နေ့လည်၁၂းဝဝကျော်ပြီဆိုတော့ချက်ပြုတ်စားသောက်ပြီးသွားပါပြီ သရဲဇာတ်လမ်းပြန်စရေးပါပြီခင်ဗျ….. အိမ်ရှေ့မှာရှိတဲ့ဘုန်းကြီးကျောင်းကိုကျနော့်မမကခေါ်သွားပါတယ်… ကျောင်းအမည်က မြစ်ကွေ့ကျောင်းပါ ဒီကျောင်းမှာကျောင်းထိုင်ဆရာတော်တပါးရှိပါတယ် ဘွဲ့အမည်တော့မမှတ်မိတော့ပါ…. ဆရာတော်က ပယောဂါကုတဲ့နေရာမှာအင်မတန်မှနံမည်ကြီးပါတယ် ဆရာတော်ဆီလဲရောက်ရေား ဆရာတော်ကမေးပါတယ် ဘာဖြစ်လို့လဲပေါ့ ကျနော့်အမက ဆရာတော်ကိုပြန်လျှောက်ပါတယ် ကျမမောင်လေးမနေ့ညကအလုပ်လုပ်တဲ့စက်ရုံမှာအပမှီလာလို့ပါ ပေါ့ ဒါနဲ့ဆရာတော်က ခလေးရှေ့ကိုတိုးဘုရားကိုအားရုံပြုဆိုပြီးရှစ်ခိုးခိုင်းပါတယ် ရှစ်ခို့ပြီးတော့ကျနော့်ခေါင်းကိုကိုင်ပြီးနှုတ်ကနေအမိန့်ပေးတယ်လို့ထင်ရပါတယ် ကျနော်သိလိုက်တာကမျက်ရည်တွေကျလာတာကိုပါဘဲ.. အဲ့ဒီနောက်တော့ကျနော်ဘာမှမသိတော့ပါ… ကျနော်ပြန်သတိရတဲ့အချိန်မှာတော့ ဆရာတော်ကသူ့မှာဘာမှကပ်ညိနေတာမရှိတော့ပါဘူး ဒီရေမန်းကိုသောက်လိုက်ဆိုတာနဲ့ရေမန်းကိုသောက် ဆရာတော်ကိုကန်တော့ပြီးပြန်လာကြပါတယ်… အိမ်ရောက်တော့မမကပြောတယ်ဆရာတော်ကခေါင်းကိုကိုင်လိုက်တာနဲ့ မျက်ရည်တွေ တွေတွေကျရှိုက်ကြီးတငင်ငင် နဲ့ ဆရာတော်မေးတာတွေကိုခေါင်ငြိပ် ခေါင်းခါဘဲလုပ်တယ်စကားတော့မပြောဘူးတဲ့… ကျနော်ခေါင်းထဲမှာလဲနောက်ကြိကြိနဲ့အိပ်ချင်နေတာဘဲရှိတယ် နောက်တနေ့ကျပြန်တော့ ရွှေရင်ကျော် ဂိုဏ်ကဆရာတယောက်ရောက်လာပြန်ပါတယ် သူကလဲကျနော်ကိုရောဂါစစ်ပါတယ် သူကတမျိုးခင်ဗျ.. ဘုရားစင်ရှေ့မှာဘုရားကိုအာရုံပြုရှစ်ခိုးခိုင်း ပြီး သူ့ရှေ့မှ ထိုင်ခိုင်းပါတယ်လက်ဝါးနှစ်ဖက်ကိုဖြန့်ခိုင်းထားပါတယ် ဒီအချိန်မှာဆရာကစပြောပြီခင်ဗျ ဘုရားငါဆူအမိန့်ငါ့ဆရာအမိန့်(သူ့အမိန့်တော့မပါဘူးခင်ဗျ) ကဲမင်းကိုနှောက်ရှက်ထားတာဘယ်သူလဲ အစိမ်းဆို လက်ညိုး သရဲဆိုလက်ခလယ် ရွာသူဆိုလက်သကြွယ် စုံးဆိုလက်သန်း ကွေးပြ တဲ့ ဟုတ်တယ်ဗျလက်ခလယ်ကကွေးပြတယ်… ရွာသားတို့ရေ သရဲပူးတာကိုယ်တွေ့နော် သူငယ်ချင်းတွေနဲ့များစကားစပ်မိလို့သရဲအကြောင်းများပြောကြရင် […]