..ဖွဘုတ်ပေါ်မှာတွေခဲ့တဲ့ အံမခန်းသတင်းကြီးကို တို့ရွာသားများဘယ်လိုသဘောရှိကြမလဲသိချင်လို့ကူးတင်ပေးလိုက်ရပါတယ်…. ဇင် ဘာဘွေနိုင်ငံတွင် အမျိုးသမီးများက အမျိုးသားများကို အုပ်စုဖွဲ့မုဒိမ်းကျင့်သည့် ကိစ္စများကြောင့် ရဲတပ်ဖွဲ့မှာ ခေါင်းခြောက်နေကြောင်း သိရသည်။ လွန်ခဲ့သော ၁၁ လအတွင်း အမျိုးသား ၆ ဦးမှာ အမျိုးသမီးများက အုပ်စုလိုက် မုဒိမ်းကျင့်မှု ခံခဲ့ရသည်။ ရဲဌာနက ထိုကိစ္စအတွက် ရှက်ပြီး ရဲမတိုင်သော အမျိုးသားများလည်း ရှိနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်ရှိ ရဲသားတစ်ဦးသည် ဘူလာဝါယိုတွင် တာဝန်ထမ်းဆောင်နေစဉ် အသေးစား မီနီဘတ်စ်တစ်စင်းက အကူအညီတောင်းသဖြင့် သွားရောက်ခဲ့ရာ ကားထဲရှိ အမျိုးသမီး ၃ ဦးက ၎င်းအား ဝိုင်းချုပ်ခဲ့ကြသည်။ ယင်းသည် ရုန်းကန်ရန် ကြိုးစားသော်လည်း မျက်နှာကို မေ့ဆေးဖြင့် အုပ်ခံရပြီးနောက် သတိလစ်သွားကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဩဂက်စတင်းချီဟွာကဆိုသည်။ […]