖြစ်သည်။ “ဒီဖုန်းတွေကို Roaming Charges တစ်ခုအနေနဲ့ ကောက်ခံပြီး တနိုင်ငံလုံးသုံးစွဲနိုင်အောင် ဖွင့်ပေးသွားမှာပါ။ ဒါပေမယ့် သုံးစွဲခကို လစဉ်ကြေးအနေနဲ့ ကောက်ခံသွားမှာလား၊ ပြောဆိုခအနေနဲ့ ကောက်ခံမှာလားဆိုတာ အတိအကျ မဆုံးဖြတ်ရသေးပါဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါဖုန်းများအတွက် လက်ရှိ ကောက်ခံသည့် ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ကျပ်ငါးဆယ်ဖြစ်ပြီး စက်တင်ဘာ ၁ရက်မှစတင်ကာ ဖုန်းခေါ်ဆိုခများအတွက် ကြိုတင်ငွေပေးကတ်စနစ်ကို ပြောင်းလဲအသုံးပြုခဲ့သည်။ […]


klnSeptember 6, 20101min1451
စနေနှင့် တနင်္ဂနွေ ရုံးပိတ်ရက်များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်းကို ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကဲ့သို့ စနေနှင့် တနင်္ဂနွေနေ့များတွင် အမည်စာရင်း တင်သွင်းခြင်းကို ဆောင်ရွက်နိုင်ခဲ့သည့်အပေါ် နိုင်ငံရေးပါတီများက ကြိုဆိုခဲ့ကြသော်လည်း မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း မပေးသွင်းနိုင်၍ နိုင်ငံရေးပါတီများ၏ တင်သွင်းနိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက် မျှော်မှန်းသည်ထက် နည်းပါးခဲ့ရကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ “ရန်ကုန်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၅ ယောက် မျှော်မှန်းထားပေမယ့် အယောက် ၂ဝ လောက်ပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်လာပါတယ်။ ပေးသွင်းရမယ့် ငွေကြေး မပြည့်လို့ အခုလို လျော့သွားရတာပါ”ဟု […]


klnSeptember 6, 20101min1602
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ အင်တာနက်ဆိုင်နှင့် အများပြည်သူ စိတ်လက်အပန်းဖြေရာ နေရာအချို့တွင် လုံခြုံရေးအရ တပ်ဆင်အသုံးပြုထားသော စီစီတီဗီ ကင်မရာများကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးထိပါးမှုများ ပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ခံ လူငယ်ထုနှင့် ကိုယ်တွေ့ ကြုံတွေ့ခဲ့သူများ၏ ပြန်လည်ပြောကြားချက်များအရ သိရှိရပါသည်။ ရန်ကုန်မြို့နေ လူထုအများစု၏ စိတ်လက်အပန်းဖြေရာ ပန်းခြံ၊ ဆိုက်ဘာကဖေးများနှင့် ရှော့ပင်းစင်တာများရှိ ဈေးဝယ်ထွက်သူများ၏ အဝတ်လဲခန်းများတွင်ပါ အများပြည်သူ မြင်သာမှုမရှိသည့် စီစီတီဗီများကို တပ်ဆင်ကာ ပုဂ္ဂိုလ်ရေး ထိပါးနှောင့်ယှက်ခြင်းများ ပြုလုပ်လာခဲ့သည်ကို တွေ့မြင်နေရကြောင်း မြို့ခံလူငယ်တစ်ဦးက ပြောပြခဲ့သည်။ “အွန်လိုင်းအပေါ်မှာ အခုလက်ရှိဖြစ်နေတာက အင်တာနက်ဆိုင် တချို့မှာ စကတ်တို ဝတ်ထားတဲ့ အမျိုးသမီးတွေလာရင် ကင်မရာခိုးတပ်ထားတဲ့ သီးသန့်ခုံမှာ ထိုင်ခိုင်းတယ်။ သူတို့ ထသွားရင် ဗီဒီယိုဖိုင်ကူးပြီး ဆိုင်က လူတွေကြည့်ရုံသာမက ဝက်ဘ်ဆိုက်ပေါ်ထိ တင်ကြတယ်။ ဒါက […]


