Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မျက်နှာဖုံးစွပ်ထားသူများ အပါအဝင် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား ဓားများဖြင့် ဝိုင်းဝန်းခုတ်သတ်ခဲ့သည့် ဖြစ်စဉ်၌ ပါဝင်ခဲ့သူ ခုနစ်ဦး ဖမ်းဆီးရမိ

koyinmaungNovember 28, 20111min68627

eleven ဂျာနယ်ထဲကသတင်းတပုဒ်ပါ
ရန်ကုန်မြို့ကြီးမှာဒါလောက်အတင့်ရဲတဲ့လူသတ်မှု့မျိုးလုပ်ရဲတာ
ဘယ်လိုလူမျိုးတွေ ဘာကြောင့်လဲဆိုတာရွာထဲကရွာသားများသိယင်မျှဝေကြပါအုံး….
စိတ်ဝင်စားမိလို့ပါ

မျက်နှာဖုံးစွပ်ထားသူများ အပါအဝင် လူအုပ်စုတစ်စုက အသက် ၃ဝ အရွယ်ရှိ အမျိုးသားတစ်ဦးအား ဓားများဖြင့် ဝိုင်းဝန်းခုတ်ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူခုနစ်ဦး အား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ယင်းဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ရ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ၆ လမ်း အနီးအနားတွင် အသက် ၃ဝ အရွယ်ရှိ ကိုကျော်မင်းအား မျက်နှာဖုံးစွပ်သူများ အပါအဝင် လူအုပ်စုတစ်စုက ဝိုင်းဝန်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ကိုကျော်မင်းမှာ အဆိုပါနေ့ ည၌ သူငယ်ချင်းနှစ်ဦးနှင့်အတူ ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စားသောက်နေစဉ် ကိုကျော်မင်းမှာ သန့်စင်ခန်းသို့သွားပြီး ပြန်အလာ၌ ဆိုင်အတွင်းသို့ မျက်နှာဖုံး စွပ်ထားသူများအပါအဝင် လူအုပ်စု တစ်စုမှဓားများဖြင့် ဝိုင်းဝန်းခုတ်ခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် ကိုကျော်မင်းက ဆိုင်အပြင်သို့ ရောက်အောင်ထွက်ခဲ့သော်လည်း အပြင်ဘက်၌ လည်း မျက်နှာဖုံးစွပ်များ အပါအဝင် လူအုပ်စုတစ်စုက ဝိုင်းဝန်း၍ဓားများဖြင့် ခုတ်ထိုးသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက တရားခံများအား ဖမ်းဆီးနိုင်ရန်အတွက် သက်သေများအား ခေါ်ယူစစ်ဆေးနေကြောင်း၊ တရားခံဟုယူဆနိုင်သည့် ပုံသဏ္ဌာန်များကိုလည်း ခဲပန်းချီဆွဲ၍ ရှာဖွေစစ်ဆေးခဲ့ကြောင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

မျက်နှာဖုံး စွပ်ထားသူများအပါအဝင် လူအုပ်စုတစ်စုက အသက်၃ဝ အရွယ်ရှိ အမျိုးသားတစ်ဦးအား ဓားများဖြင့် ဝိုင်းဝန်းခုတ်ထိုးသတ်ခဲ့ သည့်ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ခုနစ်ဦး အား ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ဖြစ်သူ ဒုရဲမှူးဦးစိန်ရိုးက “ဒီနေ့အထိ တော့ တရားခံခုနစ်ယောက်ကို ဖမ်းမိ ထားပြီးသွားပါပြီ။ ဆက်လက်ပြီး စစ်ဆေး ဖော်ထုတ်သွားပါမယ်”ဟု နိုဝင်ဘာလ ၂၅ ရက်နေ့ကပြောကြား ခဲ့သည်။

၎င်းဖြစ်စဉ်ကို မြောက်ဥက္က လာပရဲစခန်းမှ (ပ)၅၂၄/၂၀၁၁၊ ပြစ် မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

