mickylayMay 4, 20101min300713
အဖွားနဲ ့မြေးဇတ်လမ်းတဲ့နော်။ အရှုးထကြတာ နေမှာပါ။ အနောက်နိုင်ငံတွေမှာက ဒီလိုတွေ အရှုးထတက်ကြတာပဲလေ။ Pearl Carter နှင့် Phil (မြေးဖွား လင်မယား) အသက် ၇၂ ရှိပြီးဖြစ်တဲ့ Pearl Carter တစ်ယောက်ကတော့ ယောက်ျားငယ်ငယ်လေး ရထားတော့ အပျော်ကြီးပျော်နေမှာဖြစ်ပါတယ်။ နောက်ပြီး ခလေးယူဖို့အတွက်ပါ ကြိုးစားနေတယ် လို့လဲဆိုပါတယ်။ ဒါပေမဲ့ ပင်စင်ရနေပြီဖြစ်တဲ့ သူအသက်အရွယ်နဲ့တော့ ကိုယ်တိုင် ကိုယ်ဝန်လွယ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ခလေးလိုခြင်လွန်းလို့ သူတို့နှစ်ယောက်ရဲ့ မျိုးဥကိုယူပြီး အမေရိကန်ဒေါ်လာ ၅၄ဝဝဝ ကျော်အကုန်ခံပြီး အငှား ကိုယ်ဝန်လွယ်ဖို့ အတွက်ကြိုးစားခဲ့ပါတယ်။ သူဟာ ဘာကြောင့်ဒီအသက်အရွယ်ရောက်တော့မှာ မိခင်တဖန် ပြန်ပြီးဖြစ်ခြင်ရတာလဲ၊ ဒါထက်ပိုပြီးတော့ တုန်လှုပ်ဖို့ကောင်းတာကတော့ သူ့ရဲချစ်သူ ယောက်ကျားဟာ သူ့မရဲ့မြေးဖြစ်နေလို့ဘဲဖြစ်ပါတယ်။ နာမည်ကတော့ Phil Bailey ဖြစ်ပြီး အသက် […]


mickylayMay 4, 20101min67514
၁ ။ ကောင်လေးက ကောင်မလေးကို ကိုယ့်ကို အမြဲတမ်းသတိရနေပါလို့ဟြေချင်ရင် အလှစိုက်သစ်ပင်လေးပေးပါ ။ ကောင်မလေးက ကောင်လေးကို ကိုယ့်ကို အမြဲတမ်းသတိရနေပါလို့ဟြေချင်ရင် ဦးထုပ်လေးပေးပါ ။ ၂ ။ ကောင်လေးက ကောင်မလေးကို မင်းရဲ့ရည်မှန်းချက် အောင်မြင်အောင်ဆုတောင်းပေးပါတယ်လို့ဟြေချင်ရင် စက္ကူကြိုးကြာရုပ် (၁၀၀၀) လုပ်ပေးပါ ။ ကောင်မလေးက ကောင်လေးကို မင်းရဲ့ရည်မှန်းချက် အောင်မြင်အောင်ဆုတောင်းပေးပါတယ်လို့ဟြေချင်ရင် စက္ကူပန်းပွင့် (၁၀၀၀)လုပ်ပေးပါ ။ ၃ ။ ကောင်လေးက ကောင်မလေးကို ကိုယ့်ကိုမေ့လိုက်ပါတော့လို့ဟြေချင်ရင် မီးခြစ်လေးပေးလိုက်ပါ ။ ကောင်မလေးက ကောင်လေးကို ကိုယ့်ကိုမေ့လိုက်ပါတော့လို့ဟြေချင်ရင် ဆေးလိပ်ဟြခွက်လေးပေးလိုက်ပါ ။ ၄ ။ ကောင်လေးက ကောင်မလေးကို အနေဝေးလို့မေ့မသွားပါနဲ့လို့ဟြေချင်ရင် ဒိုင်ယာရီစာအုပ်လေးပေးလိုက်ပါ ။ ကောင်မလေးက ကောင်လေးကို အနေဝေးလို့မေ့မသွားပါနဲ့လို့ဟြေချင်ရင် ဖောင်တိန်လေးပေးလိုက်ပါ ။ […]