klnSeptember 6, 20101min1421
သက်ဆိုင်ရာမှတ်ပုံတင်မထားတဲ့ အားဆေးအချို့ဆေးဝါးဈေးကွက်မှာ ရောနှောရောင်းချတာမျိုးရှိတယ်လို့ သိရတယ်။ ‘အားဆေးအချို့က ခွင့်မပြုဘဲ တားမြစ်ထားတာကြောင့် ခွင့်ပြုချက်ရထားတဲ့ဆေးဝါးတွေနဲ့ ရောနှောပြီး ရောင်းချတယ်၊ သုံးစွဲသူအတွက်နစ်နာသလိုလူကို အန္တရာယ်ပေးတာမျိုးဖြစ်နေရင် ကြောက်ဖို့ကောင်းတယ်’လို့ပြည်ပဆေးဝါးတွေကို တင်သွင်းရောင်းချနေတဲ့ ကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာကပြောပါတယ်။ သူကပဲဆက်ပြီး ‘ယခုဆေးဆိုင်အချို့မှာ ရောင်းချနေတဲ့အားဆေး၊ ပိုးသတ်ဆေးနဲ့ ထိုးဆေးအချို့ကမူရင်းကုမ္ပဏီက ရောင်းချတဲ့ဈေးနှုန်းထက်ပိုသက်သာနေတယ်၊ တချို့အားဆေးတွေဆိုရင် အမေရိကန်မှာနာမည်ကြီးတံဆိပ်ဖြစ်နေပြီးဒီမှာ ရောင်းတော့ တစ်လုုံးကျပ် ၁၀၀၊ ၁၅ဝလောက်ပဲရှိတယ်၊ အများအားဖြင့် လူကြီးတွေအသောက်များတဲ့အားဆေးတွေဆိုတော့ သတိထားသင့်တယ်’လို့ ပြောပါတယ်။ တချို့ဆေးဝါးတွေကျတော့ မူရင်းကုမ္ပဏီက ရောင်းချတဲ့ဆေးပုံစံမျိုးတစ်ထေရာတည်းလုပ်ပြီးရောင်းချကြတယ်လို့သိရတယ်။ အားဆေးဆိုရင် အာနိသင် မရှိတာမျိုး၊ ပိုးသတ်ဆေးဆိုရင်ဆန်မှုန့်၊ ဂျုံမှုန့်၊ ကော်မှုန့်တွေပဲထည့် ပြီးရောင်းတယ်။ ထိုးဆေးဆိုရင် မိုးရေပဲထည့်ထားတယ်။ ကုသမှုပိုင်းမှာမထိရောက်ဘဲအာနိသင်မရှိတာကြောင့် အခက်အခဲကြုံရတယ်လို့ဆက်ပြောပါတယ်။ ခွင့်ပြုချက်မပါတဲ့ဆေးဝါးတွေကိုတရားဝင်မှတ်ပုံမတင်ထားတဲ့ ဆေးဝါးကုမ္ပဏီအချို့က အဖွဲ့လိုက်ဆေးဆိုင်တွေမှာ လာသွင်းပြီးရောင်းချကြတယ်လို့သိရတယ်။ အဆိုပါ ဆေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ က ‘အခုဈေးကွက်မှာတွေ့ရတာက […]


klnSeptember 3, 20101min1753
ထိုင်းနိုင်ငံရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူသည့် နိုင်ငံအသီးသီးမှ လူနာများအနက် မြန်မာလူနာဦးရေသည် အများဆုံးစာရင်းတွင် ပါဝင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ တစ်နည်းအားဖြင့် မြန်မာလူမျိုးအချို့မှာ ကျန်းမာရေးစရိတ်အတွက် ငွေကြေးအကုန်အကျခံ သုံးစွဲလာသည့် အဓိပ္ပာယ်ကို ဖော်ဆောင်နေခြင်းဖြစ်သည်။ ”ထိုင်းနိုင်ငံက ဆေးရုံတွေမှာ ဆေးကုသမှု ခံယူတဲ့ မြန်မာဦးရေ တဖြည်းဖြည်း များလာပါတယ်။ ခွဲစိတ်ကုသမှုပိုင်းဆိုင်ရာ ဒါမှမဟုတ် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုအတွက် သွားကြတာပါ။ ခရီးသွား အများစုက စီးပွားရေးသမားတွေ၊ အားလပ်ရက်ရလို့ သွားသူတွေများတယ်။ ဒီလို ထိုင်းကိုလာကြရင်း ဆေးကုသတဲ့ မြန်မာလူနာတွေလည်း ရှိပါတယ်”ဟု ထိုင်းနိုင်ငံရှိ ဆေးရုံများသို့ ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာလူမျိုးများသည် စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် ဆေးကုသမှုခံယူရန် သွားရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံရှိ ဆေးရုံများသို့ […]