27 comments

  • thit min

    November 28, 2011 at 4:50 pm

    တကယ်နော်။ တကယ်လုပ်ရမယ်နော်။
    လူစားလဲမထိုးရဘူး။ အဖမ်းပြပြီးလဲ မညှိရဘူး။
    တကယ် မိတယ်ဆိုရင်နောက်လူတွေ မြန်ပါတယ်။
    အားကိုးပါတယ် ကူညီပါရစေတို့ရယ်။
    တဂယ်ပါ။

  • lone

    November 28, 2011 at 4:51 pm

    အဲဒါ Forum ထဲမှာ တင်ပြီးသားကြီးလေ…ဖတ်ပြီးသွားပြီ koyinmaung ရေ…အသေးစိတ်ကို အဲဒီ့ထဲမှာ ဖတ်ကြည့်လိုက်ပါ…

    • koyinmaung

      November 29, 2011 at 2:50 pm

      lone ရေ fofum ထဲမှာအသေးစိတ်ရေးထားတယ်ဆိုလို့
      ရှာကြည့်တာ မတွေ့ဘူးဖြစ်နေလို့ဘယ်လိုရှာရမလဲ
      ထပ်လမ်းညွန်ပါအုံးနော်
      ဒို့ကလဲညံကိုညံတာပါ……

  • ဆူး

    November 28, 2011 at 4:54 pm

    စောစောကပဲ eleven မှာ တွေ့လိုက်တယ်။
    ဂျာနယ်တွေ ဖွလို့ လူတွေ သိတာ.. မဟုတ်ရင် သိမှာတောင် မဟုတ်ဘူး။

  • laypai

    November 28, 2011 at 5:24 pm

    အမှု သာ အမှန်တိုင်း စီရင် မယ် ဆိုရင် အဲဒီ လူ ၃ဝ ( တအုပ်စု လုံး ) ဘယ်လောက် ထောင် ကျနိုင် လဲ။

    • nigimi77

      November 28, 2011 at 6:52 pm

      Laypai

      အဲဒီ လူ ၃ဝ ( တအုပ်စု လုံး ) ….. လို ့တော့ မလုပ်နဲ ့လေ

      စာကို သေချာ ပြန်ဖတ်လိုက်ဦး ။ ရ ယောက်ပါ ။ အသတ်ခံရသူက အသက် ၃ဝ ပါ ။

      ဝင်ပြောပြလို ့ ရွှေစိတ်တော် မကောက်နဲ ့ဦး ။

      တကယ်လို ့များ ခင်ဗျားက နယ်က လူ ၊ ကျေးရွာ တခုခု မှာ နေတဲ့ လူဆိုရင်

      ဂျပိုးက လိပ်ဖြစ်သွားပြီး အယောက် ၃ဝ က ဝိုင်းသတ်ပါတယ် ဆိုတဲ့ ကောလဟာလ ဖြစ်

      လာနိုင်စရာရှိတယ် ။

      ကျုပ်သာ အမတ် တစ်ယောက်ဖြစ်လာမယ် ဆိုရင်ပေါ့ ။

      အဲဒီလို ကောင်တွေရယ် ၊ မုဒိမ်းကောင်တွေရယ် အတွက် သေဒဏ် ပေးနိုင်တဲ့ ဥပဒေ

      ကို တင်ပြဖို ့စဉ်းစားထားပါတယ် ။ ဒီမှာက လူသတ်တဲ့ ကောင် ထောင်ကျလှ အလွန်ဆုံး

      ၁ဝ နှစ်ပေါ့ ။ မပြည့်ခင် ပြန်လွတ်လာ ထပ်သတ်ပေါ့ ။ သေဒဏ်ဆို ဘယ်လိုနေလဲ ။

      ကြိုက်လား ။

      • ဦးဖွတ်ကျား

        November 28, 2011 at 7:07 pm

        အဟမ်း …. ဦးဖွတ်ကျား
        နည်းနည်းကီးမြင့်တွားဘီ ….
        lateral thinking အရ ဆွေးနွေးမယ်နော…
        အနှီ လူမိုက်ရယောက်သည် …စားရမဲ့၍သော်လည်းကောင်း
        ပညာမတတ်၍ ဆင်ခြင်တုံမဲ့၍သော်လည်းကောင်း မိသားစုအတွက်
        ဘာကိုမှ မငဲ့နိုင်၍သော်လည်းကောင်း ကျူးလွန်ခဲ့ရတယ် ဆိုချင်ပါတယ်ဗျ…

