ဒီနှစ်ဆန္ဒပြမှုဟာ မနှစ်ကလောက်တော့ မဆိုးလောက်ဘူးလို ့တော့ ထင်ရတယ်.. ဘာကြောင့်လဲဆိုတော့ ညနေ ရနာရီလောက်အထိ လိုင်းကား၊ အိမ်ကားတွေ သွားနေကြသေးလို ့.. လက်ရှိအစိုးရရဲ ့လုပ်ဆောင်ချက်တွေ၊ မသမာသောနည်းနဲ ့နောင်နှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေအပေါ် အတိုက်ခံပါတီက သန် ့ရှင်းစေခြင်း လို ့အဓိပ္ပါယ်ရတဲ့ (Bersih) ဆန္ဒပြပွဲတရားဝင်ပြုလုပ်မှာကြောင့် ဒီကနေ ့ကနေ စပြီး အဲ့ဒီ လွတ်လပ်ရေးကွင်းဝန်းကျင်လမ်းတွေကို ပိတ်ထားလိုက်ပါပြီ.. အစောကလေးတင် အဲ့ဝန်းကျင်ကိုရောက်ခဲ့လို ့ ရွာသူားတွေကို သိစေလိုတဲ့ မြင်စေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ ့ဒီပို ့စ်ရေးလိုက်တာပါ.. ကျနော်အဲ့ဝန်းကျင်သွား ဓါတ်ပုံရိုက်ပေမယ့် ဘယ်ရဲမှ မြန်မာပြည်မှာလို စစ်ဆေး မေးမြန်းခြင်းမရှိပါဘူး.. ရဟတ်ယာဉ်တွေလည်း ဒီညနေပိုင်းကစပြီး လွတ်လပ်ရေးကွင်းဝန်းကင်မှာ ၁၅မိနစ်တစ်ခါလောက် ဝဲနေပါပြီ.. ဒီဝန်းကျင်တည်းခိုခန်းတွေမှာလည်း အခန်းတိုင်းလူပြည့်နီးနီးလို ့သတင်းရပါတယ်.. ဒီပို ့စ်ကိုဖတ်ဖြစ်တဲ့ မလေးရှားရောက် […]