klnSeptember 3, 20101min1755
ကျန်းမာရေးဝန်ကြီးဌာနမှပြည်သူများစားသုံးရန်မသင့်ကြောင်းကြေညာထားသည့် နိုင်ငံခြားဖြစ်စားဆီအချို့ကို ဈေးကွက်ထဲတွင်ပြန်လည်တွေ့ရှိလာရကြောင်းသိရသည်။ အဆိုပါဆီများသည် အကြော်ခံပြီး တွက်ခြေကိုက်သောကြောင့် ရန်ကုန်ဝယ်လက်များသာမက နယ်ဝယ်လက်များကပါဝယ်ယူကြသည်ဟု သိရသည်။ စားသုံးဆီများကို ပြည်ပမှ တင်သွင်းလိုပါက ဦးစွာတင်သွင်းလိုသည့်ဆီနှင့်ထုတ်လုပ်သည့် သက်ဆိုင်ရာနိုင်ငံမှ FDA ၏ ထောက်ခံချက်၊ ဓာတ်ခွဲစစ်ဆေးချက်တို့ကိုတင်သွင်းမည့်နိုင်ငံ၏ FDA သို့အပြည့်အစုံတင်ပြရပြီး တင်သွင်းခွင့်ရပါက တင်သွင်းလာသည့်ဆီကိုFDA မှ ထပ်မံစစ်ဆေးပြီး ရောင်းချခွင့်ပြုကြောင်းစားသုံးရန်မသင့်ကြောင်းကြေညာထာသည့်ဆီများမှာ FDA မှ တင်သွင်းခွင့်ပြုထားသည့် ဆီများမဟုတ်ကြောင်းသိရသည်။ စားသုံးရန်မသင့်ကြောင်းကြေညာထားသည့် ဆီလေးမျိုးမှာ မလေးရှားနိုင်ငံထုတ် ကျောက်ပုစွန်နှစ်ကောင်( Star Oil ကြယ်နီပုံ) တံဆိပ်( ၁၈လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး) ၊ မလေးရှားနိုင်ငံထုတ် ကျောက်ပုစွန်တစ်ကောင်တံဆိတ်( ၁၈လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး) ၊ ရေနဂါး( Twin Sea Horse ) တံဆိပ်( ၁၈လီတာဝင် အဝါရောင်ပလတ်စတစ်ပုံး) […]


klnSeptember 3, 20101min1642
စီးပွားရေးလုပ်ငန်းရှင်များအား ကောက်ခံနေသော ဝင်ငွေခွန်နှုန်းထားများအပေါ်တွင် အခွန်စည်းကြပ်ပုံစံ ပြောင်းလဲလိုက်သောကြောင့် ဝင်ငွေခွန်ပေးဆောင်သည့် နှုန်းထားများမှာ သုံးဆနီးပါးမြင့်တက်လာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခုကဲ့သို့ ဝင်ငွေခွန်စည်းကြပ်သည့်နှုန်းများ မြင့်တက်လာရခြင်းမှာ အခွန်စည်းကြပ်သူများက ယခင်ကထက် သေချာစွာမေးမြန်း၍ စည်းကြပ်လာခဲ့ခြင်းများကြောင့် ဖြစ်သည်ဟု အထက်ပါပုဂ္ဂုလ်က ပြောကြားသည်။ “အရင်က လုပ်ငန်းရှင်တွေကို သေချာမေးတာမရှိဘူး။ အခုသေချာမေးပြီး စည်းကြပ်တဲ့အခါ အခြေအနေ ကွာသွားတာကြောင့် အရင်ကထက် ဝင်ငွေသုံးဆလောက် ပိုပြရတော့ သုံးဆတိုးကောက်တယ်ထင်တဲ့ သဘောပဲ ” ဟု ယင်းကပြောသည်။ လက်ရှိလုပ်ဆောင်လျက်ရှိသော ပုံစံမှာဝင်ငွေများကို သေချာစွာ စိစစ်၍ ဖော်ထုတ်နိုင်သည့် သဘောဖြစ်ကြောင်းသိရသည်။ ယခင်က အခွန်နှုန်းထား နည်းရခြင်းမှာ စည်းကြပ်သည့် နေရာတွင် ပေါ့ဆခဲ့ခြင်းကြောင့် အခွန်နှုန်းများ များစွာလျော့ကျခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အခွန်ကိုစိစစ်မှု အားနည်းခြင်း မရှိတော့၍ […]