        ခြုံပြောရင် လူမိုက်ပေါ့ဗျာ …..မိုက်ချင်လွန်းလို့ မိုက်နေတဲ့လူတွေ ရှိမှာအမှန်ဖြစ်သလို
        ခေတ် စနစ်အရ အခြားအရာတွေ မပြည့်စုံလွန်းလို့ …..ပစ္စည်းမဲ့မာနတွေ ထကြွလွန်းလို့
        မိုက်ခဲ့ရတဲ့လူတွေလည်း ရှိနေလေတော့ ………..

        အခြေံလူတန်းစား သက်သာချောင်ချိရေး စားဝတ်နေရေးပြေလည်ရေးကို
        ဖော်ဆောင်ဖို့ လိုတယ်လို့ ထင်ပါတယ်..အူမတောင့်မှ သီလစောင့်မယ် မဟုတ်ပါလား…….
        သည်လိုဖော်ဆောင်ပြီးခါကျမှ အသစ်အသစ်ဖြစ်လတံ့သော မှုခင်းများမှာ…(မဖြစ်ပါစေနဲ့လို့တော့
        ဆုတောင်းပါ၏)ခေတ်စနစ် ကောင်းလျက်နဲ့ ကြိုးစားခွင့်ရှိလျက်နဲ့ ……အခြေအနေပေးလျက်နဲ့
        ရေသာခိုလို့မိုက်တယ် ..မိုက်တွင်းနက်လို့ မိုက်တယ်…ဂလို စိတ်ဓါတ်သိမ်ဖျင်းသူတွေ ကျမှသာ
        သေဒဏ် စဉ်းစားသင့်ကြောင်းပါ….

        ခုဟာက တော့ အင်း …. အလုပ်ရှင်လား ..ငွေရှင်လား ….ကျေးဇူးခံကျေးဇူးစားလား…
        လား…..လား….ပေါင်းများစွာမှာ …(ကိုရင်ပြောသလိုပဲ ၁ဝနှစ် ဆိုရင်တောင် လုံလောက်ပါတယ်ဗျာ….
        တကယ်က ) … သူတို့နောက်က မိဘ..မိသားစု …အစုံပေါ့ ……နောင် ၁ဝနှစ်ကြာတဲ့အခါ
        သူတို့တွေသည် ……လူကောင်းတွေဖြစ်ချင်ဖြစ်မယ်… လောကီကို စိတ်ကုန်လို့ သင်္ကန်းစီးချင်စီးမယ်. ….
        ပြန်မိုက်ချင်မိုက်မယ်ပေါ့. …(ပြန်မိုက်ရင် အထဲပြန်ထည့်ရမယ့် ဥပဒေတော့လိုတယ်. ..ခုကိစ္စလို
        လက်လွတ်စပါယ် မျိုး ကျူးလွန်ခွင့်မရအောင်တော့ နိုင်ငံသားတိုင်းကို ကာကွယ်ပေးနိုင်မယ့် အစိုးရတော့
        လိုတယ်…)

        အင်း ……..ဆက်ပြောရရင် ယောက်ျားချင်း …ဝမ်းဘိုင်ဝမ်း မယှဉ်နိုင်လို့
        ယောက်ျားစိတ်မရှိလို့ ….၆ဆံပဲရှိပြီး ၆စိတ်ဓါတ်အောက်တန်းကျနေတဲ့ ..ဟို သိန်း ဘယ်လောက်ပေးပြီး
        လူမိုက်ငှားတဲ့ကောင်ကိုတော့ ……ကိုရင်နဲ့ ကျုပ် စိတ်သဘောချင်းတူပါတယ်လေ..
        သတ်တာတောင် ညှင်း သတ်ရမှာဗျ. ….ဒါမှနောက်လူ လိုက်မလုပ်ရဲမှာ…

