( တို့ငယ်ငယ်ကဆရာကြီးဦးတင်အေး )
ဆရာကြီး အမည်ကဦးတင်အေး
သင်ပြသည့်အတန်းကစတုတ္ထတန်း
သင်ကြားသည့်ဘာသာကသချင်္ာ
ကျောင်းသားများကိုဆုံးမရန်ကိုင်ဆောင်ထားသောပစ္စည်းကတော့ ကြိမ်လုံးမဟုတ်ပါ
အပြားလေးလက္မခန့်ထုတစ်လက္မခန့်အရှည်သုံးပေကျော် ရှိသော စာသင်စာပွဲခုံအပျက်မှပျဉ်ပြားချပ်ဖြစ်ပါတယ်
ဆရာကြီးထိုင်သောခုံပေးတွင်နံရံကိုကပ်၍ထောင်ထားတတ်ပါသည်..
ဆရာကြီးဦးတင်အေးသည် စည်းကမ်းအလွန်ကြီး သလို အသင်အပြကလဲအရန်းကောင်းတဲ့ဆရာကြီးပါ
မနေ့ကပေးလိုက်သောသချင်္ာပုဒ်စာများကို ယနေ့ ကျောင်းခန်းထဲရှိ black book ပေါ်တွင် ထွက်၍အလှည့်ကျတွက်ခိုင်းတတ်ပါတယ်
ညနေကျောင်းဆင်းချိန်တွင်အလီကို ၂ အလီမှာ ၂၄ အလီအထိ အတည့်ပြောင်းပြန် အတန်းသားအားလုံးသံပြိုင်သီဆိုခိုင်းတတ်ပါတယ်
တပည့်တွေကလဲဆိုဖန်များတော့ ကျောင်းသားတိုင်းအလွတ်ရနေပါတော့တယ်
ကျောင်းဆင်းလို့အိမ်ပြန်ရောက်သည့်အခါမှာလဲ ကျောင်းစာအရင်လုပ်ရန် ပြီးမှ ကစားရန်မှာကြားထားပါတယ်
ဆရာကြီးကိုယ်တိုင် ကျောင်းဆင်းလို့အိမ်ပြန်ရောက်ပြီး တပည့်များရှိသည့်ရပ်ကွက်ထဲသို့ တကျော့ စက်ဘီးလေးစီးပြီးပြန်လာတတ်ပါတယ်
ဆော့နေတာများတွေ့လို့ကတော့ နောက်တနေ့ ကျောင်းရောက်လျှင် စာအယင်အမေးခံရတတ်ပါတယ်..
ရွာသားတို့ရေ အဲ့ဒီလိုမေးလို့ ရလျှင်ကိစ္စမရှိပါ အရလို့ကတော့ လေးတစ်လက္မအပြားနဲ့ဖင်နဲ့နှစ်ပါးသွားပါတော့တယ်
ကျနော်အဓိကပြောချင်တာကအဲ့ဒီပျဉ်ပြားအကြောင်းပါ..
အများအားဖြင့်ဆရာဆရာမများ တပည့်များကိုဆုံးမသည့်အခါ ကြိမ်လုံးကိုသာသုံးတတ်ကြတာပါ
ဆရာကြီးဦးတင်အေးတယောက်သာပျဉ်ပြားနဲ့ရိုက် ဆုံးမတတ်တာပါ ဒါကြောင့်လဲ
ကျနော်အပါအဝင်တပည့်များက အခြားဆရာတွေနဲ့စာယင်ဆရာကြီးဦးတင်အေးကိုပိုလို့ကြောက်ကြပါတယ်….
