မ်ိဳးကိုNovember 7, 20111min1249
အောင်ပန်းမြို့မှာ 29.10.2011 စနေနေ့ နှင့် 30.10.2011 တနင်္ဂနွေနေ့ မှာပြုလုပ်ခဲ့တဲ့ သာသနာရေးဆိုင်ရာ ဓမ္မစာပေ ဟောပြောပွဲ အသံဖိုင်ခွေကို နားကြားမိလို့ ဒီ post ကို ရေးဖြစ်တာပါ။ မြန်မာနိုင်ငံသည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ယုံကြည်ရာ ဘာသာတရားများအပေါ် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ပေးထားသောနိုင်ငံဖြစ်ပါသည်။ ယနေ့အစိုးရသစ်သည်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဦးတည် ဖော်ဆောင်နေသာ အစိုးရဖြစ်ပါသည်။ လူအမျိုးမျို်း၊ စိတ်အထွေအထွေဆိုသလို  အသိ၊ အမြင်အယူအဆများ မတူကွဲပြားနေကြသည်မှာလည်း မထူးဆန်းပါ။ ထိုမတူကွဲပြားမှုများအပေါ် မတူတာတွေဖယ် တူတာတွေနဲ့ လက်တွဲဆိုတဲ့ “မတူကွဲပြား ရင်ကြားစေ့မူဝါဒ“သာလျှင် ဒီမိုကရေစီ၏ ငြိမ်းချမ်းမှုဖြစ်သည်။ အဆိုပါ ဒီမိုကရေစီ၏ ငြိမ်းချမ်းမှုကို နိုင်ငံတော်အစိုးရသစ်မှ အကောင်အထည်ဖော်ဆောင်နေသည်မှာ တဖြည်းဖြည်းရုပ်လုံးပီလာပြီဟု ဆိုရမလိုဖြစ်ပါသည်။ ထိုကဲ့သို့  ဒီမိုကရေစီ၏ ငြိမ်းချမ်းရေးသို့ “မတူကွဲပြား ရင်ကြားစေ့မူဝါဒ”သဘောမျိုးနှင့် ဦးတည်နေသည့်ကြားကမှ ဘာသာရေးကိစ္စများတွင် အောင်ပန်း […]