ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ရှိမန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလှ၏ ကိုယ်ကျိုးရှာလုပ်စားနေမှုများ အား ဖော်ထုတ်အရေးယူပေးပါရန် ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ လက်ရှိ မန်းနေဂျင်းဒါရို်က်တာရာထူးနေရာယူထားသော ဦးဣဒ္ဓိလှသည် ယခုလက်ရှိ MPT မှ ရောင်းချ လျှက်ရှိသော GSM Mobile Phone သန်း (၃၀) စီမံကိန်းမှ ၂ သိန်းတန် ဖုန်းကဒ်များကို နောက်ကွယ်တွင် သူနှင့် အကျိုး တူပူးပေါင်းဆောင်ရွက်လျှက်ရှိသော တပည့်များမှတဆင့် ကုမ္ပဏီများမှ တရားဝင်မရောင်းချခင်ကပင် မြို့အသီးသီးရှိဖုန်းဆိုင်များနှင့် ချိတ်ဆက်၍ ကြိုတင်ရောင်းချခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် GSM Phone Card များသည် အမှန်တကယ် ရောင်ချခွင့်ရက်မတိုင်ခင်ကပင် ဆိုင်အသီးသီး၌ ကြိုတင်ဝယ်ယူရရှိနိုင်ကြပြီး ဆိုင်များမှလည်း ဖုန်းကဒ်များအား မည်သည့်နေ့တွင် လိုင်းပွင့်မည် စသည်ဖြင့် လိမ်လည်ပြော ဆိုကာ ရောင်းချခဲ့ပါသည်။ လက်ရှိရောင်းချခွင့်ရရှိထားသည့်ကုမ္ပဏီများသည်လည်း ကိုယ်စားလှယ်အဖြစ် ရရှိရေးအတွက် […]