( ကျနော်တို့လက်ထက်လွန်ခဲ့တဲ့အနှစ်၃ဝကျော်ကဆရာကြီးများသည်အိမ်ခေါ်ကျူရှင်မသင်
လိုအပ်လျှင် ကျောင်းတွင်အချိန်ပိုခေါ်သင်တဲ့ဆရာကြီးတွေပါ )…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျောင်းတွေပြီးလို့အပြင်လောကထဲရောက်တဲ့အချိန် ဆရာကြီးဦးတင်အေးအပါဝင် ငယ်ဆရာများလဲပင်စင်စားတွေဖြစ်လို့ပေါ့
ကျနော်တို့တပည့်တွေက တိုင်ပင်ပြီး ငယ်ဆရာတွေကို ဆရာကန်တော့ပွဲလုပ်ကြပါတယ်..
ဆရာကန်တော့ပွဲလုပ်တဲ့အချိန် ကျနော်သတိထားမိတာကတော့ တချိန်က တပည့်တွေကိုအတူလက်တွဲညီညီ စာသင်ခဲ့ကြတဲ့
ဆရာကြီးဆရာမကြီးများ တနေရာထဲမှာပြန်လည်ဆုံစည်းကြသလို တချိန်က စာအတူသင်ခဲ့ကြတဲ့တပည့်တွေကလဲ အနယ်နယ်အရပ်ရပ်ကနေ
ပြန်လည်ဆုံစည်းခွင့်ရကြတဲ့ပွဲလေးမို့ ဆရာကြီးဆရာမကြီးတွေက ရှေ့ဟောင်းနှောင်းဖြစ်တွေပြောကြသလို တပည့်တွေကလဲ
ငယ်မူတွေပြန် အင်မတန်ပျော်ဘို့ကောင်းတဲ့ပွဲလေးပါ …
ဆရာကြီးတွေလဲအလှည့်ကျ တပည့်တွေကိုဆုံးမစကားတွေပြောကြပါတယ်..
ဒီလိုနဲ့ ဆရာကြီးဦးတင်အေးအလှည့်ရောက်တဲ့အခါ ဆရာကြီးပြောသွားတဲ့စကားထဲမှာ ငယ်ငယ်ကကျနော်တို့အကြောက်ကြီးကြောက်ခဲ့ရတဲ့
ပျဉ်ပြား အကြောင်းရောက်သွားပါတော့တယ်…
ဆရာကြီးကဘာပြောသွားသလဲဆိုတော့..တပည့်တို့ငယ်ငယ်ကမင်းတို့ကိုဆုံးမတဲ့အခါဆရာကကြိမ်လုံးကိုမသုံးဘဲပျဉ်ပြားကိုသုံးရတဲ့အကြောင်းက
ကြိမ်လုံးဆိုတာရိုက်လိုက်ယင်နာတယ် အသံမမည်ဘူးကွ ပျဉ်ပြားကျတော့ဒီလိုမဟုတ်ဘူး သူကအသံမည်တယ် ကြိမ်လုံးလောက်မနာဘူး
မင်းတို့ဒီအသံကိုကြောက်ကြတယ်မို့လား တဲ့
အော်..ခုတော့လဲတပည့်တွေအပေါ် စေတနာထားစာသင်ခဲ့ယုံမဟုတ် ရိုက်ပြီးဆုံးမတာတောင်စေတနာအပြည့်နဲ့အနာသက်သာအောင်
ဆုံးမခဲ့တဲ့ဆရာကြီးဦးတင်အေးကွယ်လွန်သွားတာတနှစ်ပြည့်တော့မယ်ထင်ပါရဲ့….
