စစ်ကိုင်းတိုင်းဒေသကြီး india နယ်စပ် တမူးမြို ့မှ ဓါးပြများ တမူးမြို ့ ကားဝင်းအတွင်းရှိ နကသ(နယ်စပ်ကုန်သွယ်ရေး) အဖွဲ ့မှ india နိုင်ငံထုတ်ပစ္စည်းအနည်းငယ်တင်ထားသော မုံရွာမြို့သို ့ပြေးဆွဲနေကြသော မှန်လုံကားများကို ကား ၁စီးလျှင် ငွေကျပ်(၄) သိန်းပေးရမည်ဟု တောင်းနေပါသည်။မပေးလျှင် ပစ္စည်းများကိုဖမ်းမည်ဟု ခြိမ်းခြောက်ပါသည်။ တမူးမြို ့မှ ၃ မိုင်ခန် ့ အကွာအဝေးရှိ ၃မိုင်ရဲဂိတ်မှလည်း ဂျူတီမဲ့ ပစ္စည်းများကို ဖမ်းမည်ဟု ခြိမ်းခြောက်ပါသည်။အဖမ်းမခံချင်လျှင် ငွေ(၂)သိန်းပေးရမည်ဟု တောင်းပါသည်။ တမူးမြို ့မှ ခမ်းပါတ်မြို ့သို ့ သွားသောလမ်းတလျှောက်တွင်လည်း မူးယစ်အဖွဲ ့၊စသုံးလုံး အဖွဲ ့၊ S P အဖွဲ ့များက ဓါးပြတိုက်နေသကဲ့သို ့ မှန်လုံကားများနောက်မှ ဆိုင်ကယ်များဖြင့်လိုက်တောင်းနေကြပါသည်။ […]