mickylayMay 4, 20101min2432
တစ်ခါက လူတစ်ယောက်ရှိတယ်။ သူကသူ့ကိုယ်သူ ပညာရှိလို့ အထင်ကြီးနေတဲ့သူပေါ့။ သူ့ တပည့် အခြွေအရံတွေကလည်း သူ့နားမှာဝိုင်း မြှောက်ပင့်စားနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့တပည့်တွေထမ်းလာတဲ့ ဝေါယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ မြို့ထဲကိုထွက်လာရော လမ်းတစ်နေရာလည်းရောက်ရော လူတွေက သူ့ကို ” ငတုံးကြီး ” ဆို လက်ညိုးဝိုင်းထိုးပြီး အော်လှောင်ကြပါလေရော။ ဒီတော့ ပညာရှိဆိုသူက သူ့တပည့်ကို ” လူတွေက ငါ့ကို ငတုံးကြီးလို့ ခေါ်နေပြီ..သွားစမ်းကွာ မင်း ငတုံးသုံးယောက် ရအောင်အမြန်သွားရှာ ဖမ်းခေါ်လာခဲ့။ သူတို့ရှိမှ ငါခံသာမှာ။ မြန်မြန်သာသွားရှာချေ” လို့အမိန့်ပေးလိုက်တယ်။ ဒါနဲ့ တပည့်လုပ်သူလည်း ငတုံးရှာပုံတော် ဖွင့်တော့တာပေါ့။ မြို့တစ်နေရာရောက်တော့ လူတစ်ယောက်က ခေါင်းပေါ်မှာ လေးပင်တဲ့အထုပ် တစ်ထုပ်ရွက်လို့ မသက်မသာပုံစံနဲ့ မြင်းစီးလာတာ တွေ့လိုက်ရတယ်။ ဒါနဲ့ ” […]


mickylayApril 29, 20101min4358
ကဲ သူငယ်ချင်းတို့ရေ ဟန်နီဒီနေ့တော့ အကြံပေးဆွေးနွေးလို့ကောင်းမယ့် ပို့စ်အသစ်လေးတင်မယ်နော်…. အားလုံးဘဲ ဒီပို့စ်လေးကိုဖတ်ပြီး ဝေဖန်ဆွေးနွေးပေးကြပါဦးနော်……(အထူးသဖြင့် မလေးရောက် ညီအကိုမောင်နှမများပေါ့) ဟန်နီ မလေးကိုရောက်တာ သိပ်မကြာသေးပါဘူး……ဟန်နီ့ထက် ဝါရင့် သဘာရင့် အကိုတွေအမတွေအများကြီးပါဘဲ….ဟန်နီရေးတဲ့ပို့စ်က မှားတာတွေရှိမယ်…..လွန်တာတွေရှိမယ်ဆိုရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်….ကြိုပြီးတော့တောင်းပန်ပါတယ်နော်…… ဟန်နီ ဆွေးနွေးချင်တာက ဒီလိုပါ…. မလေးရှားက မကောင်းဘူးလို့ပြောကြတယ်…..အထူးသဖြင့် မိန်းကလေးတွေအတွက် မကောင်းဘူးလို့ပြောကြပါတယ်….မှန်ပါတယ်….အခုအချိန်မှာ မလေးရှားနိုင်ငံမှတင် မဟုတ်ပါဘူး…နိုင်ငံတော်တော်များများမှာပါ အလုပ်အကိုင် အခြေအနေယိမ်းယိုင်နေတာပါ….. စီးပွားပျက်ကပ်ဆိုက်နေချိန်မှာ ဘယ်နိုင်ငံမှာမှ အလုပ်အကိုင်အခွင့်အရေး မကောင်းပါဘူး….အားလုံးသိပြီးသားပါ….. ဒါကြောင့် မလေးရှားမကောင်းဘုူးလို့ပြောလို့ရသလို…..လုံးဝကြီးမကောင်းတာလည်း မဟုတ်တော့ အဲ့လိုပြောလို့မရ ပါဘူး…… မိန်းကလေးတွေအတွက် မလေးရှားက မကောင်းဘူးလို့ပြောတဲ့အချက်ကို ဆွေးနွေးကြရအောင်နော်….. မိန်းကလေးတွေအတွက် (အထူးသဖြင့် မြန်မာမလေးတွေအတွက်) မလေးရှားမှ မဟုတ်ပါဘူး…ဘယ်နိုင်ငံမှာမဆို နေတတ်မှ လုံခြုံအဆင်ပြေမှာပါ……..မနေတတ်ဘုူး…..ကိုယ့်ဂုဏ်သိက္ခာကို မထိန်းသိမ်းနိုင်ဘူးဆိုရင်…..ကိုယ့့်အိမ်မှာဘဲ ကိုယ်နေတာတောင်မလုံခြုံပါဘူး….အဲ့ဒါ မြန်မာတွေအတွက် သီးသန့်မဟုတ်ဘူးနော်……မိန်းကလေးအားလုံးအတွက်ပါ….. အခု ဟန်နီ […]