( ဟင်္သာတမြို့ အမှတ် ၃ အလက )ကျောင်းမှကျေးဇူးရှင်ဆရာကြီးဦးတင်အေး အား လွမ်းဆွတ်သတိရစွာမှတ်တမ်းတင်လိုက်ပါတယ်…
။။ယခုထက်တိုင် သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်းနှစ်စဉ်မပျက် ပင်စင်စားဆရာကြီးဆရာမကြီးများကိုဆရာကန်တော့ပွဲပြုလုပ်လျှက်ရှိပါကြောင်း။။
10 comments
ကြောင်ကြီး
May 1, 2012 at 9:35 am
ကိုရင်မောင်ဂ ဟင်္သတဂလား.. အရီးလေးဒေါ်ကျော့နဲ့ ဦးလေးသာဒင်တို့ကိုရော သိလား…။ မြို့လယ်ပိုင်းဂ.. သူတို့အိမ်ရှေ့မှာ ကက္ကိုပင်ဂျီးရှိဒယ်…။
ကိုရင်မောင်
May 1, 2012 at 5:24 pm
ဝုတ်ပါတယ်ကိုညောင်ကြီးရေ
အရီးကျော့တို့ဦးလေးသာဒင်တို့လဲသိပဗျာ
အိမ်ရှေ့က ကက္ကိုပင်လဲရှိပ…..
blackchaw
May 1, 2012 at 9:39 am
ကိုရင်မောင်ရေ။
ဆရာကြီးဦးတင်အေးအကြောင်းဖတ်မိတော့
ကျွန်တော်တို့ ငယ်ငယ်
အင်းမတပ်နယ် အလယ်တန်းကျောင်းက
အရိုက်ကြမ်းတဲ့ သင်္ချာဆရာဦးကျော်ရင် ကို သွားသတိရပါတယ်။
နားသယ်မွှေးလေးဆွဲပြီး နားရင်းများအုပ်လိုက်လို့ကတော့
ထူပူသွားတာပါပဲ။
လမ်းတွေ့ရင်တောင် ကြောက်ကြရတဲ့ ဆရာတစ်ယောက်ပါ။
မှတ်မိနေသေးတာက အဲဒီဆရာ ကျောင်းပြောင်းတော့
နှုတ်ဆက်ပွဲလုပ်ပါတယ်။
ဆရာက နှုတ်ဆက်စကားပြောရင်း မျက်ရည်မထိန်းနိုင်ပဲ
ငိုကြွေးတာကို တွေ့ရတော့ အံ့ဩမိတာပေါ့ခင်ဗျာ။
ပိုပြီး အံ့ဩဖို့ကောင်းတာက အရိုက်ခံရတဲ့ ကျွန်တော်တို့
ကျောင်းသားကျောင်းသူတွေကိုယ်တိုင်
ဝမ်းနည်းပြီး ငိုကြွေးနေမိကြတာကိုပါ။
အဲဒီကတည်းက မတွေ့တော့တဲ့ ဆရာ့ကို
အခုအချိန်ထိ ပြန်မတွေ့ရတော့ပါဘူးဗျာ။
ကျေးဇူးရှင်ဆရာတွေရဲ့ကျေးဇူးကို
သတိရအောင် ရေးပေးလို့ ကိုရင်မောင်ကို ကျေးဇူးတင်ပါတယ်ဗျာ။
ဦးဦးပါလေရာ
May 1, 2012 at 11:50 am
ကျုပ်လဲ ငယ်ငယ်က ကျောင်းသားအလိမ္မာလေးမဟုတ်တော့
ကြိမ်လုံးပေါင်းစုံနဲ့ နှစ်ပါးသွားခဲ့ရပါတယ်။
(တစ်ခါမှတော့ သေသေချာချာနာအောင် အရိုက်မခံရဖူးပါဘူး။
အဲဒါနောက်မှ တဖြေးဖြေးသဘောပေါက်လာတာ။)
ဒါပေမယ့်နော်….
ကျုပ်ကိုရိုက်ခဲ့တဲ့ဆရာတွေဟာ
ကျုပ်အခင်မင်အလေးစားဆုံးဆရာတွေဖြစ်ရုံမက
ကျုပ်နဲ့ အရင်းနှီးဆုံးဆရာတွေ ဖြစ်သွားတော့တာပဲ…။
aye.kk
May 1, 2012 at 5:59 pm
ကိုရင်မောင်..