        ရှည်တွားဘီ
        တော်သေးဘီ

        ခင်တဲ့
        ဦးဖွတ်ကျား

        • nigimi77

          November 29, 2011 at 3:17 pm

          ဒါနဲ ့ ငဇာဂီ က ဘာလို ့ ဖွတ်ကျား ဖြစ်သွားရသဒုံး

      • laypai

        November 29, 2011 at 11:16 am

        လူ ၃ဝ လို့ အဖတ်ရှမ်း အရေးမှား မိတာ ကို တော့ ဂေဇက်ဝင် မိသားစု နဲ့ ပရိတ်သတ် အား လုံး အား အနူးအညွတ် တလေးတစား တောင်း ပန် ပါတယ်။

        ပြောချင် တဲ့ ရည်ရွယ် ချက် နဲ့ ရေးတာ နဲ့ လွဲ တော့ လည်း နီကိုရဲ ( – ) ဖြစ်တော့ တာ ပေါ့။
        ရင် ထဲ က စေတနာ အမှန် ကို ပြပါ ဆိုရင် အာလုံး ငြိမ်းချမ်း နေတာ ကို ပဲ သဘော ကျပါတယ်။
        ခု သေတဲ့ သူ ဘက် က သေသူ ကို မှီခို နေရသူ မိသားစု အလွန် ဆုံး ၁ဝ ယောက် ပေါ့၊ အတိဒုက္ခ ရောက် ကြ ရမယ်။
        ဘာပြစ်ဒဏ် ပဲ ချ ချ ပါ ခု ပြစ် မှု ကျူး လွန် သူ ဘက် က ရ ယောက် ကို မှီခို နေ ရ တဲ့ ဆက်စပ်တဲ့ မိသားစု ဘယ်နှစ်ယောက် လောက် အတိဒုက္ခ ရောက် ကြမလဲ ဆိုတာ ကို တွေး ရင်း ရေးမိတာ ပါ။
        ပြောရမယ် ဆိုရင် သေ သူ ရဲ့ မိသားစု က မှ ကူငွေ ရ အုံး မယ်။ ပြစ်မှု ကျူးလွန် သူတို့ တတွေ ရဲ့ မိသားစု ကတော့ ဒေါသ ရဲ့ နောက်ဆက်တွဲ ပြသနာ တွေ နဲ့ ရင် ဆိုင် ကြပေအုံး တော့ ပေါ့ လေ။

  • zaymdy

    November 28, 2011 at 5:28 pm

    အဓိက တရားခံက တစ်ယောက်တည်းပါ …သိန်း 20 ပေးပြီး သတ်ခိုင်းတယ်လို. ကြားပါတယ်… အဲလူပဲ ကို အပြစ်ပိုပေးသင်.တယ်…

  • blackchaw

    November 28, 2011 at 5:40 pm

    မီးဒုတ်မီးဒုတ်ရှို့ရှို့ လူသတ်သမားတွေ သတ်ပစ်
    မီးဒုတ်မီးဒုတ်ရှို့ရှို့ တာဝန်ရှိသူတွေ ဖြုတ်ဖြုတ်
    မီးဒုတ်မီးဒုတ်ရှို့ရှို့
    ဘာမှ မဟုတ်ပါဘူး။ ကိုကြောင်ကြီး အစားအော်ပေးတာပါ။