mickylayApril 23, 20101min2483
ကံဆိုးစွာနဲ့ပဲ…အကြတ်နေ ့မှာ X 2 O ကိုသွားဖို့အကြောင်းဖြစ်လာတယ်… ဘယ်မှမသွားဘူးနေရာကနေ… မောင်နှမတွေ…လာခေါ်လို့လိုက်သွားမိပါတယ်.. မနက်ပိုင်း ရေပိတ်တဲ့အချိန် 12 နာရီထိ အေးအေးဆေးဆေးပါပဲ.. ရေပိတ်လိုက်တော့ .. မဏ္ဍပ်က ကဒ်နဲ့ပေးတဲ့ ဒန်ပေါက်ဗူးကိုယူြူပိး ကန်တော်ကြီးထဲ မှာ အေးအေးလူလူသွားစားသောက်နေသေးတာပါ မနက်ပိုင်းတပိုင်းလုံးလဲ…ကန်တော်ကြီးထဲ ပြေးပြေးပြီး ဖလားဝါးနေသေးးး..တွေးတွေးပြီးကျောက ချမ်းသေး… ကံကောင်းတာက…အတူပါသူတွေက ရေပြန်ပေးတဲ့.. နေ ့လည်၃နာရီမှ မဏ္ဍပ်ပေါ်ပြန်တက်မယ်တဲ့ ပြန်တက်ရင် မဏ္ဍပ်ညာဘက်ခြမ်းကနေတက်ရမှာပါ… ဖြစ်တာကလဲ ညာဘက်ခြမ်းမှာပါ.. အဲ့ဒါနဲ့ စားသောက်ပြီး….1 း45 လောက်မှာ မဏ္ဍပ်ကရေပြန်ပေးနေတာနဲ့ သွားချင်စိတ်က ပေါက်လာပါတယ်..3နာရီထိမစောင့်လိုက်တာ ကံကောင်းတာပါ…၃နာရီမှ တက်မယ်ဆိုလဲ ကန်တော်ကြီးကနေမဏ္ဍပ်ပေါ်ကိုအဲ့နားကနေဖြတ်တက်ရမှာပါ…. ဘယ်ချိန်တွေးတွေး ကြက်သီးထပါတယ် မဏ္ဍပ်ပေါ်ကို နေ ့လည် 2နာရီပြန်ရောက်တာပါ ဖြစ်မယ့်အချိန် 3နာရီလောက်မှာ…အောက်ဆင်းဖို့ကြံရွယ်နေသေးတာပါ.. အောက်မှာ..သွားဝယ်ဖို့လေ… သူဝယ်ငါဝယ်နဲ့… အလုပ်ရှုပ်နေလို့သာပေါ့…… […]


mickylayApril 22, 20101min3004
”ရှက်စိတ်ဆိုတာဟာ ခေတ်တွေပြောင်းလဲလာတာနဲ့အမျ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေလည်း ပြောင်းသွားကြပြီဖြစ်ပါတယ်။ တစ်ချိန်က ရှက်စရာဟာ နောင်တစ်ချိန်ကျတော့ ရှက်စရာ မဟုတ်တော့ပါဘူး။ ရှက်စရာဆိုတာ ဟာ ဘာတွေကိုခေါ်တာလဲလို့တောင် ပြောဖို့ ခက်လာပါတယ်” ၁၉၉ရ ခုနှစ် မတ်လထုတ် သင့်ဘဝ မဂ္ဂဇင်းတွင် မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြခဲ့သော ‘ရှက်စိတ် ကမ္ဘာမှာ လျော့နည်းလာပြီလား’ ဆောင်းပါး၌ ဆရာလူထုစိန်ဝင်းက ထိုသို့ ထည့်သွင်းရေးသားထားခဲ့ သည်။ ၁၉၉၇ ခုနှစ်ကိုကျော်လွန် အပြီး ၂၀၁ဝ ပြည့်နှစ်သို့ရောက်ရှိလာခဲ့သော ယနေ့အချိန်တွင် ဆရာ လူထုစိန်ဝင်းပြောထားခဲ့သကဲ့သို့ပင် ရှက်စိတ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် များက ပြောင်းလဲသွားပြီလားဟု မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါသည်။ ဟီရိဩတပ္ပတရားဆိုသည်မှာ အရှက်အကြောက်တရားမရှိသော လူသည်လူမဟုတ်ကြောင်း၊ လူပီသ သော လူတစ်ယောက်ဖြစ်ရန်အတွက် ဟီရိဩတပ္ပတရားနှင့် ပြည့်စုံမှသာ ဖြစ်နိုင်ကြောင်း စသည့်ဖွင့်ဆိုချက် များရှိခဲ့ပါသည်။ ထိုဖွင့်ဆိုချက်များ ကို […]