ဟင်္သာတမြို ့ကဆရာကြီးဦးတင်အေးအကြောင်းကိုဖတ်လိုက်ရတော့..
ဆရာကြီးရဲ ့နှလုံးသားအလှတရားမြင်တွေ ့လိုက်ရပါတယ်..
မမေ့အပ်သောအနန္တဂိုဏ်းဝင်မြတ်ဆရာပါ၊ကျေးဇူးပြုဘူးခဲ့တဲ့
အနန္တဂိုဏ်းဝင်မြတ်ဆရာတွေကိုနှစ်စဉ်ကန်တော့ခွင့်ရတဲ့ကုသိုလ်..
ကုသိုလ်ပြုလုပ်ခွင့်ရတဲ့ကိုရင်မောင်ကိုလည်း..
လွန်စွာဘဲဝမ်းမြောက်မိရကာအားကျမိပါကြောင်းပြောပြလိုက်ပါရစေ။
ကိုရင်မောင်
May 1, 2012 at 8:07 pm
ကျနော့ရဲ့ပို့စ်ကိုဖတ်ပြီးသင်္ချာဆရာဦးကျော်ရင်ကို
လမ်းတွေ့ရင်တောင် ကြောက်ကြရတဲ့ ဆရာတစ်ယောက်ပါ…
ဆိုတဲ့ “ကိုဘလက်ချောကြီး”ရေ ကျနော်တို့လဲ ဆရာဦးတင်အေးကို
အသက်အရွယ်ရလာသည့်ထိ လမ်းမှာတွေ့ယင်
ကြောက်စိတ်မပြေသလိုခံစားရပါတယ်..
အားပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်။
“ဦးပါလေရာကြီး”ရေ ဆရာကြီးဦးတင်အေး ပျဉ်ပြားနဲ့ရိုက်တာ
တခါဘဲခံခဲ့ရဘူးပါတယ် အပြင်ကနေအတန်းထဲပြန်လာတဲ့
အချိန် တခန်းလုံးစကားပြောဆူနေလို့ တခန်းလုံးမတ်တတ်ရပ်ခိုင်းပြီး
ရိုက်တုန်းကပါ ဆရာကြီးကအရိုက်ကြမ်းပေမဲ့ စာသင်တဲ့အခါ
ရယ်စရာတွေထည့်ပြီးသင်တဲ့အတွက် တပည့်တွေကကြောက်ပေမဲ့
ဆရာကြီးကိုချစ်ကြပါတယ်…ခုလိုကော်မန်းရေးအားပေးသွားတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
“အေးကေကေ”ရေ အယင်ကတော့နှစ်စဉ်မပျက် ဆရာကန်တော့ပွဲကို
တက်ရောက်နိုင်ပေမဲ့ ဝေးတမြေကိုရောက်နေတဲ့ ခုအချိန်မှာတော့
အဝေးကဘဲ အလှူငွေထည့်ပြီးကန်တော့နိုင်ပါတော့တယ်…
ဝမ်းမြောက် အားကျမိတယ် သိရလို့ကျေးဇူးတင်ပါတယ်။
windtalker
May 1, 2012 at 8:17 pm
ကျုပ်တို ့ခေတ်ကြတော့ ကျူရှင်ခေတ် စပြီဗျ ။ ကျူရှင်ဆိုပေမယ့် ၊ ငွေရပြီးရော မဟုတ်ဘဲ နာသုံးနာ နဲ ့သေချာ ကျကျနန သင်ပေးခဲ့တာပါ ။ ကျူရှင်မတက်လို ့လဲ ဘာမှ မဖြစ်ခဲ့ပါဘူး ။ ကိုရင်မောင် တို ့ခေတ် က ဆရာ/မ များကတော့ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ် ။
surmi
May 2, 2012 at 12:02 am
ဒီစာကိုဖတ်ရတော. ငယ်စဉ်ကဆရာတွေကိုသတိရပါတယ် ။
ကျွန်တော်တို.တုန်းကလည်း ဆရာတွေကျူရှင်မပြကြဘူးဗျ ။ နားမလည်ရင် အချိန်မရွေးအိမ်သွားမေးလို.