  • Gipsy

    November 28, 2011 at 5:59 pm

    တရားခံတွေမိတာ မြန်သားပဲနော်….
    ကူညီပါရစေ အဖွဲ့တွေက တစ်ကယ် အလုပ်လုပ်နေကြပြီလား…
    တစ်နိုင်ငံလုံးသိအောင် တင်ပြပေးနိုင်တဲ့ ဂျာနယ်တွေကို ကျေးဇူးတင်သည်…
    တစ်နိုင်ငံလုံးသိသွားတာမို့ ကူညီပါရစေတွေက မကူညီချင်လို့မရတော့တာ ဖြစ်မယ်…
    အထင်မသေးရဲသလို အထင်လဲ မကြီးဘူးဗျ….။

  • nigimi77

    November 28, 2011 at 7:01 pm

    Gipsy ရေ ။

    တရားခံတွေ မိတာ မြန်တာ အဲဒီ ရဲတွေ တော်တာထက်ကို မြန်မာနိုင်ငံက

    လူတွေရဲ ့ စပ်စု တတ်တဲ့ စိတ် အာချောင် တတ်တဲ့ အကျင့်တွေကြောင့်

    အမှုကို ဖော်ထုတ်နိုင်တာက ၉၉ ရာခိုင်နှုံးပါတယ် ဆိုတာ မမေ့နဲ ့ဦး ။

    ဂျာနယ်တွေ အကျိုး ကျေးဇူးက ကြီးပါတယ် ။ တတ်ကြပါတယ်။

    အတတ်ကျူးတော့ ဘီလူးဖြစ် ဆိုသလိုပဲ 7 Days ဂျာနယ်မှာ အဝေးပြေးကားမှောက်လို ့

    သေတဲ့ လူ အရေအတွက်က ဂျာနယ် တစ်စောင်ထဲရဲ ့ ဆောင်းပါး နှစ်ခုမှာ တခုက

    ၈ ယောက် ၊ နောက်တခုက ၉ ယောက် လို ့ရေးထား ။

    တော်တော့ကို ၆၃ အောင်တဲ့ ဂျာနယ်တိုက်က အကောင်တွေပဲ ။

    (၆၃ အောင် = ၆၃ မကျ )

    • ဦးဖွတ်ကျား

      November 28, 2011 at 7:25 pm

      ဒါပေါ့ တားတားတို့ရယ်
      ဒါကြောင့် အဘက မီဒီယာ ကို မီဒီးယာ နဲ့တိုက်မယ်
      ပြောဒါပေါ့ကွယ့် …

      တားတားတို့လို အွန်လိုင်းမျိုးချစ်ကဝိလေးဒွေလည်း
      အဘတို့နဲ့ ပူးပေါင်းလိုက်မယ်ဆို
      ၁ဝနှစ်အတွင်းမှာ အဘတို့ရဲ့ နိုင်ဂံဒေါ်ဂျီးဟာ
      ၆ကိုရီးယားကို ၆ရမ်း ကျော်တက်သွားမှာကွယ့်
      လူလေးတို့ရဲ့

      ပုံ
      ကျောချမ်း (အဆဲခံရမှာစိုး၍)
      ဝံဂျီး

      • cryingsoul

        November 29, 2011 at 9:51 am

        ဦးဖွတ်ကျား ရေကျွန်တော်ကသိပ်မသိပေမဲ. နိုင့်ငံအတွက်အကူညီသာလိုရင်အမြဲအဆင်သင်.ပါ ၁ဝစုနှစ်အတွင်း ၆ ကိုရီးယားကိုကျော်မယ်ဆိုတာတော.စိတ်ဝင်စားတယ်ဗျ သူတို.ထက်လဲယဉ်ကျေးမှုအသားပေး ကားလေးတွေ တင်ပြချင်တယ်ခင်ဗျ ကျွန်တော်စိတ်ထဲမှာဖြစ်နေတာလေးတွေဝင်တင်ပြသွားတာပါ (အမှားပါရင်ခွင်.လွတ်ကျနော်)