mickylayApril 22, 20101min3613
တစ်ခါက နာမည်ကြီးရုပ်ရှင် မင်းသားတစ်ယောက်က သူ့အိမ်မှာ နတ်ကန္နားပေးသည်။ ထိုပွဲကို တက်ရောက်ချီးမြှောက်သောနာမည်ကြီး စာရေးဆရာမတစ်ဦးက နတ်ကန္နားပွဲပေးတာကို ‘ရိုးရာယဉ်ကျေးမှုဖြစ်ကြောင်း’ ဧည့်သည်မှတ်တမ်း၌မှတ် ချက်ရေးခဲ့သည်။ ထိုအခါ အခြားနာမည်ရှိ အမျိုးသားစာရေးဆရာတစ်ဦး က နတ်ကန္နားပေးခြင်းသည် ရိုးရာအစဉ်အလာဟု သာဆိုနိုင်သည်။ ယဉ်ကျေးမှုဟုမဆိုနိုင်ကြောင်း၊ ရိုးရာနှင့်ယဉ်ကျေးမှုသည် တချို့တွဲလျက်ရှိသော် လည်းတချို့က ခွဲလျက်ရှိကြောင်း၊ ကွဲပြားကြောင်းရေးသားခဲ့သည်ကို မှတ်မှတ်ရရဖတ်ခဲ့ဖူးသည်။ ယဉ်ကျေးမှုနှင့်ရိုးရာသည် တချို့မှာ အရတူတစ်ထပ်တည်းကျကွဲပြားမှု မရှိသော်လည်း တချို့မှာအရမတူတစ်ထပ်တည်းမကျ ကွဲပြားနေသည်လည်းရှိသည်။ တချို့ရိုးရာအစဉ်အလာတို့သည် ယဉ်ကျေးမှုဟုမဆိုနိုင်။ အမှန်ကမြန်မာ့ယဉ်ကျေးမှု သည် ဘုရားတရားသံဃာရတနာမြတ်သုံးပါးမှ ဆင်းသက်လာသည်။ ရတနာမြတ်သုံးပါးနှင့်တိုက်ရိုက် ဆက်စပ်နေသည်။ ပုဂံရှိဘုရားဟောင်းစေတီ ပုထိုးများကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဟု သတ်မှတ်ကြသည်မဟုတ်လော။ မြန်မာစာပေသည် မင်္ဂလသုတ် မှလာခဲ့သလို မြန်မာ့ယဉ်ကျေးမှုကလည်း မင်္ဂလသုတ်မှလာခဲ့သည်။ မင်္ဂလသုတ်ပါ ၃၈ ဖြာမင်္ဂလာတရားတော်သည် လူကိုယဉ်ကျေးစေသလို လိမ္မာလည်းလိမ္မာစေသည်။ လူကို […]


mickylayApril 22, 20101min3201
ဘင်္ဂလား ပင်လယ် အော်၌ မုန်တိုင်းငယ် ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ ဧပြီလ တတိယ ၁ဝ ရက်ပတ် အတွက် ခန့်မှန်း ချက်တွင် ဖော်ပြထားချက် အရ သတင်း ရရှိ ပါသည်။ ဧပြီလ ၂၁ ရက် နေ့မှ ၃ဝ ရက်နေ့ အထိ အကျုံး ဝင်သည့် ဧပြီလ တတိယ ၁ဝ ရက်ပတ် အတွင်း တွင် ဘင်္ဂလား ပင်လယ်အော် တောင် ပိုင်း၌ လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပေါ် နိုင်ပြီး အဆိုပါ လေဖိအားနည်း ရပ်ဝန်းမှာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိ လာနိုင်သည် […]