ရတယ် ။ ပိုက်ဆံတပြားမှမရတဲ. စေတနာညကျောင်းဆိုပြီး ပြင်ပကစာမေးပွဲဖြေတဲ.သူတွေပါ သင်ပေးကြ
သေးတယ် …..။ ခုတော. ……မယုံရင် ပုံပြင်မှတ် လို.ပြောရမလိုပါဘဲ ဗျာ….။
Khin Latt
May 2, 2012 at 4:22 am
ကိုရင်မောင်ရှင့်
ဆရာကြီး ရဲ့ စေတနာကို လေးစားလှပါတယ်။
ကျွန်မ က မိန်းခလေးကျောင်း က မို့ ဆရာ အစား ဆရာမ များသာရှိပါတယ်။
ကြိမ်လုံးကိုလဲ တော်ရုံမကိုင်ပါဘူး။
ဒါပေမဲ့ တစ်ချို့ ဆရာမကြီးတွေ အပြောကြမ်းသလားမမေးနဲ့။
ကြိမ်နဲ့ ဆော်တာကမှ ခံသာဦးမယ်။
ဒါပေမဲ့ အဲဒီ မညင်သာတဲ့ အသံတွေ နောက်မှာ စေတနာ တွေ အပြည့်နဲ့ ဆိုတာ တဖြေးဖြေး သဘောပေါက်လာရပါတယ်။
အရင်တုန်းက ဆရာ/ဆရာမ ဆိုတာ စိတ်ထဲက ဝါသနာကို ပါလို့ကိုအလုပ်လုပ်တာမို့ စေတနာရော၊ အနစ်နာရော ပါနေတာပါ။
ကိုရင်မောင် ရဲ့ ဆရာကြီး က ဒီလို တပည့်ကောင်း အတွက် သာဓုခေါ်နေမှာပါ။
ကိုရင်မောင်
May 2, 2012 at 7:33 am
“ကိုပေ” ခေတ်တလျှောက်
တွေ့နေရတဲ့ဆရာဆရာမတွေထဲမှာ ကျနော်တို့ခေတ်ထိ
ဆရာဆရာမကြီးတွေ အတော်စေတနာပါကြပါတယ်..
ဆရာတွေရတဲ့လစာက မပိုလျံပေမဲ့ စားလောက်နေကြလို့လဲပါမှာပါ
ခုခေတ်ဆရာတွေ ရတဲ့လစာက စားမှမစားလောက်ဘဲကို
ဒီတော့လဲ မဖြစ်မနေပျက်ကိုလာရတယ် အကျင့်တွေ
ပျက်ပါများတော့အစဉ်အလာလိုဖြစ်သွားပါတော့တယ်….။။
ဟုတ်ပါတယ် “ကိုဆာမိ”ရေကျနော်တို့ခေတ်ကဆရာဆရာမကြီးတွေ
အကြောင်း ခုခေတ်ကလေးတွေ တွေ့ဘူးစေချင်ပါဘိ..
ခုခေတ်ကလေးတွေပြောပြောနေတဲ့စကားက အတန်းပိုင်ဆရာသင်တဲ့ကျူရှင်မသင်ရင်
အတန်းထဲမှာမျက်နှာငယ်ရတယ်ဆိုဘဲကို…
ဒါကလဲ စနစ်ဆိုးအောက်မှာဖြစ်နေရတဲ့ဆရာတွေနဲ့တပည့်တွေရဲ့ပြရုပ်လို့ဘဲဆိုချင်ပါတယ်။။
ခုလိုကောမန်းလေးနဲ့အားပေးသွားတဲ့ “အရီးလတ်”ကိုလဲကျေးဇူးတင်ပါတယ်။။