      • koyinmaung

        November 29, 2011 at 7:24 pm

        ကိုဖွတ်ကျားရေ ဒီနံမည်ကြီးပြောင်းစမ်းပါဗျာ
        ခေါ်ရတာမနိပ်လွန်းလို့ပါ………

  • Gipsy

    November 28, 2011 at 7:12 pm

    မှန်ပါတယ် ကိုတပ်မ … အာချောင်တဲ့ပြည်သူတွေ ကို အခြေခံပြီး ဟိုမေး ဒီမေးလုပ်
    ပြီးရင် နာမည်ခံ ဘွဲ့တံဆိပ်တွေရ ဒါပဲလေ…
    ဂျာနယ်တွေကလဲ အမြန်နှုန်း နဲ့ ပန်းကန် လုံးစီး ပြီးရင်ပြီးရော လုပ်နေကြတာ…
    သတင်းတစ်ခုတက်လာရင် ကိုရင် တပ်မ ပြောသလို မယုံဘူးဟေ့…မယုံဘူး…. 😆

  • cryingsoul

    November 29, 2011 at 9:57 am

    လုပ်တဲ.သူမိတာနဲ.တော. ဘာမှအထင်မကြီးသေးဘူးဗျာ ခိုင်းစေသူကအဓိကလေ သူကိုမိရင်တော.လေးစားတယ်ဗျာ နောက်ခံလူကဘာကောင်ကြီးဖြစ်နေဖြစ်နေ ဖမ်းရဲတယ် ဆိုရင်ပေါ့ မတရားခံရပြီး ငွေနဲ.ပစ်ပေါက်တာတွေ ပြည်သူတွေခံစားရပေါင်းမနည်းတော့ဘူးလေ အဲ.လိုကောင်စားမျိုးတွေများများဖမ်းမိသင့်ပါတယ်

  • ဆူး

    November 29, 2011 at 9:58 am

    ဒါနဲ့ သူတို့ ပိုက်ဆံ သိန်း ၂ဝ ဆိုပြီး ဒီမှာ ရေးထားတယ် တနေရာမှာ ကြားတော့ ၂၅ ဆိုလား.. ထားပါတော့ အဲလောက် ပိုက်ဆံ ပေးပြီး ခိုင်းရအောင်လည်း ဘာရန်ညိုးများ ရှိမလဲ ဇစ်မြစ်လေးတော့ သိချင်သား.. စပ်စုရန်ကော ဆိုပါတော့..

  • koyinmaung

    November 29, 2011 at 10:45 am

    ကျနော်လဲဒီလိုလူသတ်မှု့မျိုးကို နောက်ကနေခိုင်းတဲ့သူဘယ်သူလဲ
    ဘယ်လိုရန်ညိုးကြောင့်လဲ သိချင်လွန်းလို့ပို့စ်ကူးတင်လိုက်တာပါ
    သိတဲ့ရွာသားတွေမျှဝေကြပါအုံး…………

  • blackchaw

    November 29, 2011 at 10:59 am

    အဟမ်းအဟမ်းအဟမ်း (ဪ ဒီချောင်းနဲ့ကတော့ ခက်ပြီ)
    ဒီလိုပါတဲ့ဗျ။
    မနှစ်က တန်ဆောင်တိုင်မှာ စခဲ့တဲ့ ရန်ညှိုးပါတဲ့။
    သေတော့ မသေချာဘူးနော်။
    (ဟုတ်မဟုတ်ကတော့ ဦးဖွတ်ကြားကြီး
    သတင်းထုတ်ပြန်တော့မှ စိစစ်တော့။)
    အခုသေတဲ့ လူရဲ့ညီက မနှစ်က ကားတစ်စီးကို တက်မောင်းတယ်ဆိုလား။
    အဲဒါ လူအုပ်ထဲကို ဝင်သွားတယ် ဆိုလား။ လူသေတယ်ပေါ့ဗျာ။
    အဲဒီမှာ အခုအသတ်ခံရတဲ့ လူရဲ့ ညီကတဲ့ ထောင်ကျသွားတယ်ဆိုလား။
    အဲဒီရန်ညိုးလို့ အဲဒီရပ်ကွက်ထဲနေတဲ့ တက်စီမောင်းသူတစ်ယောက်က
    မသေမချာ သတင်းထုတ်ပြန်သွားပါတယ်ဗျာ။ ဟုတ်မဟုတ် ကတော့ စောင့်ကြည့်ဗျို့။