mickylayApril 22, 20101min2771
ကျနော်တို့ လောကမှာ လူလေးမျိုးရှိပါတယ်တဲ့။ အဲဒါတွေကတော့ ၁။ ပညာတတ်သော်လည်း သူတော်ကောင်းစိတ်မရှိသူ၊ ၂။ သူတော်ကောင်းစိတ်ရှိသော်လည်း ပညာမတတ်သူ၊ ၃။ ပညာလည်းမတတ် သူတော်ကောင်းစိတ်လည်းမရှိသူ၊ ၄။ ပညာလည်းရှိ သူတော်ကောင်းစိတ်လည်း ရှိသူ- ဆိုပြီး လူလေးမျိုးလာပါတယ်။ ပညာရှိပြီး သဒ္ဓါတရားမရှိရင် ပညာတတ် လူမိုက်ဖြစ်တတ်ပါတယ်။ နောက်ပြီး သဒ္ဓါတရားတော့ရှိပါတယ် ပညာမရှိဘူးဆိုပြန်ရင်လည်း သူတော်ကောင်း လူအကြီးဖြစ်တတ်ပါတယ်။ ဒီတော့ ကျနော်တို့အားလုံးအနေနဲ့ ပညာရှိသူတော်ကောင်းဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းသင်းရတဲ့အတွက်၊ ခင်မင်ရတဲ့အတွက် အကျို ၇-ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့ ၁။ လူကောင်းသူကောင်းဖြစ်ရခြင်း၊ ၂။ အသိအလိမ္မာ ဉာဏ်ပညာရရှိခြင်း၊ ၃။ ပူပင်သောက မဖြစ်ရခြင်း၊ ၄။ ဆွေမျိုးအလယ်၌ တင့်တယ်ရခြင်း၊ ၆။ နတ်ပြည်၌ ကြာမြင့်စွာနေရခြင်း နဲ့ ၇။ ဒုက္ခပေါင်းစုံမှ […]


mickylayApril 22, 20101min4047
ငွေကြေးသုံးစွဲမှုသည် နိုင်ငံသားတိုင်း၏ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ဖြစ်ပေရာ ကုန်ပစ္စည်းဖလှယ်ရာတွင်၎င်း ပို ့ကုန် သွင်းကုန်နှင့် အခွန်အခကောက်ခံရာတွင်၎င်း လျှင်မြန်သွက်လက် ထိရောက်ရန် ငွေကြေးလျှော့ချမှုသည် မရှိမဖြစ်လိုအပ်သော ဆောင်ရွက်ချက် တစ်ခုဖြစ်ပေသည်။ ထိုကဲ့သို ့ ငွေကြေးလျှော့ချမှုသည် လတ်တလောတွင် နိုင်ငံတော်၏ စီးပွားရေးအား ရုတ်တရက် ထိခိုက်နိုင်ဖွယ် ရှိသော်ငြားလည်း ကမ္ဘာ့ငွေကြေးဆက်ဆံမှုတွင် များစွာအကြိုးသက်ရောက်မှု ရှိစေမည်ဖြစ်သည်။ ပြည်တွင်း ငွေကြေးကိုင်တွယ်သုံးစွဲမှုနှင့် ပတ်သက်၍လည်း အခိုက်အတန် ့အားဖြင့် အရှိန်အဟုန် နှောင့်နှေးသွားမည်ဖြစ်လင့်ကစား မကြာမတင်တွင် ခိုင်မာသော ငွေကြေးလဲလှယ်မှုအသစ်ကို ကျေနပ်စွာ ခံစားရမည် ဖြစ်ပေသည်။ လက်ရှိသုံးစွဲနေသာ ငွေကြေး၏ အချိုးအဆ တစ်ရာလျှော့ချခြင်းဆိုသည်တွင် မိမိတို ့လက်ဝယ် ကိုင်တွယ်သုံးစွဲနေသော ငွေစက္ကူတန်ဖိုးအား တန်ဖိုးသစ်ဖြင့် ပြောင်လဲသတ်မှတ်ခြင်း ဖြစ်ပေသည်။ တစ်ကျပ်တန် ငွေစက္ကူအား အဿပြာ […]