klnAugust 19, 20101min1350
နေပြည်တော်၌ တည်ဆောက်လျက်ရှိသော လွှတ်တော်စီမံကိန်းအားယခုနှစ် အောက်တိုဘာလမတိုင်မီ အပြီးတည်ဆောက်သွားမည်ဟု စုံစမ်းသိရသည်။ ပြည်သူ့လွှတ်တော် အဆောက်အအုံအား ၂၀၀၈ခုနှစ်တွင် ACE ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၉၅ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကာ အချောသပ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်အဆောက်အအုံဝင်းအတွင်း ရွေးကောက်ပွဲကျင်းပရန် ခန်းမကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်အမတ်များနေထိုင်ရန်နှင့် သမ္မတနေထိုင်ရန် အဆောက်အအုံတို့အပြင်လွှတ်တော်သို့ဝင်ရောက်နိုင်မည့် အကျယ်ပေ ၆ဝကျော်ခန့်ရှိသော နှစ်လမ်းသွားသံထူကွန်ကရစ် တံတား ၂စင်းတို့လည်း ပါဝင်ကြောင်း သိရသည်။ လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးက “အခုလောလောဆယ်တော့ အပြင်ပိုင်းတွေပြီးစီးသွားပြီ။ အတွင်းပိုင်းအလှဆင်တာနဲ့ဆေးသုတ်ဖို့ပဲကျန်တယ်။ အောက်တိုဘာလမကုန်ခင်တော့ အပြီးလုပ်ဖို့လျာထားတာပဲ”ဟု ဆိုသည်။


klnAugust 19, 20101min1651
ထိုင်းနိုင်ငံမှတင်းသွင်းနေသည့် ဆေးဝါးများသာမက အိနိ္ဒယနိုင်ငံမှ တင်သွင်းလာသည့် ဆေးဝါးများပါဈေးနှုန်းများမြင့်တက်လာကြောင်း ဆေးဝါးဈေးကွက်မှ စုံစမ်းသိရသည်။ မြန်မာနိုင်ငံဆေးဝါးဈေးကွက်တွင်ထိုင်းနိုင်ငံထုတ်ဆေးများသည် ဈေးနှုန်းအမြင့်ဆုံဖြစ်ပြီး ယခုကဲ့သို့ ဈေးထပ်မံတက်ပါက သုံးစွဲသူများအတွက် အခက်အခဲရှိလာနိုင်ကြောင်းကိုလည်း ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီကြီးများက စိုးရိမ်နေကြောင်း ပြောဆိုသည်။ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲများရှိလာလျှင် မှတ်ပုံမတင်သည့် ဆေးဝါးများသည် ဈေးကွက်၌ ယခုထက်ပိုမိုများလာနိုင်သည်။ အက်ဖ်ဒီအေကလည်း ဆေးဝါးများအရည်အသွေးစစ်ဆေးခြင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်းတို့ကို အလျင်အမြန်ဆောင်ရွက်ပေးမှုကြောင့် ယခုနှစ်များတွင် တရားဝင်တင်သွင်းသည့် ဆေးကုမ္ပဏီများတိုးလာကြောင်း ကိုလည်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌဦးဝင်းစည်သူက ရှင်းပြသည်။ လက်ရှိပြည်တွင်းဆေးဝါးဈေးကွက်တွင် မြဝတီဘက်မှ ဆေးဝါးအဝင်မရှိသည့် အတွက်ထိုင်းနိုင်ငံထုတ်ဆေးဝါးများသည် တစ်ဆယ်ရာခိုင်နှုန်းမှ တစ်ဆယ့်ငါးရာခိုင်နှုန်း ထိဈေးမြင့်တက်လာသည်။ ထို့အပြင် ကုန်သည်များ၏ လက်ထဲတွင်လည်း ထိုင်းဆေးဝါးများပြတ်လပ်လာသဖြင့် အိနိ္ဒယဆေးဝါးများပါ အစားထိုးရောင်းချနေရသည်။ ယင်းကဲ့သို့ ထိုင်းနိုင်ငံထုတ် ဆေးဝါးများဈေးတက်သဖြင့် အစားထိုးရောင်းချသည့် အိနိ္ဒယဆေးဝါးများပါ ဈေးတက်လာရာအမျိုးအစားအလိုက်ငါးရာခိုင်နှုန်းမှ […]