    • lone

      November 29, 2011 at 11:11 am

      ရှင်းပြသွားတာရှင်းနေတာပဲဆိုလား…ဘာမှန်းကိုမသိလိုက်ဘူး…ဆိုလား…. 🙂

    • koyinmaung

      November 29, 2011 at 2:44 pm

      ခုလိုသိသလောက်ဝင်ရှင်းပြသွားတာ
      ကျေးဇူးဘဲကိုဘလက်ရေ….
      နောက်လဲပိုသိတာလေးတွေရှိယင်
      ထပ်ရေးလိုက်ပါအုံး….

  • etone

    November 29, 2011 at 11:27 am

    ပိုက်ဆံ နှစ်ဆယ့်ငါးသိန်းကို လူဘယ်နှစ်ယောက်ခွဲယူရမှာလဲ … ။ တစ်ယောက်စီရတဲ့ ပိုက်ဆံ အတော်နည်းမှာပါပဲ … ။ တစ်ယောက် နှစ်ဆယ့်ငါးသိန်းရတယ်ဆိုလျှင်တောင် တဘဝလုံးနဲ့ ရင်းပြီး မလုပ်သင့်တဲ့ ဒုစရိုက်လုပ်ရပ်ပါပဲ … ။

  • Shwe Tike Soe

    November 29, 2011 at 12:55 pm

    လူတစ်ယောက်သတ်တာများ ယောင်္ကျား ရ ယောက်တောင်လိုလို.လား…
    တစ်ခုခုတော့ တစ်ခုခုပဲ.. ဘယ်လိုအညှိုးအတေးတွေလဲမှမသိတာ.

  • blackchaw

    November 29, 2011 at 3:03 pm

    ကိုရင်မောင်ရေ။
    lone ကလည်း ဘာမှန်းမသိလိုက်ဘူးဆိုလို့ ထပ်မန့်တာပါဗျာ။
    မနှစ်က တန်ဆောင်တိုင်တုန်းက အခုအသတ်ခံရတဲ့လူ နဲ့
    ဟိုဘက်က သတ်ခိုင်းတယ်လို့ ယူဆရတဲ့ လူတို့ ရန်ကြွေးရှိခဲ့တယ်လို့ ပြောပါတယ်။
    တရားဝင်သတင်းမဟုတ်လို့ ရွှတ်နေုာက်နောက် လျှောက်ရေးတာပါ။
    ကုသိုလ်ပွဲကနေ အကုသိုလ် တွေဆက်လာတဲ့သဘောပေါ့ဗျာ။
    ဒါတွေက မသေချာသေးတော့ ဒီတိုင်းပဲထားလိုက်ပါဗျာ။

  • unclegyi1974

    November 29, 2011 at 10:47 pm

    နဂျီရေ
    ရ ယောက်မိဆက်လက်ဖော်ထုတ်သွားမည်လို့ရေးထားလို့
    သတ်သူရယောက်မကဖူးလို့တွက်လို့ရပါတယ်
    ဒီလိုပြစ်မှုမျိုးကကြိုတင်ကြံစည်မှု
    မသေမချင်းသတ်မှု
    လက်နက်မှု
    လူအုပ်ဖွဲ့ရမ်းကားအနိုင်ကျင့်သတ်ဖြတ်မှု
    အမှုတွေအများကြီးဖြစ်နေပြီး
    စံပြအနေနဲ့ကိုပြစ်ဒဏ်ပေးနိုင်မှတော်ကာကျမဲ့အမှုမျိုးလို့ထင်မြင်မိပါကြောင်း
    ဥပမာပါဝင်သူထဲကပြစ်ဒါဏ်အနဲဆုံးသူထောင်ဒါဏ်၁ဝနှစ်
    နောက်ကျန်တာတွေကသူ့ထက် အထက်ပေါ့ကွယ်

Leave a Reply