သံတွဲမြို့ ခရိုင်ဆေးရုံကြီး မှ ခရိုင်ဆရာဝန်ကြီး နှင့် စာရေးကြီး ဦးတင်အောင် တို့သည် ခရီးသွားဗီစာ တစ်စောင် (တစ်ဦးလျှင်) ၂ဝဝဝဝ (နှစ်သောင်း) ကျပ်နှုံးဖြင့် စီးပါွးရေးသောင်းကြမ်းနေသည်မှာ ၁၉၉၃ နှစ်မှစ၍ ယနေ့ထိတိုင်ပင်ဖြစ်ပါသည်၊ ခရိုင်ဆရာဝန်ကြီးအဆက်ဆက်ပြောင်းသော်လည်း ဈေးနှုံး မပြောင်းခဲ့ပါ၊ စာရေးကြီးဦးတင်အောင် ကမူ ၁၉၉၃ ခုနှစ်မှစ၍ အပြောင်း အလဲမရှိပဲ ယ္ခုထိ လာဘ် စား၍ ကြီးပွါး လျှက်ရှိနေပါသည်၊ အစ္စလာမ် ဘာသာကိုးကွယ်သူတို့မှာ ကျန်းမာရေး မကောင်းပါ၍ ဟူသော ဆေးစာ ပြနိုင်မှ သာလျှင် လ.ဝ.က ရုံးမှ ဗီစာ ရရှိနိုင်သော ကြောင့် ဖြစ်ပါသည်၊ ဆေးစာ ဟုဆိုရာတွင်လည်း မည်သည့်မြို့ မည်သည့် နိုင်ငံ မှရေးပေးလိုက်သော ဆေးစာကိုမဆိုလိုပါ၊ ၎င်းဆေးစာများကိုလည်း သံတွဲမြို့ […]