ပြောရရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုများဖြစ်နေမလားမသိဘူး…အခုတစ်လောကြည့်ရတဲ့ မြန်မာရုပ်ရှင်တွေဟာ..တော်တော့်ကို ပေါကြောင်ကြောင်နိုင်လွန်းလှသဖြင့် ကြည့်မိသည့် မိမိကိုယ်ကိုယ်ဘဲ အပြစ်တင်မိတော့သည်။ နည်းပညာပိုင်းဆိုင်ရာမယှဉ်နိုင်သည်ကတော့ ထားပါတော့…ဒီလောက်ကြီး သောက်ပေါကျလွန်းလှသည်ကတော့ လွန်းလွန်းလာပြီဟုထင်သည်။ အကယ်ဒမီ လေးငါးဆုရရှိထားသော မင်းသားမင်းသမီးတွေကလည်း…ပေါ..နောက်ပေါက် မင်းသားမင်းသမီးတွေကလည်း ပေါ..ဒါရိုက်တာကလည်းပေါ…တော်တော့်ကို စိတ်ကုန်ဖို့ကောင်းနေပြီဖြစ်သည်။ အနုပညာဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းကို သွယ်ဝိုက်ဖော်ပြသည့် ပညာရပ်တစ်ခုဖြစ်သည်။ အခုတော့ လက်သန်းလောက်ဘဲ အထူရှိသည့် အတင်းကလိထိုးရေးထားသော ပေါကြောင်ကြောင်စာအုပ်ကို ဒီစာရေးဆရာကဘဲ…ရုပ်ရှင်တစ်ကားစာ ဇာတ်ညွန်းပြန်ရေး…မူရင်းမှာ မပါတာတွေပြန်ထည့်…မရှည်ရှည်အောင်လုပ်…အင်တာဗျူးတော့…မသိရင်..ဒါရိုက်တာရော..မင်းသားမင်းသမီးတွေကော…စာရေးဆရာကပါမကျန်.အလွန်ကမ္ဘာကျော် ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ထားသည့် ဒီဇိုင်းကြီးတွေနဲ့….ကြည့်တဲ့ပရိသတ်ကဘဲ…အဆင့်အတန်းတွေနိမ့်ကုန်တာလားမသိဘူး…ပြောတော့ကိုရီးယားကားတွေကို သနားလိုက်တာတဲ့..အနုပညာဆိုတာကြီးကိုလည်း ပါးစပ်ကမချကြဘူး…ပိုက်ဆံတွေနှမြောဖို့ကောင်းလိုက်တာ..ဘယ်တော့ မှဘဲ…ဒီသောက်ပေါရုပ်ရှင်တွေ ပျောက်ကွယ်မလဲမသိပါဘူးဗျာ..လုပ်ကြပါဦး…ရင်ဘတ်ထဲက ..တကယ့်တန်ဖိုးရှိတဲ့..ကြည့်ပြီးရင်တသသဖြစ်ကျန်ခဲ့မယ့် ရုပ်ရှင်လေးတွေတော့ ဒီတစ်သက်ကြည့်ရပါ့ဦးမလားမသိဘူး….