mickylayApril 22, 20101min3977
စီစီတီဗီ နှင့် စောင့်ကြည့်စစ်ဆေးချက် အရ တရားခံမှာ အဘွားအို တစ်ဦး ဖြစ်ကြောင်း တွေ့ရှိရပါသည်.. ထို အဖွားအိုသည် ယင်းဆေးရုံမှ ဝန်ထမ်း ဖြစ်ကာ ယခင် လင်မယားနှစ်ယောက် အတူတူ လုပ်ကိုင် နေကြပြီး ယောက်ကျား သေဆုံးသွားသော အခါ စားဝတ်နေရေးကြပ်တည်းသောကြောင့် ယခုကဲ့သို့ လတ်ဆတ်သော လူသေများကိုသာ ဓါးနှင့် လှီးဖြတ်ကာ စားသုံးနေသည်ဟု သိရှိရပါသည်.. ရောဂါနှင့် သေသော လူသေများကို မစားသောက်ပဲ..လတ်လတ်ဆတ်ဆတ်သေသော လူသေများကိုသာ ရွေးချယ် လှီးဖြတ်စားသောက်ပါသည်… ယခုပေါ်ပေါက် လာရခြင်းမှာ ဓါးထိုးခံသေသွားရသော လူငယ်တစ်ယောက်ကို အသားကိုလှီးဖြတ် ထားပြီး..နောက်နေ့လူသေအလောင်းပြင်ဆင်သောအခါ..သေသေချာချာ…ဓါးဖြင့်လှီးဖြတ်ထားသည်ကိုတွေ့ရှိရာမှ အလောင်းရှင်မှ တရားစွဲဆို ခြင်းကြောင့် အမှုပေါ်လာရခြင်းဖြစ်ပါသည်.. ထိုအပြင် အဖွားအိုကို ဖမ်းဆီးလိုက်ပြီးချိန်တွင် ကုလားမတစ်ဦးလိုဝိဉာဉ် တစ်ခု ဝင်ရောက်ပူးဝင်ပြီး ထိုကိစ္စ သည်..ထို […]


mickylayApril 20, 20101min3324
1-ရယ်မောပါ သင့်အနေနဲ့ အူလှိုက်သည်းလှိုက် ရယ်မောပြီးနောက်ပိုင်းမှာ ပိုပြီးနေလို့ ထိုင်လို့ကောင်းလာတာမျိုး ခံစားဖူးမှာပါ ။ ရယ်မောပြီးချိန်မှာ ပုံမှန်အနေထား ပြန်ရောက်သွားပြီဆိုရင် သင့်ရဲ့စိတ်ညစ်စရာ ပြသနာတွေထဲက ခဏတာ လွတ် မြောက်ခွင့် ရသွားလို့ ပိုပြီးလန်းဆန်းသစ်လွင်လာတာကို ခံစားမိမှာပါ။ဒါဟာ လတ်ဆတ်တဲ့ အမြင်သစ် ၊ အတွေးသစ် တွေရရှိဖို့ နည်းကောင်းတစ်ခုပါပဲ။ 2-အနားယူချိန် သတ်မှတ်ပါ.. တစ်ခဏတာ စိတ်ကိုအနားပေးပြီး သင့်ရဲ့စိတ်ကူးတွေထဲမှာ မျောနေပါစေ။ ဒါမှမဟုတ် ( 10 )မိနစ်လောက် ကိုယ်နှစ် သက် ရာ ဘလော့ဂ်တွေကို ဝင်ကြည့်တာဖြစ်ဖြစ် ၊ စိတ်ရှင်းသွားအောင် လမ်းလျှောက်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလို အနားယူချိန်လေး ထားပေးခြင်းအားဖြင့် သင့်စိတ်ကို တစ်ဖန်ပြန်လည် လန်းဆန်းစေနိုင်ပါတယ်။ 3-သင့်မှာ အရာအားလုံးတော့ မရှိနိုင်တာ သဘောပေါက်ပါ ပိုကောင်းတဲ့အရာကို […]


mickylayApril 20, 20101min2662
ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁ဝ ) မျိုး ( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တိုပ ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ( ၂ ) မုန်လာဥ-ဝါ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥဝါ တနေ့တလုံး မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥဝါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ […]